< Jozueu 2 >
1 Jozueu, bir i Nunit, dërgoi dy burra te Shitimi për të vëzhguar fshehurazi, duke u thënë: “Shkoni, kontrolloni vendin dhe Jerikon”. Kështu ata shkuan dhe hynë në shtëpinë e një prostitute, të quajtur Rahab, dhe aty banuan.
၁ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-
2 Këtë gjë ia referuan mbretit të Jerikos, duke i thënë: “Ja, disa bij të Izraelit erdhën këtu sonte natën për të vëzhguar vendin”.
၂ယေရိခေါမြို့မင်းကြီးသည်ဣသရေလအမျိုးသားအချို့ တိုင်းပြည်၏အခြေအနေ ကိုထောက်လှမ်းရန်ရောက်ရှိနေသည့်သတင်း ကိုကြားသိရသဖြင့်၊-
3 Atëherë mbreti i Jerikos dërgoi t’i thotë Rahabit: “Nxirri jashtë njerëzit që kanë ardhur te ti dhe kanë hyrë në shtëpinë tënde, sepse ata kanë ardhur për të vëzhguar tërë vendin”.
၃ရာခပ်ထံသို့စေလွှတ်ပြီးလျှင်``သင့်အိမ်သို့ ရောက်ရှိနေသူများသည်သူလျှိုများဖြစ် သည်။ သူတို့ကိုငါ့လက်သို့အပ်လော့'' ဟု ဆင့်ဆိုစေ၏။-
4 Por gruaja i mori dy burrat dhe i fshehu; pastaj tha: “Éshtë e vërtetë, këta njerëz erdhën tek unë, por nuk dija nga ishin.
၄ရာခပ်က``ကျွန်မ၏အိမ်သို့ဧည့်သည်အချို့ ရောက်ရှိလာသည်မှာမှန်ပါ၏။ သို့ရာတွင်သူ တို့မည်သည့်အရပ်မှလာသည်ကိုကျွန်မ မသိပါ။ သူတို့သည်မြို့တံခါးမပိတ်မီနေ ဝင်ချိန်တွင်ထွက်ခွာသွားကြပါသည်။ သူတို့ မည်သည့်အရပ်သို့ခရီးဆက်ကြသည်ကို လည်းမသိပါ။ သို့သော်လည်းသူတို့နောက် သို့အလျင်အမြန်လိုက်လျှင်မီနိုင်ပါမည်'' ဟုပြန်လည်ဖြေကြားလေ၏။ (သူသည်ထို သူတို့ကိုအိမ်ခေါင်မိုးပေါ်သို့တက်စေပြီး လျှင်အမိုးပေါ်တွင်တင်ထားသောပိုက်ဆံ လျှော်ရိုးများအောက်တွင်ဝှက်ထားပြီး ဖြစ်သည်။)-
5 Në çastin kur mbyllej porta e qytetit, kur ishte errësuar, ata burra dolën; nuk e di se ku shkuan; ndiqini menjëherë, sepse mund t’i arrini”.
၅
6 (Ajo përkundrazi i kishte hipur mbi çati dhe i kishte fshehur midis kërcejve të lirit, që i kishte shtrirë mbi shtrat).
၆
7 Atëherë ata i ndoqën në rrugën e Jordanit, në drejtim të vahut të lumit; dhe sapo dolën ndjekësit, porta u mbyll.
၇မင်းကြီးစေလွှတ်လိုက်သူများမြို့ပြင်သို့ ရောက်သည့်အခါ မြို့တံခါးကိုပိတ်လိုက် ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် လျှောက်နိုင်သည့်မြစ်ကမ်းအထိသူလျှိုများကိုလိုက်လံရှာဖွေကြသည်။
8 Por para se t’i zinte gjumi spiunët, Rahabi u ngjit pranë tyre në çati,
၈သူလျှိုတို့အိပ်ရာမဝင်မီအချိန်၌ ရာခပ်သည်အိမ်မိုးပေါ်သို့တက်လာ၍၊-
9 dhe u tha atyre burrave: “Unë e di që Zoti ju ka dhënë vendin, që tmerri juaj na ka zënë, dhe që të gjithë banorët e vendit dridhen nga frika para jush.
၉``ထာဝရဘုရားသည်သင်တို့အားဤပြည်ကိုပေးတော်မူကြောင်းကျွန်မသိပါသည်။ ဤပြည်သားအပေါင်းတို့သည်သင်တို့ကို ကြောက်လန့်လျက်ရှိကြပါသည်။-
10 Sepse ne kemi dëgjuar si i thau ujërat e Detit të Kuq Zoti përpara jush kur dolët nga Egjipti, dhe atë që ju u bëtë dy mbretërve të Amorejve, matanë Jordanit, Sihonit dhe Ogut, që vendosët t’i shfarosni.
၁၀သင်တို့အီဂျစ်ပြည်မှထွက်လာစဉ်ကထာဝရဘုရားသည် သင်တို့ချီတက်ရာရှေ့၌ပင်လယ် နီရေကိုခန်းခြောက်စေတော်မူကြောင်းကို ကျွန်မတို့ကြားသိရပါသည်။ ယော်ဒန် မြစ်အရှေ့ဘက်တွင်စိုးစံသောအာမောရိ ဘုရင်နှစ်ပါးဖြစ်ကြသည့်ရှိဟုန်ဘုရင် နှင့်သြဃဘုရင်တို့ကို သင်တို့မည်ကဲ့သို့ သတ်ဖြတ်သုတ်သင်ခဲ့ကြကြောင်းကိုလည်း ကျွန်မကြားသိရပါသည်။-
11 Duke dëgjuar këto gjëra zemra jonë u mpak, për shkakun tuaj askujt nuk i mbeti asnjë fije trimërie, sepse Zoti, Perëndia juaj, është Perëndi atje lart në qiejt dhe këtu poshtë në tokë.
၁၁ထိုသတင်းများကိုကြားလျှင်ကြားချင်း ကျွန်မတို့ကြောက်လန့်ကြပါ၏။ သင်တို့ ကြောင့်ကျွန်မတို့စိတ်ပျက်အားလျော့ကြ ပါ၏။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်မိုးမြေကိုပိုင်သအုပ်စိုး သောဘုရားဖြစ်တော်မူ၏။-
12 Prandaj, ju lutem, betohuni në emër të Zotit që, ashtu si kam treguar dhembshuri ndaj jush, edhe ju do të tregoni po atë dhembshuri ndaj shtëpisë së atit tim; më jepni, pra, një shenjë të sigurt,
၁၂ကျွန်မသည်သင်တို့ကိုကျေးဇူးပြုသကဲ့ သို့ကျွန်မ၏မိသားစုကိုလည်း ကျေးဇူးပြု ပါမည်ဟုထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုကြပါလော့။ ကျွန်မသည်သင်တို့ ကိုယုံကြည်စိတ်ချနိုင်ကြောင်းသက်သေအထောက်အထားတစ်ခုခုကိုပေးပါလော့။-
13 që do t’i lini të gjallë atin tim, nënën time, vëllezërit dhe motrat e mia dhe të gjitha gjërat që u përkasin atyre, dhe që do të shpëtoni jetën tonë nga vdekja”.
၁၃ကျွန်မ၏မိဘ၊ မောင်နှမနှင့်သူတို့၏မိသားစုတို့ကိုမသတ်ဘဲ အသက်ချမ်းသာပေးမည် ဟုကတိပေးကြပါလော့'' ဟုဆို၏။
14 Ata burra iu përgjigjën: “Jeta jonë për atë tuajën, mjaft që të mos e tregoni çështjen tonë; dhe kur Zoti do të na japë vendin, ne do të të trajtojmë me mëshirë dhe me shpirtlirësi”.
၁၄ထိုအခါသူတို့က ``ငါတို့သည်ကတိမတည်လျှင် ထာဝရဘုရားသည်ငါတို့ကိုသတ်ပါစေသား။ သင်သည်ငါတို့လာရောက်သည့်ကိစ္စ ကိုမပေါက်ကြားစေလျှင် ဤပြည်ကိုထာဝရ ဘုရားငါတို့အားပေးသနားတော်မူသော အခါ ငါတို့သည်သင်တို့ကိုကျေးဇူးပြု မည်ဟုကတိပြုပါ၏'' ဟူ၍ပြန်ပြောလေသည်။
15 Atëherë ajo i zbriti nga dritarja me një litar, sepse shtëpia e saj ndodhej mbi muret e qytetit, dhe ajo banonte mbi muret.
၁၅ရာခပ်သည်မြို့ရိုးနှင့်ကပ်၍ဆောက်ထားသော အိမ်တွင်နေထိုင်သဖြင့် သူတို့ကိုပြူတင်းပေါက် မှကြိုးဖြင့်မြို့ပြင်သို့လျှောချလိုက်လေသည်။ ရာခပ်က ``မင်းကြီးစေလွှတ်လိုက်သူများသင် တို့ကိုရှာ၍မတွေ့စေရန် တောင်ပေါ်သို့ပြေး၍သုံးရက်ပုန်းအောင်းနေကြလော့။-
16 Dhe u tha atyre: “Shkoni në drejtim të malit, që ndjekësit tuaj të mos ju gjejnë; dhe qëndroni tri ditë të fshehur atje, deri sa të kthehen ndjekësit tuaj; pastaj do të vazhdoni rrugën tuaj”.
၁၆သင်တို့ကိုလိုက်ရှာသောသူများပြန်လာမှ သင်တို့ခရီးဆက်သွားကြပါ'' ဟုမှာလိုက်လေသည်။
17 Atëherë ata burra i thanë: “Ne do të çlirohemi nga betimi që na detyrove të bëjmë,
၁၇ထိုအခါသူတို့က``ငါတို့သည်သင့်အား ပေးသောကတိတည်စေမည်။-
18 po të jetë se, kur të hyjmë në këtë vend, ti nuk ngjit në dritaren nga e cila po na zbret këtë kordon të hollë me ngjyrë të kuqerreme dhe po nuk mblodhe në shtëpinë tënde atin tënd, nënën tënde vëllezërit e tu dhe tërë familjen e atit tënd.
၁၈သင်တို့၏ပြည်ထဲသို့ငါတို့ချီတက်လာသော အခါ ငါတို့ကိုလျှောချသောပြူတင်းပေါက် တွင် ဤကြိုးနီကိုချည်ထားလော့။ သင်၏မိဘ၊ မောင်နှမများနှင့်ဖခင်ဘက်မှမိသားစု အားလုံးကိုသင်၏အိမ်တွင်စုရုံးနေစေ လော့။-
19 Por në rast se dikush del jashtë pragut të shtëpisë sate, gjaku i tij do të bjerë mbi krye të vet, dhe ne nuk do të kemi faj për këtë; por gjaku i kujtdo qoftë që do të jetë me ty në shtëpi do të bjerë mbi kokën tonë, në qoftë se dikush i prek me dorë.
၁၉သင့်အိမ်ထဲမှတစ်စုံတစ်ယောက်သည်လမ်း ပေါ်သို့ထွက်သဖြင့် အသတ်ခံရလျှင်ငါတို့ ၏တာဝန်မဟုတ်။ သင့်အိမ်ထဲတွင်ရှိသောသူ တစ်စုံတစ်ယောက်ထိခိုက်လျှင်ငါတို့တာဝန် ယူမည်။-
20 Por në rast se ti tregon punën tonë, ne do të çlirohemi nga betimi që na ke detyruar të bëjmë”.
၂၀သို့ရာတွင်သင်သည်ငါတို့လာရောက်သည့် ကိစ္စကို တစ်စုံတစ်ယောက်အားပေါက်ကြားစေ လျှင်မူကားငါတို့ပေးသောကတိတည်ရန် မလို'' ဟုရာခပ်အားပြောကြားလေသည်။-
21 Ajo tha: “U bëftë ashtu si thatë ju”. Pastaj u nda me ta dhe ata ikën. Ajo lidhi në dritare kordonin e hollë të kuqerremë.
၂၁ရာခပ်သည်သူတို့ပြောသည့်အတိုင်းလိုက်နာ ပါမည်ဟုဝန်ခံသဖြင့် သူတို့သည်ထွက်ခွာ သွားကြသည်။ သူတို့ထွက်သွားကြပြီးနောက် ရာခပ်သည်ပြူတင်းပေါက်တွင်ကြိုးနီကိုချည် ထားလေသည်။
22 Ata ikën, pra, dhe shkuan në mal ku ndenjën tri ditë, deri sa u kthyen ndjekësit; ndjekësit i kishin kërkuar gjatë gjithë rrugës, por pa i gjetur dot.
၂၂သူလျှိုတို့သည်တောင်ကုန်းများပေါ်သို့တက် ၍ပုန်းအောင်းနေကြ၏။ မင်းကြီးစေလွှတ်သော သူများသည် သူလျှိုတို့ကိုသုံးရက်တိုင်အောင် နေရာအနှံ့လိုက်လံရှာဖွေ၍မတွေ့လျှင် ယေရိခေါမြို့သို့ပြန်လာကြလေသည်။-
23 Kështu të dy burrat u kthyen, zbritën nga mali, kaluan Jordanin dhe erdhën te Jozueu, bir i Nunit, dhe i treguan të gjitha ato që kishin kaluar.
၂၃ထိုနောက်သူလျှိုနှစ်ဦးတို့သည်တောင်ကုန်း များပေါ်မှဆင်းပြီးလျှင်မြစ်ကိုဖြတ်ကူး၍ ယောရှုထံသို့ပြန်လာကြ၏။ သူတို့သည် ဖြစ်ပျက်ခဲ့သမျှကိုယောရှုအားပြန် ကြားပြီးလျှင်၊-
24 Dhe i thanë Jozueut: “Me siguri Zoti na e ka lënë në duart tona tërë vendin; që tani tërë banorët e vendit dridhen nga frika para nesh”.
၂၄ထာဝရဘုရားသည်အကျွန်ုပ်တို့အား ထိုပြည်တစ်ပြည်လုံးကိုမုချပေးတော်မူ ပြီ။ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့ကိုကြောက်လန့်လျက်ရှိကြ ပါသည်'' ဟုဆိုကြ၏။