< ᏉᎳ ᏧᏬᏪᎳᏅᎯ ᎢᎬᏱᏱ ᏗᎹᏗ ᏧᏬᏪᎳᏁᎸᎯ 5 >

1 ᎤᏛᏐᏅᎯ ᏞᏍᏗ ᏱᎬᏍᎪᎸᏁᏍᏗ, ᎯᏍᏗᏰᏗᏍᎨᏍᏗᏍᎩᏂ ᎠᎦᏴᎵᎨ ᎾᏍᎩᏯᎢ, ᎠᏂᏫᏅᏃ ᎢᏣᏓᏅᏟ ᎾᏍᎩᏯᎢ,
သင့်​ထက်​အ​သက်​ကြီး​သော​သူ​အား​ပြစ်​တင် ဆုံး​မ​ခြင်း​ကို​မ​ပြု​ဘဲ​သင်​၏​ဖ​ခင်​သ​ဖွယ် တောင်း​ပန်​ပြော​ဆို​လော့။ သင့်​ထက်​အ​သက်​ငယ် သော​သူ​တို့​အား​သင်​၏​ညီ​များ​ကဲ့​သို့​လည်း ကောင်း၊-
2 ᎠᎾᎦᏴᎵᎨᏃ ᎠᏂᎨᏴ ᏗᏣᏥ ᎾᏍᎩᏯᎢ, ᎠᏂᏫᏅᎨᏃ ᎠᏂᎨᏴ ᏤᏣᏙ ᎾᏍᎩᏯᎢ, ᎤᏐᏅ ᏄᏓᏑᏴᎾ.
သင့်​ထက်​အ​သက်​ကြီး​သော​အ​မျိုး​သ​မီး​တို့ အား​သင်​၏​မိ​ခင်​ကဲ့​သို့​လည်း​ကောင်း၊ သင့်​ထက် အ​သက်​ငယ်​သော​အ​မျိုး​သ​မီး​တို့​အား​သင်​၏ နှ​မ​များ​ကဲ့​သို့​လည်း​ကောင်း​လုံး​ဝ​ဖြူ​စင် သော​စိတ်​နှင့်​ဆက်​ဆံ​လော့။
3 ᏕᎯᎸᏉᏕᏍᏗ ᏧᏃᏑᎶᏨᎯ, ᎢᏳᏃ ᎤᏙᎯᏳᏒ ᏧᏃᏑᎶᏨᎯ ᏱᎩ.
သင်​သည်​တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​အ​မှန်​ဖြစ် သော​မု​ဆိုး​မ​တို့​အား ရို​သေ​သ​မှု​ကို​ပြု​လော့။-
4 ᎢᏳᏍᎩᏂ ᎩᎶ ᎤᏬᏑᎶᏨᎯ ᏧᏪᏥ ᎠᎴ ᏧᎵᏏ ᏯᏁᎭ, ᎾᏍᎩ ᎠᎾᏕᎶᏆᏍᎨᏍᏗ ᏧᏂᎸᏉᏙᏗᏱ ᏙᏧᏁᏅᏒ ᎠᏁᎯ, ᎠᎴ ᏧᎾᎫᏴᎡᏗᏱ ᏧᏂᎦᏴᎵᎨᎢ; ᎾᏍᎩᏰᏃ ᎣᏏᏳ, ᎠᎴ ᏧᏓᏂᎸᎢᏍᏗᏳ ᎤᏁᎳᏅᎯ ᎠᎦᏔᎲᎢ.
သို့​ရာ​တွင်​မု​ဆိုး​မ​တစ်​စုံ​တစ်​ယောက်​တွင်​သား မြေး​ရှိ​လျှင် သူ​တို့​သည်​မိ​မိ​တို့​၏​အိမ်​ထောင်​စု ဆိုင်​ရာ​ဘာ​သာ​ရေး​တာ​ဝန်​ဝတ္တ​ရား​များ​ကို လည်း​ကောင်း၊ မိ​မိ​တို့​အား​ကျွေး​မွေး​ပြု​စု​ခဲ့​သူ မိ​ဘ​ဘိုး​ဘွား​တို့​၏​ကျေး​ဇူး​ကို​ပြန်​လည်​ဆပ် ပေး​မှု​ကို​လည်း​ကောင်း​ဦး​စွာ​သင်​ရ​ကြ​ပေ​မည်။ ဤ​သို့​သော​အ​မှု​ကို​ဘု​ရား​သခင်​နှစ်​သက် တော်​မူ​၏။-
5 ᎾᏍᎩᏰᏃ Ꮎ ᎤᏙᎯᏳᎯ ᎤᏬᏑᎶᏨᎯ ᏥᎨᏐᎢ, ᎠᎴ ᎤᏩᏒᎯᏳ ᏥᎨᏐᎢ, ᎤᏁᎳᏅᎯ ᎠᎵᏍᎦᏍᏙᏗᏍᎪᎢ, ᎠᎴ ᏓᎧᎿᎭᏩᏗᏐ ᎠᏔᏲᏍᏗ ᎨᏒ ᎠᎴ ᎠᏓᏙᎵᏍᏙᏗ ᎨᏒ ᏂᏚᎵᏏᏂᏒ ᎠᎴ ᏂᏚᎩᏨᏂᏒᎢ.
တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​ဖြစ်​သော​မု​ဆိုး​မ​သည် မိ​မိ​အား​ပြု​စု​မည့်​သူ​မ​ရှိ​သ​ဖြင့်​ဘု​ရား သ​ခင်​ကို​အား​ကိုး​မျှော်​လင့်​လျက် နေ့​ည မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​၍​ကိုယ်​တော်​၏ အ​ကူ​အ​ညီ​ကို​တောင်း​ခံ​တတ်​၏။-
6 ᎾᏍᎩ Ꮎ ᏄᏁᎸᎾ ᎡᎯ ᎤᏲᎱᏒᎯ ᎨᏐ ᎠᏏᏉ ᎠᎴᏂᏙᎲᎢ.
သို့​ရာ​တွင်​အ​ပျော်​အ​ပါး​မက်​သော​မု​ဆိုး မ​မူ​ကား အ​သက်​ရှင်​လျက်​ပင်​ရှိ​သော်​လည်း အ​သေ​ကဲ့​သို့​ဖြစ်​၏။-
7 ᎠᎴ ᎾᏍᎩ ᎯᎠ ᏄᏍᏕᏍᏗ ᎯᏁᎨᏍᏗ, ᎾᏍᎩ ᎦᎨᎫᎢᏍᏙᏗ ᏂᎨᏒᎾ ᎢᏳᎵᏍᏙᏗᏱ.
မု​ဆိုး​မ​များ​သည်​သူ​တစ်​ပါး​တို့​အ​ပြစ်​တင် ခြင်း​နှင့်​ကင်း​လွတ်​ကြ​စေ​ရန် ဤ​ညွှန်​ကြား​ချက် များ​ကို​သူ​တို့​အား​ပေး​လော့။-
8 ᎢᏳᏍᎩᏂᏃ ᎩᎶ ᏂᏓᏛᏅᎢᏍᏓᏁᎲᎾ ᎢᎨᏎᏍᏗ ᎤᏩᏒ ᏧᏤᎵᎦ, ᎠᎴ ᎾᏍᎩ Ꮀ ᎤᎬᏫᏳᎭ ᎤᏩᏒ ᏚᏓᏘᎿᎭᎥᎢ, ᎾᏍᎩ ᎤᏓᏱᎸ ᎪᎯᏳᏗ ᎨᏒᎢ, ᎠᎴ ᎤᏟ ᎤᏲᎢᏳ ᎡᏍᎦᏉ Ꮎ ᏄᏬᎯᏳᏒᎾ.
မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ အိမ်​ထောင်​စု​သား​တို့​အား​မ​ပြု​စု​ဘဲ​နေ​သော သူ​သည် ယုံ​ကြည်​ခြင်း​တ​ရား​တော်​ကို​ပစ်​ပယ် သူ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက်​ပို​၍​ပင်​ဆိုး​ရွား ပေ​သည်။
9 ᎤᏬᏑᎶᏨᎯ ᎠᎦᏎᏍᏗ ᎨᏎᏍᏗ ᎢᏳᏃ ᏑᏓᎳᏍᎪᎯ ᎢᏳᏕᏘᏴᏛ ᎨᏎᏍᏗ, ᎠᎴ ᎤᎶᏒᏍᏕᏍᏗ, ᏌᏉᏉ ᎠᏍᎦᏯ ᎤᎾᏁᎳᏛᎯ ᎨᏎᏍᏗ.
မု​ဆိုး​မ​တစ်​ယောက်​သည်​အ​သက်​ခြောက်​ဆယ် ကျော်​မှ​သာ​လျှင် မု​ဆိုး​မ​စာ​ရင်း​တွင်​နာ​မည် သွင်း​ပါ။ သူ​သည်​တစ်​ကြိမ်​သာ​လျှင်​ထိမ်း​မြား လက်​ထပ်​ခဲ့​သူ​ဖြစ်​ရ​မည်။-
10 ᎢᏳᏃ ᎣᏍᏛ ᎠᏥᏃᎮᏍᎩ ᎨᏎᏍᏗ ᎣᏏ ᏕᎤᎸᏫᏍᏓᏁᎲᎢ, ᎢᏳᏃ ᏗᏂᏲᎵ ᏧᏛᎯᏍᏔᏅᎯ ᎨᏎᏍᏗ, ᎢᏳᏃ ᎠᏁᏙᎯ ᏧᏍᏆᏂᎪᏔᏅᎯ ᎨᏎᏍᏗ, ᎢᏳᏃ ᎤᎾᏓᏅᏘ ᏧᎾᎳᏏᏕᏂ ᏧᏬᏑᎴᎸᎯ ᎨᏎᏍᏗ, ᎢᏳᏃ ᏧᏍᏕᎸᏛ ᎨᏎᏍᏗ ᎠᏂᎩᎵᏲᎩ, ᎢᏳᏃ ᎤᏍᏓᏩᏛᏛ ᎨᏎᏍᏗ ᏂᎦᎥ ᎣᏍᏛ ᏗᎦᎸᏫᏍᏓᏁᏗ ᎨᏒᎢ.
၁၀ထို့​အ​ပြင်​ကောင်း​မှု​ကြောင့်​အ​သ​ရေ​ရှိ​သူ​ဖြစ် ရ​မည်။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကောင်း​စွာ ပြု​စု​စောင့်​ရှောက်​ခဲ့​သူ၊ ဧည့်​ဝတ်​ကျေ​ပွန်​သူ၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့​ခြေ​ကို​ဆေး သူ၊ ဒုက္ခ​ရောက်​သူ​တို့​အား​ကူ​ညီ​မ​စ​သူ၊ ကောင်း မှု​အ​မျိုး​မျိုး​ကို​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သူ ဖြစ်​ရ​မည်။
11 ᎠᏂᏫᏅᎨᏌᏂᏍᎩᏂ ᏧᏃᏑᎶᏨᎯ ᎩᏲᎢᏎᎮᏍᏗ; ᎢᏳᏰᏃ ᏄᎾᏁᎸᎾ ᏂᎦᎵᏍᏓ ᎠᏁᎲ, ᎦᎶᏁᏛᏃ ᎤᏁᎳᎩ ᎠᏁᎳ, ᎿᎭᏉ ᎤᎾᏚᎵᏍᎪ ᏧᎾᏨᏍᏗᏱ,
၁၁အ​သက်​အ​ရွယ်​ငယ်​သော​မု​ဆိုး​မ​တို့​အား မု​ဆိုး​မ​စာ​ရင်း​တွင်​မ​သွင်း​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​ကို မ​ထိန်း​မ​သိမ်း​နိုင်​ကြ​သော​အ​ခါ အိမ်​ထောင် ပြု​လို​သ​ဖြင့်​ခ​ရစ်​တော်​ကို​ပစ်​ပယ်​တတ် ကြ​သော​ကြောင့်​ဖြစ်​၏။-
12 ᏧᎾᏚᎪᏓᏁᎸᎯ ᎨᏐᎢ ᏅᏗᎦᎵᏍᏙᏗᏍᎪ ᏕᎤᏂᏲᏒ ᎢᎬᏱᏱ ᎤᏃᎯᏳᏅᎢ.
၁၂သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အ​စ​က ကိုယ်​တော်​အား​ပေး​ခဲ့​သည့်​က​တိ​သစ္စာ​ကို ဖောက်​ဖျက်​ကြ​လေ​သည်။-
13 ᎠᎴ ᎾᏍᏉ ᎠᎾᏕᎶᏆᏍᎪ ᎤᎾᏓᏄᎸᏗ ᎢᏳᎾᎵᏍᏙᏗᏱ, ᎠᏁᏙᎵᏙᎰ ᏓᏓᏁᎳᏗᏒᎢ; ᎥᏝ ᎠᎴ ᎤᎾᏓᏄᎸᏗᏉ ᎤᏩᏒ ᏱᎨᏐᎢ, ᎾᏍᏉᏍᎩᏂ ᎧᏃᎮᏛ ᎠᏂᏱᏙᎯ ᎨᏐᎢ ᎠᎴ ᎤᏂᏂᎳᏗᏌᏘ, ᎠᏂᏃᎮᏍᎩ ᎾᏍᎩ ᏂᏚᏳᎪᏛᎾ ᎨᏒ ᎤᏂᏃᎮᏗᏱ.
၁၃ထို​မှ​တစ်​ပါး​လည်း​သူ​တို့​သည် တစ်​အိမ်​တက် တစ်​အိမ်​ဆင်း​သွား​ရောက်​လည်​ပတ်​ကာ အ​ချိန် ဖြုန်း​တတ်​လေ​သည်။ ယင်း​သို့​အ​ချိန်​ဖြုန်း​ရုံ​မျှ မ​က​မ​ပြော​သင့်​သည့်​စ​ကား​များ​ကို​ပြော​ဆို လျက် အ​တင်း​ပြော​ကာ​မိ​မိ​တို့​နှင့်​မ​ဆိုင်​သည့် အ​မှု​ကိစ္စ​များ​တွင်​ဝင်​ရောက်​စွက်​ဖက်​၍​လာ တတ်​လေ​သည်။-
14 ᎾᏍᎩᏃ ᎢᏳᏍᏗ ᎠᏆᏚᎵᎭ ᎠᏂᏫᏅᎨᏌᏂ ᏧᎾᏨᏍᏗᏱ, ᏗᏂᏲᎵ ᏧᏂᎾᏄᎪᏫᏍᏗᏱ, ᏧᏂᏍᏆᏂᎪᏙᏗᏱ ᏓᏂᏁᎸᎢ, ᎠᎴ ᎬᏩᎾᏡᏗᏍᎩ ᏧᏂᎳᏅᏓᏕᏗᏱ ᏂᎨᏒᎾ ᎨᏒ ᎤᏐᏅ ᎬᏩᏂᏃᎮᏗᏱ.
၁၄သို့​ဖြစ်​၍​ရန်​သူ​တို့​သည်​ငါ​တို့​အ​ကြောင်း မ​ကောင်း​မ​ပြော​နိုင်​စေ​ရန် အ​သက်​အ​ရွယ်​ငယ် သေး​သည့်​မု​ဆိုး​မ​တို့​သည် အိမ်​ထောင်​သား​မွေး မှု​ကို​ပြု​လျက် မိ​မိ​တို့​၏​အိမ်​မှု​ကိစ္စ​များ​ကို ကြည့်​ရှု​စောင့်​ထိန်း​ကြ​သည်​ကို​ငါ​လို​လား​၏။-
15 ᎦᏳᎳᏰᏃ ᎢᎦᏛ ᎤᎾᎪᎸᏒ ᏎᏓᏂ ᎤᎾᏍᏓᏩᏕᏅ.
၁၅ယ​ခု​ပင်​လျှင်​အ​ချို့​သော​မု​ဆိုး​မ​များ​သည် လမ်း​လွဲ​၍​စာ​တန်​၏​နောက်​သို့​လိုက်​ကြ​လေ ကုန်​ပြီ။-
16 ᎢᏳᏃ ᎩᎶ ᎪᎯᏳᎲᏍᎩ ᎠᏍᎦᏯ ᎠᎴ ᎠᎨᏴ ᏚᏪᎧᎮᏍᏗ ᏧᏃᏑᎶᏨᎯ, ᎤᏅᏒᏉ ᏗᏂᏍᏕᎵᏍᎨᏍᏗ, ᏞᏍᏗᏃ ᏧᎾᏁᎶᏗ ᎤᎾᏓᏡᎬ ᏱᏚᏂᏓᏁᎴᏍᏗ, ᎾᏍᎩ ᏗᎬᏩᏂᏍᏕᎸᏗ ᏱᎩ ᎤᏙᎯᏳᏒ ᏧᏃᏑᎶᏨᎯ ᎨᏒᎢ.
၁၆ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ယောက် သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​စု​တွင်​မု​ဆိုး​မ များ​ရှိ​ပါ​မူ​သူ​တို့​အား​ကျွေး​မွေး​ပြု​စု​ရ မည်။ သူ​တို့​အ​တွက်​အ​သင်း​တော်​ကို​ဝန်​မ​လေး စေ​သင့်။ သို့​မှ​သာ​လျှင်​အ​သင်း​တော်​သည်​ခို ကိုး​ရာ​မဲ့​သည့်​မု​ဆိုး​မ​များ​အား​ကျွေး​မွေး ပြု​စု​နိုင်​လိမ့်​မည်။
17 ᎠᎴ ᏗᎨᎦᏁᎶᏗ ᏥᎩ ᎣᏍᏛ ᏧᏂᎸᏫᏍᏓᏁᎯ ᏔᎵ ᎢᏳᏩᎫᏗ ᏕᏥᎸᏉᏕᏍᏗ, ᎠᎴ ᎾᏍᎩ Ꮀ ᎤᎬᏫᏳᏎᏍᏗ ᎧᏃᎮᏛ ᎠᎴ ᏗᏕᏲᏗ ᎨᏒ ᏧᏂᎸᏫᏍᏓᏁᎯ.
၁၇သင်း​အုပ်​ဆ​ရာ​အ​လုပ်​ကို​ကောင်း​စွာ​လုပ်​ဆောင် သူ​တို့​သည် လ​စာ​ငွေ​နှစ်​ဆ​ခံ​စား​ထိုက်​သူ​များ ဖြစ်​သည်​ဟု​မှတ်​ယူ​အပ်​၏။ အ​ထူး​သ​ဖြင့် တ​ရား​ဟော​ခြင်း၊ ဆုံး​မ​သွန်​သင်​ခြင်း​တို့​ကို ကြိုး​စား​၍​လုပ်​ဆောင်​သူ​များ​သည်​ယင်း​သို့ ခံ​စား​ထိုက်​ပေ​သည်။-
18 ᎯᎠᏰᏃ ᏂᎦᏛᎭ ᎦᎸᏉᏗ ᎪᏪᎵ; ᏞᏍᏗ ᏱᏲᏴᏑᎳᏁᏍᏗ ᏩᎦ ᎠᎦᏔᏙᎥᏗᏍᎩ; ᎠᎴ, ᎪᎱᏍᏗ ᎠᏛᏁᎯ ᎠᎦᎫᏴᎡᏗ ᎨᏐ ᏚᎸᏫᏍᏓᏁᎸᎢ.
၁၈အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``စ​ပါး နယ်​နေ​သော​နွား​ကို​ပါး​ချုပ်​မ​တပ်​ရ'' ဟူ​၍ လည်း​ကောင်း၊ ``အ​လုပ်​သ​မား​သည်​လုပ်​အား​ခ ကို​ခံ​ထိုက်​ပေ​၏'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ သော​ကြောင့်​ဖြစ်​၏။-
19 ᏣᎦᏁᎶᏗ ᎪᎱᏍᏗ ᎠᏥᎳᏫᏎᎲᎢ ᏞᏍᏗ ᏱᏣᏛᏓᏍᏗᏍᎨᏍᏗ ᎬᏂ ᎠᏂᏔᎵ ᎠᎴ ᎠᏂᏦᎢ ᎤᏂᏃᎮᏛ ᎨᏎᏍᏗ.
၁၉သက်​သေ​ခံ​သူ​အ​နည်း​ဆုံး​နှစ်​ဦး​သုံး​ဦး​မ​ရှိ လျှင် သင်း​အုပ်​ဆ​ရာ​အား​ပြစ်​တင်​စွပ်​စွဲ​ချက် ကို​နား​မ​ထောင်​နှင့်။-
20 ᎾᏃ ᎠᏂᏍᎦᏅᎩ ᏕᎯᎬᏍᎪᎸᎥᏍᎨᏍᏗ ᏂᎦᏛ ᎠᏂᎦᏔᎲᎢ, ᎾᏍᎩ ᎠᏂᏐᎢ ᎾᏍᏉ ᎤᏂᎾᏰᏍᏗᏱ.
၂၀အ​ခြား​သူ​တို့​ကြောက်​စေ​ရန်​အ​ပြစ်​ကူး သူ​တို့​အား လူ​အ​များ​ရှေ့​တွင်​ဆုံး​မ​လော့။
21 ᎬᏁᏤᎭ ᎤᏁᎳᏅᎯ ᎠᎦᏔᎲᎢ, ᎠᎴ ᎤᎬᏫᏳᎯ ᏥᏌ ᎦᎶᏁᏛ ᎠᎴ ᎨᎦᏑᏰᏛ ᏗᏂᎧᎿᎭᏩᏗᏙᎯ ᎠᏂᎦᏔᎲᎢ, ᎯᎠ ᎾᏍᎩ ᏣᎦᏌᏯᏍᏙᏗᏱ ᎢᎬᏱ ᎦᏰᎯ ᏂᏚᎪᏗᏍᎬᎾ, ᎠᎴ ᏕᏣᎸᏫᏍᏓᏁᎲ ᎩᎶ ᏂᏯᎵᎪᏁᎲᎾ.
၂၁ဤ​ညွှန်​ကြား​ချက်​များ​ကို​လိုက်​နာ​ဆောင်​ရွက်​ရန် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော် ၌​လည်း​ကောင်း၊ သန့်​ရှင်း​မြင့်​မြတ်​သော​ကောင်း​ကင် တ​မန်​များ​ရှေ့​၌​လည်း​ကောင်း​သင့်​အား​ငါ​သစ္စာ ပေး​၏။ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ကြို​တင် စီ​ရင်​ဆုံး​ဖြတ်​မှု​နှင့်​ဘက်​လိုက်​မှု​ကို​မ​ပြု​နှင့်။-
22 ᏞᏍᏗ ᎤᎵᏍᏗ ᏱᏘᏯᏏᏔᏕᏍᏗ ᎩᎶᎢ, ᎠᎴ ᏞᏍᏗ ᏯᏖᎳᏗᏍᎨᏍᏗ ᎩᎶ ᎠᏂᏍᎦᏅᎬᎢ. ᏣᏓᎦᏌᏯᏍᏕᏍᏗ ᎯᎦᏓᎭ ᏂᎨᏒᎾ ᎨᏎᏍᏗ.
၂၂မည်​သူ့​ကို​မျှ​သိက္ခာ​တင်​မင်္ဂလာ​ပေး​ရန်​အ​လျင် စ​လို​မ​ရှိ​နှင့်။ အ​ခြား​သူ​တို့​အ​ပြစ်​ကူး​ရာ တွင်​သင်​မ​ပါ​စေ​နှင့်။ သင်​ကိုယ်​တိုင်​အ​ပြစ် ကင်း​အောင်​နေ​လော့။
23 ᎿᎭᏉ ᏞᏍᏗ ᎠᎹᏉ ᏯᏗᏔᏍᎨᏍᏗ, ᎤᏍᏗᏍᎩᏂ ᎩᎦᎨ-ᎠᏗᏔᏍᏗ ᎭᏗᏔᏍᎨᏍᏗ, ᎪᎱᏍᏗ ᎭᎵᏍᏗᏍᎬ ᎢᏳᏍᏗ ᏦᎸᎯᏍᏗᏱ ᎠᎴ ᏯᏃᏉ ᏣᏢᏥᏰᏍᎬᎢ.
၂၃သင်​သည်​မ​ကြာ​ခ​ဏ​ဖျား​နာ​တတ်​သည်​ဖြစ်​၍ ရေ​ကို​သာ​လျှင်​မ​သောက်​ဘဲ​အ​စာ​ကြေ​စေ​ရန် စ​ပျစ်​ရည်​အ​နည်း​ငယ်​ကို​သုံး​ဆောင်​လော့။
24 ᎩᎶ ᎠᏂᏍᎦᏅᎬ ᎬᏂᎨᏒ ᎨᏐ ᎢᎬᏪᏅᏛ, ᎢᎬᏱ ᏫᎦᎷᎪ ᏗᎫᎪᏙᏗᏱ ᎨᏒᎢ, ᎩᎶᏃ ᎤᎨᏍᏓᏩᏕᎪᎢ.
၂၄အ​ချို့​သော​သူ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​သည် သိ​သာ​ထင်​ရှား​၏။ သူ​တို့​၏​အြုပစ်​များ​သည် တ​ရား​ခွင်​သို့​အ​လျင်​သွား​တတ်​၏။ အ​ချို့​သော သူ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​မူ​ကား​နောင် အ​ခါ​မှ​သိ​သာ​ထင်​ရှား​၍​လာ​တတ်​၏။-
25 ᎾᏍᎩᏯ ᎾᏍᏉ ᎩᎶ ᎣᏍᏛ ᏚᏂᎸᏫᏍᏓᏁᎲ ᎬᏂᎨᏒ ᎨᏐ ᎢᎬᏪᏅᏛ; ᎩᎶᏃ ᎾᏍᎩ Ꮎ ᎯᎠ ᏄᏍᏛᎾ ᏱᎩ, ᎠᏎ Ꮭ ᎦᎬᏍᎦᎶᏗ ᏱᎨᏐᎢ.
၂၅ထို​နည်း​တူ​စွာ​အ​ချို့​သော​သု​စ​ရိုက်​များ​သည် ထင်​ရှား​လျက်​နေ​ပေ​သည်။ မ​ထင်​ရှား​သေး​သည့် သု​စ​ရိုက်​များ​ကို​လည်း​ဖုံး​ကွယ်​၍​မ​ထား နိုင်။

< ᏉᎳ ᏧᏬᏪᎳᏅᎯ ᎢᎬᏱᏱ ᏗᎹᏗ ᏧᏬᏪᎳᏁᎸᎯ 5 >