< Masalimo 50 >

1 Salimo la Asafu. Wamphamvuyo, Yehova Mulungu, akuyankhula ndi kuyitanitsa dziko lapansi kuyambira kotulukira dzuwa mpaka kumene limalowera.
တန်ခိုးကြီးသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ၏။ နေထွက်ရာမှ သည် နေရာတိုင်အောင် မြေကြီးကိုခေါ်တော်မူ၏။
2 Kuchokera ku Ziyoni, mokongola kwambiri Mulungu akuwala.
အသရေတင့်တယ်ခြင်းပြည့်စုံရာ ဇိအုန်တောင် ပေါ်မှာ ဘုရားသခင်၏ရောင်ခြည် တော်သည် ထွန်းပ၏။
3 Mulungu wathu akubwera ndipo sadzakhala chete; moto ukunyeketsa patsogolo pake, ndipo pomuzungulira pali mphepo yamkuntho
ငါတို့၏ ဘုရားသခင် ကြွလာတော်မူ၏။ တိတ်ဆိတ်စွာ နေတော်မမူ။ ရှေ့တော်၌ မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုဃ်းသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏။
4 Iye akuyitanitsa zamumlengalenga ndi za pa dziko lapansi kuti aweruze anthu ake.
မိမိလူတို့ကို စစ်ကြောစီရင်ခြင်းအလိုငှါ အထက် ကောင်းကင်ကို၎င်း၊ မြေကြီးကို၎င်း ခေါ်တော်မူလျှက်၊
5 Mundisonkhanitsire okhulupirika anga, amene anachita pangano ndi ine pochita nsembe.
ယဇ်ပူဇော်သောအားဖြင့်၊ ငါနှင့်ပဋိညာဉ် ဖွဲ့သော ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြဟု မိန့်တော်မူ၏။
6 Ndipo mayiko akumwamba akulengeza chilungamo chake, pakuti Mulungu mwini ndi woweruza.
ဘုရားသခင်သည် ကိုယ်တော်တိုင် တရား ဆုံးဖြတ်တော်မူသည်ဖြစ်၍၊ ဖြောင့်မတ်တော်ခြင်း အကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာ ပြကြ လိမ့်မည်။
7 Imvani inu anthu anga, ndipo Ine ndidzayankhula, iwe Israeli, ndipo Ine ndidzayankhula mokutsutsa; ndine Mulungu, Mulungu wako.
ငါ၏လူများတို့နားထောင်ကြ။ ငါပြောမည်။ အိုဣသရေလအမျိုး၊ သင့်တဘက်၌ငါသက်သေခံမည်။ ငါသည်ဘုရားသခင်ဖြစ်၏။ သင်၏ဘုရားသခင်ဖြစ်၏။
8 Sindikudzudzula chifukwa cha nsembe zako, kapena nsembe zako zopsereza zimene zili pamaso panga nthawi zonse.
မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်းအမျိုးမျိုး အတွက် ငါသည် သင်၌အပြစ်မတင်။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ၏။
9 Ine sindikufuna ngʼombe yayimuna kuchokera mʼkhola lako kapena mbuzi za mʼkhola lako,
သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ။
10 pakuti nyama iliyonse yakunkhalango ndi yanga ndiponso ngʼombe za ku mapiri ochuluka.
၁၀တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။
11 Ine ndimadziwa mbalame iliyonse mʼmapiri ndiponso zolengedwa zonse zakutchire ndi zanga.
၁၁တောင်ပေါ်မှာ နေတတ်သော ငှက်အပေါင်း တို့ကို ငါသိ၏။ တောသားရဲတို့သည် ငါ၌ရှိကြ၏။
12 Ndikanakhala ndi njala sindikanakuwuzani, pakuti dziko lonse ndi zonse zimene zili mʼmenemo ndi zanga.
၁၂ငါသည် ငတ်မွတ်လျှင်သင့်ကိုမပြော။ လောက ဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏။
13 Kodi ndimadya nyama ya ngʼombe zazimuna kapena kumwa magazi a mbuzi?
၁၃နွားသားကိုငါစားမည်လော။ ဆိတ်သွေးကို ငါသောက်မည်လော။
14 “Pereka nsembe zachiyamiko kwa Mulungu, kwaniritsa malonjezo ako kwa Wammwambamwamba.
၁၄ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အား ပူဇော်လော့။ သစ္စာဂတိထားသည်အတိုင်း၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေလော့။
15 Ndipo undiyitane pa tsiku lako la masautso; Ine ndidzakulanditsa, ndipo udzandilemekeza.”
၁၅အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။
16 Koma kwa woyipa, Mulungu akuti, “Kodi uli ndi mphamvu yanji kuti uzinena malamulo anga kapena kutenga pangano langa pa milomo yako?
၁၆မတရားသောသူကိုကား၊ သင်သည် ငါ၏အထုံး အဖွဲ့တို့ကို ကြားပြော၍ ငါ၏ပဋိညာဉ်တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ဆိုင်သနည်း။
17 Iwe umadana ndi malangizo anga ndipo umaponyera kumbuyo kwako mawu anga.
၁၇ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ ငါ့စကား ကို သင့်နောက်၌ ပစ်ထားပါသည်တကား။
18 Ukaona wakuba umamutsatira, umachita maere ako pamodzi ndi achigololo
၁၈သင်သည် သူခိုးကိုမြင်လျှင်၊ သူနှင့်သဘောတူ တက်၏။ သူ့မယားကို ပြစ်မှားသော သူတို့နှင့်ဆက်ဆံ တတ်၏။
19 Umagwiritsa ntchito pakamwa pako pa zinthu zoyipa ndipo umakonza lilime lako kuchita chinyengo.
၁၉သင်၏နှုတ်ကို ဒုစရိုက်၌အပ်နှံ၍၊ သင်၏လျှာ ဖြင့် မုသာကို စီရင်တတ်၏။
20 Nthawi zonse umayankhula motsutsana ndi mʼbale wako ndipo umasinjirira mwana wa amayi ako enieni.
၂၀သင်သည်ထိုင်လျက်၊ ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏။ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏။
21 Wachita zimenezi ndipo Ine ndinali chete; umaganiza kuti ndine wofanana nawe koma ndidzakudzudzula ndipo ndidzakutsutsa pamaso pako.
၂၁ထိုသို့ကျင့်၍ငါသည် တိတ်ဆိတ်စွာနေသော ကြောင့်၊ ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား။ သင်၏အပြစ်ကို ငါဘော်ပြ၍၊ သင့်မျက်မှောက်၌ ခင်းထားမည်။
22 “Ganizira izi, iwe amene umayiwala Mulungu kuti ndingakukadzule popanda wokupulumutsa:
၂၂ဘုရားသခင်ကို မေ့လျော့သောသူတို့၊ ဤအမှုကို ဆင်ခြင်ကြလော့။ သို့မဟုတ် သင်တို့ကိုကယ်နှုတ်သော သူမရှိ။ ငါသည် အပိုင်းပိုင်းဆွဲဖြတ်မည်။
23 Iye amene amapereka nsembe yamayamiko amandilemekeza, ndipo amakonza njira zake kuti ndimuonetse chipulumutso cha Mulungu.”
၂၃ကျေးဇူးချီးမွမ်ခြင်း ယဇ်ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။ မိမိသွားသော လမ်းကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင်တော်မူ ခြင်း ကျေးဇူးကို ငါပြမည်ဟု ဘုရားသခင်မိန့်တော်မူ၏။

< Masalimo 50 >