< Exodus 30 >
1 “You shall also make an altar, for the burning of incense, from setim wood,
၁``နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှ သစ်သားဖြင့်ပြုလုပ်လော့။-
2 having one cubit in length, and another in width, that is, four equal sides, and two cubits in height. Horns shall proceed from the same.
၂ထိုပလ္လင်သည်စတုရန်းဖြစ်၍၊ အလျားတစ်ဆယ့် ရှစ်လက်မ၊ အနံတစ်ဆယ့်ရှစ်လက်မနှင့်အမြင့် သုံးဆယ့်ခြောက်လက်မရှိစေရမည်။ ဦးချို သဏ္ဌာန်ထောင့်ချွန်းအတက်များသည်ပလ္လင် နှင့်တစ်သားတည်းဖြစ်ရမည်။-
3 And you shall clothe it with the purest gold, both its grating and the walls around it, and also the horns. And you shall make for it a crown of gold in a circle,
၃ပလ္လင်တော်မျက်နှာပြင်၊ ဘေးပတ်လည်၊ ထောင့်ချွန် အတက်များကိုရွှေချရမည်။ ပလ္လင်အပေါ်နား ပတ်လည်တွင်ရွှေကွပ်ရမည်။-
4 and two gold rings under the crown on each side, so that the bars may be set in them and the altar may be carried.
၄ပလ္လင်တော်၏ဘေးနှစ်ဘက်အနားအောက်တွင် ထမ်းပိုးများလျှိုရန်ရွှေကွင်းနှစ်ကွင်းတပ် ဆင်ရမည်။-
5 Also, you shall make its bars of setim wood, and you shall overlay them with gold.
၅ထမ်းပိုးများကိုအကာရှသစ်သားဖြင့် ပြုလုပ်၍ ရွှေချထားရမည်။-
6 And you shall set the altar opposite the veil, which hangs in front of the ark of the testimony, before the propitiatory with which the testimony is covered, where I will speak to you.
၆ပဋိညာဉ်သေတ္တာရှေ့တွင်ရှိသည့်ကန့်လန့်ကာ အပြင်ဘက်၌၊ ထိုပလ္လင်ကိုထားရမည်။ ထို နေရာ၌ငါသည်သင်နှင့်တွေ့ဆုံမည်။-
7 And Aaron shall burn incense upon it, a sweet fragrance, in the morning. When he lights the lamps, he shall burn it.
၇အာရုန်သည်နံနက်တိုင်းမီးခွက်များကိုပြင် သောအခါ၊ ပလ္လင်ပေါ်တွင်နံ့သာပေါင်းကို မီးရှို့ပူဇော်ရမည်။-
8 And when he assembles them in the evening, he shall burn an everlasting incense before the Lord throughout your generations.
၈ညဦးယံတွင်သူသည်မီးခွက်များကိုထွန်း သောအခါ၌လည်း နံ့သာပေါင်းကိုမီးရှို့ ပူဇော်ရမည်။ သင်၏အမျိုးအစဉ်အဆက် တို့သည်နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှု ကိုထာဝရဘုရား၏ရှေ့တော်တွင်မပြတ် မလပ်ပြုလုပ်ရမည်။-
9 You shall not offer upon it incense of another composition, nor an oblation, nor a victim; neither shall you offer libations.
၉ထိုပလ္လင်ပေါ်တွင်ကား၊ တားမြစ်ထားသော နံ့သာကိုမပူဇော်ရ။ ယဇ်ကောင်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မပူဇော်ရ။ စပျစ်ရည်ပူဇော်သကာကို လည်း၊ မသွန်းလောင်းရ။-
10 And Aaron shall pray over its horns once a year, with the blood of what was offered for sin. And he shall make atonement over it in your generations. It shall be the Holy of holies to the Lord.”
၁၀``အာရုန်သည်တစ်နှစ်လျှင်တစ်ကြိမ်အပြစ် ဖြေရာယဇ်ကောင်၏အသွေးဖြင့်၊ ပလ္လင်၏ ထောင့်ချွန်အတက်လေးခုကိုသုတ်လိမ်း၍၊ ပလ္လင်ကိုသန့်ရှင်းစေရမည်။ သင်၏အမျိုး အစဉ်အဆက်တို့သည်ထိုဝတ်ကိုနှစ်စဉ် အမြဲပြုရမည်။ ထိုပလ္လင်သည်ငါထာဝရ ဘုရားအတွက်ဆက်ကပ်သော၊ အလွန် သန့်ရှင်းသောပလ္လင်ဖြစ်သတည်း။''
11 And the Lord spoke to Moses, saying:
၁၁ထာဝရဘုရားကမောရှေအား၊-
12 “When you have taken the sum of the sons of Israel, according to their number, each shall give a price for their souls to the Lord, and there will be no scourge among them, when they will be reviewed.
၁၂``သင်သည်ဣသရေလအမျိုးသားတို့၏သန်း ခေါင်စာရင်းကိုကောက်ယူသောအခါ စာရင်း ယူချိန်တွင်၊ သူတို့၌ဘေးမသင့်စေခြင်းငှာ၊ လူတိုင်းမိမိ၏အသက်ဖိုးကိုထာဝရ ဘုရားအားဆက်သရမည်။-
13 Then all those who pass shall give by name: one half shekel, according to the measure at the temple. A shekel has twenty obols. The half part of a shekel shall be offered to the Lord.
၁၃သန်းခေါင်စာရင်းဝင်သူတိုင်းသည်လိုအပ်သော အသက်ဖိုးငွေကို သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်၍ပေးရမည်။ လူတိုင်းထို အခွန်ငွေကိုငါ့အားဆက်ကပ်ရမည်။-
14 He who has been numbered from twenty years and above shall give the price.
၁၄အသက်နှစ်ဆယ်နှင့်အထက်ရှိသောသန်း ခေါင်စာရင်းဝင်သူတိုင်းသည်၊ ငါ့အားအခွန် ငွေဆက်ကပ်ရမည်။-
15 The rich shall not add to the half shekel, and the poor shall diminish nothing.
၁၅ထာဝရဘုရားအားသင်တို့၏အသက်ဖိုး ငွေကိုဆက်သသောအခါချမ်းသာသူဖြစ် စေ၊ ဆင်းရဲသူဖြစ်စေ၊ သတ်မှတ်ထားသော ငွေထက်ပို၍သော်လည်းကောင်း၊ လျော့၍ သော်လည်းကောင်းမပေးစေရ။-
16 And the money received, which was collected from the sons of Israel, you shall deliver for the uses of the tabernacle of the testimony, so that it may be a memorial of them before the Lord, and he may act favorably toward their souls.”
၁၆သင်သည်ဣသရေလအမျိုးသားတို့ထံမှ ထိုငွေကိုလက်ခံ၍၊ ငါစံရာတဲတော်စရိတ် အတွက်အသုံးပြုရမည်။ သင်တို့၏အသက် ဖိုးအတွက်ပေးသောအခွန်ငွေအားဖြင့်၊ ထာဝရဘုရားသည်သင်တို့၏အသက် ကိုကာကွယ်ရန်သတိရမည်'' ဟုမိန့်တော် မူ၏။
17 And the Lord spoke to Moses, saying:
၁၇ထာဝရဘုရားသည်မောရှေအား၊-
18 “You shall also make a bronze washtub with its base to wash in; and you shall place it between the tabernacle of the testimony and the altar. And when water has been added,
၁၈``ကြေးဝါအောက်ခြေခံသောကြေးဝါအင် တုံကိုပြုလုပ်လော့။ ထိုအင်တုံကိုရေဖြည့်၍၊ ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်အကြားတွင် ထားလော့။-
19 Aaron and his sons shall wash their hands and feet in it:
၁၉အာရုန်နှင့်သူ၏သားများသည်မိမိတို့၏ ခြေလက်များကို၊ ထိုအင်တုံရှိရေဖြင့်ဆေး ကြောရမည်။-
20 when they enter the tabernacle of the testimony, and when they approach to the altar so as to offer incense to the Lord upon it,
၂၀သူတို့သည်ငါစံရာတဲတော်ထဲသို့မဝင်မီ ဖြစ်စေ၊ ယဇ်ပလ္လင်ပေါ်တွင်ပူဇော်သကာကို ထာဝရဘုရားထံမပူဇော်မီဖြစ်စေ၊ ထို သို့ခြေလက်ကိုဆေးကြောခြင်းအားဖြင့်၊ အသက်ချမ်းသာရာရမည်။-
21 otherwise, they may die. This shall be an everlasting law to him, and to his offspring, throughout their successions.”
၂၁သူတို့နှင့်သူတို့၏အမျိုးအစဉ်အဆက် တို့သည်၊ ထိုပညတ်ကိုအမြဲလိုက်နာရ ကြမည်'' ဟုမိန့်တော်မူ၏။
22 And the Lord spoke to Moses,
၂၂ထာဝရဘုရားကမောရှေအား၊-
23 saying: “Take for yourself aromatics: of the first and best myrrh, five hundred shekels, and of cinnamon half as much, that is, two hundred and fifty shekels; of sweet flag similarly two hundred and fifty,
၂၃``မုရန်ဆီတစ်ဆယ့်နှစ်ပေါင်၊ မွှေးကြိုင်သောသစ် ကြမ်းပိုးခြောက်ပေါင်၊ စပါးလင်ခြောက်ပေါင်၊-
24 but of cassia, five hundred shekels by the weight of the sanctuary, and of the oil of olives the measure of a hin.
၂၄ကရမက်တစ်ဆယ့်နှစ်ပေါင်စသည့်အကောင်းဆုံး အမွှေးအကြိုင်တို့ကို (သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်ရန်) သံလွင်ဆီတစ်ဂါလံနှင့် ရော၍၊-
25 And you shall make the holy oil of unction, an ointment composed with the skills of a perfumer,
၂၅ဆီမွှေးကဲ့သို့ဘိသိက်ဆီကိုဖော်စပ်လော့။
26 and with it you shall anoint the tabernacle of the testimony, and the ark of the testament,
၂၆ဤဘိသိက်ဆီကိုအသုံးပြု၍၊ ငါစံရာတဲ တော်နှင့်ပဋိညာဉ်သေတ္တာတော်ကိုလည်းကောင်း၊-
27 and the table with its vessels, and the lampstand and its utensils, the altars of incense
၂၇စားပွဲနှင့်သက်ဆိုင်ရာပစ္စည်းရှိသမျှတို့ကို လည်းကောင်း၊ ဆီမီးတိုင်နှင့်သက်ဆိုင်ရာပစ္စည်း တို့ကိုလည်းကောင်း၊ နံ့သာပေါင်းမီးရှို့ရာ ပလ္လင်ကိုလည်းကောင်း၊-
28 and of holocaust, and all the items that pertain to their rituals.
၂၈မီးရှို့ရာယဇ်ပူဇော်သောပလ္လင်နှင့်သက်ဆိုင်ရာ ပစ္စည်းရှိသမျှတို့ကိုလည်းကောင်း၊ အင်တုံနှင့် အောက်ခြေခံကိုလည်းကောင်း၊ ထိုနံ့သာဆီ ဖြင့်သုတ်လိမ်းလော့။-
29 And you shall sanctify everything, and they shall be the Holy of holies. He who will touch them must be sanctified.
၂၉ထိုအရာများကိုဤသို့ဆက်ကပ်ခြင်းဖြင့်၊ အလွန်သန့်ရှင်းစေလော့။ ထိုအရာများကို ထိမိသောအရာဟူသမျှတို့သည် သန့် ရှင်းလိမ့်မည်။-
30 You shall anoint Aaron and his sons, and you shall sanctify them, so that they may exercise the priesthood for me.
၃၀ထိုနောက်အာရုန်နှင့်သူ၏သားတို့ကို၊ ငါ၏ ယဇ်ပုရောဟိတ်များအဖြစ်အမှုထမ်းစေ ရန် သူတို့အားနံ့သာဆီဖြင့်ဘိသိက်ပေး လော့။-
31 Likewise, you shall say to the sons of Israel: ‘This oil of unction will be holy to me throughout your generations.
၃၁ဣသရေလအမျိုးသားတို့အားဤသို့ ဆင့်ဆိုလော့။ ငါ၏အမှုတော်ကိုထမ်းရန် ဘိသိက်ပေးရာ၌၊ သင်တို့၏သားစဉ်မြေး ဆက်တို့သည်ဤသန့်ရှင်းသောဆီကိုအသုံး ပြုရမည်။-
32 The flesh of man shall not be anointed from it, and you shall not make any similar compound, for it has been sanctified and it shall be holy to you.
၃၂ထိုဆီကိုသာမန်လူတို့၏ကိုယ်ခန္ဓာပေါ်သို့ မသွန်းလောင်းရ။ ထိုဆီနှင့်တူသောဆီမျိုး ကိုမဖော်စပ်ရ။ ထိုဆီသည်သန့်ရှင်းသည် ဖြစ်၍၊ သန့်ရှင်းသောဆီအဖြစ်လက်ခံရ မည်။-
33 Whatever man will have composed such a thing and have given it to a stranger, he shall be exterminated from his people.’”
၃၃မည်သူမဆိုထိုဆီနှင့်တူသောဆီကိုဖော် စပ်လျှင်ဖြစ်စေ၊ ယဇ်ပုရောဟိတ်မဟုတ်သူ အပေါ်သို့ထိုဆီကိုလောင်းလျှင်ဖြစ်စေ၊ ငါ ၏လူမျိုးတော်မှအပယ်ခံရမည်ဟုမိန့် တော်မူ၏။
34 And the Lord said to Moses: “Take to yourself aromatics: stacte, and onycha, galbanum of sweet odor, and the clearest frankincense, all these shall be of equal weight.
၃၄ထာဝရဘုရားကမောရှေအား``မွှေးကြိုင် သောနံ့သာမျိုးဖြစ်သည့်အကျော်၊ စံပါ၊ ကရမက်၊ လော်ဗန်စေးစစ်စစ်တို့ကို၊ ဆတူ ချိန်ယူလော့။-
35 And you shall make incense composed with the skills of a perfumer, diligently mixed, and pure, and most worthy of sanctification.
၃၅ရေမွှေးဖော်စပ်သကဲ့သို့၊ ထိုနံ့သာတို့ကို နံ့သာပေါင်းအဖြစ်ဖော်စပ်လော့။ စင်ကြယ်၍ သီးသန့်စေရန်နံ့သာပေါင်းတွင်ဆားခပ် လော့။-
36 And when you have crushed all these into a very fine powder, you shall place some of it before the tabernacle of the testimony, in the place where I will appear to you. The Holy of holies shall this incense be to you.
၃၆ထိုနံ့သာပေါင်းအချို့ကိုညက်အောင်ထောင်း၍၊ ငါစံရာတဲတော်အတွင်းငါ၏ရှေ့တော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ပဋိညာဉ်သေတ္တာအရှေ့၌ ဖြူးရမည်။ ထိုနံ့သာပေါင်းကိုအလွန်သန့် ရှင်းသောနံ့သာပေါင်းအဖြစ်လက်ခံရမည်။-
37 You shall not make such a compound for your own uses, because it is holy to the Lord.
၃၇သင်တို့ကိုယ်တိုင်သုံးရန်အတွက်၊ ထိုနိဿ ရည်းဖြင့်နံ့သာပေါင်းကိုမဖော်စပ်ရ။ ထို နံ့သာပေါင်းသည်ငါ့အဖို့ဆက်ကပ်ထား သည်ဖြစ်၍၊ သန့်ရှင်းသောနံ့သာပေါင်း အဖြစ်လက်ခံရမည်။-
38 Whatever man will have made anything similar, so as to thoroughly enjoy its smell, he shall perish from his people.”
၃၈ထိုနံ့သာပေါင်းကိုမိမိအတွက်အမွှေး အကြိုင်အဖြစ်ဖော်စပ်သူသည်၊ ငါ၏လူ မျိုးတော်မှအပယ်ခံရမည်'' ဟုမိန့်တော် မူ၏။