< Esther 8 >

1 And in that day king Artaxerxes gave to Esther all that belonged to Aman the slanderer: and Mardochaeus was called by the king; for Esther had shown that he was related to her.
ထို​နေ့​၌​ပင်​လျှင်​ဇေ​ရဇ်​မင်း​သည်​ယု​ဒ အ​မျိုး​သား​တို့​၏​ရန်​သူ​ဟာ​မန်​ပိုင်​သည့် အိမ်​ရာ​ပစ္စည်း​မှန်​သ​မျှ​ကို မိ​ဖု​ရား​ဧ​သ​တာ အား​ပေး​တော်​မူ​၏။ ဧ​သ​တာ​က​မိ​မိ​သည် မော်​ဒ​ကဲ​နှင့်​ဆွေ​မျိုး​တော်​စပ်​ကြောင်း​ကို မင်း​ကြီး​အား​လျှောက်​ထား​သ​ဖြင့် မော်​ဒ​ကဲ သည်​ထို​နေ့​မှ​အ​စ​ပြု​၍​မင်း​ကြီး​၏​ရှေ့ တော်​သို့​ဝင်​ခွင့်​ရ​ရှိ​လေ​သည်။-
2 And the king took the ring which he had taken away from Aman, and gave it to Mardochaeus: and Esther appointed Mardochaeus over all that had been Aman's.
မင်း​ကြီး​သည်​ဟာ​မန်​၏​ထံ​မှ​ပြန်​သိမ်း​သည့် တံ​ဆိပ်​လက်​စွပ်​တော်​ကို​ချွတ်​၍​မော်​ဒ​ကဲ အား​ပေး​တော်​မူ​၏။ ဧ​သ​တာ​သည်​လည်း ဟာ​မန်​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မော်​ဒ​ကဲ အား​အုပ်​ထိန်း​စေ​၏။
3 And she spoke yet again to the king, and fell at his feet, and implored [him] to do away the mischief of Aman, and all that he had done against the Jews.
ထို​နောက်​ဧ​သ​တာ​သည်​မင်း​ကြီး​၏​ခြေ တော်​ရင်း​တွင်​ပျပ်​ဝပ်​လျက်​ငို​ယို​ကာ ယု​ဒ အ​မျိုး​သား​တို့​အား​ကွပ်​မျက်​ရန်​အ​တွက် အာ​ဂတ်​မှ​ဆင်း​သက်​သူ​ဟာ​မန်​ကြံ​စည် ခဲ့​သည့်​ဘေး​အန္တ​ရာယ်​ဆိုး​ကို​တား​ဆီး ပေး​တော်​မူ​ရန်​တောင်း​ပန်​လေ​သည်။-
4 Then the king stretched out to Esther the golden sceptre: and Esther arose to stand near the king.
မင်း​ကြီး​သည်​သူ့​အား​ရွှေ​ရာ​ဇ​လှံ​တံ ကို​ကမ်း​ပေး​တော်​မူ​သ​ဖြင့် ဧ​သ​တာ သည်​ထ​၍​ရပ်​ပြီး​လျှင်၊-
5 And Esther said, If it seem good to you, and I have found favor [in your sight], let an order be sent that the letters sent by Aman may be reversed, that were written for the destruction of the Jews, who are in your kingdom.
``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​လျှင် လည်း​ကောင်း၊ ကျွန်​တော်​မ​ကို​စိတ်​တော်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ လျောက်​ပတ် သည်​ဟု​ယူ​ဆ​တော်​မူ​လျှင်​လည်း​ကောင်း အင်​ပါ​ယာ​နိုင်ငံ​တော်​အ​တွင်း​ရှိ​ယု​ဒ အ​မျိုး​သား​အ​ပေါင်း​တို့​အား​ကွပ်​မျက် ရန်​အာ​ဂတ် မှ​ဆင်း​သက်​သူ​ဟမ္မေဒါ​သ​၏​သား​ဟာ​မန် စီ​ရင်​ခဲ့​သည့်​အ​မိန့်​စာ​များ​ကို​ပယ်​ဖျက် သည့်​အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန် တော်​မူ​ပါ။-
6 For how shall I be able to look upon the affliction of my people, and how shall I be able to survive the destruction of my kindred?
ကျွန်​တော်​မ​၏​အ​မျိုး​သား​ချင်း​များ​သည် ဤ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ​လျက် ကျွန်​တော်​မ​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​များ သည်​လည်း​အ​သတ်​ခံ​ကြ​ရ​ပါ​မူ​ကျွန်​တော် မ​သည်​အ​ဘယ်​သို့​ရှု​စိမ့်​နိုင်​ပါ​အံ့​နည်း'' ဟု​လျှောက်​လေ​၏။
7 And the king said to Esther, If I have given and freely granted you all that was Aman's, and hanged him on a gallows, because he laid his hands upon the Jews, what do you yet further seek?
ထို​အ​ခါ​ဇေ​ရဇ်​မင်း​သည်​ဧ​သ​တာ​နှင့် ယု​ဒ​အမျိုး​သား​မော်​ဒ​ကဲ​အား``ငါ​သည် ဟာ​မန်​အား​ယု​ဒ​အ​မျိုး​သား​များ​ကို သတ်​ဖြတ်​ရန်​ကြံ​စည်​သည့်​အ​တွက်​လည်​ဆွဲ တိုင်​၌​ကွပ်​မျက်​စေ​ခဲ့​ပြီ။ သူ​၏​အိမ်​ရာ​ပစ္စည်း များ​ကို​လည်း​ဧ​သ​တာ​အား​ပေး​ခဲ့​ပြီ။-
8 Write you also in my name, as it seems good to you, and seal [it] with my ring: for whatever [orders] are written at the command of the king, and sealed with my ring, it is not lawful to gainsay them.
သို့​ရာ​တွင်​ဘု​ရင့်​အ​မည်​ဖြင့်​ရေး​၍​လက်​စွပ် တော်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​အ​မိန့်​တော် စာ​ကို​မူ​မ​ဖျက်​မ​ပယ်​နိုင်။ သို့​သော်​လည်း သင်​တို့​အ​လို​ရှိ​သည့်​အ​တိုင်း​ယု​ဒ​အ​မျိုး သား​များ​ထံ​သို့​ငါ​၏​နာ​မည်​ဖြင့်​စာ​ရေး ၍​ဘု​ရင့်​လက်​စွပ်​တော်​တံ​ဆိပ်​ကို​ခတ်​နှိပ် လော့'' ဟု​မိန့်​တော်​မူ​၏။
9 So the scribes were called in the first month, which is Nisan, on the three and twentieth day of the same year; and [orders] were written to the Jews, whatever [the king had] commanded to the local governors and chiefs of the satraps, from India even to Ethiopia, a hundred and twenty-seven satraps, according to the several provinces, according to their dialects.
ဤ​သို့​ဖြစ်​ပျက်​သည်​မှာ​သိ​ဝန်​ခေါ်​တ​တိ​ယ လ၊ နှစ်​ဆယ့်​သုံး​ရက်​နေ့​၌​ဖြစ်​၏။ မော်​ဒ​ကဲ သည်​မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ် ယူ​ကာ​ယု​ဒ​အ​မျိုး​သား​တို့​ထံ​သို့​လည်း ကောင်း၊ အိန္ဒိ​ယ​ပြည်​မှ​အဲ​သ​ရော​ပိ​ပြည် တိုင်​အောင်​တစ်​ရာ့​နှစ်​ဆယ့်​ခု​နစ်​ပြည်​နယ် ရှိ​ဘု​ရင်​ခံ​များ၊ အုပ်​ချုပ်​ရေး​မှူး​များ နှင့်​မင်း​အ​ရာ​ရှိ​များ​ထံ​သို့​အ​မှာ​စာ များ​ရေး​သား​ရန်​နှုတ်​တိုက်​ချ​ပေး​လေ သည်။ ထို​စာ​များ​ကို​ပြည်​နယ်​အ​သီး​သီး တွင်​အ​သုံး​ပြု​သည့်​ဘာ​သာ​စ​ကား များ​ဖြင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား တို့​အ​တွက်​ယု​ဒ​ဘာ​သာ​ဖြင့်​လည်း ကောင်း​ရေး​သား​ထား​သ​တည်း။-
10 And they were written by order of the king, and sealed with his ring, and they sent the letters by the posts:
၁၀မော်​ဒ​ကဲ​သည်​ထို​စာ​တို့​ကို​ဇေ​ရဇ်​မင်း​၏ အ​မည်​ဖြင့်​ရေး​လျက် ဘု​ရင့်​လက်​စွပ်​တော် တံ​ဆိပ်​ခတ်​နှိပ်​ပြီး​လျှင်​စာ​ပို့​လု​လင်​တို့ အား ဘု​ရင့်​မြင်း​ဇောင်း​မှ​လျင်​မြန်​သည့် မြင်း​များ​ဖြင့်​သွား​ရောက်​ပေး​ပို့​စေ​၏။
11 wherein he charged them to use their [own] laws in every city, and to help each other, and to treat their adversaries, and those who attacked them, as they pleased,
၁၁ထို​အ​မိန့်​စာ​များ​တွင်​မင်း​ကြီး​သည်​ယု​ဒ အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏​အ​သက် ဘေး​ကို​ကာ​ကွယ်​ရန်​အ​တွက်​စု​ရုံး​ခွင့်​ပြု တော်​မူ​ကြောင်း​ပါ​ရှိ​လေ​သည်။ မည်​သည့် ပြည်​နယ်​၌​မ​ဆို​ယု​ဒ​ယောကျာ်း​နှင့်​ဇ​နီး သား​သ​မီး​များ​ကို​လက်​နက်​စွဲ​ကိုင်​တိုက် ခိုက်​လာ​သော​အ​ဘယ်​လူ​မျိုး​ကို​မ​ဆို ပြန်​လည်​တိုက်​ခိုက်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​အား​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​လျှင်​သူ​တို့​၏​ပစ္စည်း​များ​ကို​လု​ယူ နိုင်​လေ​သည်။-
12 on one day in all the kingdom of Artaxerxes, on the thirteenth [day] of the twelfth month, which is Adar.
၁၂ထို​အ​မိန့်​တော်​သည်​ပေ​ရ​သိ​အင်​ပါ​ယာ နိုင်​ငံ​တစ်​ဝှန်း​လုံး​၌​ယု​ဒ​အ​မျိုး​သား တို့​အား သတ်​ဖြတ်​ရန်​သတ်​မှတ်​ထား​သည့် အာ​ဒါ​ခေါ်​ဒွါ​ဒ​သ​မ​လ​ဆယ့်​သုံး​ရက် နေ့​မှ​အ​စ​ပြု​၍​အ​တည်​ဖြစ်​စေ​ရ​မည်။-
13 And let the copies be posted in conspicuous places throughout the kingdom, and let all the Jews be ready against this day, to fight against their enemies.
၁၃ထို​နေ့​ကျ​ရောက်​လာ​သော​အ​ခါ​ယု​ဒ​အ​မျိုး သား​တို့​သည်​ရန်​သူ​များ​အား​လက်​စား​ချေ ရန်​အ​သင့်​ရှိ​နိုင်​ကြ​စေ​ရန် ထို​အ​မိန့်​တော် ကို​ဥ​ပ​ဒေ​အ​ဖြစ်​ပြ​ဋ္ဌာန်း​ကာ​ပြည်​နယ် တိုင်း​တွင်​လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​ရန် ဖြစ်​သည်။-
14 So the horsemen went forth with haste to perform the king's commands; and the ordinance was also published in Susa.
၁၄သို့​ဖြစ်​၍​မြင်း​စီး​စာ​ပို့​လု​လင်​တို့​သည်​မင်း ကြီး​၏​အ​မိန့်​တော်​အ​ရ ဘု​ရင့်​မြင်း​တော် များ​ကို​စီး​၍​ခ​ရီး​ပြင်း​နှင်​ကြ​ကုန်​၏။ မြို့ တော်​ရှု​ရှန်​၌​လည်း​ထို​အ​မိန့်​ကို​ကြေ​ညာ ကြ​လေ​သည်။
15 And Mardochaeus went forth robed in the royal apparel, and wearing a golden crown, and a diadem of fine purple linen: and the people in Susa saw [it] and rejoiced.
၁၅မော်​ဒ​ကဲ​သည်​မင်း​မြောက်​တန်​ဆာ​တည်း​ဟူ သော​ဝတ်​လဲ​အ​ဖြူ​နှင့်​အ​ပြာ​ကို​လည်း​ကောင်း၊ ခ​ရမ်း​ရောင်​ပိတ်​ချော​ဝတ်​လုံ​ကို​လည်း​ကောင်း ဝတ်​ဆင်​ကာ​ခန့်​ညား​သည်​ရွှေ​သ​ရ​ဖူ​ကို ဆောင်း​၍ နန်း​တော်​မှ​ထွက်​ခွာ​သွား​လေ​သည်။ ထို​အ​ခါ​ရှု​ရှန်​မြို့​တစ်​မြို့​လုံး​သည်​သြ​ဘာ သံ​များ၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် သံ​များ​နှင့်​ဆူ​ညံ​သွား​၏။-
16 And the Jews had light and gladness,
၁၆ယု​ဒ​အ​မျိုး​သား​တို့​သည်​စိတ်​သက်​သာ ရွှင်​လန်း​ဝမ်း​မြောက်​လျက်​အ​သ​ရေ​မြင့် လာ​ကြ​၏။-
17 in every city and province wherever the ordinance was published: wherever the proclamation took place, the Jews had joy and gladness, feasting and mirth: and many of the Gentiles were circumcised, and became Jews, for fear of the Jews.
၁၇မင်း​ကြီး​၏​အ​မိန့်​ကြေ​ညာ​ချက်​ရောက်​ရှိ သည့်​ပြည်​နယ်​နှင့်​မြို့​အ​ပေါင်း​တို့​တွင် ယု​ဒ​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​စွာ စား​သောက်​လျက်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို ကျင်း​ပ​ကြ​ကုန်​၏။ အ​ခြား​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​ယု​ဒ​အ​မျိုး သား​တို့​ကို​ကြောက်​သော​ကြောင့်​ယု​ဒ ဘာ​သာ​သို့​ကူး​ပြောင်း​လာ​ကြ​လေ သည်။

< Esther 8 >