< 1 Chronicles 2 >

1 These are the sons of Israel; Reuben, Simeon, Levi, and Judah, Issachar, and Zebulun,
ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊
2 Dan, Joseph, and Benjamin, Naphtali, Gad, and Asher.
ဒန်၊ယောသပ်၊ ဗင်္ယာမန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။
3 The sons of Judah; Er, and Onan, and Shelah: these three were born to him of the daughter of Shua the Canaanitess. And Er, the firstborn of Judah, was evil in the sight of the LORD; and he slew him.
ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီး တွင် မြင်သော သားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရား ရှေ့တော်၌ ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။
4 And Tamar his daughter in law bore him Pharez and Zerah. All the sons of Judah were five.
ချွေးမတာမာတွင် မြင်သောသားကား ဖာရက် နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက် တည်း။
5 The sons of Pharez; Hezron, and Hamul.
ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း။
6 And the sons of Zerah; Zimri, and Ethan, and Heman, and Calcol, and Dara: five of them in all.
ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလ ကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။
7 And the sons of Carmi; Achar, the troubler of Israel, who transgressed in the accursed thing.
ဇိမရိသားဖြစ်သော ကာမိ၏သားကား ကျိန်ဆဲ အပ်သောအရာကိုယူ၍ ပြစ်မှားသဖြင့်၊ ဣသရေလအမျိုး ကို နှောင့်ရှက်သော အာခန်တည်း။
8 And the sons of Ethan; Azariah.
ဧသန်သားကား အဇရိတည်း။
9 The sons also of Hezron, that were born to him; Jerahmeel, and Ram, and Chelubai.
ဟေဇရုံမြင်သော သားကား ယေရမေလ၊ အာရံ၊ ကာလက်တည်း။
10 And Ram begat Amminadab; and Amminadab begat Nahshon, prince of the children of Judah;
၁၀အာရံသားကား အမိနဒပ်၊ အမိနဒပ် သားကား၊ ယုဒအမျိုးသားတို့တွင် ဗိုပ်လုပ်သော နာရှုန်တည်း။
11 And Nahshon begat Salma, and Salma begat Boaz,
၁၁နာရှုန်သားစာလမုန်၊ စာလမုန်သားဗောဇ၊
12 And Boaz begat Obed, and Obed begat Jesse,
၁၂ဇောဇသား ဩဗက်၊ ဩဗက်သားယေရှဲတည်း။
13 And Jesse begat his firstborn Eliab, and Abinadab the second, and Shimma the third,
၁၃ယေရှဲသားဦးကား ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊
14 Nethaneel the fourth, Raddai the fifth,
၁၄စတုတ္ထသား နာသနေလ၊ ပဥ္စမသား ရဒ္ဒဲ၊
15 Ozem the sixth, David the seventh:
၁၅ဆဋ္ဌမသားဩဇင်၊ သတ္ထမသား ဧလိဟု၊ အဋ္ဌမသားဒါဝိဒ် တည်း။
16 Whose sisters were Zeruiah, and Abigail. And the sons of Zeruiah; Abishai, and Joab, and Asahel, three.
၁၆သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကား အဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်း သုံးယောက်တည်း။
17 And Abigail bore Amasa: and the father of Amasa was Jether the Ishmaelite.
၁၇အဘိဂဲလသားကား အာမသ၊ အာမသအဘ ကား ဣရှမေလအမျိုးယေသာတည်း။
18 And Caleb the son of Hezron begat children of Azubah his wife, and of Jerioth: her sons are these; Jesher, and Shobab, and Ardon.
၁၈ဟေဇရုံသား ကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။
19 And when Azubah was dead, Caleb took to him Ephrath, who bore to him Hur.
၁၉အဇုဘသေသောနောက် ဧဖရတ်ကို သိမ်း၍ ဟုရကို မြင်ပြန်လေ၏။
20 And Hur begat Uri, and Uri begat Bezaleel.
၂၀ဟုရသားကား ဥရိ၊ ဥရိသားကား ဗေဇလေ လတည်း။
21 And afterward Hezron went in to the daughter of Machir the father of Gilead, whom he married when he was sixty years old; and she bore him Segub.
၂၁ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘမာခိရ၏သမီးနှင့် စုံဘက်၍ စေဂုပ် ကို မြင်လေ၏။
22 And Segub begat Jair, who had three and twenty cities in the land of Gilead.
၂၂စေဂုပ်သားကား ယာဣရတည်း။ ထိုသူသည် ဂိလဒ်ပြည်၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင်၏။
23 And he took Geshur, and Aram, with the towns of Jair, from them, with Kenath, and its towns, even sixty cities. All these belonged to the sons of Machir the father of Gilead.
၂၃ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။
24 And after that Hezron was dead in Calebephratah, then Abiah Hezron’s wife bore him Ashur the father of Tekoa.
၂၄ဟေဇရုံသည်က၏ ကာလက်ဧဖရတ်မြို့၌ သေသောနောက်၊ သူ၏မယား အဘိသည် သူ၏သား အာရှုရကို ဘွားမြင်၏။ အားရှုရသား ကာတေကော တည်း။
25 And the sons of Jerahmeel the firstborn of Hezron were, Ram the firstborn, and Bunah, and Oren, and Ozem, and Ahijah.
၂၅ဟေဇရုံ၏ သားဦးယေရမေလ သားကား သားဦးအာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။
26 Jerahmeel had also another wife, whose name was Atarah; she was the mother of Onam.
၂၆အာတရအမည်ရှိသော အခြားမယားတွင် ဩနံကိုမြင်၏။
27 And the sons of Ram the firstborn of Jerahmeel were, Maaz, and Jamin, and Eker.
၂၇ယေရမေလ၏ သားဦး အာရံသားကားမာဇ၊ ယာမိန်၊ ဧကာတည်း။
28 And the sons of Onam were, Shammai, and Jada. And the sons of Shammai; Nadab, and Abishur.
၂၈ဩနံသားကားရှမ္မဲနှင့် ယာဒတည်း။ ရှမ္မဲသား ကား နာဒပ်နှင့် အဘိရှုရတည်း။
29 And the name of the wife of Abishur was Abihail, and she bore him Ahban, and Molid.
၂၉အဘိဟဲလ အမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဘွားမြင်၏။
30 And the sons of Nadab; Seled, and Appaim: but Seled died without children.
၃၀နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း။ သေလက်၌သားမရှိ။
31 And the sons of Appaim; Ishi. And the sons of Ishi; Sheshan. And the children of Sheshan; Ahlai.
၃၁အပ္ပိမ်သားကား ဣရှိ၊ ဣရှိသားရှေရန်၊ ရှေရှန်သား အာလဲတည်း။
32 And the sons of Jada the brother of Shammai; Jether, and Jonathan: and Jether died without children.
၃၂ရှမ္မဲညီယာဒသားကား ယေသာနှင့်ယောနသန် တည်း။ ယေသာ၌ သားမရှိ။
33 And the sons of Jonathan; Peleth, and Zaza. These were the sons of Jerahmeel.
၃၃ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း။
34 Now Sheshan had no sons, but daughters. And Sheshan had a servant, an Egyptian, whose name was Jarha.
၃၄ရှေရှန်၌သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန် ၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန် ယောက်ျားတယောက်ရှိ၍၊
35 And Sheshan gave his daughter to Jarha his servant for a wife; and she bore him Attai.
၃၅ထိုကျွန်နှင့်သမီးတယောက်ကို ပေးစားသဖြင့်။ သမီးသည် အဘတို့သားအတ္တဲကို ဘွားမြင်၏။
36 And Attai begat Nathan, and Nathan begat Zabad,
၃၆အတ္တဲသားကား နာသန်၊ နာသန်သားဇာဗဒ်။
37 And Zabad begat Ephlal, and Ephlal begat Obed,
၃၇ဇာဗဒ်သားဧဖလလ။ ဧဖလလသားဩဗက်၊
38 And Obed begat Jehu, and Jehu begat Azariah,
၃၈ဩဇက်သားယေဟု၊ ယေဟုသား အာဇရိတည်း။
39 And Azariah begat Helez, and Helez begat Eleasah,
၃၉အာဇရိသားကား ဟေလက်၊ ဟေလက်သား ဧလာသ၊
40 And Eleasah begat Sisamai, and Sisamai begat Shallum,
၄၀ဧလာသသားသိသမဲ၊ သိသမဲသား ရှလ္လုံ၊
41 And Shallum begat Jekamiah, and Jekamiah begat Elishama.
၄၁ရှလ္လုံသား ယေကမိ၊ ယေကမိ သားဧလိရှမာ တည်း။
42 Now the sons of Caleb the brother of Jerahmeel were, Mesha his firstborn, who was the father of Ziph; and the sons of Mareshah the father of Hebron.
၄၂ယေရမေလ၏ညီ ကာလက်သားဦးကား မေရှ၊ မေရှသားဇိဖ၊ ဇိဖသားမရေရှ၊ မရေရှသား ဟေဗြုန်၊
43 And the sons of Hebron; Korah, and Tappuah, and Rekem, and Shema.
၄၃ဟေဗြုန်သား ကောရ၊ တာပွါ၊ ရေကင်၊ ရှေမ တည်း။
44 And Shema begat Raham, the father of Jorkoam: and Rekem begat Shammai.
၄၄ရှေမသားကားရာဟံ၊ ရာဟံသားယော်ကောင် တည်း။ ရေကင်သားကား ရှမ္မဲ၊
45 And the son of Shammai was Maon: and Maon was the father of Bethzur.
၄၅ရှမ္မဲသား မောန၊ မောနသားဗက်ဇုရတည်း။
46 And Ephah, Caleb’s concubine, bore Haran, and Moza, and Gazez: and Haran begat Gazez.
၄၆ကာလက်မယားငယ်သည် လည်းဟာရန်၊ မောဇ၊ ဂါဇက်တို့ကို ဘွားမြင်၏။ ဟာရန်သားကား ယာဒဲ တည်း။
47 And the sons of Jahdai; Regem, and Jotham, and Geshan, and Pelet, and Ephah, and Shaaph.
၄၇ယာဒဲသားကားရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖ တည်း။
48 Maachah, Caleb’s concubine, bore Sheber, and Tirhanah.
၄၈ကာလက်မယားငယ်မာခါသည်လည်း၊ ရှေဗာနှင့် တိရဟာနကို၎င်း၊
49 She bore also Shaaph the father of Madmannah, Sheva the father of Machbenah, and the father of Gibea: and the daughter of Caleb was Achsah.
၄၉မာဒမေနအဘရှာဖ၊ မာခဗေနအဘရှေဝ၊ ဂိအာအဘကို၎င်း ဘွားမြင်၏။ ကာလက်သမီးကား အာခသတည်း။
50 These were the sons of Caleb the son of Hur, the firstborn of Ephratah; Shobal the father of Kirjathjearim,
၅၀ဧဖရတ်သားဦး ဟုရ၏သားဖြစ်သော ကာလက် သားကား၊ ကိရယတ်ယာရိမ် အဘရှောဗာလ၊
51 Salma the father of Bethlehem, Hareph the father of Bethgader.
၅၁ဗက်လင်အဘစလမ၊ ဗက်ဂါဒါအဘဟာရပ် တည်း။
52 And Shobal the father of Kirjathjearim had sons; Haroeh, and half of the Manahethites.
၅၂ကိရယတ်ယာရိမ်အဘ ရှောဗာလသားဟူမူ ကား၊ ဟာရောနှင့်မနဟေသိ အမျိုးတပိုင်း၊
53 And the families of Kirjathjearim; the Ithrites, and the Puhites, and the Shumathites, and the Mishraites; of them came the Zareathites, and the Eshtaulites.
၅၃ကိရယတ်ယာရိမ်အမျိုးမျိုး၊ ဣသရိလူ၊ ဖုဟိလူ၊ ရှုမသိလူ၊ မိရှရိလူတည်း။ ထိုအမျိုးထဲက ဖာရာသိလူနှင့် ဧရှတောလိလူဖြစ်သတည်း။
54 The sons of Salma; Bethlehem, and the Netophathites, Ataroth, the house of Joab, and half of the Manahethites, the Zorites.
၅၄စလမသားဟူမူကား၊ ဗက်လင်နှင့် နေတော ဖာသိလူ၊ အတရုတ်၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်း၊ ဇောရိလူ၊
55 And the families of the scribes who dwelt at Jabez; the Tirathites, the Shimeathites, and Suchathites. These are the Kenites that came of Hemath, the father of the house of Rechab.
၅၅ယာဗက်မြို့၌နေသော ရှောဖရိလူ၊ တိရသိလူ၊ ရှိမသိလူ၊ စုခသိလူတည်း။ ထိုသူတို့သည် ရေခပ်အမျိုး၏ အဘဟေမတ်မှ ဆင်းသက်သော ကိနိအမျိုး၏ အဘ ဟေမတ်မှဆင်းသက်သော ကိနိအမျိုးဖြစ်သတည်း။

< 1 Chronicles 2 >