< Numbers 10 >

1 And Jehovah speaketh unto Moses, saying,
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
2 'Make to thee two trumpets of silver; beaten work thou dost make them, and they have been to thee for the convocation of the company, and for the journeying of the camps;
``သင်​သည်​လူ​များ​ကို​စု​ရုံး​ခေါ်​ယူ​ရာ​၌​လည်း ကောင်း၊ စ​ခန်း​ဖြုတ်​ရာ​၌​လည်း​ကောင်း မှုတ်​ရန် အ​ချက်​ပေး​ငွေ​တံ​ပိုး​ခ​ရာ​နှစ်​လုံး​ကို​ထု လုပ်​လော့။-
3 and they have blown with them, and all the company have met together unto thee, unto the opening of the tent of meeting.
တံ​ပိုး​ခ​ရာ​နှစ်​လုံး​စ​လုံး​ကို​အ​သံ​ရှည်​ဆွဲ ၍​မှုတ်​သည့်​အ​ခါ လူ​အ​ပေါင်း​တို့​သည်​တဲ တော်​တံ​ခါး​ဝ​ရှိ​သင့်​ထံ​သို့​စု​ရုံး​လာ​ရ ကြ​မည်။-
4 And if with one they blow, then have the princes, heads of the thousands of Israel, met together unto thee;
တံ​ပိုး​ခ​ရာ​တစ်​လုံး​တည်း​ကို​မှုတ်​လျှင်​သား ချင်း​စု​ခေါင်း​ဆောင်​တို့​သာ​လျှင် သင့်​ထံ​သို့ စု​ရုံး​လာ​ရ​ကြ​မည်။-
5 'And ye have blown — a shout, and the camps which are encamping eastward have journeyed.
တံ​ပိုး​ခ​ရာ​မှ​အ​သံ​ပြတ်​တောင်း​မှုတ်​လျှင် အ​ရှေ့​ဘက်​တွင်​စ​ခန်း​ချ​သော​ဣ​သ​ရေ​လ အ​နွယ်​တို့​ခ​ရီး​စ​ထွက်​ရ​ကြ​မည်။-
6 'And ye have blown — a second shout, and the camps which are encamping southward have journeyed; a shout they blow for their journeys.
ဒု​တိ​ယ​အ​ကြိမ်​တံ​ပိုး​ခ​ရာ​မှ​အ​သံ​ပြတ် တောင်း​မှုတ်​လျှင် တောင်​ဘက်​တွင်​စ​ခန်း​ချ​သော ဣ​သ​ရေ​လ​အ​နွယ်​တို့​ခ​ရီး​စ​ထွက်​ရ ကြ​မည်။-
7 'And in the assembling of the assembly ye blow, and do not shout;
သို့​ဖြစ်​၍​တံ​ပိုး​ခ​ရာ​ကို​ပြတ်​တောင်း​မှုတ်​သည့် အ​ခါ စ​ခန်း​ဖြုတ်​ရ​ကြ​မည်။ သို့​ရာ​တွင်​လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​ရန်​ဆင့်​ခေါ်​သည့် အ​ခါ တံ​ပိုး​ခ​ရာ​ကို​အ​သံ​ရှည်​ဆွဲ​၍​မှုတ် ရ​မည်။-
8 and sons of Aaron, the priests, blow with the trumpets; and they have been to you for a statute age-during to your generations.
ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော​အာ​ရုန် ၏​သား​များ​က တံ​ပိုး​ခ​ရာ​ကို​မှုတ်​ရ​မည်။ ``အောက်​ပါ​ပ​ညတ်​ကို​သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။-
9 'And when ye go into battle in your land against the adversary who is distressing you, then ye have shouted with the trumpets, and ye have been remembered before Jehovah your God, and ye have been saved from your enemies.
သင်​တို့​၏​ပြည်​ကို​ရန်​သူ​များ​ထိ​ပါး​တိုက် ခိုက်​လာ​သော​အ​ခါ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက် ရန်​အ​တွက် ဤ​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​၍ တပ်​လှန့်​နှိုး​ဆော်​ရ​မည်။ သင်​တို့​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​သ​တိ​ရ လျက်​ရန်​သူ​၏​လက်​မှ​ကယ်​တင်​တော်​မူ​မည်။-
10 'And in the day of your gladness, and in your appointed seasons, and in the beginnings of your months, ye have blown also with the trumpets over your burnt-offerings, and over the sacrifices of your peace-offerings, and they have been to you for a memorial before your God; I, Jehovah, [am] your God.'
၁၀ထို့​အ​ပြင်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ဖြစ်​သော​လ​ဆန်း ပွဲ​များ​နှင့်​အ​ခြား​ဘာ​သာ​ရေး​ပွဲ​များ​တွင် မီး ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ်​ကို​ပူ​ဇော်​သော အ​ခါ သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ် ရ​မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အား​ကူ​ညီ ထောက်​မ​တော်​မူ​မည်။ ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​သည်'' ဟု​မိန့်​တော်​မူ​၏။
11 And it cometh to pass — in the second year, in the second month, in the twentieth of the month — the cloud hath gone up from off the tabernacle of the testimony,
၁၁ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ နှစ်​ဆယ်​ရက်​နေ့​တွင်​တဲ​တော် ကို​ဖုံး​လွှမ်း​နေ​သော​မိုး​တိမ်​သည်​အ​ထက် သို့​တက်​ကြွ​သ​ဖြင့်၊-
12 and the sons of Israel journey in their journeyings from the wilderness of Sinai, and the cloud doth tabernacle in the wilderness of Paran;
၁၂သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​မှ​ခ​ရီး​ထွက် ခွာ​လာ​ကြ​လေ​သည်။ မိုး​တိမ်​သည်​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​သော​အ​ခါ ရပ်​တန့်​လေ​သည်။
13 and they journey at first, by the command of Jehovah, in the hand of Moses.
၁၃သူ​တို့​သည်​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း​ခ​ရီး ထွက်​ကြ​၏။-
14 And the standard of the camp of the sons of Judah journeyeth in the first [place], by their hosts, and over its host [is] Nahshon son of Amminadab.
၁၄ခ​ရီး​ထွက်​သည့်​အ​ခါ​တိုင်း​သတ်​မှတ်​ထား သော​အ​စီ​အ​စဉ်​အ​ရ​ချီ​တက်​ကြ​သည်။ ယု​ဒ​အ​နွယ်​တပ်​အ​လံ​နောက်​မှ​လိုက်​ရ​သော လူ​စု​ကို အ​မိ​န​ဒပ်​၏​သား​နာ​ရှုန်​က​အုပ် ချုပ်​ရ​သည်။ သူ​တို့​သည်​တပ်​စု​အ​လိုက်​ရှေ့ ဆုံး​မှ​ချီ​တက်​ရ​သည်။-
15 And over the host of the tribe of the sons of Issachar [is] Nathaneel son of Zuar.
၁၅ဣ​သ​ခါ​အ​နွယ်​ကို​ဇု​အာ​၏​သား​နာ​သ နေ​လ​က​လည်း​ကောင်း၊-
16 And over the host of the tribe of the sons of Zebulun [is] Eliab son of Helon;
၁၆ဇာ​ဗု​လုန်​အ​နွယ်​ကို​ဟေ​လုန်​၏​သား​ဧ​လျာ​ဘ က​လည်း​ကောင်း​အုပ်​ချုပ်​ရ​သည်။
17 And the tabernacle hath been taken down, and the sons of Gershon and the sons of Merari have journeyed, bearing the tabernacle.
၁၇ထို​နောက်​တဲ​တော်​ကို​ဖြုတ်​ချ​၍​ဂေ​ရ​ရှုန် သား​ချင်း​စု​နှင့် မေ​ရာ​ရိ​သား​ချင်း​စု​တို့ သည်​တဲ​တော်​ကို​ထမ်း​လျက်​ချီ​တက်​ရ​သည်။
18 And the standard of the camp of Reuben hath journeyed, by their hosts, and over its host [is] Elizur son of Shedeur.
၁၈ထို​နောက်​ရု​ဗင်​အ​နွယ်​တပ်​အ​လံ​နောက်​မှ လိုက်​ရ​သော​လူ​စု​ကို ရှေ​ဒု​ရ​၏​သား​ဧ​လိ ဇု​ရ​သည်​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက်​ချီ တက်​ရ​သည်။-
19 And over the host of the tribe of the sons of Simeon [is] Shelumiel son of Zurishaddai.
၁၉ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေ​လ​သည် ရှိ​မောင် အ​နွယ်​ကို​လည်း​ကောင်း၊-
20 And over the host of the tribe of the sons of Gad [is] Eliasaph son of Deuel;
၂၀ဒွေ​လ​၏​သား​ဧ​လျာ​သပ်​သည်​ဂဒ်​အ​နွယ် ကို​လည်း​ကောင်း​အုပ်​ချုပ်​ရ​သည်။
21 And the Kohathites have journeyed, bearing the tabernacle, and the [others] have raised up the tabernacle until their coming in.
၂၁ထို​နောက်​လေ​ဝိ​အ​နွယ်​ကော​ဟတ်​သား​ချင်း​စု တို့​သည် တဲ​တော်​ဆိုင်​ရာ​ပစ္စည်း​များ​ကို​ထမ်း​လျက် ချီ​တက်​ရ​သည်။ သူ​တို့​သည်​နောက်​စ​ခန်း​သို့ ဆိုက်​ရောက်​သည့်​အ​ခါ တဲ​တော်​ကို​ထူ​နှင့်​ပြီး ဖြစ်​သည်။
22 And the standard of the camp of the sons of Ephraim hath journeyed, by their hosts, and over its host [is] Elishama son of Ammihud.
၂၂ထို​နောက်​ဧ​ဖ​ရိမ်​အ​နွယ်​တပ်​အ​လံ​နောက်​မှ လိုက်​ရ​သော​လူ​စု​ကို အ​မိ​ဟုဒ်​၏​သား​ဧ​လိ ရှ​မာ​သည်​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက် ချီ​တက်​ရ​သည်။-
23 And over the host of the tribe of the sons of Manasseh [is] Gamalial son of Pedahzur.
၂၃မ​နာ​ရှေ​၏​အ​နွယ်​ကို​ပေ​ဒါ​ဇု​ရ​၏​သား ဂါ​မ​လျေ​လ​အုပ်​ချုပ်​ရ​သည်။-
24 And over the host of the tribe of the sons of Benjamin [is] Abidan son of Gideoni.
၂၄ဗင်္ယာ​မိန်​အ​နွယ်​ကို​ဂိဒေါ​နိ​၏​သား​အ​ဘိ​ဒန် အုပ်​ချုပ်​ရ​သည်။
25 And the standard of the camp of the sons of Dan hath journeyed (rearward to all the camps), by their hosts, and over its host [is] Ahiezer son of Ammishaddai.
၂၅နောက်​ဆုံး​တပ်​ဖြစ်​သော​ဒန်​အ​နွယ်​တပ်​အ​လံ နောက်​မှ​လိုက်​ရ​သော​လူ​စု​ကို အ​မိ​ရှဒ္ဒဲ​၏​သား အ​ဟေ​ဇာ​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက် ချီ​တက်​ရ​သည်။-
26 And over the host of the tribe of the sons of Asher [is] Pagiel son of Ocran.
၂၆အာ​ရှာ​အ​နွယ်​ကို​သြ​က​ရန်​၏​သား​ပါ​ဂျေ​လ အုပ်​ချုပ်​၍၊-
27 And over the host of the tribe of the sons of Naphtali [is] Ahira son of Enan.
၂၇န​ဿ​လိ​အ​နွယ်​ကို​ဧ​နန်​၏​သား​အ​ဟိ​ရ အုပ်​ချုပ်​ရ​သည်။-
28 These [are] journeyings of the sons of Israel by their hosts — and they journey.
၂၈ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ဖြုတ် ၍​ခ​ရီး​ထွက်​သည့်​အ​ခါ​တိုင်း အ​ထက်​ဖော်​ပြ ပါ​အ​စီ​အ​စဉ်​အ​ရ​တပ်​စု​အ​လိုက်​ချီ​တက် ကြ​ရ​သည်။
29 And Moses saith to Hobab son of Raguel the Midianite, father-in-law of Moses, 'We are journeying unto the place of which Jehovah hath said, I give it to you; go with us, and we have done good to thee; for Jehovah hath spoken good concerning Israel.'
၂၉မော​ရှေ​သည်​မိ​ဒျန်​အ​မျိုး​သား​ယေ​သ​ရော ၏​သား မိ​မိ​၏​ယောက်​ဖ​ဟော​ဗပ်​အား``ထာ​ဝ​ရ ဘု​ရား​က​ငါ​တို့​အား​ပေး​မည်​ဟု​က​တိ​ထား တော်​မူ​သော​ပြည်​သို့ ငါ​တို့​ယ​ခု​သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကြီး​ပွား​စေ​မည်​ဟူ​၍ က​တိ​တော်​ရှိ သ​ဖြင့်​ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပါ​လော့။ သင် သည်​ငါ​တို့​နှင့်​အ​ကျိုး​တူ​ခံ​စား​ခွင့်​ရ​လိမ့် မည်'' ဟု​ဆို​လေ​၏။
30 And he saith unto him, 'I do not go; but unto my land and unto my kindred do I go.'
၃၀ဟော​ဗပ်​က``ငါ​မ​လိုက်​လို​ပါ။ ငါ​၏​နေ​ရင်း ပြည်​သို့​ပြန်​မည်'' ဟု​ဖြေ​ကြား​လေ​၏။
31 And he saith, 'I pray thee, forsake us not, because thou hast known our encamping in the wilderness, and thou hast been to us for eyes;
၃၁ထို​အ​ခါ​မော​ရှေ​က``ငါ​တို့​ကို​စွန့်​ပစ်​၍​မ​ထား ခဲ့​ပါ​နှင့်။ သင်​သည်​တော​ကန္တာ​ရ​ခ​ရီး​လမ်း​သိ ကျွမ်း​သူ​ဖြစ်​သ​ဖြင့် စ​ခန်း​ချ​ရာ​အ​ရပ်​ကို ငါ​တို့​အား​ညွှန်​ပြ​နိုင်​မည်​ဖြစ်​သည်။-
32 and it hath come to pass when thou goest with us, yea, it hath come to pass — that good which Jehovah doth kindly with us — it we have done kindly to thee.'
၃၂ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပါ​မူ​ငါ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ချ​ပေး​တော်​မူ​သော ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​တို့​ကို​သင်​လည်း​ခံ စား​ခွင့်​ရ​ရှိ​စေ​ပါ​မည်'' ဟု​ဆို​၏။
33 And they journey from the mount of Jehovah a journey of three days; and the ark of the covenant of Jehovah is journeying before them the journey of three days, to spy out for them a resting-place;
၃၃ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​သိ​နာ​တောင်​တော်​မှ​ထွက်​ခွာ​၍ သုံး ရက်​ကြာ​မျှ​ခရီး​ပြု​လေ​သည်။ သူ​တို့​စ​ခန်း ချ​ရာ​အ​ရပ်​ကို​ညွှန်​ပြ​ရန် ထာ​ဝ​ရ​ဘုရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည်​သူ​တို့​ရှေ့​မှ အ​စဉ်​သွား​ရ​၏။-
34 and the cloud of Jehovah [is] on them by day, in their journeying from the camp.
၃၄သူ​တို့​စ​ခန်း​မှ​ထွက်​ခွာ​လာ​သည့်​အ​ခါ​တိုင်း ထာ​ဝ​ရ​ဘု​ရား​၏​မိုး​တိမ်​သည်​နေ့​အ​ချိန် တွင်​သူ​တို့​၏​အ​ပေါ်​မှ​လိုက်​ပါ​လျက်​ရှိ​၏။
35 And it cometh to pass in the journeying of the ark, that Moses saith, 'Rise, O Jehovah, and Thine enemies are scattered, and those hating Thee flee from Thy presence.'
၃၅ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ခ​ရီး​စ​ထွက်​သည့်​အ​ခါ မော​ရှေ​က``အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​က​စဥ့်​က​လျား ဖြစ်​စေ​၍ ကိုယ်​တော်​အား​မုန်း​တီး​သူ​တို့​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ'' ဟူ​၍​လည်း ကောင်း၊-
36 And in its resting he saith, 'Return, O Jehovah, [to] the myriads, the thousands of Israel.'
၃၆ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရပ်​နား​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ ထောင်​သောင်း​မ​က​သော​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပြန်​ကြွ​တော် မူ​ပါ'' ဟူ​၍​လည်း​ကောင်း​လျှောက်​ဆို​လေ့​ရှိ​၏။

< Numbers 10 >