< Jesajan 23 >

1 Ennustus Tyyrosta. Valittakaa, te Tarsiin-laivat, sillä se on hävitetty talottomaksi, käymättömäksi; kittiläisten maasta he saivat tämän tiedon.
တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှု သင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည် တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သိတင်းကြားရ၏။
2 Mykistykää, te rantamaan asukkaat! Siidonin kauppamiehet, merenkulkijat, täyttivät sinut.
ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော၊ ပင်လယ်ကမ်းနားမှာ နေသောသူတို့၊ မှိုင်တွေကြလော့။
3 Ja suuria vesiä kulki Siihorin siemen, Niilivirran vilja; se oli Tyyron sato, ja siitä tuli kansojen kauppatavara.
များသောရေကို အမှီပြုသော ရှိဟောရ မျိုးစေ့၊ မြစ်၏ အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။
4 Häpeä, Siidon, sillä näin sanoo meri, meren linnoitus: "En ole kivuissa ollut, en ole synnyttänyt, en nuorukaisia kasvattanut, en neitoja vartuttanut".
အိုဇိဒုန်မြို့၊ ရှက်ကြောက်ခြင်းရှိလော့။ အ ကြောင်းမူကား၊ ပင်လယ်တည်းဟူသော ပင်လယ်မြို့ကြီး က၊ ငါသည် ကိုယ်ဝန်မဆောင်၊ သားမဘွား၊ လူပျို နှင့် အပျိုမတို့ကို မမွေးမြူရဟု ပြောဆို၏။
5 Kun tämä kuullaan Egyptissä, niin vavistaan Tyyron kuulumisia.
အဲဂုတ္တုပြည်သားတို့သည် တုရုမြို့သိတင်းကို ကြားသောအခါ၊ ထိုသိတင်းကြောင့် အလွန်စိတ်ပူပန်ခြင်း သို့ ရောက်ကြလိမ့်မည်။
6 Menkää Tarsiiseen; valittakaa, te rantamaan asukkaat.
တာရှုမြို့သို့ ကူးကြလော့။ ပင်လယ်နားမှာ နေသောသူတို့၊ ညည်းတွားမြည်တမ်းကြလော့။
7 Onko tämä teidän remuava kaupunkinne, jonka alku on hamasta muinaisajasta, jonka jalat kuljettivat sen kauas muukalaisena asumaan?
ဤမြို့သည် ရှေးကာလ၌ တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော။ ဝေးသော အရပ်၌ တည်းခို ခြင်း ငှါ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏။
8 Kuka on tämän päättänyt Tyyron osalle, kruunujen jakelijan, jonka kauppamiehet olivat ruhtinaita, kauppiaat maanmainioita?
တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီးမှုးမတ်ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူသည် ဤအကြံကို ကြံစည် သနည်း။
9 Herra Sebaot on sen päättänyt, häväistäkseen kaiken koreuden korskan, saattaakseen kaikki maanmainiot halveksituiksi.
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏ မာနကို အရှက်ခွဲခြင်းငှါ ၎င်း၊မြေကြီး မှုးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှါ၎င်း ထိုသို့ကြံစည်တော်မူ၏။
10 Tulvi yli maasi, tytär Tarsis, niinkuin Niilivirta; ei ole patoa enää.
၁၀အိုတာရှုမြို့၏သ္မီး၊ ကမ်းရိုးပျက်လေပြီ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကို နှံ့ပြားလော့။
11 Hän on ojentanut kätensä meren yli, järkyttänyt valtakunnat. Herra on antanut käskyn Kanaania vastaan, että sen linnoitukset hävitettäköön.
၁၁ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏။ ခါနာန်ပြည်၌ ခိုင်ခံ့သော အရပ်တို့ကို ဖျက်ဆီးစေခြင်းငှါ၊ ထာဝရဘုရား အမိန့် တော်ရှိ၏။
12 Hän sanoo: "Älä enää ilakoitse, sinä häväisty neitsyt, tytär Siidon. Nouse, mene kittiläisten maahan; et sinä sielläkään saa levätä.
၁၂ညှဉ်းဆဲခြင်းကို ခံရသော ကညာ၊ ဇိဒုန်မြို့၏သ္မီး၊ သင်သည် နောက်တဖန် ရွှင်လန်းခြင်း မရှိရ။ ထလော့။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း ငြိမ်သက် ခြင်း မရှိရဟု မိန့်တော်မူ၏။
13 Katso, kaldealaisten maa, kansa, jota ei ollut enää olemassa, jonka Assur oli valmistanut erämaan eläimille, -ne pystyttävät vartiotorninsa, ne kukistavat sen palatsit, tekevät sen raunioiksi.
၁၃အထက်က မရှိသော ခါလဒဲအမျိုးသားတို့နေ သော ပြည်ကို ကြည့်ရှုလော့။ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဘို့ တည်ထောင်၏။ ထိုပြည် သားတို့သည် ပြအိုးတို့ကို တည်ဆောက်၍၊ တုရုအိမ်တော် များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီးကြ၏။
14 Valittakaa, te Tarsiin-laivat, sillä hävitetty on teidän linnoituksenne."
၁၄တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြ လော့။ သင်တို့၏ မြို့ကြီးသည် ပျက်ကုန်ပြီ။
15 Ja siihen aikaan Tyyro unhotetaan seitsemäksikymmeneksi vuodeksi, jotka ovat kuin saman kuninkaan aikaa. Seitsemänkymmenen vuoden kuluttua käy Tyyron, niinkuin porton laulussa sanotaan:
၁၅ထိုကာလ၌ တုရုမြို့ကို၊မင်းဆက်တဆက်အတိုင်း အရှည်၊ အနှစ် ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှမအောက် မေ့ရ။ အနှစ်ခုနစ်ဆယ်လွန်သောအခါ၊ ပြည်တန်ဆာ မိန်းမအားသီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့် မည်။
16 "Ota kantele, kierrä kaupunkia, sinä unhotettu portto; soita kauniisti, laula vireästi, että sinut muistettaisiin!"
၁၆အဘယ်သူမျှ မအောက်မေ့သော ပြည်တန်ဆာ မိန်းမ၊ စောင်းကိုကိုင်၍ မြို့တွင်လှည့်လည်လော့။ သူတပါးတို့သည် သင့်ကို သတိရစေခြင်းငှါ၊ သာယာသော အသံနှင့် တီး၍၊ သီချင်းကို များစွာဆိုလော့။
17 Ja seitsemänkymmenen vuoden kuluttua Herra katsoo Tyyron puoleen, ja se pääsee jälleen portonpalkoilleen ja tekee huorin kaikkien maan valtakuntain kanssa, mitä maan päällä on.
၁၇အနှစ်ခုနစ်ဆယ် လွန်သောအခါ၊ ထာဝရဘုရား သည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တဖန်အမြတ်ရသော ဘာသာသို့လိုက်ပြန် ၍၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့ နှင့် မတရားသော ဓမထုန်ကိုပြုလိမ့်မည်။
18 Mutta sen voitto ja palkka on oleva Herralle pyhitetty; ei sitä koota eikä talleteta, vaan sen voitto on tuleva niille, jotka Herran edessä asuvat, runsaaksi ravinnoksi ja jaloksi vaatetukseksi.
၁၈သို့ရာတွင်၊ သူ၏ ကုန်သွယ်ခြင်း၊ အမြတ်ရခြင်း အရာတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းလိမ့်မည်။ ဆည်းဖူးသိုထားခြင်းကို မပြုရ။ ကုန်သွယ်သော ဥစ္စာ သည် ထာဝရဘုရားရှေ့တော်၌ နေသောသူတို့အဘို့ ဖြစ်၍ သူတို့သည် ဝစွာစား၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည်။

< Jesajan 23 >