< Josué 16 >

1 Puis le sort échut aux enfants de Joseph, depuis le Jourdain de Jérico aux eaux de Jérico vers l'Orient, qui est le désert; montant de Jérico par la montagne jusqu'à Béthel.
ယောသပ်အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့အရှေ့၊ ယေရိခေါအိုင်မှထွက်၍ တောလမ်း သို့ လိုက်လျက်၊ ဗေသလတောင်တရှောက်လုံး သွားသဖြင့်၊
2 Et cette frontière devait sortir de Béthel vers Luz, puis passer sur les confins de l'Arkien jusqu'à Hataroth.
ဗေသလလုဇမြို့သို့၎င်း၊ အာခိအတရုတ် မြို့သို့ ၎င်း၊
3 Et elle devait descendre tirant vers l'Occident, aux confins du Japhletien, jusqu'aux confins de Beth-horon la basse, et jusqu'à Guézer; de sorte que ses extrémités se devaient rendre à la mer.
အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့၎င်း၊ အောက်ဗက်ဟောရုန်မြို့သို့၎င်း၊ ဂေဇာမြို့သို့၎င်း ရောက် ၍ ပင်လယ်၌ဆုံးလေ၏။
4 Ainsi les enfants de Joseph, [savoir] Manassé et Ephraïm, prirent leur héritage.
ထိုသို့ ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့ သည် အမွေခံရကြ၏။
5 Or la frontière des enfants d'Ephraïm selon leurs familles était telle, que la frontière de leur héritage vers l'Orient fut Hatroth-addar, jusqu'à Beth-horon la haute.
ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက်၌ အတရုတ် အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက်၍၊
6 Et cette frontière devait sortir vers la mer en Micmethah [du côté] du Septentrion; et cette frontière devait se tourner vers l'Orient jusqu'à Tahanath-Silo, et passant du côté d'Orient, se rendre à Janoah;
မြောက်မျက်နှာ၌ ပင်လယ်နား၊ မိတ်မေသမြို့သို့ ထွက်၏။ တဖန် အရှေ့သို့ မျက်နှာပြု၍ တာနတ်ရှိလော မြို့အရှေ့မှာ ရှောက်လျက်၊
7 Puis descendre de vers Janoah à Hataroth, et vers Naharath, et se rencontrer à Jérico, et sortir au Jourdain.
ယနောဟမြို့သို့၎င်း၊ ယနောဟမြို့မှ အတရုတ် မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့၎င်း ရောက်၍ ယော်ဒန် မြစ်၌ ဆုံးလေ၏။
8 Et cette frontière devait aller de Tappuah tirant vers la mer, jusqu'au torrent de Kana; tellement que ses extrémités se devaient rendre à la mer. Ce fut là l'héritage de la Tribu des enfants d'Ephraïm, selon leurs familles;
တာပွါမြို့မှ အနောက်သို့သွား၍ ကာနမြစ်သို့ လိုက်လျက် ပင်လယ်၌ ဆုံးလေ၏။
9 Avec les villes qui furent séparées pour les enfants d'Ephraïm parmi l'héritage des enfants de Manassé; toutes ces villes, [dis-je], avec leurs villages.
ဤရွေ့ကား၊ မနာရှေအမျိုးသားတို့အဘို့ အမွေ ခံရသောမြေ၌ ဧဖရိမ်အမျိုးသားတို့အဘို့ ခွဲထားသော မြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများဖြစ်သတည်း။
10 Or ils ne dépossédèrent point les Cananéens qui habitaient à Guézer; c'est pourquoi les Cananéens ont habité parmi Ephraïm jusqu'à ce jour; mais ils ont été tributaires, et asservis.
၁၀ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ် ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။

< Josué 16 >