< Psaumes 108 >

1 Cantique de Psaume de David. Mon cœur est disposé, ô Dieu! ma gloire l'est aussi, je chanterai et je psalmodierai.
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ ပါ​၏။ ကျွန်​တော်​မျိုး​သည်​သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​ပါ​မည်။ အို ငါ့​ဝိ​ညာဉ်၊နိုး​ထ​လော့။
2 Réveille-toi, ma musette et ma harpe, je me réveillerai à l'aube du jour.
ငါ​၏​စောင်း​ကြီး​စောင်း​ငယ်​တို့၊နိုး​ထ​ကြ​လော့။ ငါ​သည်​နေ​ကို​နိုး​ထ​စေ​မည်။
3 Eternel, je te célébrerai parmi les peuples, et je te psalmodierai parmi les nations.
အို ထာ​ဝ​ရ​ဘု​ရား၊ လူ​မျိုး​တ​ကာ​တို့​အ​လယ်​တွင်​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ လူ​မျိုး​အ​ပေါင်း​တို့​အ​လယ်​တွင်​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​ပါ​မည်။
4 Car ta bonté est grande par-dessus les cieux, et ta vérité atteint jusqu’aux nues.
ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် မိုး​ကောင်း​ကင်​အ​ထက်​သို့​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​သည်​ကောင်း​ကင် တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ​ပါ​၏။
5 Ô Dieu! élève-toi sur les cieux, et que ta gloire soit sur toute la terre.
အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သော​ဂုဏ်​တော်​ကို မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ဘုန်း​အ​သ​ရေ တော်​ကို ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​လည်း​ကောင်း​ပြ​တော်​မူ​ပါ။
6 Afin que ceux que tu aimes soient délivrés; sauve-moi par ta droite, et exauce-moi.
ကိုယ်​တော်​ရှင်​ချစ်​တော်​မူ​သော​လူ​စု​တော်​သည် အ​သက်​ချမ်း​သာ​ကြ​စေ​ရန် ဘုန်း​အာ​နု​ဘော်​တော်​ဖြင့်​ကျွန်​တော်​မျိုး​တို့​ကို ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။
7 Dieu a parlé en son Sanctuaire; je me réjouirai; je partagerai Sichem, et mesurerai la vallée de Succoth.
ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​က ``ငါ​သည်​အောင်​ပွဲ​ခံ​၍​ရှေ​ခင်​မြို့​ကို​ပိုင်း ခြား​မည်။ သု​ကုတ်​ချိုင့်​ဝှမ်း​ကို​လည်း​ငါ​၏​လူ​စု​တော် အား ခွဲ​ဝေ​ပေး​မည်။
8 Galaad sera à moi, Manassé [sera] à moi, et Ephraïm sera ma principale force, Juda mon Législateur.
ဂိ​လဒ်​ပြည်​ကို​ငါ​ပိုင်​၏။ မ​နာ​ရှေ​ပြည်​ကို လည်း ငါ​ပိုင်​၏။ ဧ​ဖ​ရိမ်​ပြည်​သည်​ငါ​၏​သံ​ခ​မောက်​ဖြစ်​၍ ယု​ဒ​ပြည်​သည်​ငါ​၏​ရာ​ဇ​လှံ​တံ​ဖြစ်​၏။
9 Moab sera le bassin où je me laverai, je jetterai mon soulier sur Edom, je triompherai de la Palestine.
သို့​ရာ​တွင်​ငါ​သည်​မော​ဘ​ပြည်​ကို​ငါ​၏ ခြေ​ဆေး​အိုး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဧ​ဒုံ​ပြည်​ကို​ငါ​ပိုင်​ကြောင်း ငါ့​ဖိ​နပ်​တင်​ရာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း အ​သုံး​ပြု​မည်။ ဖိ​လိတ္တိ​ပြည်​ပေါ်​၌​အောင်​ပွဲ​ခံ​၍​ကြွေး​ကြော် မည်'' ဟု​မိန့်​တော်​မူ​ပေ​သည်။
10 Qui sera-ce qui me conduira en la ville munie? qui sera-ce qui me conduira jusques en Edom?
၁၀ဘု​ရား​သ​ခင်၊ခံ​တပ်​တည်​ဆောက်​ထား​သည့် မြို့​အ​တွင်း​သို့​အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​အား ပို့​ဆောင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကျွန်​တော်​မျိုး​အား​ဧ​ဒုံ ပြည်​သို့ ပို့​ဆောင်​ပါ​မည်​နည်း။
11 Ne sera-ce pas toi, ô Dieu! qui nous avais rejetés, et qui ne sortais plus, ô Dieu! avec nos armées?
၁၁ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။ ကျွန်​တော်​မျိုး​၏​တပ်​များ​နှင့်​အ​တူ​ချီ​တက် တော်​မ​မူ​တော့​ပြီ​လော။
12 Donne-nous secours pour sortir de la détresse; car la délivrance [qu'on attend] de l'homme est vaine.
၁၂လူ​တို့​၏​အ​ကူ​အ​ညီ​သည်​အ​ချည်း​နှီး​ပင် ဖြစ်​သော​ကြောင့်​ရန်​သူ​များ​ကို​တိုက်​ခိုက်​နိုင်​ရန် ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။
13 Nous ferons des actions de valeur en Dieu, et il foulera nos ennemis.
၁၃ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက်​၌​ရှိ​တော် မူ​လျှင် ငါ​တို့​သည်​အ​နိုင်​ရ​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။

< Psaumes 108 >