< II Oihanaalii 34 >

1 E WALU makahiki o Iosia i kona wa i alii ai; a noho alii iho la ia ma Ierusalema i na makahiki he kanakolukumamakahi.
ယော​ရှိ​သည်​အ​သက်​ရှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ လေ​သည်။-
2 Hana oia ma ka pololei imua o Iehova, hele no hoi ia ma na aoao o Davida, kona kupuna, aole ia i huli ae ma ka lima akau, aole hoi ma ka lima hema.
သူ​သည်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​တို့​ကို​ပြု​၏။ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ် မင်း​၏​စံ​န​မူ​နာ​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ရှိ​သ​မျှ​ကို​တိ​ကျ​စွာ​လိုက် နာ​ကျင့်​သုံး​၏။
3 I ka makahiki ewalu o kona alii ana, i kona wa opiopio no, hoomaka iho la ia e imi i ke Akua o Davida, o kona kupuna; a i ka makahiki umikumamalua, hoomaka iho la ia e hookaawale, mai ka Iuda a me ko Ierusalema aku, i na wahi kiekie, a me na kii no Asetarota, a me na kii i kalaiia, a me na kii i hooheheeia.
ယော​ရှိ​သည်​နန်း​စံ​ရှစ်​နှစ်​မြောက်​၌​အ​သက် အ​ရွယ်​အ​လွန်​နု​နယ်​လျက်​ပင်​ရှိ​နေ​သေး​စဉ် အ​ခါ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​မင်း​၏​ဘု​ရား​သ​ခင်​ကို​စ​တင်​ဆည်း​ကပ်​လေ​သည်။ နောက် လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​သူ​သည်​ရုပ်​တု ကိုး​ကွယ်​ရာ​ဌာ​န​များ၊ အာ​ရှ​ရ​ဘု​ရား​မ ၏​တံ​ခွန်​တိုင်​များ​နှင့်​အ​ခြား​ရုပ်​တု​ရှိ သ​မျှ​တို့​ကို​ဖျက်​ဆီး​လေ​သည်။-
4 A wawahi lakou imua ona i na kuahu o Baala, a kua oia ilalo i ke kii maluna iho o ia mau mea, a me na kii no Asetarota, a me na kii i kalaiia, a me na kii i hooheheeia, wawahi iho la oia, a kuipalu iho la, a lulu iho la oia ia mea maluna o na ilina o ka poe i mohai aku ia mau mea.
သူ​၏​ညွှန်​ကြား​ချက်​အ​ရ​မင်း​ချင်း​တို့​သည် ဗာ​လ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ယဇ် ပလ္လင်​များ​ကို​ချိုး​ဖဲ့​ချေ​မှုန်း​ပြီး​လျှင် ထို ယဇ်​ပလ္လင်​များ​တွင်​ယဇ်​ပူ​ဇော်​ခဲ့​ကြ​သူ တို့​၏​သင်္ချိုင်း​များ​အ​ပေါ်​တွင်​ကြဲ​ဖြန့် ကြ​၏။-
5 A puhi oia i na iwi o na kahuna maluna o na kuahu, pela oia i hoomaemae ai ia Iuda, a me Ierusalema;
မင်း​ကြီး​သည်​ရုပ်​တု​ကိုး​ကွယ်​သူ​ယဇ် ပု​ရော​ဟိတ်​တို့​၏​အ​ရိုး​များ​ကို​သူ​တို့​၏ ယဇ်​ပလ္လင်​များ​ပေါ်​တင်​၍​မီး​ရှို့​စေ​၏။ ဤ သို့​ပြု​ခြင်း​အား​ဖြင့်​ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​တို့​ကို​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​မှု​ကို​ပြန်​လည်​ရ​ရှိ​စေ တော်​မူ​၏။-
6 A ma na kulanakauhale o Manase, a me Eperaima, a me Simeona, a hiki i Napetali, a me ko lakou wahi e pili ana ilaila a puni.
သူ​သည်​မ​နာ​ရှေ​နယ်​မြေ၊ ဧ​ဖ​ရိမ်​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေ​နှင့်​မြောက်​ဘက်​ရှိ​န​ဿ​လိ နယ်​မြေ​တိုင်​အောင်​အ​ရပ်​ရပ်​ရှိ​မြို့​များ​နှင့် ပျက်​စီး​သော​အ​ရပ်​များ​၌​လည်း​ဤ​နည်း အ​တိုင်း​ပြု​တော်​မူ​၏။-
7 A wawahi ia i na kuahu, a me na kii no Asetarota, oki liilii oia a kuipalu iho la no hoi i na kii i kalaiia, a kua ilalo oia i na kii a pau ma ka aina a pau o ka Iseraela, alaila, hoi mai la ia i Ierusalema.
မြောက်​ဘက်​နိုင်​ငံ​တစ်​လျှောက်​လုံး​၌​ယဇ်​ပလ္လင် များ​နှင့်​တံ​ခွန်​တိုင်​များ​ကို​ဖြို​ဖျက်​တော် မူ​၏။ ရုပ်​တု​များ​ကို​ညက်​ညက်​ချေ​၍​နံ့​သာ ပေါင်း​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​အ​ပိုင်း ပိုင်း​ချိုး​ဖဲ့​ပြီး​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် တော်​မူ​၏။
8 A i ka makahiki umikumamawalu o kona noho alii ana, i kona hoomaemae ana i ka aina, a me ka hale, hoouna aku la oia ia Sapana i ke keiki a Azalia, a me Maaseia ka luna o ke kulanakauhale, a me Ioa ke keiki a Ioahaza ka lunakakau, e hoomaikai hou i ka hale o Iehova kona Akua.
ယော​ရှိ​သည်​မိ​မိ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​၌​တိုင်း​ပြည်​နှင့် ဗိ​မာန်​တော်​ကို​ရုပ်​တု ကိုး​ကွယ်​ဝတ်​ပြု​မှု​နှင့်​ကင်း​ရှင်း​သန့်​စင် အောင်​ပြု​ပြီး​နောက်​အာ​ဇ​လိ​၏​သား​ရှာ​ဖန်၊ ယေ​ရု​ရှ​လင်​ဘု​ရင်​ခံ​မာ​သေ​ယ​နှင့်​ယော ခတ်​၏​သား​အ​တွင်း​ဝန်​ယော​အာ​တို့​အား ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​၏​ဗိ​မာန် တော်​ကို​မွမ်း​မံ​ပြင်​ဆင်​ရန်​အ​တွက်​စေ လွှတ်​တော်​မူ​၏။-
9 A hiki lakou io Hilikia la ke kahuna nui, haawi lakou i ke kala i laweia iloko o ka hale o ke Akua, i ka mea a na Levi, na kiaipuka i houluulu ai no ka Manase, a no ka Eperaima, a no ke koena o ka Iseraela, a na ka Iuda a pau a me ka Beniamina; a hoi lakou i Ierusalema.
(ဧ​ဖ​ရိမ်၊ မ​နာ​ရှေ​နှင့်​အ​ခြား​မြောက်​ဘက် နိုင်​ငံ​သား​များ​ထံ​မှ​လည်း​ကောင်း၊ ယု​ဒ နိုင်​ငံ​သား​များ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​ထံ​မှ လည်း​ကောင်း) ဗိ​မာန်​တော်​တွင်​လေ​ဝိ​အ​နွယ် ဝင်​တံ​ခါး​စောင့်​များ​ကောက်​ခံ​ရ​ရှိ​သော ငွေ​ကို​ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ​အား ပေး​အပ်​ကြ​၏။-
10 Haawi lakou ia mea iloko o ka lima o ka poe paahana, ka poe luna kiai i ka hale o Iehova, a na lakou i haawi ia mea i ka poe paahana, e hana ana iloko o ka hale o Iehova, e hooponopono a e hoomaikai hou i ka hale.
၁၀ထို​နောက်​ထို​ငွေ​ကို​ဗိ​မာန်​တော်​မွမ်း​မံ​ပြင် ဆင်​မှု​ကြီး​ကြပ်​သူ​သုံး​ဦး​တို့​လက်​သို့ ပေး​အပ်​ကြ​၏။-
11 Haawi no lakou na ka poe kalai, a me ka poe kukulu hale e kuai i na pohaku i kalaiia, a me na laau i kaola e kapili ai i na hale a na'lii o ka Iuda i wawahi ai.
၁၁သူ​တို့​သည်​ထို​ငွေ​ဖြင့်​လက်​သ​မား​နှင့် ဗိ​သု​ကာ​တို့​လက်​သို့​ပေး​အပ်​ရာ​သူ​တို့ က​တစ်​ဖန်​ယု​ဒ​ဘု​ရင်​များ​လျစ်​လူ​ရှု သ​ဖြင့် ယို​ယွင်း​ပျက်​စီး​လျက်​နေ​သော အ​ဆောက်​အ​အုံ​များ​ကို​ပြင်​ဆင်​ရန် ကျောက်​များ​နှင့်​သစ်​သား​များ​ဝယ်​ယူ ကြ​လေ​သည်။-
12 A hana pololei na kanaka i ka hana; a o ko lakou mau luna, oia Iahata, a me Obadia, na Levi, no na keiki hoi a Merari; a o Zekaria a me Mesulama no na keiki a Kohata, e hooikaika i ka hana; a o na Levi a pau i akamai i ka hoolea ana ma na mea kani.
၁၂ဤ​အ​လုပ်​ကို​လုပ်​ဆောင်​သူ​တို့​သည်​လုံး​ဝ စိတ်​ချ​ယုံ​ကြည်​ရ​သူ​များ​ဖြစ်​၏။ ထို​သူ​တို့ အား​လေ​ဝိ​အ​နွယ်​ဝင်​မေ​ရာ​ရိ​သား​ချင်း​စု မှ​ယာ​ဟပ်​နှင့်​သြ​ဗ​ဒိ၊ လေ​ဝိ​အ​နွယ်​ဝင် ကော​ဟပ်​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ တို့​ကြီး​ကြပ်​အုပ်​ချုပ်​ရ​ကြ​၏။ (လေ​ဝိ အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ဂီ​တ​ပ​ညာ တွင်​ကျွမ်း​ကျင်​သူ​များ​ဖြစ်​သတည်း။-)
13 A aia no lakou maluna o ka poe halihali ukana, a o ka poe kiai lakou maluna o ka poe a pau nana i hana, a i lawelawe hoi ma kela mea keia mea; a no na Levi ka poe kakauolelo, a me ka poe luna, a me ka poe kiaipuka.
၁၃လေဝိ​အ​နွယ်​ဝင်​အ​ချို့​တို့​သည်​ဆောက်​လုပ် ရေး​ပစ္စည်း​များ​သယ်​ယူ​ပို့​ဆောင်​မှု​ကို​လည်း ကောင်း၊ အ​ချို့​တို့​က​လုပ်​ငန်း​ခွင်​အ​သီး​သီး ရှိ​အ​လုပ်​သ​မား​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​မှု​ကို​လည်း​ကောင်း၊ အ​ချို့​မှာ​စာ​ရင်း ထိန်း​များ​သို့​မ​ဟုတ်​တံခါး​စောင့်​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​အ​မှု​ထမ်း​ရ​ကြ​လေ​သည်။
14 I ko lakou lawe ana iwaho i ke kala i laweia iloko o ka hale o Iehova, loaa iho la ia Hilikia ke kahuna ka buke kanawai o Iehova ma ka lima o Mose.
၁၄ပစ္စည်း​သို​လှောင်​ခန်း​မှ​ငွေ​ကို​ထုတ်​ယူ​နေ​စဉ် ဟိ​လ​ခိ​သည်​မော​ရှေ​အား ဘု​ရား​သ​ခင်​ပေး အပ်​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တ​ရား​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို တွေ့​ရှိ​ရ​၏။-
15 Olelo aku la o Hilikia, i aku la ia Sapana, ke kakauolelo, Ua loaa ia'u ka buke kanawai iloko o ka hale o Iehova; a haawi o Hilikia i ka buke ia Sapana.
၁၅သို့​ဖြစ်​၍​ယင်း​သို့​တွေ့​ရှိ​သည့်​အ​ကြောင်း​ကို ရှာ​ဖန်​အား ပြော​ပြ​ပြီး​လျှင်​ထို​ကျမ်း​ကို​ပေး အပ်​လိုက်​၏။-
16 A lawe o Sapana i ka buke i ke alii, a hai aku ia ia i ka olelo, i aku la, O na mea a pau i kauohaia i kau poe kauwa, ke hana la no lakou.
၁၆ရှာ​ဖန်​သည်​လည်း​မင်း​ကြီး​ထံ​သို့​ယူ​သွား ကာ``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​စေ​ခိုင်း​သ​မျှ သော​အ​မှု​တို့​ကို​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-
17 A ua houluulu lakou i na kala i loaa'i iloko o ka hale o Iehova, a ua haawi lakou ia mea iloko o na lima o ka poe luna, a iloko o na lima o ka poe paahana.
၁၇ဗိ​မာန်​တော်​တွင်​ထား​ရှိ​သည့်​ငွေ​ကို​လည်း​ယူ​၍ အ​လုပ်​သ​မား​များ​နှင့်​သူ​တို့​အား​ကြီး​ကြပ် အုပ်​ချုပ်​သူ​တို့​၏​လက်​သို့ ပေး​အပ်​လိုက်​ပါ ပြီ'' ဟု​အ​စီ​ရင်​ခံ​ပြီး​နောက်၊-
18 Alaila, olelo aku la o Sapana ke kakauolelo i ke alii, i aku la, Ua haawi mai o Hilikia ke kahuna ia'u i kekahi buke; a heluhelu o Sapana maloko o ia mea imua o ke alo o ke alii.
၁၈``ဤ​ကျမ်း​ကို​အ​ကျွှန်ုပ်​အား​ပ​ရော​ဟိတ်​မင်း ဟိ​လ​ခိ​က​ပေး​အပ်​လိုက်​ပါ​သည်'' ဟု​လျှောက် ပြီး​လျှင်​ကျမ်း​ကို​ကျယ်​စွာ​ဖတ်​ပြ​လေ​၏။
19 A lohe ae la ke alii i na olelo o ke kanawai, haehae iho la ia i kona kapa.
၁၉ယင်း​သို့​ဖတ်​ပြ​သည်​ကို​မင်း​ကြီး​ကြား​သော အ​ခါ မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​လေ​သည်။-
20 A kauoha ke alii ia Hilikia, a me Ahikama, ke keiki a Sapana, a me Abedona ke keiki a Mika, a me Sapana ke kakauolelo, a me Asaia kekahi kauwa a ke alii, i aku la,
၂၀သူ​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်​၏​သား​အ​ဟိ​ကံ၊ မိက္ခာ ၏​သား​အာ​ဗ​ဒုန်၊ စာ​ရေး​တော်​ရှာ​ဖန်​နှင့်​သက်​တော်​စောင့် အာ​သာ​ယ​တို့​ကို​ခေါ်​၍၊-
21 E hele oukou e ninau ia Iehova no'u, a no ke koena o ka Iseraela a me ka Iuda, no na olelo o ka buke i loaa iho nei; no ka mea, ua nui ka huhu o Iehova i niniuiia maluna o kakou, no ka mea, aole i malama ko kakou poe kupuna i ka olelo a Iehova, e hana e like me na mea a pau i kakauia iloko o keia buke.
၂၁``သင်​တို့​သည်​ထာ​ဝရ​ဘုရား​ထံ​တော်​သို့​သွား ၍​ဤ​ကျမ်း​တွင်​ပါ​ရှိ​သည့်​သွန်​သင်​ချက် အ​ကြောင်း​ကို ငါ့​အ​တွက်​နှင့်​ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သော သူ​တို့​အ​တွက်​မေး​မြန်း​ကြ​လော့။ ငါ​တို့ ၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ စ​ကား​တော်​ကို​နား​မ​ထောင်​ခဲ့​ကြ။ ကျမ်း စောင်​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​များ ကို​မ​လိုက်​နာ​ခဲ့​ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​ငါ​တို့​အား​အ​မျက်​ထွက် တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
22 Alaila, hele o Hilikia, a me ka poe i waeia e ke alii, io Huleda la ke kaula wahine, ka wahine a Saluma ke keiki a Tikevata, ke keiki a Hasera ka mea malama kapa; (ua noho ia ma kela hapa o Ierusalema; ) a olelo aku la lakou ia ia e like me ia.
၂၂မင်း​ကြီး​၏​အ​မိန့်​အ​ရ​ဟိ​လ​ခိ​နှင့်​အ​ချို့ သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​ပိုင်း​တွင် နေ​ထိုင်​သူ၊ ဟု​လ​ဒ​အ​မည်​ရှိ​အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​၍​စုံ​စမ်း​မေး​မြန်း ကြ​၏။ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း၊ ဟ​ရ​ဟတ် ၏​မြေး၊ တိ​က​ဝ​၏​သား၊ ရှလ္လုံ​သည်​ဗိ​မာန် တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​ထိန်း​သိမ်း​ရ သူ​ဖြစ်​သ​တည်း။) သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​များ ကို​ပြော​ပြ​ကြ​၏။-
23 A i mai la oia ia lakou, Penei i olelo mai ai o Iehova ke Akua o ka Iseraela, E olelo aku oukou i ke kanaka nana oukou i hoouna mai io'u nei,
၂၃ထို​အ​ခါ​အ​မျိုး​သ​မီး​သည်​သူ​တို့​အား​မင်း ကြီး​ထံ​သို့၊-
24 Penei i olelo mai ai o Iehova, Aia hoi, e lawe mai auanei au i ka ino maluna o keia wahi, a maluna o ko onei poe kanaka, i na mea hoopoino a pau i kakauia iloko o ka buke a lakou i heluhelu ai imua i ke alo o ke alii o ka Iuda.
၂၄ထာ​ဝရ​ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​စေ​၏။ ဗျာ​ဒိတ်​တော်​မှာ``မင်း​ကြီး​အား ဖတ်​ပြ​သည့်​ကျမ်း​တွင်​ရေး​သား​ပါ​ရှိ​သည့် ကျိန်​စာ​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​နှင့် တ​ကွ​မြို့​သူ​မြို့​သား​အ​ပေါင်း​ကို​ငါ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်။-
25 No ka mea, ua haalele lakou ia'u, a ua kuni i ka mea ala i na akua e, i hoonaukiuki mni lakou ia'u ma na hana a pau a ko lakou mau lima; no ia mea, e nininiia auanei ko'u huhu maluna o keia wahi, aole hoi e pio ia.
၂၅သူ​တို့​သည်​ငါ့​ကို​ပစ်​ပယ်​၍​အ​ခြား​ဘု​ရား များ​အား​ယဇ်​ပူ​ဇော်​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ​သော​အ​မှု များ​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော် ပေး​ကြ​၏။ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​ထွက်​လျက်​နေ​ပြီ​ဖြစ်​၍ ထို​အ​မျက် ကို​ငြိမ်း​သတ်​ရ​မည်​မ​ဟုတ်။-
26 A no ke alii o Iuda ka mea nana oukou i hoouna mai e ninau ia Iehova, e olelo aku oukou ia ia, Penei i olelo mai ai o Iehova ke Akua o ka Iseraela, no na olelo au i lohe ai;
၂၆မင်း​ကြီး​အား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည် ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း လိုက်​နာ​ပေ​သည်။-
27 No ka mea, he naau palupalu kou, a ua hoohaahaa oe ia oe iho imua i ke alo o ke Akua i kou lohe ana i kana olelo ku e i keia wahi, a i ko onei poe kanaka, a hoohaahaa oe ia oe iho imua o'u, a ua haehae i kou kapa me ka uwe ana imua o'u; nolaila, ua lohe no au ia oe, wahi a Iehova.
၂၇ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား​အ​ပြစ် ဒဏ်​ခတ်​ရန် ငါ​ကြုံး​ဝါး​သည်​ကို​ကြား​သိ​ရ သော​အ​ခါ သင်​သည်​ငို​ယို​ကာ​မိ​မိ​၏​အ​ဝတ် များ​ကို​ဆုတ်​ပြီး​လျှင်​နောင်​တ​ရ​လျက်​ငါ​၏ ရှေ့​တော်​တွင်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​နေ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​၏​ဆု​တောင်း​ပတ္ထ​နာ ကို​ကြား​တော်​မူ​ပြီ​ဖြစ်​၍၊-
28 Aia hoi, e hui au ia oe me kou poe kupuna, a e huiia'ku oe ma kou ilina me ka maluhia, aole e ike kou mau maka i ka ino a pau a'u e lawe mai ai maluna o keia wahi, a maluna o ko onei poe kanaka. A lawe lakou ia olelo i ke alii.
၂၈ယေ​ရု​ရှ​လင်​မြို့​အား​ပေး​မည့်​အ​ပြစ်​ဒဏ် ကို​သင်​၏​လက်​ထက်​တွင်​တွေ့​မြင်​ရ​မည် မ​ဟုတ်။ ငါ​သည်​သင့်​အား​ငြိမ်း​ချမ်း​စွာ စု​တေ​ခွင့်​ကို​ပေး​တော်​မူ​မည်' ဟု​မိန့်​တော် မူ​သည်'' ဟူ​၍​ဖြစ်​၏။ သူ​တို့​သည်​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​ရန်​မင်း​ကြီး​ထံ​သို့ ပြန်​သွား​ကြ​၏။
29 Alaila, hoouna aku la ke alii, a houluulu i na luna kahiko a pau o Iuda a me Ierusalema.
၂၉ယော​ရှိ​မင်း​သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​ရှိ​ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​ပြီး​လျှင်၊-
30 A pii aku la ke alii iloko o ka hale o Iehova, a me ka Iuda a pau, a me ko Ierusalema, a me ka poe kahuna, a me na Levi, a me na kanaka a pau, ka poe nui, a me ka poe liilii; a heluhelu oia iloko o ko lakou pepeiao i na olelo a pau o ka buke o ka berita, ka mea i loaa iloko o ka hale o Iehova.
၃၀ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ မှ​စ​၍​ဆင်း​ရဲ​သူ​ချမ်း​သာ​သူ​အ​ပါ​အ​ဝင် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​နှင့် အ​တူ​ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​၏။ မင်း​ကြီး သည်​ထို​သူ​အ​ပေါင်း​တို့​အား​ဗိ​မာန်​တော်​ထဲ ၌​တွေ့​ရှိ​ရ​သော​ပ​ဋိ​ညာဉ်​ကျမ်း​စောင်​ကို အ​စ​အ​ဆုံး​ဖတ်​ပြ​တော်​မူ​၏။-
31 A ku ae la iluna ke alii ma kona awai, a hana i berita imua o Iehova, e hele mamuli o Iehova, e malama i kona kanawai, a me kana mau kauoha, a me kona kapu, me kona naau a pau, a me kona uhane a pau, e haua i na mea o ka borita, na mea i kakauia iloko o keia buke.
၃၁သူ​သည်​ဘု​ရင့်​ကျောက်​တိုင် အ​နီး​တွင်​ရပ်​လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​စ​ကား​တော်​ကို​နား​ထောင်​ပါ​မည်။ ကိုယ် တော်​၏​တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စိတ်​ရော​ကိုယ်​ပါ​စောင့်​ထိန်း​ပါ​မည်။ ကျမ်း စောင်​တော်​တွင်​ရေး​ထား​သည့်​အ​တိုင်း​ပ​ဋိ ညာဉ်​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်'' ဟု​ထာ​ဝရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-
32 A koi aku oia i ka poe a pau i noho ma Ierusalema, a me Beniamina e hana pela. A hana ko Ierusalema e like me ka borita a ke Akua, ke Akua o ko lakou poe kupuna.
၃၂မင်း​ကြီး​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​တွင်​ရှိ​သ​မျှ​သော​သူ​တို့ အား​လည်း ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​ရန် က​တိ​ပြု​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​နှင့်​မိ​မိ​တို့​ပြု​သည့် ပ​ဋိ​ညာဉ်​တော်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ကြ​လေ​သည်။-
33 A kiola o Iosia i na mea i hoopailuaia a pau mai na aina aku a pau, no ka poe mamo a Iseraela, a koi aku ia i na mea a pau ma Iseraela e hookauwa aku na Iehova ko lakou Akua. A i kona mau la a pau, aole lakou i haalele i ka hele ana mamuli o Iehova ke Akua o ko lakou poe kupuna.
၃၃ယော​ရှိ​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပိုင်​သည့်​နယ်​မြေ​မှ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ကောင်း​သည့်​ရုပ်​တု​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ မိ​မိ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ပြည်​သူ​တို့​အား​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ကိုး​ကွယ်​စေ တော်​မူ​၏။

< II Oihanaalii 34 >