< בראשית 25 >

ויסף אברהם ויקח אשה ושמה קטורה 1
တဖန် အာဗြဟံ သည်၊ ကေတုရ အမည် ရှိသောမိန်းမ နှင့် စုံဘက် ၍၊
ותלד לו את זמרן ואת יקשן ואת מדן ואת מדין--ואת ישבק ואת שוח 2
ထိုမိန်းမ သည် ဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဗက် ၊ ရှုအာ တို့ကို ဘွားမြင် လေ၏။
ויקשן ילד את שבא ואת דדן ובני דדן היו אשורם ולטושם ולאמים 3
ယုတ်ရှန် သား ကား ၊ ရှေဘ နှင့် ဒေဒန် တည်း။ ဒေဒန် သား ကား ၊ အာရှုရိမ် လူ၊ လေတုရှိမ် လူ၊ လုမ်မိမ် လူတည်း။
ובני מדין עיפה ועפר וחנך ואבידע ואלדעה כל אלה בני קטורה 4
မိဒျိန် သား ကား ၊ ဧဖါ ၊ ဧဖေရ ၊ ဟာနုတ် ၊ အဘိဒ ၊ ဧလဒါ တည်း။ ထို သူအပေါင်း တို့ကား ကေတုရ အနွယ် ဖြစ်ကြသတည်း။
ויתן אברהם את כל אשר לו ליצחק 5
အာဗြဟံ သည်၊ မိမိ ဥစ္စာရှိသမျှ ကို ဣဇာက် အား ပေး လေ၏။
ולבני הפילגשים אשר לאברהם נתן אברהם מתנת וישלחם מעל יצחק בנו בעודנו חי קדמה אל ארץ קדם 6
မယားငယ် တို့၌ ရသောသား တို့အား လည်း ၊ မိမိ အသက် ရှင်စဉ်တွင်ဆုလပ် များကိုဝေပေး ၍ ၊ သား ဣဇာတ် ထံမှ အရှေ့ ပြည် သို့ လွှတ် လိုက်လေ၏။
ואלה ימי שני חיי אברהם--אשר חי מאת שנה ושבעים שנה וחמש שנים 7
ထိုနောက် အာဗြဟံ သည် အသက် ကြီးရင့်၍ ၊ အိုမင်း ခြင်း၊ နေ့ရက် ကာလပြည့်စုံ ခြင်းနှင့်တကွ ၊ အသက် ပေါင်း တရာ ခုနစ် ဆယ်ငါး နှစ် ရှိသော်၊
ויגוע וימת אברהם בשיבה טובה זקן ושבע ויאסף אל עמיו 8
အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
ויקברו אתו יצחק וישמעאל בניו אל מערת המכפלה אל שדה עפרן בן צחר החתי אשר על פני ממרא 9
သား ဣဇာက် နှင့် ဣရှမေလ တို့သည်၊ မံရေ မြို့ ရှေ့မှာ ၊ ဟိတ္တိ အမျိုးသား၊ ဇောရ သား ဧဖရုန် ၏လယ်ပြင် တွင် ၊ မပ္ပေလ မြေတွင်း ၌ အဘကို သင်္ဂြိုဟ် ကြ၏။
השדה אשר קנה אברהם מאת בני חת--שמה קבר אברהם ושרה אשתו 10
၁၀ဟေသ အမျိုးသား တို့အား အဘိုးပေး၍ အာဗြဟံ ဝယ် သောလယ်ပြင် ၌ ၊ အာဗြဟံ နှင့် မယား စာရာ တို့ကို သင်္ဂြိုဟ် ကြသတည်း။
ויהי אחרי מות אברהם ויברך אלהים את יצחק בנו וישב יצחק עם באר לחי ראי 11
၁၁အာဗြဟံ သေ သောနောက် ၊ သား ဣဇာက် ကို ဘုရားသခင် ကောင်းကြီး ပေးတော်မူ၏။ ဣဇာက် သည် ဗေရလဟဲရော မြို့မှာ နေ သတည်း။
ואלה תלדת ישמעאל בן אברהם אשר ילדה הגר המצרית שפחת שרה--לאברהם 12
၁၂စာရာ ၏ကျွန်မ ၊ အဲဂုတ္တု ၊ အမျိုးသားဟာဂရ ဘွားမြင် သော အာဗြဟံ သား ဣရှမေလ ၏ သားစဉ်မြေးဆက် တည်းဟူသော၊
ואלה שמות בני ישמעאל בשמתם לתולדתם בכר ישמעאל נבית וקדר ואדבאל ומבשם 13
၁၃မိမိ အမျိုးအနွယ် အလိုက် ၊ ဣရှမေလ သား များအမည် ဟူမူကား ၊ သား အကြီး နဗာယုတ်။ ထိုနောက် ကေဒါ ၊ အာဒဗေလ ၊ မိဗသံ၊
ומשמע ודומה ומשא 14
၁၄မိရှမ ၊ ဒုမာ ၊ မာစ ၊
חדד ותימא יטור נפיש וקדמה 15
၁၅ဟာဒဒ် ၊ တေမ ၊ ယေတုရ ၊ နာဖိရှ ၊ ကေဒမာ တည်းဟူသော၊
אלה הם בני ישמעאל ואלה שמתם בחצריהם ובטירתם--שנים עשר נשיאם לאמתם 16
၁၆ဣရှမေလ သား တည်း။ ထို သို့အမည် ရှိသောသူ တို့ သည်၊ မိမိ မြို့ ၊ မိမိ ရဲတိုက် အလိုက် ၊ အမျိုးမျိုး သော မင်း ဆယ် နှစ် ပါးဖြစ်သတည်း။
ואלה שני חיי ישמעאל--מאת שנה ושלשים שנה ושבע שנים ויגוע וימת ויאסף אל עמיו 17
၁၇ဣရှမေလ သည် အသက် တရာ သုံး ဆယ်ခုနစ် နှစ် ရှိသော်၊ အသက် ချုပ်၍ သေ သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
וישכנו מחוילה עד שור אשר על פני מצרים באכה אשורה על פני כל אחיו נפל 18
၁၈သူတို့သည်လည်း၊ အာရှုရိ ပြည်သို့ သွား ရာလမ်း အရှေ့၊ ရှုရ မြို့ တိုင်အောင် နေ ကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်း အနား ၌ ကျ သတည်း။
ואלה תולדת יצחק בן אברהם אברהם הוליד את יצחק 19
၁၉အာဗြဟံ သား ဣဇာက် ၏အဆက်အနွှယ် ဟူမူကား ၊ အာဗြဟံ သား ကား ဣဇာက် တည်း။
ויהי יצחק בן ארבעים שנה בקחתו את רבקה בת בתואל הארמי מפדן ארם--אחות לבן הארמי לו לאשה 20
၂၀ဣဇာက် သည်၊ အသက် လေးဆယ် ရှိ သောအခါ၊ ပါဒနာရံ အရပ်သူ၊ ရှုရိ အမျိုးဗေသွေလ ၏သမီး ၊ ရှုရိ လူ လာဗန် ၏ နှမ ရေဗက္က နှင့် အိမ်ထောင် လေ၏။
ויעתר יצחק ליהוה לנכח אשתו כי עקרה הוא ויעתר לו יהוה ותהר רבקה אשתו 21
၂၁ဣဇာက် သည်၊ မိမိ မယား ရေဗက္က မြုံ သောကြောင့် ၊ ထာဝရဘုရား ကို တောင်းပန် ၍ ၊ ထာဝရဘုရား နားထောင် တော်မူသဖြင့် ၊ သူ ၏မယား သည် ပဋိသန္ဓေ စွဲယူလေ၏။
ויתרצצו הבנים בקרבה ותאמר אם כן למה זה אנכי ותלך לדרש את יהוה 22
၂၂ဝမ်းအတွင်း ၌ တည်သောသူငယ် တို့သည်၊ အချင်းချင်းတိုက်ခိုက် ကြ၏။ အမိကလည်း၊ ထိုသို့ ဖြစ်၍ငါ ၌အဘယ် အမှုရောက်ပါလိမ့်မည်နည်းဟု ဆို သဖြင့် ၊ ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ သွား လေ၏။
ויאמר יהוה לה שני גיים (גוים) בבטנך ושני לאמים ממעיך יפרדו ולאם מלאם יאמץ ורב יעבד צעיר 23
၂၃ထာဝရဘုရား ကလည်း ၊ သင် ၏ ဝမ်းအတွင်း ၌ လူမျိုး နှစ် မျိုးရှိ၏။ သင် ၏ဝမ်း ထဲက ခြားနား သော လူစု နှစ် စုကို ဘွားရလိမ့်မည်။ လူ တမျိုးသည် တမျိုး ထက် အားကြီး လိမ့်မည်။ အကြီး သည်အငယ် ၌ ကျွန် ခံရလိမ့်မည်ဟု မိန့် တော်မူ၏။
וימלאו ימיה ללדת והנה תומם בבטנה 24
၂၄ဘွား ချိန် စေ့ သောအခါ ၊ သူ ၏ဝမ်း ၌ သား အမွှာ ရှိ သဖြင့်၊
ויצא הראשון אדמוני כלו כאדרת שער ויקראו שמו עשו 25
၂၅အဦး ဘွား သောသားသည်၊ အမွေး ပါသောအဝတ် ကဲ့သို့ ဖြစ်၍ ၊ တကိုယ်လုံး အဆင်းနီ ၏။ သူ့ ကို ဧသော ဟူသောအမည် ဖြင့် မှည့် ကြ၏။
ואחרי כן יצא אחיו וידו אחזת בעקב עשו ויקרא שמו יעקב ויצחק בן ששים שנה בלדת אתם 26
၂၆ထိုနောက်မှ သူ့ ညီ သည်၊ အစ်ကိုဧသော ၏ ဖနှောင့် ကို ကိုင် လျက် ဘွား လာ၏။ သူ့ ကိုကား၊ ယာကုပ် အမည် ဖြင့် မှည့် ကြ၏။ ထို သားနှစ်ယောက်ကို ဘွား သောအခါ ၊ ဣဇာက် သည် အသက် ခြောက် ဆယ်ရှိသတည်း။
ויגדלו הנערים ויהי עשו איש ידע ציד איש שדה ויעקב איש תם ישב אהלים 27
၂၇သူငယ် တို့သည် ကြီးပွား ၍ ၊ ဧသော ကား လိမ္မာ သော တော သား မုဆိုး ဖြစ် လေ၏။ ယာကုပ် ကားတဲ ၌ နေ တတ်၍ စိတ်ကောင်း သောသူ ဖြစ်၏။
ויאהב יצחק את עשו כי ציד בפיו ורבקה אהבת את יעקב 28
၂၈ဣဇာက် သည်၊ ဧသော ပေးသောအမဲသား ကို စားလေ့ရှိသောကြောင့် သူ့ ကိုချစ် ၏။ ရေဗက္က မူကား ယာကုပ် ကို ချစ် ၏။
ויזד יעקב נזיד ויבא עשו מן השדה והוא עיף 29
၂၉တနေ့သ၌၊ ယာကုပ် သည် စားစရာကို ချက်ပြုတ်စဉ်တွင် ၊ ဧသော သည် တော မှ လာ ၍ မော သောကြောင့်၊
ויאמר עשו אל יעקב הלעיטני נא מן האדם האדם הזה--כי עיף אנכי על כן קרא שמו אדום 30
၃၀ယာကုပ် အား ၊ ထို နီ သောစားစရာနှင့် ငါ့ ကို ကျွေး ပါလော့၊ ငါ မော ပါသည်ဟုဆို လေ၏။ ထိုကြောင့် သူ ၏နာမည် ကို ဧဒုံ ဟုတွင် သတည်း။
ויאמר יעקב מכרה כיום את בכרתך לי 31
၃၁ယာကုပ် ကလည်း ၊ ယနေ့ ပင် သင် ၏သားဦး အရာကို၊ ငါ့ အား ရောင်း ပါဟုဆိုလျှင်၊
ויאמר עשו הנה אנכי הולך למות ולמה זה לי בכרה 32
၃၂ဧသော က၊ ငါ သေ လုပြီ။ သားဦး အရာအားဖြင့် အဘယ် အကျိုး ရှိပါလိမ့်မည်နည်းဟုဆို ၏။
ויאמר יעקב השבעה לי כיום וישבע לו וימכר את בכרתו ליעקב 33
၃၃ယာကုပ် ကလည်း ၊ ယနေ့ပင် ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟုဆိုသော် ၊ သူသည်ကျိန်ဆို သဖြင့် ၊ ယာကုပ် အား မိမိ သားဦး အရာကို ရောင်း လေ၏။
ויעקב נתן לעשו לחם ונזיד עדשים ויאכל וישת ויקם וילך ויבז עשו את הבכרה 34
၃၄ထိုအခါ ယာကုပ် သည်၊ မုန့် နှင့် ပဲဟင်း ကို ဧသော အား ပေး သဖြင့်၊ သူသည် စားသောက် ပြီးမှ ထ ၍ သွား လေ ၏။ ထိုသို့ ဧသော သည်၊ မိမိနှင့် ဆိုင်သောသားဦး အရာကို မထီမဲ့မြင် ပြုသတည်း။

< בראשית 25 >