< יְשַׁעְיָהוּ 28 >

הֹ֗וי עֲטֶ֤רֶת גֵּאוּת֙ שִׁכֹּרֵ֣י אֶפְרַ֔יִם וְצִ֥יץ נֹבֵ֖ל צְבִ֣י תִפְאַרְתֹּ֑ו אֲשֶׁ֛ר עַל־רֹ֥אשׁ גֵּֽיא־שְׁמָנִ֖ים הֲל֥וּמֵי יָֽיִן׃ 1
စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ် ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏။
הִנֵּ֨ה חָזָ֤ק וְאַמִּץ֙ לַֽאדֹנָ֔י כְּזֶ֥רֶם בָּרָ֖ד שַׂ֣עַר קָ֑טֶב כְּ֠זֶרֶם מַ֣יִם כַּבִּירִ֥ים שֹׁטְפִ֛ים הִנִּ֥יחַ לָאָ֖רֶץ בְּיָֽד׃ 2
ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူ သည်၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်မုန် တိုင်းကဲ့သို့၎င်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့ ၎င်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။
בְּרַגְלַ֖יִם תֵּֽרָמַ֑סְנָה עֲטֶ֥רֶת גֵּא֖וּת שִׁכֹּורֵ֥י אֶפְרָֽיִם׃ 3
ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ သည်၊ ကျော်နင်းခြင်းကိုခံရလိမ့်မည်။
וְֽהָ֨יְתָ֜ה צִיצַ֤ת נֹבֵל֙ צְבִ֣י תִפְאַרְתֹּ֔ו אֲשֶׁ֥ר עַל־רֹ֖אשׁ גֵּ֣יא שְׁמָנִ֑ים כְּבִכּוּרָהּ֙ בְּטֶ֣רֶם קַ֔יִץ אֲשֶׁ֨ר יִרְאֶ֤ה הָֽרֹאֶה֙ אֹותָ֔הּ בְּעֹודָ֥הּ בְּכַפֹּ֖ו יִבְלָעֶֽנָּה׃ ס 4
ကြွယ်ဝသော ချိုင့်ဦးတွင်၊ သူတို့၌ ညှိုးနွမ်းတတ် သော ဘုန်းအသရေ၏ ပန်းပွင့်သည်၊ နွေကာလ မစေ့မှီ အလျင် သီးသောအသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့် ကိုင်လျက်ပင်စား တတ်၏။
בַּיֹּ֣ום הַה֗וּא יִֽהְיֶה֙ יְהוָ֣ה צְבָאֹ֔ות לַעֲטֶ֣רֶת צְבִ֔י וְלִצְפִירַ֖ת תִּפְאָרָ֑ה לִשְׁאָ֖ר עַמֹּֽו׃ 5
ထိုကာလ၌လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိ သောသရဖူ၊ အသရေတင့်တယ်သော ဦးရစ်ဖြစ်တော်မူ လိမ့်မည်။
וּלְר֖וּחַ מִשְׁפָּ֑ט לַיֹּושֵׁב֙ עַל־הַמִּשְׁפָּ֔ט וְלִ֨גְבוּרָ֔ה מְשִׁיבֵ֥י מִלְחָמָ֖ה שָֽׁעְרָה׃ ס 6
တရားမှုကို စီရင်သောသူတို့အား တရားစီရင် သော ဥာဏ်ကို၎င်း၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှု ကို လှန်သောသူတို့အား၊ ခွန်အားဗလကို၎င်း ပေးတော်မူ လိမ့်မည်။
וְגַם־אֵ֙לֶּה֙ בַּיַּ֣יִן שָׁג֔וּ וּבַשֵּׁכָ֖ר תָּע֑וּ כֹּהֵ֣ן וְנָבִיא֩ שָׁג֨וּ בַשֵּׁכָ֜ר נִבְלְע֣וּ מִן־הַיַּ֗יִן תָּעוּ֙ מִן־הַשֵּׁכָ֔ר שָׁגוּ֙ בָּֽרֹאֶ֔ה פָּק֖וּ פְּלִילִיָּֽה׃ 7
သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည် ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက် ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည် သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည် အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲ လျက်နေကြ၏။
כִּ֚י כָּל־שֻׁלְחָנֹ֔ות מָלְא֖וּ קִ֣יא צֹאָ֑ה בְּלִ֖י מָקֹֽום׃ ס 8
သူတို့စားပွဲရှိသမျှတို့သည်၊ လွတ်လပ်ရာမရှိ သည်တိုင်အောင်၊ အန်ဖတ်နှင့်၎င်း၊ အညစ်အကြေးနှင့်၎င်း ပြည့်လျက်ရှိကြ၏။
אֶת־מִי֙ יֹורֶ֣ה דֵעָ֔ה וְאֶת־מִ֖י יָבִ֣ין שְׁמוּעָ֑ה גְּמוּלֵי֙ מֵֽחָלָ֔ב עַתִּיקֵ֖י מִשָּׁדָֽיִם׃ 9
သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သ နည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါ တို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင် ကွာရသောသူဖြစ်ကြသလော။
כִּ֣י צַ֤ו לָצָו֙ צַ֣ו לָצָ֔ו קַ֥ו לָקָ֖ו קַ֣ו לָקָ֑ו זְעֵ֥יר שָׁ֖ם זְעֵ֥יר שָֽׁם׃ 10
၁၀ပညတ်တခုပေါ်မှာ တခု၊ တခုပေါ်မှာ တခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ်၊ဟိုဘက်မှာ အနည်းငယ်ရှိပါသည် တကားဟု ဆိုကြ၏။
כִּ֚י בְּלַעֲגֵ֣י שָׂפָ֔ה וּבְלָשֹׁ֖ון אַחֶ֑רֶת יְדַבֵּ֖ר אֶל־הָעָ֥ם הַזֶּֽה׃ 11
၁၁အကယ်စင်စစ်၊ စကားမပြီသော နှုတ်၊ ရိုင်း သောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည်။
אֲשֶׁ֣ר ׀ אָמַ֣ר אֲלֵיהֶ֗ם זֹ֤את הַמְּנוּחָה֙ הָנִ֣יחוּ לֶֽעָיֵ֔ף וְזֹ֖את הַמַּרְגֵּעָ֑ה וְלֹ֥א אָב֖וּא שְׁמֹֽועַ׃ 12
၁၂ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူ တို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည် ဟု မိန့်တော်မူသော်လည်း၊ သူတို့သည်နားမထောင်ကြ။
וְהָיָ֨ה לָהֶ֜ם דְּבַר־יְהוָ֗ה צַ֣ו לָצָ֞ו צַ֤ו לָצָו֙ קַ֤ו לָקָו֙ קַ֣ו לָקָ֔ו זְעֵ֥יר שָׁ֖ם זְעֵ֣יר שָׁ֑ם לְמַ֨עַן יֵלְכ֜וּ וְכָשְׁל֤וּ אָחֹור֙ וְנִשְׁבָּ֔רוּ וְנֹוקְשׁ֖וּ וְנִלְכָּֽדוּ׃ פ 13
၁၃ထို့ကြောင့်၊သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိ ဘမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့၌ ပညတ် တခုပေါ်မှာတခု၊ တခုပေါ်မှာတခု၊တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည်ဘက်မှာ အနည်း ငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။
לָכֵ֛ן שִׁמְע֥וּ דְבַר־יְהוָ֖ה אַנְשֵׁ֣י לָצֹ֑ון מֹֽשְׁלֵי֙ הָעָ֣ם הַזֶּ֔ה אֲשֶׁ֖ר בִּירוּשָׁלָֽ͏ִם׃ 14
၁၄သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့ သားအကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် ကို နားထောင်ကြလော့။
כִּ֣י אֲמַרְתֶּ֗ם כָּרַ֤תְנֽוּ בְרִית֙ אֶת־מָ֔וֶת וְעִם־שְׁאֹ֖ול עָשִׂ֣ינוּ חֹזֶ֑ה שִׁיט (שֹׁ֣וט) שֹׁוטֵ֤ף כִּֽי־עָבַר (יֽ͏ַעֲבֹר֙) לֹ֣א יְבֹואֵ֔נוּ כִּ֣י שַׂ֧מְנוּ כָזָ֛ב מַחְסֵ֖נוּ וּבַשֶּׁ֥קֶר נִסְתָּֽרְנוּ׃ ס (Sheol h7585) 15
၁၅သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိဿဟာယ ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုးသော ဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ။ ငါတို့သည် မုသာကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊ (Sheol h7585)
לָכֵ֗ן כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה הִנְנִ֛י יִסַּ֥ד בְּצִיֹּ֖ון אָ֑בֶן אֶ֣בֶן בֹּ֜חַן פִּנַּ֤ת יִקְרַת֙ מוּסָ֣ד מוּסָּ֔ד הַֽמַּאֲמִ֖ין לֹ֥א יָחִֽישׁ׃ 16
၁၆အရှင်ထာဝရဘုရားက၊ စုံစမ်းသော အမြစ် ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရ သောအကြောင်းမရှိ။
וְשַׂמְתִּ֤י מִשְׁפָּט֙ לְקָ֔ו וּצְדָקָ֖ה לְמִשְׁקָ֑לֶת וְיָעָ֤ה בָרָד֙ מַחְסֵ֣ה כָזָ֔ב וְסֵ֥תֶר מַ֖יִם יִשְׁטֹֽפוּ׃ 17
၁၇တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင် ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။ မိုဃ်း သီးရွာ၍ ကိုးစားရာ မုသာကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ် ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။
וְכֻפַּ֤ר בְּרִֽיתְכֶם֙ אֶת־מָ֔וֶת וְחָזוּתְכֶ֥ם אֶת־שְׁאֹ֖ול לֹ֣א תָק֑וּם שֹׁ֤וט שֹׁוטֵף֙ כִּ֣י יַֽעֲבֹ֔ר וִהְיִ֥יתֶם לֹ֖ו לְמִרְמָֽס׃ (Sheol h7585) 18
၁၈သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည်။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသော အခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။ (Sheol h7585)
מִדֵּ֤י עָבְרֹו֙ יִקַּ֣ח אֶתְכֶ֔ם כִּֽי־בַבֹּ֧קֶר בַּבֹּ֛קֶר יַעֲבֹ֖ר בַּיֹּ֣ום וּבַלָּ֑יְלָה וְהָיָ֥ה רַק־זְוָעָ֖ה הָבִ֥ין שְׁמוּעָֽה׃ 19
၁၉ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်။ နံနက်အချိန် ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညဉ့်မပြတ် ချင်းနင်းသည် ဖြစ်၍၊ သိတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအ ကြောင်းရှိလိမ့်မည်။
כִּֽי־קָצַ֥ר הַמַּצָּ֖ע מֵֽהִשְׂתָּרֵ֑עַ וְהַמַּסֵּכָ֥ה צָ֖רָה כְּהִתְכַּנֵּֽס׃ 20
၂၀ခုတင်သည် ကိုယ်မဆန့်လောက်အောင်တို၏။ စောင်သည်လည်း ခြုံလောက်အောင်ငယ်၏။
כִּ֤י כְהַר־פְּרָצִים֙ יָק֣וּם יְהוָ֔ה כְּעֵ֖מֶק בְּגִבְעֹ֣ון יִרְגָּ֑ז לַעֲשֹׂ֤ות מַעֲשֵׂ֙הוּ֙ זָ֣ר מַעֲשֵׂ֔הוּ וְלַֽעֲבֹד֙ עֲבֹ֣דָתֹ֔ו נָכְרִיָּ֖ה עֲבֹדָתֹֽו׃ 21
၂၁ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော အမှုတော်ကို ပြုခြင်းငှါ၎င်း၊ အလုပ်တော် တည်းဟူသော၊ လုပ်မြဲမဟုတ်သော အလုပ်တော်ကို လက် စသတ်ခြင်းငှါ၎င်း၊ ပေရဇိမ်တောင်ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည်။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက် တော်မူမည်။
וְעַתָּה֙ אַל־תִּתְלֹוצָ֔צוּ פֶּֽן־יֶחְזְק֖וּ מֹֽוסְרֵיכֶ֑ם כִּֽי־כָלָ֨ה וְנֶחֱרָצָ֜ה שָׁמַ֗עְתִּי מֵאֵ֨ת אֲדֹנָ֧י יְהוִ֛ה צְבָאֹ֖ות עַל־כָּל־הָאָֽרֶץ׃ 22
၂၂ယခုမှာ သင်တို့သည် သာ၍ပြင်းစွာသော ဆုံးမ ခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တဖန် ဆဲရေးခြင်း ကို မပြုကြနှင့်။ ပြည်တပြည်လုံး၌ အနှံ့အပြားစီရင်ဆုံး ဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားထံတော်၌ ငါ ကြားရပြီ။
הַאֲזִ֥ינוּ וְשִׁמְע֖וּ קֹולִ֑י הַקְשִׁ֥יבוּ וְשִׁמְע֖וּ אִמְרָתִֽי׃ 23
၂၃ငါပြောသံကိုကြား၍ မှတ်ကြလော့။ ငါ့စကားကို စေ့စေ့နားထောင်နာယူကြလော့။
הֲכֹ֣ל הַיֹּ֔ום יַחֲרֹ֥שׁ הַחֹרֵ֖שׁ לִזְרֹ֑עַ יְפַתַּ֥ח וִֽישַׂדֵּ֖ד אַדְמָתֹֽו׃ 24
၂၄လယ်လုပ်သောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ၊ မြေကိုဆွလျက်၊ မြေစိုင်ကို ချေလျက်အစဉ် လယ်ထွန် တတ်သလော။
הֲלֹוא֙ אִם־שִׁוָּ֣ה פָנֶ֔יהָ וְהֵפִ֥יץ קֶ֖צַח וְכַמֹּ֣ן יִזְרֹ֑ק וְשָׂ֨ם חִטָּ֤ה שֹׂורָה֙ וּשְׂעֹרָ֣ה נִסְמָ֔ן וְכֻסֶּ֖מֶת גְּבֻלָתֹֽו׃ 25
၂၅လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့၊ဇီယာ မျိုးစေ့ကို ကြဲသည်မဟုတ်လော။ ဂျုံစပါးမျိုးစေ့ကို အ တန်းတန်းစိုက်၍၊ မုယောစပါးနှင့် ကောက်စပါးမျိုးစေ့ အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော။
וְיִסְּרֹ֥ו לַמִּשְׁפָּ֖ט אֱלֹהָ֥יו יֹורֶֽנּוּ׃ 26
၂၆အကြောင်းမူကား၊ သူ၏ဘုရားသခင်သည် စီ ရင်တတ်သော ဥာဏ်ကို ပေးတော်မူ၏။ သူ့ကိုလည်း သွန် သင်တော်မူ၏။
כִּ֣י לֹ֤א בֶֽחָרוּץ֙ י֣וּדַשׁ קֶ֔צַח וְאֹופַ֣ן עֲגָלָ֔ה עַל־כַּמֹּ֖ן יוּסָּ֑ב כִּ֧י בַמַּטֶּ֛ה יֵחָ֥בֶט קֶ֖צַח וְכַמֹּ֥ן בַּשָּֽׁבֶט׃ 27
၂၇စမုန်နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မနယ် တတ်။ ဇီယာစေ့ပေါ်၌လည်း လှည်းဘီးကို မလှိမ့်တတ်။ စမုန်နက်စေ့ကို တုတ်နှင့်၎င်း၊ ဇီယာစေ့ကို ကြိမ်လုံးနှင့် ၎င်း ရိုက်တတ်၏။
לֶ֣חֶם יוּדָ֔ק כִּ֛י לֹ֥א לָנֶ֖צַח אָדֹ֣ושׁ יְדוּשֶׁ֑נּוּ וְ֠הָמַם גִּלְגַּ֧ל עֶגְלָתֹ֛ו וּפָרָשָׁ֖יו לֹֽא־יְדֻקֶּֽנּוּ׃ 28
၂၈ဂျုံစပါးကိုကား နယ်တတ်၏။ သို့သော်လည်း၊ အ စဉ်နယ်တတ်သည်မဟုတ်။ လှည်းဘီးနှင့် မြင်းတို့ကို နှင် သော်လည်း၊ စပါးကို ညက်စေတတ်သည်မဟုတ်။
גַּם־זֹ֕את מֵעִ֛ם יְהוָ֥ה צְבָאֹ֖ות יָצָ֑אָה הִפְלִ֣יא עֵצָ֔ה הִגְדִּ֖יל תּוּשִׁיָּֽה׃ ס 29
၂၉ထိုအမှုသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံ ပေးတော်မူခြင်းသည် အံ့ဩဘွယ်ဖြစ်၏။ ဥာဏ်တော် သည်လည်း ထူးဆန်းပေ၏။

< יְשַׁעְיָהוּ 28 >