< יְשַׁעְיָהוּ 63 >

מִי־זֶ֣ה ׀ בָּ֣א מֵאֱדֹ֗ום חֲמ֤וּץ בְּגָדִים֙ מִבָּצְרָ֔ה זֶ֚ה הָד֣וּר בִּלְבוּשֹׁ֔ו צֹעֶ֖ה בְּרֹ֣ב כֹּחֹ֑ו אֲנִ֛י מְדַבֵּ֥ר בִּצְדָקָ֖ה רַ֥ב לְהֹושִֽׁיעַ׃ 1
တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှလာသော ဤသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။
מַדּ֥וּעַ אָדֹ֖ם לִלְבוּשֶׁ֑ךָ וּבְגָדֶ֖יךָ כְּדֹרֵ֥ךְ בְּגַֽת׃ 2
ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏အဝတ်နှင့် အဘယ် ကြောင့် တူပါသနည်း။
פּוּרָ֣ה ׀ דָּרַ֣כְתִּי לְבַדִּ֗י וּמֵֽעַמִּים֙ אֵֽין־אִ֣ישׁ אִתִּ֔י וְאֶדְרְכֵ֣ם בְּאַפִּ֔י וְאֶרְמְסֵ֖ם בַּחֲמָתִ֑י וְיֵ֤ז נִצְחָם֙ עַל־בְּגָדַ֔י וְכָל־מַלְבּוּשַׁ֖י אֶגְאָֽלְתִּי׃ 3
စပျစ်သီးကို ငါတယောက်တည်းနင်းနယ်ရပြီ။ လူများအထဲကတယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့ အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။
כִּ֛י יֹ֥ום נָקָ֖ם בְּלִבִּ֑י וּשְׁנַ֥ת גְּאוּלַ֖י בָּֽאָה׃ 4
အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။
וְאַבִּיט֙ וְאֵ֣ין עֹזֵ֔ר וְאֶשְׁתֹּומֵ֖ם וְאֵ֣ין סֹומֵ֑ךְ וַתֹּ֤ושַֽׁע לִי֙ זְרֹעִ֔י וַחֲמָתִ֖י הִ֥יא סְמָכָֽתְנִי׃ 5
ငါကြည့်ရှု၍ မစသော သူမရှိ။ မှိုင်တွေသော် လည်း ထောက်ပင့်သောသူမရှိ။ ထိုကြောင့်၊ ကိုယ်လက် သည် ကိုယ်အဘို့ ကယ်တင်ခြင်းကို ပြုပြီ။ ကိုယ်ဒေါသ အမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ။
וְאָב֤וּס עַמִּים֙ בְּאַפִּ֔י וַאֲשַׁכְּרֵ֖ם בַּחֲמָתִ֑י וְאֹורִ֥יד לָאָ֖רֶץ נִצְחָֽם׃ ס 6
လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာ သွန်ပြီ။
חַֽסְדֵ֨י יְהוָ֤ה ׀ אַזְכִּיר֙ תְּהִלֹּ֣ת יְהוָ֔ה כְּעַ֕ל כֹּ֥ל אֲשֶׁר־גְּמָלָ֖נוּ יְהוָ֑ה וְרַב־טוּב֙ לְבֵ֣ית יִשְׂרָאֵ֔ל אֲשֶׁר־גְּמָלָ֥ם כְּֽרַחֲמָ֖יו וּכְרֹ֥ב חֲסָדָֽיו׃ 7
ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသော အရာအလုံး စုံကို၎င်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကို၎င်း ထောက်၍၊ ထာဝရဘုရား၏ မဟာမေတ္တာတော်နှင့်၊ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။
וַיֹּ֙אמֶר֙ אַךְ־עַמִּ֣י הֵ֔מָּה בָּנִ֖ים לֹ֣א יְשַׁקֵּ֑רוּ וַיְהִ֥י לָהֶ֖ם לְמֹושִֽׁיעַ׃ 8
အကယ်စင်စစ် သူတို့သည် ငါ၏လူဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ၏ဟု မိန့်တော်မူ သဖြင့်၊ သူတို့ကို ကယ်နှုတ်တော်မူ၏။
בְּֽכָל־צָרָתָ֣ם ׀ לֹא (לֹ֣ו) צָ֗ר וּמַלְאַ֤ךְ פָּנָיו֙ הֹֽושִׁיעָ֔ם בְּאַהֲבָתֹ֥ו וּבְחֶמְלָתֹ֖ו ה֣וּא גְאָלָ֑ם וַֽיְנַטְּלֵ֥ם וַֽיְנַשְּׂאֵ֖ם כָּל־יְמֵ֥י עֹולָֽם׃ 9
အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော်ရှိသည်အတိုင်းရွေးနှုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။
וְהֵ֛מָּה מָר֥וּ וְעִצְּב֖וּ אֶת־ר֣וּחַ קָדְשֹׁ֑ו וַיֵּהָפֵ֥ךְ לָהֶ֛ם לְאֹויֵ֖ב ה֥וּא נִלְחַם־בָּֽם׃ 10
၁၀သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန် ဘက်ပြု၍ စစ်တိုက်တော်မူ၏။
וַיִּזְכֹּ֥ר יְמֵֽי־עֹולָ֖ם מֹשֶׁ֣ה עַמֹּ֑ו אַיֵּ֣ה ׀ הַֽמַּעֲלֵ֣ם מִיָּ֗ם אֵ֚ת רֹעֵ֣י צֹאנֹ֔ו אַיֵּ֛ה הַשָּׂ֥ם בְּקִרְבֹּ֖ו אֶת־ר֥וּחַ קָדְשֹֽׁו׃ 11
၁၁ထိုအခါ ထာဝရဘုရား၏ လူတို့သည် ရှေးကာလ၊ မောရှေ၏ကာလကို အောက်မေ့ကြ၏။ မိမိလူတို့ ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိလူတို့အထဲ ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက်၊
מֹולִיךְ֙ לִימִ֣ין מֹשֶׁ֔ה זְרֹ֖ועַ תִּפְאַרְתֹּ֑ו בֹּ֤וקֵֽעַ מַ֙יִם֙ מִפְּנֵיהֶ֔ם לַעֲשֹׂ֥ות לֹ֖ו שֵׁ֥ם עֹולָֽם׃ 12
၁၂မောရှေ၏လက်ျာနားမှာ ဘုန်းကြီးသော လက်ရုံးတော်ကို သွင်း၍၊ အသရေတော်ကို အစဉ် ထင်ရှားစေခြင်းငှါ၊ သူတို့ရှေ့မှာ ရေကို ခွဲသဖြင့်၊
מֹולִיכָ֖ם בַּתְּהֹמֹ֑ות כַּסּ֥וּס בַּמִּדְבָּ֖ר לֹ֥א יִכָּשֵֽׁלוּ׃ 13
၁၃လွင်ပြင်၌ မြင်းကို နှင်သကဲ့သို့၊ အဆီးအတား မရှိဘဲ နက်နဲရာအရပ်၌ သူတို့ကို ဆောင်သွားသော ဘုရား သည် အဘယ်မှာ ရှိတော်မူသနည်း။
כַּבְּהֵמָה֙ בַּבִּקְעָ֣ה תֵרֵ֔ד ר֥וּחַ יְהוָ֖ה תְּנִיחֶ֑נּוּ כֵּ֚ן נִהַ֣גְתָּ עַמְּךָ֔ לַעֲשֹׂ֥ות לְךָ֖ שֵׁ֥ם תִּפְאָֽרֶת׃ 14
၁၄ချိုင့်ထဲသို့သိုးနွား ဆင်းသွားသကဲ့သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသို့ အသရေတော်ကို ထင်ရှားစေခြင်းငှါ၊ ကိုယ်တော်၏လူတို့ကို ဆောင်သွားတော်မူပါပြီ။
הַבֵּ֤ט מִשָּׁמַ֙יִם֙ וּרְאֵ֔ה מִזְּבֻ֥ל קָדְשְׁךָ֖ וְתִפְאַרְתֶּ֑ךָ אַיֵּ֤ה קִנְאֽ͏ָתְךָ֙ וּגְב֣וּרֹתֶ֔ךָ הֲמֹ֥ון מֵעֶ֛יךָ וְֽרַחֲמֶ֖יךָ אֵלַ֥י הִתְאַפָּֽקוּ׃ 15
၁၅ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ။ သန့်ရှင်း၍ ဘုန်းကြီးသောနေရာက ကြည့်ရှုတော်မူပါ။ စိတ်တော် အားကြီး၍ တန်ခိုးကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာရှိပါသနည်း။ ချုပ်တည်းတော်မူသလော။
כִּֽי־אַתָּ֣ה אָבִ֔ינוּ כִּ֤י אַבְרָהָם֙ לֹ֣א יְדָעָ֔נוּ וְיִשְׂרָאֵ֖ל לֹ֣א יַכִּירָ֑נוּ אַתָּ֤ה יְהוָה֙ אָבִ֔ינוּ גֹּאֲלֵ֥נוּ מֵֽעֹולָ֖ם שְׁמֶֽךָ׃ 16
၁၆အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ၊ ဣသရေလသည် လက်မခံသော်လည်း၊ အကယ်စင်စစ်ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ ရှေးကာလမှစ၍ အကျွန်ုပ်တို့ကို ရွေးနှုတ်သော ဘုရားဖြစ်တော်မူ၏။
לָ֣מָּה תַתְעֵ֤נוּ יְהוָה֙ מִדְּרָכֶ֔יךָ תַּקְשִׁ֥יחַ לִבֵּ֖נוּ מִיִּרְאָתֶ֑ךָ שׁ֚וּב לְמַ֣עַן עֲבָדֶ֔יךָ שִׁבְטֵ֖י נַחֲלָתֶֽךָ׃ 17
၁၇အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့်လွှဲစေတော်မူသနည်း။ ကိုယ်တော်ကိုမကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်တို့၏ စိတ်နှလုံးကိုအဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ ကျွန်ုပ်တို့အတွက်၊ အမွေတော်ဖြစ်သောအနွှယ်တို့အတွက် ပြန်လာတော်မူပါ။
לַמִּצְעָ֕ר יָרְשׁ֖וּ עַם־קָדְשֶׁ֑ךָ צָרֵ֕ינוּ בֹּוסְס֖וּ מִקְדָּשֶֽׁךָ׃ 18
၁၈ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ခဏသာအစိုးရပြီးမှ၊ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ကို ကျော်နင်း ကြသည်ဖြစ်၍၊
הָיִ֗ינוּ מֵֽעֹולָם֙ לֹֽא־מָשַׁ֣לְתָּ בָּ֔ם לֹֽא־נִקְרָ֥א שִׁמְךָ֖ עֲלֵיהֶ֑ם לוּא־קָרַ֤עְתָּ שָׁמַ֙יִם֙ יָרַ֔דְתָּ מִפָּנֶ֖יךָ הָרִ֥ים נָזֹֽלּוּ׃ 19
၁၉အကျွန်ုပ်တို့သည် ကိုယ်တော်မအုပ်စိုးဘူးသော သူကဲ့သို့၎င်း၊ နာမတော်ဖြင့် သမုတ်ခြင်းကိုမခံဘူးသော သူကဲ့သို့၎င်းဖြစ်ကြပါ၏။ ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှါ တန်ခိုးကြီးသော ငါပေတည်း။

< יְשַׁעְיָהוּ 63 >