< מִשְׁלֵי 14 >

חַכְמֹ֣ות נָ֭שִׁים בָּנְתָ֣ה בֵיתָ֑הּ וְ֝אִוֶּ֗לֶת בְּיָדֶ֥יהָ תֶהֶרְסֶֽנּוּ׃ 1
ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။
הֹולֵ֣ךְ בְּ֭יָשְׁרֹו יְרֵ֣א יְהוָ֑ה וּנְלֹ֖וז דְּרָכָ֣יו בֹּוזֵֽהוּ׃ 2
ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။
בְּֽפִי־אֱ֭וִיל חֹ֣טֶר גַּאֲוָ֑ה וְשִׂפְתֵ֥י חֲ֝כָמִ֗ים תִּשְׁמוּרֵֽם׃ 3
မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။
בְּאֵ֣ין אֲ֭לָפִים אֵב֣וּס בָּ֑ר וְרָב־תְּ֝בוּאֹ֗ות בְּכֹ֣חַ שֹֽׁור׃ 4
နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။
עֵ֣ד אֱ֭מוּנִים לֹ֣א יְכַזֵּ֑ב וְיָפִ֥יחַ כְּ֝זָבִ֗ים עֵ֣ד שָֽׁקֶר׃ 5
သစ္စာရှိသောသက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။
בִּקֶּשׁ־לֵ֣ץ חָכְמָ֣ה וָאָ֑יִן וְדַ֖עַת לְנָבֹ֣ון נָקָֽל׃ 6
မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍ မတွေ့ရာ။ ဥာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။
לֵ֣ךְ מִ֭נֶּגֶד לְאִ֣ישׁ כְּסִ֑יל וּבַל־יָ֝דַ֗עְתָּ שִׂפְתֵי־דָֽעַת׃ 7
မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။
חָכְמַ֣ת עָ֭רוּם הָבִ֣ין דַּרְכֹּ֑ו וְאִוֶּ֖לֶת כְּסִילִ֣ים מִרְמָֽה׃ 8
ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။
אֱ֭וִלִים יָלִ֣יץ אָשָׁ֑ם וּבֵ֖ין יְשָׁרִ֣ים רָצֹֽון׃ 9
မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ၏။
לֵ֗ב יֹ֭ודֵעַ מָרַּ֣ת נַפְשֹׁ֑ו וּ֝בְשִׂמְחָתֹ֗ו לֹא־יִתְעָ֥רַב זָֽר׃ 10
၁၀စိတ်နှလုံးသည် မိမိဒုက္ခကို သိ၏။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ်။
בֵּ֣ית רְ֭שָׁעִים יִשָּׁמֵ֑ד וְאֹ֖הֶל יְשָׁרִ֣ים יַפְרִֽיחַ׃ 11
၁၁မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သော သူ၏တဲမူကား၊ ပွင့်လန်းတတ်၏။
יֵ֤שׁ דֶּ֣רֶךְ יָ֭שָׁר לִפְנֵי־אִ֑ישׁ וְ֝אַחֲרִיתָ֗הּ דַּרְכֵי־מָֽוֶת׃ 12
၁၂လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။
גַּם־בִּשְׂחֹ֥וק יִכְאַב־לֵ֑ב וְאַחֲרִיתָ֖הּ שִׂמְחָ֣ה תוּגָֽה׃ 13
၁၃လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ် သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။
מִדְּרָכָ֣יו יִ֭שְׂבַּע ס֣וּג לֵ֑ב וּ֝מֵעָלָ֗יו אִ֣ישׁ טֹֽוב׃ 14
၁၄စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။
פֶּ֭תִי יַאֲמִ֣ין לְכָל־דָּבָ֑ר וְ֝עָר֗וּם יָבִ֥ין לַאֲשֻׁרֹֽו׃ 15
၁၅ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။
חָכָ֣ם יָ֭רֵא וְסָ֣ר מֵרָ֑ע וּ֝כְסִ֗יל מִתְעַבֵּ֥ר וּבֹוטֵֽחַ׃ 16
၁၆ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။
קְֽצַר־אַ֭פַּיִם יַעֲשֶׂ֣ה אִוֶּ֑לֶת וְאִ֥ישׁ מְ֝זִמֹּ֗ות יִשָּׂנֵֽא׃ 17
၁၇စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။
נָחֲל֣וּ פְתָאיִ֣ם אִוֶּ֑לֶת וַֽ֝עֲרוּמִ֗ים יַכְתִּ֥רוּ דָֽעַת׃ 18
၁၈ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။
שַׁח֣וּ רָ֭עִים לִפְנֵ֣י טֹובִ֑ים וּ֝רְשָׁעִ֗ים עַֽל־שַׁעֲרֵ֥י צַדִּֽיק׃ 19
၁၉လူဆိုးတို့သည် သူတော်ကောင်းရှေ့၌၎င်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ် တံခါးဝ၌၎င်း ဦးချတတ်ကြ၏။
גַּם־לְ֭רֵעֵהוּ יִשָּׂ֣נֵא רָ֑שׁ וְאֹהֲבֵ֖י עָשִׁ֣יר רַבִּֽים׃ 20
၂၀ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။
בָּז־לְרֵעֵ֥הוּ חֹוטֵ֑א וּמְחֹונֵ֖ן עֲנָיִים (עֲנָוִ֣ים) אַשְׁרָֽיו׃ 21
၂၁မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။
הֲ‍ֽלֹוא־יִ֭תְעוּ חֹ֣רְשֵׁי רָ֑ע וְחֶ֥סֶד וֶ֝אֱמֶ֗ת חֹ֣רְשֵׁי טֹֽוב׃ 22
၂၂မကောင်းသော အကြံကိုကြံတတ်သော သူတို့ သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ် သောသူတို့မူကား၊ ကရုဏာအကျိုး နှင့်သစ္စာအကျိုးကို ခံရကြလိမ့်မည်။
בְּכָל־עֶ֭צֶב יִהְיֶ֣ה מֹותָ֑ר וּדְבַר־שְׂ֝פָתַ֗יִם אַךְ־לְמַחְסֹֽור׃ 23
၂၃ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။
עֲטֶ֣רֶת חֲכָמִ֣ים עָשְׁרָ֑ם אִוֶּ֖לֶת כְּסִילִ֣ים אִוֶּֽלֶת׃ 24
၂၄ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏ မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။
מַצִּ֣יל נְ֭פָשֹׁות עֵ֣ד אֱמֶ֑ת וְיָפִ֖חַ כְּזָבִ֣ים מִרְמָֽה׃ 25
၂၅မှန်သောသက်သေသည် သူ့အသက်ကို ကယ် တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသာကို သုံးတတ်၏။
בְּיִרְאַ֣ת יְ֭הוָה מִבְטַח־עֹ֑ז וּ֝לְבָנָ֗יו יִהְיֶ֥ה מַחְסֶֽה׃ 26
၂၆ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။
יִרְאַ֣ת יְ֭הוָה מְקֹ֣ור חַיִּ֑ים לָ֝ס֗וּר מִמֹּ֥קְשֵׁי מָֽוֶת׃ 27
၂၇ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။
בְּרָב־עָ֥ם הַדְרַת־מֶ֑לֶךְ וּבְאֶ֥פֶס לְ֝אֹ֗ם מְחִתַּ֥ת רָזֹֽון׃ 28
၂၈ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။
אֶ֣רֶךְ אַ֭פַּיִם רַב־תְּבוּנָ֑ה וּקְצַר־ר֝֗וּחַ מֵרִ֥ים אִוֶּֽלֶת׃ 29
၂၉စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တို သောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။
חַיֵּ֣י בְ֭שָׂרִים לֵ֣ב מַרְפֵּ֑א וּרְקַ֖ב עֲצָמֹ֣ות קִנְאָֽה׃ 30
၃၀ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။
עֹ֣שֵֽׁק־דָּ֭ל חֵרֵ֣ף עֹשֵׂ֑הוּ וּ֝מְכַבְּדֹ֗ו חֹנֵ֥ן אֶבְיֹֽון׃ 31
၃၁ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
בְּֽ֭רָעָתֹו יִדָּחֶ֣ה רָשָׁ֑ע וְחֹסֶ֖ה בְמֹותֹ֣ו צַדּֽ͏ִיק׃ 32
၃၂မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
בְּלֵ֣ב נָ֭בֹון תָּנ֣וּחַ חָכְמָ֑ה וּבְקֶ֥רֶב כְּ֝סִילִ֗ים תִּוָּדֵֽעַ׃ 33
၃၃ဥာဏ်ရှိသောသူ၏ နှလုံး၌ပညာကျိန်းဝပ်တတ် ၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။
צְדָקָ֥ה תְרֹֽומֵֽם־גֹּ֑וי וְחֶ֖סֶד לְאֻמִּ֣ים חַטָּֽאת׃ 34
၃၄ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများ တို့ကို ရှုတ်ချတတ်၏။
רְֽצֹון־מֶ֭לֶךְ לְעֶ֣בֶד מַשְׂכִּ֑יל וְ֝עֶבְרָתֹ֗ו תִּהְיֶ֥ה מֵבִֽישׁ׃ 35
၃၅ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။

< מִשְׁלֵי 14 >