< Salmi 138 >

1 [Salmo] di Davide IO ti celebrerò con tutto il mio cuore; Io ti salmeggerò davanti agli Angeli.
အို ထာဝရ ဘုရား၊ ကိုယ်တော် ကို စိတ် နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်း ပါမည်။ အခြား တပါး သော ဘုရား တို့ရှေ့ မှာ ကိုယ်တော် ကို ထောမနာသီချင်း ဆိုပါ မည်။
2 Io adorerò verso il Tempio della tua santità, E celebrerò il tuo Nome, per la tua benignità, e per la tua verità; Perciocchè tu hai magnificata la tua parola, sopra ogni tua fama.
သန့်ရှင်း သော ဗိမာန် တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ် ၍ ၊ ကရုဏာ တော်နှင့် သစ္စာ တော်ကြောင့် နာမ တော်ကိုချီးမွမ်း ပါမည်။ အကြောင်း မူကား၊ ဂတိ တော်ကိုသိတင်း တော်ရှိသမျှ ထက် ချီးမြှောက် တော်မူပြီ။
3 Nel giorno che io ho gridato, tu mi hai risposto; Tu mi hai accresciuto di forze nell'anima mia.
အကျွန်ုပ်အော်ဟစ် သောနေ့ တွင် နားထောင် တော်မူ၍ ၊ စိတ် ဝိညာဉ်ထဲသို့ ခွန်အား ကို သွင်းသဖြင့်၊ အကျွန်ုပ် ကို ခိုင်မာ စေတော်မူ၏။
4 Tutti i re della terra ti celebreranno, Signore, Quando avranno udite le parole della tua bocca;
အိုထာဝရဘုရား ၊ လောကီ ရှင် ဘုရင်အပေါင်း တို့သည် နှုတ် တော်ထွက်စကား တို့ကို ကြား ရသည်ဖြစ်၍ ၊ ဂုဏ်တော်ကို ချီးမွမ်း ကြပါလိမ့်မည်။
5 E canteranno delle vie del Signore; Conciossiachè grande [sia] la gloria del Signore.
ထာဝရဘုရား ၏ လမ်းခရီးတော်တို့၌ လိုက်၍ သီချင်း ဆိုကြပါလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဘုန်း ကြီး တော်မူ၏။
6 Perciocchè il Signore [è] eccelso, e riguarda le cose basse; E conosce da lungi l'altiero.
ထာဝရဘုရား သည် မြင့်မြတ် တော်မူသော်လည်း ၊ စိတ်နှိမ့်ချ သောသူတို့ ကို ကြည့်ရှု တော်မူ၏။ စိတ်မြင့် သောသူတို့ ကိုကား ၊ အဝေး က သိ တော်မူ၏။
7 Se io cammino in mezzo di distretta, tu mi manterrai in vita; Tu stenderai la mano sopra la faccia de' miei nemici, E la tua destra mi salverà.
အကျွန်ုပ်သည် ဆင်းရဲ ဒုက္ခများ၌ ကျင်လည် သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ကို အသက်ရှင် စေတော်မူလိမ့်မည်။ လက် တော်ကို ဆန့် လျက် ၊ ရန်သူ တို့ ၏အမျက် ဒေါသကို ဆီးတား၍ ၊ လက်ျာ လက်တော် အားဖြင့်အကျွန်ုပ် ကို ကယ်တင် တော်မူလိမ့်မည်။
8 Il Signore compierà [l'opera sua] intorno a me; O Signore, la tua benignità [è] in eterno; Non lasciar le opere delle tue mani.
ထာဝရဘုရား သည် ငါ ၏အမှု ကို ပြီးစီး စေတော်မူမည်။ အိုထာဝရဘုရား ၊ ကရုဏာ တော်သည် အစဉ် အမြဲတည် ပါသည်ဖြစ်၍၊ ကိုယ်တော် ၏ လက် နှင့်ပြုစုသော အမှု တို့ကို စွန့်ပစ် တော်မ မူပါနှင့်။

< Salmi 138 >