< 민수기 12 >

1 모세가 구스 여자를 취하였더니 그 구스 여자를 취하였으므로 미리암과 아론이 모세를 비방하니라
မော​ရှေ​သည်​မိ​ဒျန်​အ​မျိုး​သ​မီး​တစ်​ဦး နှင့်​စုံ​ဖက်​သ​ဖြင့် မိ​ရိ​အံ​နှင့်​အာ​ရုန်​တို့ က​သူ့​အား​အ​ပြစ်​တင်​ကြ​လေ​သည်။-
2 그들이 이르되 `여호와께서 모세와만 말씀하셨느냐? 우리와도 말씀하지 아니하셨느냐?' 하매 여호와께서 이 말을 들으셨더라
သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ဖြင့်​သာ​လျှင်​မိန့်​ကြား​တော်​မူ​သ​လော။ ငါ တို့​အား​ဖြင့်​လည်း​မိန့်​ကြား​တော်​မ​မူ​သ​လော'' ဟု​ဆို​ကြ​၏။ ထို​စ​ကား​ကို​ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ​သည်။-
3 이 사람 모세는 온유함이 지면의 모든 사람보다 승하더라
(မော​ရှေ​သည်​စိတ်​နှိမ့်​ချ​သူ​ဖြစ်​၏။ ကမ္ဘာ​ပေါ် တွင်​သူ​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​တစ်​ယောက်​မျှ မ​ရှိ။)
4 여호와께서 갑자기 모세와 아론과 미리암에게 이르시되 너희 삼인은 회막으로 나아오라 하시니 그 삼인이 나아가매
ချက်​ချင်း​ပင်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ၊ အာ​ရုန်​နှင့်​မိ​ရိ​အံ​တို့​အား``သင်​တို့​သုံး ဦး​စ​လုံး​တဲ​တော်​သို့​လာ​ခဲ့​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ သူ​တို့​သည်​တဲ​တော်​သို့​ရောက်​ရှိ သော​အ​ခါ၊-
5 여호와께서 구름 기둥 가운데로서 강림하사 장막 문에 서시고 아론과 미리암을 부르시는지라 그 두 사람이 나아가매
ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ဖြင့်​ကြွ လာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ်​လျက်``အာ​ရုန်၊ မိ​ရိ​အံ'' ဟူ​၍​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​သူ တို့​နှစ်​ဦး​သည်​ရှေ့​သို့​ထွက်​လာ​သ​ဖြင့်၊-
6 이르시되 내 말을 들으라 너희 중에 선지자가 있으면 나 여호와가 이상으로 나를 그에게 알리기도 하고 꿈으로 그와 말하기도 하거니와
``ငါ​မိန့်​တော်​မူ​သ​မျှ​ကို​နား​ထောင်​လော့။ သင် တို့​တွင်​ပ​ရော​ဖက်​များ​ရှိ​သော​အ​ခါ ငါ​သည် သူ​တို့​အား​အိပ်​မက်​အား​ဖြင့်​သော်​လည်း​ကောင်း၊ ရူ​ပါ​ရုံ​အား​ဖြင့်​သော်​လည်း​ကောင်း​ဗျာ​ဒိတ် ပေး​၏။-
7 내 종 모세와는 그렇지 아니하니 그는 나의 온 집에 충성됨이라
ငါ​၏​အ​စေ​ခံ​မော​ရှေ​သည်​ကား​ထို​ကဲ့​သို့ သော​ပ​ရော​ဖက်​မ​ဟုတ်။ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သူ​၏​လက်​ဝယ်​၌​ငါ​အပ်​ထား​ပြီ။-
8 그와는 내가 대면하여 명백히 말하고 은밀한 말로 아니하며 그는 또 여호와의 형상을 보겠거늘 너희가 어찌하여 내 종 모세 비방하기를 두려워 아니하느냐?
သို့​ဖြစ်​၍​ငါ​သည်​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍ ရှင်း​လင်း​ပြတ်​သား​စွာ​စ​ကား​ပြော​ဆို​၏။ စ​ကား​ဝှက်​ဖြင့်​ပြော​ဆို​လေ့​မ​ရှိ။ သူ​သည် ငါ​၏​ပုံ​သဏ္ဌာန်​တော်​ကို​ပင်​ဖူး​တွေ့​ခဲ့​ရ​၏။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​မော​ရှေ​ကို အ​ဘယ်​ကြောင့်​အ​ပြစ်​တင်​ပြော​ဆို​ဝံ့ သ​နည်း'' ဟု​မိန့်​တော်​မူ​၏။
9 여호와께서 그들을 향하여 진노하시고 떠나시매
ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​အ​မျက်​ထွက် တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ပြန်​လည်​ကြွ သွား​လျက်၊-
10 구름이 장막 위에서 떠나갔고 미리암은 문둥병이 들려 눈과 같더라 아론이 미리암을 본즉 문둥병이 들었는지라
၁၀တဲ​တော်​ပေါ်​မှ​မိုး​တိမ်​တက်​သွား​သည့်​အ​ခါ မိ​ရိ​အံ​တွင် ကြောက်​မက်​ဖွယ်​သော​ကိုယ်​ရေ​ပြား ရော​ဂါ​စွဲ​သ​ဖြင့်​တစ်​ကိုယ်​လုံး​ဆွတ်​ဆွတ်​ဖြူ လာ​လေ​၏။ အာ​ရုန်​သည်​မိ​ရိ​အံ​ကိုယ်​၌ ရော​ဂါ စွဲ​သည့်​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သော အ​ခါ၊-
11 아론이 이에 모세에게 이르되 `슬프다, 내 주여! 우리가 우매한 일을 하여 죄를 얻었으나 청컨대 그 허물을 우리에게 돌리지 마소서
၁၁မော​ရှေ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​မိုက်​မဲ သော​အ​ပြစ်​ကြောင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။-
12 그로 살이 반이나 썩고 죽어서 모태에서 나온 자 같이 되게 마옵소서!'
၁၂ဖွား​စ​က​ပင်​ကိုယ်​ခန္ဓာ​တစ်​ဝက်​ကို​ပုပ်​ပျက် သော အ​သေ​ကောင်​ကဲ့​သို့​မိ​ရိအံ​မ​ဖြစ်​ပါ စေ​နှင့်'' ဟု​တောင်း​ပန်​လေ​၏။
13 모세가 여호와께 부르짖어 가로되 `하나님이여! 원컨대 그를 고쳐 주옵소서!'
၁၃သို့​ဖြစ်​၍​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အို ဘု​ရား​သ​ခင်၊ မိ​ရိ​အံ​၏​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း လျှောက်​လေ​၏။
14 여호와께서 모세에게 이르시되 그의 아비가 그의 얼굴에 침을 뱉았을 지라도 그가 칠일간 부끄러워 하지 않겠느냐? 그런즉 그를 진 밖에 칠일을 가두고 그 후에 들어오게 할지니라 하시니
၁၄ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အ​ကယ်​၍ သူ​၏​ဖ​ခင်​သည်​သူ​၏​မျက်​နှာ​ကို​တံ​တွေး နှင့်​ထွေး​လျှင် သူ​သည်​ခု​နစ်​ရက်​ပတ်​လုံး အ​ရှက်​ခွဲ​ခြင်း​ခံ​ရ​မည်​မ​ဟုတ်​လော။ ထို ကြောင့်​သူ့​ကို​စ​ခန်း​အ​ပြင်​တွင်​ခု​နစ်​ရက် မျှ​သီး​ခြား​နေ​ထိုင်​စေ​လော့။ ရက်​စေ့​လျှင် သူ့​ကို​စ​ခန်း​အ​တွင်း​သို့​ပြန်​လည်​ခေါ်​ဆောင် ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
15 이에 미리암이 진 밖에 칠일동안 갇혔고 백성은 그를 다시 들어 오게 하기까지 진행치 아니하다가
၁၅ထို့​ကြောင့်​မိ​ရိ​အံ​ကို​စ​ခန်း​အ​ပြင်​သို့ ခု​နစ် ရက်​မျှ​သီး​ခြား​နေ​ထိုင်​ရန်​ထုတ်​ထား​ကြ​သည်။ သူ​စ​ခန်း​ထဲ​သို့​ပြန်​ရောက်​မှ​လူ​များ​တို့​သည် ခ​ရီး​ဆက်​ကြ​လေ​သည်။-
16 그 후에 백성이 하세롯에서 진행하여 바란 광야에 진을 치니라
၁၆ထို​နောက်​သူ​တို့​သည်​ဟာ​ဇ​ရုတ်​စ​ခန်း​မှ ထွက်​ခွာ​၍ ပါ​ရန်​ဟု​ခေါ်​သော​တော​ကန္တာ​ရ တွင်​စ​ခန်း​ချ​ကြ​လေ​သည်။

< 민수기 12 >