< Sofonias Propheta 2 >

1 Convenite, congregamini gens non amabilis:
အရှက်မရှိသော အမျိုးသားတို့၊ ကိုယ်ကို စစ် ကြောကြလော့။
2 Priusquam pariat iussio quasi pulverem transeuntem diem, antequam veniat super vos ira furoris Domini, antequam veniat super vos dies indignationis Domini.
အမိန့်တော်အတိုင်း မစီရင်၊ သင်တို့ အချိန်သည် ဖွဲကဲ့သို့မလွန်၊ ထာဝရဘုရား၏ပြင်းစွာသော အမျက် တော်သည် သင်တို့အပေါ်သို့မရောက်၊ ထာဝရဘုရား၏ အမျက်တော်နေ့သည် သင်တို့အပေါ်သို့ မရောက်မီ ကိုယ် ကို စစ်ကြောကြလော့။
3 Quærite Dominum omnes mansueti terræ, qui iudicium eius estis operati: quærite iustum, quærite mansuetum: si quomodo abscondamini in die furoris Domini.
တရားတော်အတိုင်း ကျင့်၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကို ရှာကြ လော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့ ၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြ လိမ့်မည်။
4 Quia Gaza destructa erit, et Ascalon in desertum, Azotum in meridie eiicient, et Accaron eradicabitur.
အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ၊ အာရှ ကေလုန်မြို့သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လိမ့်မည်။ အာဇုတ်မြို့သားတို့ကို မွန်းတည့်အချိန်၌ နှင်ထုတ်၍၊ ဧကြုန်မြို့ကိုလည်း ဖြိုဖျက်ကြလိမ့်မည်။
5 Væ qui habitatis funiculum maris, gens perditorum: verbum Domini super vos Chanaan terra Philisthinorum, et disperdam te, ita ut non sit inhabitator.
အို ပင်လယ်ကမ်းနားမှာ နေသော ခေရသိ အမျိုးသားတို့၊ သင်တို့ တဘက်၌ ထာဝရဘုရား၏ နှုတ် ကပတ်တော်ရှိ၏။ အို ဖိလိတ္တိလူနေရာ ခါနာန်ပြည်၊ သင်၌ အဘယ်သူမျှ မနေစေခြင်းငှါ ငါသုတ်သင်မည်။
6 Et erit funiculus maris requies pastorum, et caulæ pecorum:
ပင်လယ်ကမ်းနား အရပ်သည် ကျက်စားရာ၊ သိုးထိန်းမှီခိုရာ၊ သိုးခြံလုပ်စရာဘို့ ဖြစ်လိမ့်မည်။
7 et erit funiculus eius qui remanserit de domo Iuda: ibi pascentur, in domibus Ascalonis ad vesperam requiescent: quia visitabit eos Dominus Deus eorum, et avertet captivitatem eorum.
ပင်လယ်ကမ်းသည်လည်း ကျန်ကြွင်းသော ယုဒ အမျိုးသားတို့အဘို့ဖြစ်၍၊ သူတို့သည် ထိုအရပ်၌ ကျက်စားကြလိမ့်မည်။ ညအချိန်၌လည်း အာရှကေလုန် မြို့ရာအိမ်တို့၌ အိပ်ကြလိမ့်မည်။ သူတို့၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ၍၊ သိမ်း သွားခြင်းဘေးကို ပယ်ရှင်းတော်မူလိမ့်မည်။
8 Audivi opprobrium Moab, et blasphemias filiorum Ammon: quæ exprobraverunt populo meo, et magnificati sunt super terminos eorum.
မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ငါ၏လူမျိုးကို ကဲ့ရဲ့အပြစ်တင်၍၊ ငါ၏လူနေရာတဘက်၌ ဝါကြွားသော စကားကို ငါကြားပြီ။
9 Propterea vivo ego, dicit Dominus exercituum Deus Israel, quia Moab ut Sodoma erit, et filii Ammon quasi Gomorrha, siccitas spinarum, et acervi salis, et desertum usque in æternum: reliquiæ populi mei diripient eos, et residui gentis meæ possidebunt illos.
သို့ဖြစ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား၊ မောဘပြည်နှင့် အမ္မုန်ပြည်သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ်၊ ဆားချက်ဘို့ မြေတူးရာအရပ်၊ အစဉ်အမြဲပျက်စီးရာ အရပ်ဖြစ်၍၊ ကျန်ကြွင်းသော ငါ၏လူ၊ ငါ၏အမျိုးသားတို့သည် လုယူ သိမ်းစားကြလိမ့်မည်။
10 Hoc eis eveniet pro superbia sua: quia blasphemaverunt, et magnificati sunt super populum Domini exercituum.
၁၀ထိုသူတို့သည် မာနကြီးသော သူဖြစ်၍၊ ကဲ့ရဲ့ လျက်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ လူမျိုး တဘက်၌ ဝါကြွားသောကြောင့် ထိုသို့သော အပြစ်ကို ခံရကြလိမ့်မည်။
11 Horribilis Dominus super eos, et attenuabit omnes deos terræ: et adorabunt eum viri de loco suo, omnes insulæ Gentium.
၁၁ထာဝရဘုရားသည် သူတို့တဘက်၌ ကြောက် မက်ဘွယ်ဖြစ်၍၊ လောကီဘုရားရှိသမျှတို့ကို အငတ်ထား တော်မူလိမ့်မည်။ တပါးအမျိုးသားနေရာ ကျွန်းရှိသမျှတို့ သည် အသီးအသီး မိမိတို့အရပ်၌ ရှိခိုးကြလိမ့်မည်။
12 Sed et vos Æthiopes interfecti gladio meo eritis.
၁၂အို ကုရှပြည်သားတို့၊ သင်တို့သည်လည်း ငါ့ထား ဖြင့် အသေခံရကြလိမ့်မည်။
13 Et extendet manum suam super Aquilonem, et perdet Assur: et ponet Speciosam in solitudinem, et in invium, et quasi desertum.
၁၃မြောက်မျက်နှာကိုလည်း တိုက်၍ အာရှုရိပြည် ကို ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ်၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သော အရပ်ဖြစ်စေ တော်မူမည်။
14 Et accubabunt in medio eius greges, omnes bestiæ Gentium: et onocrotalus, et ericius in liminibus eius morabuntur: vox cantantis in fenestra, corvus in superliminari, quoniam attenuabo robur eius.
၁၄မြို့အလယ်၌ သိုးစုများနှင့် တပါးအမျိုးသားရဲ အပေါင်းတို့သည် အိပ်ကြလိမ့်မည်။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုပ်၌ နေရာကျ၍ ပြတင်းပေါက်၌ မြည်ကြလိမ့် မည်။ တံခါးခုံတို့သည် လူဆိတ်ညံလျက်၊ အာရဇ်သစ်သား ၌ အပြော်ပယ်ရှင်းလျက် ရှိလိမ့်မည်။
15 Hæc est civitas gloriosa habitans in confidentia: quæ dicebat in corde suo: Ego sum, et extra me non est alia amplius: quomodo facta est in desertum cubile bestiæ? omnis, qui transit per eam, sibilabit, et movebit manum suam.
၁၅ထိုမြို့က၊ ငါရှိ၏။ ငါမှတပါး အဘယ်သူမျှ မရှိ ဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲအိပ်ရာ သူအပေါင်းတို့သည် ကဲ့ရဲ့သံ ကို ပြု၍ လက်ဖျားခါကြလိမ့်မည်။

< Sofonias Propheta 2 >