< Ii Paralipomenon 5 >

1 intulit igitur Salomon omnia quae voverat David pater suus argentum et aurum et universa vasa posuit in thesauris domus Dei
ထိုသို့ရှောလမုန်သည် ထာဝရဘုရား၏ အိမ်တော်အဘို့ ပြုလုပ်စီရင်သမျှ အလုံးစုံတို့ကို လက် စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာ များတို့ဆောင်ခဲ့၍ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာစုထဲ မှာသွင်းထားလေ၏။
2 post quae congregavit maiores natu Israhel et cunctos principes tribuum et capita familiarum de filiis Israhel in Hierusalem ut adducerent arcam foederis Domini de civitate David quae est Sion
ထိုအခါထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကို၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှာ ဆောင်ခဲ့လိုသော ငှါ၊ ရှောလမုန်သည်။ ဣသရေလအသက်ကြီးသူ အပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သောခေါင်းမင်းအပေါင်းတို့ကို၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း၊
3 venerunt igitur ad regem omnes viri Israhel in die sollemni mensis septimi
ဣသရေလလူအပေါင်းတို့သည်၊ သတ္တမလ၌ လုပ်သော ပွဲအတွင်းတွင်၊ ရှင်ဘုရင်ထံတော်သို့ စုဝေး ရောက်လာကြ၏။
4 cumque venissent cuncti seniorum Israhel portaverunt Levitae arcam
ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ သည် လာ၍ လေဝိသားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းလျက်၊
5 et intulerunt eam et omnem paraturam tabernaculi porro vasa sanctuarii quae erant in tabernaculo portaverunt sacerdotes cum Levitis
ပရိသတ်စည်းဝေးရာတဲတော်၊ တဲတော်နှင့် ဆိုင် ၍၊ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရောဟိတ် များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။
6 rex autem Salomon et universus coetus Israhel et omnes qui fuerant congregati ante arcam immolabant arietes et boves absque ullo numero tanta enim erat multitudo victimarum
ရှောလမုန်မင်းကြီးမှစ၍ သေတ္တာတော်ရှေ့မှာ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်၊ အတိုင်းမသိ များစွာသော သိုးနွားတို့ကို ယဇ်ပူဇော်ကြ၏။
7 et intulerunt sacerdotes arcam foederis Domini in locum suum id est ad oraculum templi in sancta sanctorum subter alas cherubin
ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ၊ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ ၏။
8 ita ut cherubin expanderent alas suas super locum in quo posita erat arca et ipsam arcam tegerent cum vectibus eius
ခေရုဗိမ်တို့သည် မိမိအတောင်ကို သေတ္တာတော် နေရာအပေါ်မှာ ဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက်ရှိကြ၏။
9 vectium autem quibus portabatur arca quia paululum longiores erant capita parebant ante oraculum si vero quis paululum fuisset extrinsecus eos videre non poterat fuit itaque arca ibi usque in praesentem diem
ထမ်းဘိုးတို့ကို ဆွဲထားသဖြင့်၊ ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း၌ မထင်၊ သေတ္တာတော်ရှေ့ ဗျာဒိတ်ဌာန တော်၌သာ ထင်၍ယနေ့တိုင်အောင် ရှိကြ၏။
10 nihilque erat aliud in arca nisi duae tabulae quas posuerat Moses in Horeb quando legem dedit Dominus filiis Israhel egredientibus ex Aegypto
၁၀ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ သောအခါ၊ မောရှေသည် ဟောရဂပ်အရပ်၌ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါးသေတ္တာတော်ထဲ၌ အဘယ်အရာမရှိ။
11 egressis autem sacerdotibus de sanctuario omnes enim sacerdotes qui ibi potuerant inveniri sanctificati sunt nec adhuc illo tempore vices et ministeriorum ordo inter eos divisus erat
၁၁ထိုအခါစည်းဝေးသော ယဇ်ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မစောင့်၊ ရှိသမျှ တို့သည် သန့်ရှင်းသည်ဖြစ်၍ သန့်ရှင်းရာဌာနထဲက ထွက်ပြီးလျှင်၊
12 tam Levitae quam cantores id est et qui sub Asaph erant et qui sub Heman et qui sub Idithun filii et fratres eorum vestiti byssinis cymbalis et psalteriis et citharis concrepabant stantes ad orientalem plagam altaris cumque eis sacerdotes centum viginti canentes tubis
၁၂သီချင်းဆိုသော လေဝိသားအာသပ်တပည့်၊ ဟေမန်တပည့်၊ ယေဒုသုန်တပည့်အပေါင်းတို့သည် အမျိုးသားချင်းများနှင့်တကွ ပိတ်ဖြူကို ဝတ်ဆင်၍၊ ခွက်ကွင်းစောင်းတယောကို ကိုင်လျက် ယဇ်ပလ္လင်အရှေ့ ဘက်၌ ရပ်နေကြ၏။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ် တရာနှစ်ဆယ်တို့သည်လည်း၊
13 igitur cunctis pariter et tubis et voce et cymbalis et organis et diversi generis musicorum concinentibus et vocem in sublime tollentibus longe sonitus audiebatur ita ut cum Dominum laudare coepissent et dicere confitemini Domino quoniam bonus quoniam in aeternum misericordia eius impleretur domus Domini nube
၁၃သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင်၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှါ၊ တညီတညွတ်တည်း အသံပြိုင်လျက်၊ ကောင်းမြတ်တော် မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုး ခွက်ကွင်းအစရှိသောတုရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရ ဘုရား၏အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။
14 nec possent sacerdotes stare et ministrare propter caliginem conpleverat enim gloria Domini domum Dei
၁၄ထိုသို့ဘုရားသခင်၏ အိမ်တော်သည် ထာဝရ ဘုရား၏ ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော် ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်လျက်ရပ်၍ မနေနိုင်ကြ။

< Ii Paralipomenon 5 >