< Amos Propheta 7 >

1 haec ostendit mihi Dominus Deus et ecce fictor lucustae in principio germinantium serotini imbris et ecce serotinus post tonsorem regis
တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ ရှင်ဘုရင် ဆိုင်သော မြက်ပင်ကို ရိတ်ပြီးမှ၊ နောက်မြက်ပင်ပေါက်စကာလ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ၏။
2 et factum est cum consummasset comedere herbam terrae et dixi Domine Deus propitius esto obsecro quis suscitabit Iacob quia parvulus est
ထိုကျိုင်းကောင်တို့သည် တပြည်လုံး၌ရှိသော မြက်ပင်ကိုစား၍ ကုန်ပြီးမှငါက၊ အိုအရှင်ထာဝရဘုရား၊ အပြစ်မှ လွတ်တော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့်၊ အဘယ်သို့ ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊
3 misertus est Dominus super hoc non erit dixit Dominus
ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။
4 haec ostendit mihi Dominus Deus et ecce vocabat iudicium ad ignem Dominus Deus et devoravit abyssum multam et comedit simul partem
တဖန် အရှင်ထာဝရဘုရားသည် ငါ့အားပြတော်မူသော ရူပါရုံဟူမူကား၊ မီးဖြင့် ဒဏ်ပေးခြင်းငှါ မီးကို ခေါ်တော်မူ၍၊ မဟာသမုဒ္ဒရာကို မီးလောင်လေ၏။ ကုန်းကိုလည်း လောင်လေ၏။
5 et dixi Domine Deus quiesce obsecro quis suscitabit Iacob quia parvulus est
ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ ဆိုင်းတော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့် အဘယ်သို့ ထရ ပါလိမ့်မည်နည်းဟု လျှောက်သော်၊
6 misertus est Dominus super hoc sed et istud non erit dixit Dominus Deus
အရှင်ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။
7 haec ostendit mihi et ecce Dominus stans super murum litum et in manu eius trulla cementarii
တဖန် ပြတော်မူသော ရူပါရုံဟူမူကား၊ ချိန်ကြိုး ချ၍လုပ်သော ကျောက်ရိုးပေါ်မှာ ထာဝရဘုရားသည် ရပ်လျက်၊ လက်တော်၌ ချိန်ကြိုးကို ကိုင်လျက်၊
8 et dixit Dominus ad me quid tu vides Amos et dixi trullam cementarii et dixit Dominus ecce ego ponam trullam in medio populi mei Israhel non adiciam ultra superinducere eum
အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ ချိန်ကြိုးကို မြင်ပါသည်ဟု လျှောက်သော်၊ ဘုရားရှင်က၊ ငါ၏လူဣသရေလအမျိုး အလယ်၌ ချိန်ကြိုးကို ငါချမည်။ နောက်တဖန် သူတို့ကို သည်းမခံ။
9 et demolientur excelsa idoli et sanctificationes Israhel desolabuntur et consurgam super domum Hieroboam in gladio
ဣဇာက်၏မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက်၊ ဣသရေလ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးကိုလည်း ထားနှင့်ငါတိုက်မည်ဟု မိန့်တော်မူ၏။
10 et misit Amasias sacerdos Bethel ad Hieroboam regem Israhel dicens rebellavit contra te Amos in medio domus Israhel non poterit terra sustinere universos sermones eius
၁၀ထိုအခါ ဗေသလယဇ်ပုရောဟိတ်အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့ စေလွှတ်၍၊ အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော် တဘက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ။ သူ၏ စကားအလုံးစုံတို့ကို ပြည်တော်သည် မခံနိုင်ပါ။
11 haec enim dicit Amos in gladio morietur Hieroboam et Israhel captivus migrabit de terra sua
၁၁ယေရောဗောင်သည် ထားဖြင့် သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက် နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမုတ်ဆိုတတ်ပါသည်ဟု လျှောက်လေ၏။
12 et dixit Amasias ad Amos qui vides gradere fuge in terram Iuda et comede ibi panem et ibi prophetabis
၁၂အာမုတ်ကိုလည်းခေါ်၍၊ အိုပရောဖက်၊ ယုဒပြည်သို့ ပြေးသွားလော့။ ထိုပြည်မှာ ပရောဖက်ပြု၍ အသက်မွေးလော့။
13 et in Bethel non adicies ultra ut prophetes quia sanctificatio regis est et domus regni est
၁၃နောက်တဖန်ဗေသလမြို့တဘက်၌ ပရောဖက် မပြုနှင့်။ ရှင်ဘုရင်၏ သန့်ရှင်းရာဌာနတော် ဖြစ်၏။ နန်းတော်တည်ရာမြို့လည်း ဖြစ်၏ဟု ဆိုလျှင်၊
14 et respondit Amos et dixit ad Amasiam non sum propheta et non sum filius prophetae sed armentarius ego sum vellicans sycomoros
၁၄အာမုတ်က၊ ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်ဘဲ၊ နွားကျောင်းသောသူ၊ သဖန်း သီးကို ဆွတ်သောသူဖြစ်စဉ်အခါ၊
15 et tulit me Dominus cum sequerer gregem et dixit ad me Dominus vade propheta ad populum meum Israhel
၁၅ထာဝရဘုရားသည် နွားကျောင်းရာမှ ငါ့ကို နှုတ်ယူ၍၊ သင်သွားလော့။ ငါ၏လူဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ဟု မိန့်တော်မူ၏။
16 et nunc audi verbum Domini tu dicis non prophetabis super Israhel et non stillabis super domum idoli
၁၆သို့ဖြစ်၍၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ ဣသရေလအမျိုးတဘက်၌ ပရောဖက် မပြုနှင့်၊ ဣဇာက်အမျိုးတဘက်၌ မမြွက်နှင့်ဟု သင်ဆိုသော်၊
17 propter hoc haec dicit Dominus uxor tua in civitate fornicabitur et filii tui et filiae tuae in gladio cadent et humus tua funiculo metietur et tu in terra polluta morieris et Israhel captivus migrabit de terra sua
၁၇ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏ မယားသည် ပြည်တန်ဆာဖြစ်လိမ့်မည်။ သူတပါးတို့သည် သင်၏မြေကို ကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသော ပြည်၌ သေရလိမ့်မည်။ ဣသရေလ အမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။

< Amos Propheta 7 >