< Jeremiæ 9 >

1 quis dabit capiti meo aquam et oculis meis fontem lacrimarum et plorabo die et nocte interfectos filiae populi mei
ငါ ၏လူမျိုး သတို့သမီး နှင့်ဆိုင်သော အသေ ကောင်များအတွက်၊ ငါသည်နေ့ ညဉ့် မပြတ် ငို ရမည် အကြောင်း၊ ငါ့ ဦးခေါင်း သည် ရေ သက်သက်၊ ငါ့ မျက်စိ တို့ သည် မျက်ရည် ထွက်သော စမ်း ဖြစ်ပါစေသော။
2 quis dabit me in solitudine diversorium viatorum et derelinquam populum meum et recedam ab eis quia omnes adulteri sunt coetus praevaricatorum
ငါသည် ငါ ၏ လူမျိုး ကို စွန့် ၍ ထွက်သွား နိုင် အောင် တော ၌ တဲ စားခန်းရှိပါစေသော။ အကြောင်း မူကား ၊ ထိုသူ အပေါင်း တို့သည် သူ့ မယားကို ပြစ်မှားသောသူ ၊ သစ္စာ ပျက်သော အစည်း အဝေးဖြစ်ကြ၏။
3 et extenderunt linguam suam quasi arcum mendacii et non veritatis confortati sunt in terra quia de malo ad malum egressi sunt et me non cognoverunt dicit Dominus
သူတို့သည် မိမိ တို့လျှာ တည်းဟူသောလေး ကို မုသာ နှင့် တင် ကြ၏။ သစ္စာ တရားကို အမှီ မ ပြုဘဲ မြေကြီး ပေါ် မှာ လူကြီး ဖြစ်ကြ၏။ အကယ် စင်စစ်ဆိုး သောအမှုအပေါ် မှာ ဆိုး သောအမှု ကို ထပ်၍ပြု ကြ၏။ ငါ့ ကိုလည်း မ သိ မမှတ်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။
4 unusquisque se a proximo suo custodiat et in omni fratre suo non habeat fiduciam quia omnis frater subplantans subplantabit et omnis amicus fraudulenter incedet
လူတိုင်းမိမိ အပေါင်း အဘော်ကို သတိပြု လော့။ မိမိ ညီအစ်ကို ကို မ ယုံ ကြနှင့်။ ညီအစ်ကို တိုင်း မိမိ ညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်း အဘော်ရှိသမျှ တို့သည် သူ့အသရေ ကို ဖျက်မြဲ ဖျက်ကြ လိမ့်မည်။
5 et vir fratrem suum deridebit et veritatem non loquentur docuerunt enim linguam suam loqui mendacium ut inique agerent laboraverunt
အပေါင်း အဘော်ရှိသမျှတို့သည် တယောက်ကို တယောက် လှည့်စား ကြလိမ့်မည်။ သစ္စာ စကားကို မ ပြော ဘဲ မုသာ စကားကိုပြော ခြင်းငှါမိမိ တို့လျှာ ကို သွန်သင် ကြပြီ။ မတရား သောအမှုကို ပြုသောအားဖြင့် ကိုယ်ကို ကိုယ် ပင်ပန်း စေကြပြီ။
6 habitatio tua in medio doli in dolo rennuerunt scire me dicit Dominus
သင် ၏ နေ ရာသည် မုသာ အရပ် ၌ ရှိ၏။ အရပ် သားတို့သည် မုသာ ကြောင့် ငါ့ ကိုမ သိ လိုဟု ထာဝရဘုရား မိန့် တော်မူ၏။
7 propterea haec dicit Dominus exercituum ecce ego conflabo et probabo eos quid enim aliud faciam a facie filiae populi mei
သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည်သူ တို့ကို အရည်ကျို ၍ စုံစမ်း မည်။ သို့မဟုတ်၊ ငါ ၏လူမျိုး သတို့သမီး ၌ အဘယ်သို့ ငါပြု ရမည်နည်း။
8 sagitta vulnerans lingua eorum dolum locuta est in ore suo pacem cum amico suo loquitur et occulte ponit ei insidias
သူ တို့လျှာ သည် သေ စေတတ်သောမြှား ဖြစ်၏။ ပရိယာယ် စကားကို ပြော တတ်၏။ အပေါင်း အဘော်ချင်း တို့သည် နှုတ် ဖြင့် လောက ဝတ်စကားကိုပြော ၍၊ နှလုံး ဖြင့် ချောင်းမြောင်း တတ်ကြ၏။
9 numquid super his non visitabo dicit Dominus aut in gentem huiuscemodi non ulciscetur anima mea
ထိုသို့ သော အပြစ်တို့ကို ငါမ စစ်ကြော ဘဲနေရ မည်လော။ ထို သို့သော အမျိုး ကို ဒဏ် ပေး၍၊ ငါ့ စိတ်ချင်ရဲ မ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
10 super montes adsumam fletum ac lamentum et super speciosa deserti planctum quoniam incensa sunt eo quod non sit vir pertransiens et non audierunt vocem possidentis a volucre caeli usque ad pecora transmigraverunt et recesserunt
၁၀တောင် များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေး မြည်တမ်း ခြင်းကို ပြု ရမည်။ ထိုအရပ်တို့၌ မီးလောင် သောကြောင့် ၊ လူသည်မရှောက် မသွားရ။ သိုး နွား မြည်သံ ကို မ ကြား ရ။ မိုဃ်းကောင်းကင် ငှက် နှင့် သားရဲ တို့သည် ထွက် ပြေးရကြပြီ။
11 et dabo Hierusalem in acervos harenae et cubilia draconum et civitates Iuda dabo in desolationem eo quod non sit habitator
၁၁ငါသည် ယေရုရှလင် မြို့ကို အမှိုက် ပုံ၊ မြေခွေး နေရာတွင်း ဖြစ် စေမည်။ ယုဒ မြို့ ရွာတို့ကိုလည်း ၊ လူ ဆိတ်ညံ ရာအရပ်ဖြစ် စေမည်။
12 quis est vir sapiens qui intellegat hoc et ad quem verbum oris Domini fiat ut adnuntiet istud quare perierit terra exusta sit quasi desertum eo quod non sit qui pertranseat
၁၂ဤ အမှုကိုနားလည် နိုင်သော ပညာရှိ ကား၊ အဘယ်သူ နည်း။ ထာဝရဘုရား ၏ နှုတ် တော်ထွက် ကိုခံ၍၊ ဤအမှု၏အကြောင်း ကို ပြော နိုင်သော သူ ကား၊ အဘယ် သူနည်း။ အဘယ်သူမျှရှောက် ၍မသွားနိုင်အောင်၊ တပြည် လုံးသည် တော ကဲ့သို့ မီးလောင်၍၊ အဘယ်ကြောင့် ပျက်စီး သနည်း။
13 et dixit Dominus quia dereliquerunt legem meam quam dedi eis et non audierunt vocem meam et non ambulaverunt in ea
၁၃ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့သည် ငါ့ စကား ကို နား မ ထောင်၊ သူ တို့၌ ငါပေး သော တရား ကို မ ကျင့် မစောင့်ဘဲ စွန့်ပစ် ၍ ၊
14 et abierunt post pravitatem cordis sui et post Baalim quos didicerunt a patribus suis
၁၄မိမိ တို့ စိတ် နှလုံးခိုင်မာ ခြင်းသို့ ၎င်း ၊ မိရိုး ဘလာအတိုင်း ဗာလ ဘုရားတို့နောက် သို့၎င်း လိုက် ကြသောကြောင့် ၊
15 idcirco haec dicit Dominus exercituum Deus Israhel ecce ego cibabo eos populum istum absinthio et potum dabo eis aquam fellis
၁၅ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူ တို့ကို ဒေါန နှင့် ငါ ကျွေး မည်။ ဆေးခါး နှင့်ရောသော ရေ ကို တိုက် မည်။
16 et dispergam eos in gentibus quas non noverunt ipsi et patres eorum et mittam post eos gladium donec consumantur
၁၆သူတို့မ သိ ၊ ဘိုးဘေး မသိဘူးသော လူမျိုး တို့တွင် အရပ်ရပ်၌ ကွဲပြား စေမည်။ ရှင်းရှင်းမ ဖျက်ဆီး မှီတိုင်အောင်၊ သူ တို့နောက် သို့ ထား ဘေးကို စေလွှတ် မည်။
17 haec dicit Dominus exercituum contemplamini et vocate lamentatrices et veniant et ad eas quae sapientes sunt mittite et properent
၁၇ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဆင်ခြင် ကြလော့၊ ငိုခြင်းသည် မတို့ကိုခေါ် ၍ လာ ကြစေ။ လိမ္မာ သော မိန်းမတို့ ရှိရာသို့ စေလွှတ် ၍ လာကြစေ။
18 festinent et adsumant super nos lamentum deducant oculi nostri lacrimas et palpebrae nostrae defluant aquis
၁၈ငါ တို့သည် မျက်ရည် ကျ ၍ ၊ မျက်ခမ်း ထဲက တွေတွေစီး ထွက်စေခြင်းငှါ၊ ထိုမိန်းမတို့သည် အလျင် အမြန် ပြု၍ ၊ ငါ တို့အတွက် ငိုကြွေး ခြင်းကို ပြု ကြစေ။
19 quia vox lamentationis audita est de Sion quomodo vastati sumus et confusi vehementer quia dereliquimus terram quoniam deiecta sunt tabernacula nostra
၁၉နားထောင်ကြ။ ဇိအုန် မြို့၌ ကြား ရသောငိုကြွေး သံ ဟူမူကား၊ ငါတို့သည် အဘယ် မျှလောက်လုယူ ဖျက်ဆီးခြင်းကိုခံရသည်တကား။ သူတပါးတို့သည် ငါ တို့ နေရာ များကို ဖြိုချ သောကြောင့် ၊ ငါတို့သည် ကိုယ်ပြည် ကို စွန့် ၍ အလွန် မိန်းမော တွေဝေကြသည်တကား။
20 audite ergo mulieres verbum Domini et adsumat auris vestra sermonem oris eius et docete filias vestras lamentum et unaquaeque proximam suam planctum
၂၀အိုမိန်းမ တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ၍ ၊ နှုတ် တော်ထွက်ကို နာယူ ကြလော့။ သင် တို့၏ သမီး တို့အား ငိုကြွေး ခြင်းကို၎င်း ၊ အသီးအသီး အပေါင်း အဘော်တို့အား မြည်တမ်း ခြင်းကို၎င်းသွန်သင် ကြလော့။
21 quia ascendit mors per fenestras nostras ingressa est domos nostras disperdere parvulos de foris iuvenes de plateis
၂၁သေ မင်းသည် ငါ တို့ပြတင်းပေါက် သို့ တက် ၍၊ ငါ တို့ဘုံ ဗိမာန်ထဲသို့ ဝင် သဖြင့် ၊ သူငယ် များကို လမ်း မှ ပယ်ရှင်း ၍၊ လူပျို များကို ပွဲ သဘင်ထဲက ဖျက်ဆီးလေပြီ။
22 loquere haec dicit Dominus et cadet morticinum hominis quasi stercus super faciem regionis et quasi faenum post tergum metentis et non est qui colligat
၂၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ သေ ကောင်တို့သည် လယ် ပြင် ၌ နောက်ချေး ကဲ့သို့ ၎င်း ၊ သိမ်း သူမ ရှိ၊ ရိတ် သောသူနောက် မှာ ကျန်ရစ်သော ကောက် လှိုင်းကဲ့သို့ ၎င်း ကျနေ ကြလိမ့်မည်ဟု ကြား ပြောလော့။
23 haec dicit Dominus non glorietur sapiens in sapientia sua et non glorietur fortis in fortitudine sua et non glorietur dives in divitiis suis
၂၃ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပညာရှိ သောသူသည် မိမိ ပညာ ၌ မ ဝါကြွား စေနှင့်။ ခွန်အား ကြီးသောသူသည် မိမိ ခွန်အား ၌ မ ဝါကြွား စေနှင့်။ ဥစ္စာ ရတတ်သောသူသည် မိမိ ဥစ္စာ ၌ မ ဝါကြွား စေနှင့်။
24 sed in hoc glorietur qui gloriatur scire et nosse me quia ego sum Dominus qui facio misericordiam et iudicium et iustitiam in terra haec enim placent mihi ait Dominus
၂၄ဝါကြွား သောသူ မည်သည်ကား၊ ငါသည် မြေကြီး ပေါ် မှာ ချစ် သနားခြင်း၊ တရား သဖြင့် စီရင်ခြင်း၊ ဖြောင့်မတ် ခြင်းကို ပြု သောထာဝရ ဘုရား ဖြစ်ကြောင်း တည်းဟူသော၊ ငါ့ သဘောကို သိ နားလည် ခြင်း၌သာ ဝါကြွား စေ။ ငါသည် ထို အရာတို့၌ မွေ့လျော် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
25 ecce dies veniunt dicit Dominus et visitabo super omnem qui circumcisum habet praeputium
၂၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရေဖျား လှီး ခြင်းကိုခံ သောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊
26 super Aegyptum et super Iudam et super Edom et super filios Ammon et super Moab et super omnes qui adtonsi sunt in comam habitantes in deserto quia omnes gentes habent praeputium omnis autem domus Israhel incircumcisi sunt corde
၂၆အဲဂုတ္တု လူ၊ ယုဒ လူ၊ ဧဒုံ လူ၊ အမ္မုန် အမျိုးသား ၊ မောဘ အမျိုးသား၊ ပါးမုန်း ကိုရိတ် တတ်သော လူမျိုး၊ တော ၌ နေ သောသူအပေါင်း တို့ကို ငါဆုံးမ ရသော အချိန် ကာလ ရောက် လိမ့်မည်။ တပါးအမျိုးသား အပေါင်း တို့သည် အရေဖျား လှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလ အမျိုးသား အပေါင်း တို့သည်လည်း ၊ စိတ်နှလုံး အားဖြင့်အရေဖျား လှီးခြင်းကို မခံသောသူဖြစ်ကြ၏။

< Jeremiæ 9 >