< Leviticus 7 >

1 haec quoque est lex hostiae pro delicto sancta sanctorum est
ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။
2 idcirco ubi immolatur holocaustum mactabitur et victima pro delicto sanguis eius per gyrum fundetur altaris
မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ဒုစရိုက်ဖြေသော ယဇ်ကောင်ကို သတ်၍ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
3 offerent ex ea caudam et adipem qui operit vitalia
အမြီးနှင့်တကွ အအူကို ဖုံးသောဆီဥ၊
4 duos renunculos et pinguedinem quae iuxta ilia est reticulumque iecoris cum renunculis
ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ ဆက်လျှင်၊-
5 et adolebit ea sacerdos super altare incensum est Domini pro delicto
ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း။
6 omnis masculus de sacerdotali genere in loco sancto vescetur his carnibus quia sanctum sanctorum est
အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။
7 sicut pro peccato offertur hostia ita et pro delicto utriusque hostiae lex una erit ad sacerdotem qui eam obtulerit pertinebit
အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏ တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။
8 sacerdos qui offert holocausti victimam habebit pellem eius
လူတစုံတယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သော ယဇ်ကောင်အရေကိုယူရမည်။
9 et omne sacrificium similae quod coquitur in clibano et quicquid in craticula vel in sartagine praeparatur eius erit sacerdotis a quo offertur
မီးဖို၌ ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော် သော ယဇ်ပုရောဟိတ်သည် ယူရမည်။
10 sive oleo conspersa sive arida fuerit cunctis filiis Aaron aequa mensura per singulos dividetur
၁၀ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အာရုန်၏ သားအပေါင်း တို့သည် အညီအမျှ ယူရကြရမည်။
11 haec est lex hostiae pacificorum quae offertur Domino
၁၁ထာဝရဘုရားအား ပြုရသော မိဿဟာယယဇ် ပူဇော်ခြင်းတရားဟူမူကား၊
12 si pro gratiarum actione fuerit oblatio offerent panes absque fermento conspersos oleo et lagana azyma uncta oleo coctamque similam et collyridas olei admixtione conspersas
၁၂ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်လျှင်၊ ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့ မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့် လုပ်၍ ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
13 panes quoque fermentatos cum hostia gratiarum quae immolatur pro pacificis
၁၃ထိုမုန့်ပြားမှ တပါး၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသော မုန့်ကိုလည်း ပူဇော်ရမည်။
14 ex quibus unus pro primitiis offeretur Domino et erit sacerdotis qui fundet hostiae sanguinem
၁၄ပူဇော်သက္ကာရှိမျှအထဲက မုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ် ပုရောဟိတ်ယူရမည်။
15 cuius carnes eadem comedentur die nec remanebit ex eis quicquam usque mane
၁၅ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သော မိဿဟာယယဇ်အသားကို၊ ပူဇော်သော နေ့ခြင်းတွင် စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။
16 si voto vel sponte quisquam obtulerit hostiam eadem similiter edetur die sed et si quid in crastinum remanserit vesci licitum est
၁၆သို့မဟုတ် သစ္စာပြု၍ ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သော နေ့ခြင်းတွင်၊ ယဇ်အသားကို စား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။
17 quicquid autem tertius invenerit dies ignis absumet
၁၇ကြွင်းသေးသော အသားကိုလည်း သန်ဘက်နေ့၌ မီးရှို့ရမည်။
18 si quis de carnibus victimae pacificorum die tertio comederit irrita fiet oblatio nec proderit offerenti quin potius quaecumque anima tali se edulio contaminarit praevaricationis rea erit
၁၈မိဿဟာယယဇ် အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌ စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သော သူသည် အကျိုးကိုမရ။ ရွံရှာဘွယ် ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည်။
19 caro quae aliquid tetigerit inmundum non comedetur sed conburetur igni qui fuerit mundus vescetur ea
၁၉မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ။ မီးရှို့ရမည်။ စင်ကြယ်သော သူတို့သာ လျှင် ထိုယဇ်သားကို စားရကြမည်။
20 anima polluta quae ederit de carnibus hostiae pacificorum quae oblata est Domino peribit de populis suis
၂၀ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိ လျက်နှင့် စားမိ၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။
21 et quae tetigerit inmunditiam hominis vel iumenti sive omnis rei quae polluere potest et comederit de huiuscemodi carnibus interibit de populis suis
၂၁အကြင်သူသည်လည်း၊ လူ၌ မစင်ကြယ်သော အရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သော ပိုးရွအစ ရှိသော၊ မစင်ကြယ်သောအရာ တစုံတခုကို ထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို စား၏ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
22 locutusque est Dominus ad Mosen dicens
၂၂တဖန် မောရှေအား ထာဝရဘုရားက၊ - သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်မစားရ၊
23 loquere filiis Israhel adipem bovis et ovis et caprae non comedetis
၂၃
24 adipem cadaveris morticini et eius animalis quod a bestia captum est habebitis in usus varios
၂၄အလိုလိုသေသော တိရစ္ဆာန်ဆီဥ၊ သားရဲကိုက်၍ သေသော တိရစ္ဆာန်ဆီဥကို အခြားသို့ သုံးရသော် လည်း၊ အလျှင်းမစားရ။-
25 si quis adipem qui offerri debet in incensum Domini comederit peribit de populo suo
၂၅အကြင်သူသည် ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။
26 sanguinem quoque omnis animalis non sumetis in cibo tam de avibus quam de pecoribus
၂၆သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကို မစားရ။
27 omnis anima quae ederit sanguinem peribit de populis suis
၂၇အကြင်သူသည် တစုံတခုသော အသွေးကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
28 locutus est Dominus ad Mosen dicens
၂၈တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိဿဟာယ ယဇ်ကို ပူဇော်သောသူသည်၊
29 loquere filiis Israhel qui offert victimam pacificorum Domino offerat simul et sacrificium id est libamenta eius
၂၉မိမိပူဇော်သော ယဇ်အထဲက၊ ထာဝရ ဘုရားအား ဆက်ဘို့ရာ ဆောင်ခဲ့ရမည်။
30 tenebit manibus adipem hostiae et pectusculum cumque ambo oblata Domino consecrarit tradet sacerdoti
၃၀ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသော မီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင်ခဲ့ရမည်။ -
31 qui adolebit adipem super altare pectusculum autem erit Aaron et filiorum eius
၃၁ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည် ယူရကြမည်။
32 armus quoque dexter de pacificorum hostiis cedet in primitias sacerdotis
၃၂မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သော ပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အား ပေးရ မည်။
33 qui obtulerit sanguinem et adipem filiorum Aaron ipse habebit et armum dextrum in portione sua
၃၃မိဿဟာယယဇ် အသွေးနှင့်ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ျာပခုံးကို မိမိအဘို့ယူရမည်။
34 pectusculum enim elationis et armum separationis tuli a filiis Israhel de hostiis eorum pacificis et dedi Aaron sacerdoti ac filiis eius lege perpetua ab omni populo Israhel
၃၄ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။
35 haec est unctio Aaron et filiorum eius in caerimoniis Domini die qua obtulit eos Moses ut sacerdotio fungerentur
၃၅ထိုသို့ အာရုန်နှင့် သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်မည်အကြောင်း၊ သူတို့ကို ခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သော သက္ကာများထဲက၊ သူတို့ခံရသောအဘို့ ဖြစ်၏။
36 et quae praecepit dari eis Dominus a filiis Israhel religione perpetua in generationibus suis
၃၆ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဘို့ကို ခံရမည်အကြောင်း၊ သူတို့ကို ဘိသိက်ပေးသော မူနေ့၌၊ ထာဝရဘုရားမှာထားတော်မူ၏။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။
37 ista est lex holocausti et sacrificii pro peccato atque delicto et pro consecratione et pacificorum victimis
၃၇ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည် အကြောင်း မှာထားသောမူသောနေ့၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအား ပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ် ပူဇော်သက္ကတရား၊ အပြစ်ဖြေရာယဇ်တရား၊ ဒုစရိုက် ဖြေရာ ယဇ်တရား၊ အရာ၌ ခန့်ထားရာ ယဇ်တရား၊
38 quas constituit Dominus Mosi in monte Sinai quando mandavit filiis Israhel ut offerrent oblationes suas Domino in deserto Sinai
၃၈မိဿဟာယယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။

< Leviticus 7 >