< ၁ ဓမ္မရာဇဝင် 17 >
1 ၁ ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်ရှောခေါ မြို့တွင်စုရုံးကာ ထိုမြို့နှင့်အဇေကာမြို့စပ် ကြားဧဖက်ဒမိမ်အရပ်တွင်တပ်ချထား ကြ၏။-
Filistejci skupiše svoje čete za rat i sastaše se kod Soka u Judeji. Tabor udariše između Soka i Azeke kod Efes Damima.
2 ၂ ရှောလုနှင့်ဣသရေလအမျိုးသားများသည် လည်းစုရုံး၍ ဝက်သစ်ချချိုင့်ဝှမ်းတွင်တပ်ချ ပြီးလျှင်ဖိလိတ္တိတပ်သားတို့အားတိုက်ခိုက် ရန်အသင့်ပြင်ဆင်ကြ၏။-
A Šaul i Izraelci skupiše se i utaboriše u Terebintskoj dolini, i svrstaše se za boj protiv Filistejaca.
3 ၃ ဖိလိတ္တိအမျိုးသားတို့ကတောင်ကုန်းတစ်ခု ပေါ်တွင်လည်းကောင်း၊ ဣသရေလအမျိုးသား တို့ကအခြားတောင်ကုန်းတစ်ခုပေါ်တွင် လည်းကောင်းနေရာယူထားကြ၏။ သူတို့၏ စပ်ကြားတွင်ကားချိုင့်ဝှမ်းခံလျက်နေသတည်း။
Filistejci su stajali na gori s jedne strane, Izraelci na gori s druge strane, a dolina bila među njima.
4 ၄ ဂါသမြို့သားဂေါလျတ်ဆိုသူသည်ဖိလိတ္တိတပ် စခန်းမှထွက်လာပြီးလျှင် ဣသရေလအမျိုးသား တို့အားမိမိနှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ် လေသည်။ သူသည်အရပ်ကိုးပေ ခန့်မြင့်၍၊-
Iz filistejskih redova izađe jedan izazivač. Zvao se Golijat, a bio je iz Gata. Visok bijaše šest lakata i jedan pedalj.
5 ၅ တစ်ရာနှစ်ဆယ့်ငါးပေါင်ခန့်လေးသောကြေးဝါ သံချပ်အင်္ကျီကိုဝတ်ဆင်ကာကြေးဝါခမောက် ကိုဆောင်းထား၏။-
Na glavi je imao mjedenu kacigu, obučen je bio u ljuskav oklop, a oklop mu težak pet tisuća mjedenih šekela.
6 ၆ ကြေးဝါခြေစွပ်ကိုလည်းဝတ်လျက်ကြေးဝါ လက်ပစ်လှံကိုပုခုံးတွင်လွယ်ထား၏။-
Na nogama je imao mjedene nogavice, a na ramenima mjedenu sulicu.
7 ၇ သူ၏လက်ထိုးလှံအရိုးသည်ယက်ကန်းလက် လိပ်တန်တမျှကြီး၏။ သံလှံသွားမှာလည်း တစ်ဆယ့်ငါးပေါင်ခန့်လေးသည်။ သူ၏ဒိုင်း လွှားကိုကိုင်ဆောင်သူစစ်သည်ကသူ၏ရှေ့ မှသွားရ၏။-
Kopljača njegova koplja bila je kao tkalačko vratilo, a šiljak koplja težak šest stotina željeznih šekela. Pred njim je stupao štitonoša.
8 ၈ ဂေါလျတ်သည်ရပ်လျက်ဣသရေလအမျိုးသား တို့အား``သင်တို့သည်အဘယ်ကြောင့်ဤအရပ်သို့ လာကြသနည်း။ စစ်တိုက်ရန်လော။ အချင်းရှောလု ၏ကျွန်တို့၊ ငါသည်ဖိလိတ္တိအမျိုးသားဖြစ်၏။ ငါနှင့်စစ်ထိုးရန်သင်တို့အထဲမှလူတစ် ယောက်ကိုရွေးချယ်ကြလော့။-
On se postavi pred izraelske bojne redove i dovikne im: “Što ste izašli da se svrstate za bitku? Nisam li ja Filistejac, a vi Šaulove sluge? Izaberite između sebe jednoga čovjeka pa neka siđe k meni!
9 ၉ အကယ်၍ထိုသူသည်ငါ့ကိုနှိမ်နင်းသတ် ဖြတ်နိုင်လျှင် ငါတို့သည်သင်တို့ထံတွင်ကျွန် ခံမည်။ သို့ရာတွင်အကယ်၍ငါသည်သူ့ကို နှိမ်နင်းသတ်ဖြတ်နိုင်ပါမူ သင်တို့သည်ငါ တို့ထံ၌ကျွန်ခံရကြမည်။-
Ako pobijedi u borbi sa mnom i pogubi me, mi ćemo biti vaše sluge. Ako li ja pobijedim njega i pogubim ga, onda ćete vi biti naše sluge i nama ćete robovati.”
10 ၁၀ ယခုငါသည်ဣသရေလတပ်မတော်အားငါ နှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ်ပါ၏။ ငါနှင့် တိုက်ခိုက်ရန်လူတစ်ဦးကိုရွေးချယ်ကြလော့'' ဟုဆို၏။-
Još je Filistejac rekao: “Ja sam danas izazvao Izraelove bojne redove. Dajte mi čovjeka da se ogledamo u dvoboju!”
11 ၁၁ ထိုစကားကိုကြားသောအခါရှောလုနှင့် သူ၏စစ်သည်တပ်သားတို့သည်ထိတ်လန့် ကြကုန်၏။
Kad je Šaul i sav Izrael čuo što je rekao Filistejac, obuze ih strah i drhat.
12 ၁၂ ဒါဝိဒ်သည်ယုဒပြည်၊ ဗက်လင်မြို့မှဧဖရတ် အရပ်သားယေရှဲ၏သားဖြစ်၏။ ယေရှဲတွင် သားရှစ်ယောက်ရှိ၏။ ရှောလုမင်းနန်းစံချိန်၌ ယေရှဲသည်များစွာအိုမင်းလျက်နေလေပြီ။-
David je bio sin nekoga Efraćanina iz Betlehema u Judeji; taj se zvao Jišaj, a imao je osam sinova. Taj je čovjek u Šaulovo vrijeme bio star i odmakao u godinama.
13 ၁၃ သူ၏သားကြီးသုံးယောက်သည်ရှောလုနှင့်အတူ တိုက်ပွဲဝင်ရန်လိုက်သွားကြ၏။ အကြီးဆုံး သည်ဧလျာဘ၊ ဒုတိယသားမှာအဘိနဒပ်၊ တတိယသားကားရှိမာဖြစ်၏။-
Tri najstarija Jišajeva sina bijahu otišla u rat za Šaulom; a ta trojica njegovih sinova koji bijahu otišli u rat zvahu se: najstariji Eliab, drugi Abinadab, a treći Šama.
14 ၁၄ ဒါဝိဒ်သည်အငယ်ဆုံးသားဖြစ်၏။ သားကြီး သုံးယောက်တို့သည်ရှောလုထံတွင်ခစားလျက် နေကြသော်လည်း ဒါဝိဒ်မူကားရံဖန်ရံခါ ဗက်လင်မြို့သို့ပြန်ပြီးလျှင်ဖခင်၏သိုးတို့ ကိုထိန်းကျောင်းလေ့ရှိ၏။
David bijaše najmlađi. A tri najstarija bijahu otišla za Šaulom. -
David je odlazio k Šaulu i vraćao se iz njegove službe da pase stada svoga oca u Betlehemu.
16 ၁၆ ဂေါလျတ်သည်ဣသရေလအမျိုးသားတို့ အား တစ်ဦးချင်းစစ်ထိုးရန်နံနက်တစ်ခါ၊ ညတစ်ခါအရက်လေးဆယ်တိုင်တိုင်စိန် ခေါ်လေသည်။
A Filistejac izlazio svakoga jutra i večeri i postavljao se tako četrdeset dana. -
17 ၁၇ တစ်နေ့သ၌ယေရှဲသည်ဒါဝိဒ်အား``ဤပေါက် ပေါက်တစ်တင်းနှင့်မုန့်ဆယ်လုံးကိုယူ၍သင် ၏အစ်ကိုများရှိရာတပ်စခန်းသို့အမြန် သွားလော့။-
A Jišaj reče svome sinu Davidu: “Uzmi za svoju braću ovu efu prženoga žita i ovih deset hljebova i odnesi brže svojoj braći u tabor.
18 ၁၈ တပ်မှူးအတွက်ဒိန်ခဲဆယ်လုံးကိုလည်းယူ ၍သွားပါလေ။ သင်၏အစ်ကိုများကျန်းမာ သည်မကျန်းမာသည်ကိုစုံစမ်းပြီးလျှင် သူတို့ကျန်းမာစွာရှိကြောင်းသက်သေတစ် ခုခုကိုယူခဲ့လော့။-
A ovih deset sireva odnesi njihovu tisućniku. Propitaj se za zdravlje svoje braće i donesi od njih znak da si izvršio nalog!
19 ၁၉ ရှောလုမင်းမှစ၍သင့်အစ်ကိုများနှင့်အခြား ဣသရေလအမျိုးသားတို့သည် ဧလာချိုင့်ဝှမ်း တွင်ဖိလိတ္တိအမျိုးသားတို့နှင့်တိုက်ပွဲဝင်လျက် ရှိနေကြ၏'' ဟုဆို၏။
Oni su sa Šaulom i svim Izraelom u Terebintskoj dolini: vojuju protiv Filistejaca.”
20 ၂၀ ဒါဝိဒ်သည်နောက်တစ်နေ့နံနက်စောစောထ ၍ သိုးတို့ကိုအခြားလူတစ်ယောက်လက်တွင် အပ်ပြီးနောက် အစားအစာများကိုယူကာ ယေရှဲမှာကြားသည့်အတိုင်းထွက်ခွာသွား လေသည်။ သူသည်ဣသရေလအမျိုးသား တို့နှင့် ဖိလိတ္တိအမျိုးသားတို့စစ်တိုက်ရန် ကြွေးကြော်ကာ စစ်မြေပြင်သို့ထွက်ခွာလာ ချိန်၌ရောက်ရှိလာ၏။-
David ustade u rano jutro, ostavi stado jednom čuvaru, spremi se i ode kako mu bijaše zapovjedio Jišaj. U tabor je stigao kad je vojska izlazila u bojni red i dizala bojni poklik.
21 ၂၁ ဖိလိတ္တိအမျိုးသားများနှင့်ဣသရေလ အမျိုးသားတို့သည်တိုက်ပွဲဝင်ရန် မျက်နှာ ချင်းဆိုင်နေရာယူကြ၏။-
Izraelci i Filistejci svrstaše se u bojni red jedni prema drugima.
22 ၂၂ ဒါဝိဒ်သည်မိမိယူဆောင်လာသည့်အစားအစာ များကို ရိက္ခာတာဝန်ခံထံတွင်အပ်ထား၍စစ် မြေပြင်သို့ပြေးသွား၏။ ထိုနောက်မိမိ၏ အစ်ကိုများထံသွားရောက်နှုတ်ဆက်၏။-
David ostavi svoje stvari čuvaru opreme pa otrča u bojni red. Došavši, zapita svoju braću za zdravlje.
23 ၂၃ ယင်းသို့သူတို့နှင့်စကားပြောနေချိန်၌ ဂေါလျတ်သည် ရှေ့သို့ထွက်လာပြီးလျှင်ဣသ ရေလအမျိုးသားတို့အား မိမိနှင့်တစ်ဦး ချင်းစစ်ထိုးရန်ယခင်ကနည်းတူစိန်ခေါ် လေသည်။ ထိုစိန်ခေါ်သံကိုဒါဝိဒ်ကြား၏။-
Dok je s njima govorio, gle, onaj izazivač (zvao se Golijat, Filistejac iz Gata) iziđe iz filistejskih bojnih redova i ponovi iste riječi kao prije. I David ih je čuo.
24 ၂၄ ဣသရေလအမျိုးသားတို့သည်ဂေါလျတ် ကိုမြင်လျှင်ကြောက်၍ထွက်ပြေးကြ၏။-
A čim su Izraelci ugledali toga čovjeka, pobjegoše svi daleko od njega i strah ih uhvati.
25 ၂၅ ``သူ့အားကြည့်ကြလော့။ သူကြိမ်းဝါးသည် ကိုလည်းနားထောင်ကြလော့။ ရှောလုမင်း သည်ထိုသူ့ကိုသတ်ဖြတ်နိုင်သူအားဆု တော်လာဘ်တော်ကိုပေးတော်မူမည်ဟုကတိ ပြုထား၏။ မင်းကြီးသည်ထိုသူအား သမီး တော်နှင့်လည်းထိမ်းမြားစုံဖက်တော်မူပါ လိမ့်မည်။ ထို့ပြင်သူ့ဖခင်၏အိမ်ထောင်စုကို အခွန်တော်များလွတ်ငြိမ်းခွင့်ပြုတော်မူ လိမ့်မည်'' ဟုအချင်းချင်းပြောဆိုနေ ကြ၏။
Neki Izraelac reče: “Jeste li vidjeli onoga čovjeka što je izišao? A izišao je da izaziva Izraela. Tko njega pogubi, kralj će mu dati silno blago i dat će mu svoju kćer i oslobodit će od poreza njegov očinski dom u Izraelu.”
26 ၂၆ ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-
Tada David zapita ljude koji stajahu oko njega: “Što će to dobiti čovjek koji ubije toga Filistejca i skine sramotu s Izraela? I tko je taj neobrezani Filistejac da izaziva bojne redove živoga Boga?”
27 ၂၇ သူတို့ကလည်းဂေါလျတ်ကိုသတ်နိုင်သူ သည် မည်သည့်အကျိုးခံစားရမည်ကို ဒါဝိဒ်အားပြောကြ၏။
A narod mu odgovori istim riječima kao prije: “Eto to će dobiti čovjek koji ga pogubi.”
28 ၂၈ ထိုသူတို့နှင့်ဒါဝိဒ်ပြောသောစကားကို အစ်ကိုကြီးဧလျာဘကြားလျှင် အမျက် ထွက်၍``သင်သည်အဘယ်ကြောင့်ဤအရပ် သို့လာသနည်း။ တောကန္တာရတွင်သိုးများ ကိုအဘယ်သူထိန်းကျောင်းလျက်နေပါ သနည်း။ သင်၏စိတ်နေမြင့်မှု၊ ဆိုးညစ်ယုတ် မာမှုကိုငါသိ၏။ သင်သည်စစ်ပွဲကြည့် ရန်လာရောက်ခြင်းသာဖြစ်၏'' ဟုဆို၏။
A kad je Eliab, njegov najstariji brat, čuo kako se razgovara s ljudima, usplamtje gnjevom na Davida pa mu reče: “A što si ti došao ovamo? Kome si ostavio ono malo ovaca u pustinji? Znam ja tvoju drskost i zlobu tvoga srca: došao si da vidiš bitku!”
29 ၂၉ ဒါဝိဒ်က``အကျွန်ုပ်သည်အဘယ်အမှုကို ပြုမိပါသနည်း။ မေးခွန်းတစ်ခုကိုမျှမေး နိုင်ခွင့်မရှိပါသလော'' ဟုဆို၍၊-
A David odgovori: “A što sam učinio? Zar se ne smije ni riječ reći?”
30 ၃၀ အခြားသူတို့ဘက်သို့လှည့်ပြီးလျှင် ယခင် ကဲ့သို့မေးမြန်းပြီးလျှင်ရှေးနည်းတူပြန် ပြောကြ၏။
Tada se okrene od njega k drugome i zapita istim riječima kao prije. Narod mu odgovori isto kao prvi put.
31 ၃၁ လူအချို့တို့သည်ဒါဝိဒ်ပြောဆိုသောစကား ကိုကြား၍ ရှောလုအားသံတော်ဦးတင်ကြ သောအခါရှောလုသည်ဒါဝိဒ်ကိုခေါ်တော် မူ၏။-
Kad su ljudi čuli što je govorio David, jave to Šaulu, a on ga pozva preda se.
32 ၃၂ ဒါဝိဒ်က``အရှင်မင်းကြီး၊ ဤဖိလိတ္တိအမျိုး သားအား အဘယ်သူမျှမကြောက်သင့်ပါ။ အကျွန်ုပ်သည်သွား၍သူနှင့်စစ်ထိုးပါမည်'' ဟုရှောလုအားလျှောက်၏။
David reče Šaulu: “Neka nikome ne klone srce zbog onoga čovjeka! Tvoj će sluga izaći i borit će se s tim Filistejcem.”
33 ၃၃ ရှောလုက``အဘယ်သို့လျှင်သင်သည်သူနှင့် စစ်ထိုးနိုင်ပါမည်နည်း။ သင်သည်သူငယ်မျှ သာရှိသေး၏။ ထိုသူမူကားတစ်သက်လုံး စစ်သူရဲလုပ်ခဲ့သူဖြစ်၏'' ဟုဆိုသော်၊
Ali Šaul odvrati Davidu: “Ne možeš ti izaći na toga Filistejca da se boriš s njim jer si ti još dijete, a on ratnik od svoje mladosti.”
34 ၃၄ ဒါဝိဒ်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဖခင်၏သိုးများကိုထိန်းကျောင်းရသူ ဖြစ်ပါ၏။ သိုးတစ်ကောင်ကိုခြင်္သေ့သော် လည်းကောင်း၊ ဝက်ဝံသော်လည်းကောင်း ကိုက်ချီသွားပါလျှင်၊-
Ali David odgovori Šaulu: “Tvoj je sluga čuvao ovce svome ocu, pa kad bi došao lav ili medvjed te uhvatio ovcu iz stada,
35 ၃၅ အကျွန်ုပ်သည်ထိုသားရဲကိုလိုက်လံတိုက်ခိုက် ကာ သိုးငယ်ကိုကယ်ဆယ်ပါ၏။ အကယ်၍ခြင်္သေ့ သို့မဟုတ်ဝက်ဝံသည် အကျွန်ုပ်ကိုလှည့်၍ကိုက် ခဲ့သော်အကျွန်ုပ်သည်သူ၏လည်မြိုကိုကိုင်၍ ရိုက်သတ်ပါ၏။-
ja bih potrčao za njim, udario ga i istrgao mu ovcu iz ralja. A ako bi se on digao na me, uhvatio bih ga za grivu i udarao ga dok ga ne bih ubio.
36 ၃၆ အကျွန်ုပ်သည်ခြင်္သေ့နှင့်ဝက်ဝံတို့ကိုသတ်ခဲ့သူ ဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင်၏ တပ်မတော်ကိုအံတုသူ၊ ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားအားလည်းသတ်ဖြတ်နိုင်ပါသည်။-
I lava je i medvjeda tvoj sluga ubio, pa će i taj neobrezani Filistejac proći kao jedan od njih jer je izazvao bojne čete Boga živoga.”
37 ၃၇ ထာဝရဘုရားသည်အကျွန်ုပ်အားခြင်္သေ့ ဘေး၊ ဝက်ဝံဘေးမှကယ်တော်မူခဲ့ပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်အား ဤဖိလိတ္တိ အမျိုးသား၏လက်မှလည်းကယ်တော် မူပါလိမ့်မည်'' ဟုလျှောက်၏။ ရှောလုက``ကောင်းပြီ၊ သွားလော့။ ထာဝရ ဘုရားသည် သင်နှင့်အတူရှိတော်မူပါ စေသော'' ဟုဆိုကာ၊-
David još dometne: “Jahve koji me izbavio iz lavlje pandže i medvjeđe šape izbavit će me i iz ruku toga Filistejca.” Tada Šaul reče Davidu: “Idi i Jahve neka bude s tobom!”
38 ၃၈ မိမိကိုယ်ပိုင်လက်နက်စုံကိုဒါဝိဒ်အား တပ်ဆင်ပေး၏။ ကြေးဝါခမောက်ကိုဆောင်း ပေးပြီးလျှင်သံချပ်အင်္ကျီကိုဝတ်ဆင်စေ တော်မူ၏။-
Šaul obuče Davida u svoju ratnu odoru, na glavu mu ustače mjedenu kacigu i stavi mu oklop.
39 ၃၉ ဒါဝိဒ်သည်သံချပ်အင်္ကျီအပေါ်တွင် ရှောလု ၏ဋ္ဌားကိုချိတ်ဆွဲကာလမ်းလျှောက်ကြည့်၏။ သို့ရာတွင်သံချပ်အင်္ကျီဝတ်ကျင့်မရှိသဖြင့် သူသည်လမ်းလျှောက်၍မရ။ ထို့ကြောင့်ရှောလု အား``အကျွန်ုပ်သည်ဤတန်ဆာမျိုးကိုဝတ် ကျင့်မရှိပါ'' ဟုလျှောက်ပြီးလျှင်ချွတ် လိုက်၏။-
Pripasa Davidu svoj mač preko odore, ali David uzalud pokuša hodati, jer ne bijaše navikao, pa reče Šaulu: “Ne mogu hodati u tome jer nisam navikao.” Zato sve skinu sa sebe.
40 ၄၀ သူသည်မိမိ၏သိုးထိန်းတောင်ဝှေးကိုယူ၍ စမ်းချောင်းထဲမှကျောက်ခဲငါးလုံးကိုကောက် ယူကာလွယ်အိတ်ထဲသို့ထည့်လိုက်၏။ ထိုနောက် လောက်လွှဲကိုအသင့်ကိုင်၍ ဂေါလျတ်နှင့် တွေ့ဆုံရန်ထွက်သွားလေသည်။
David uze svoj štap u ruku, izabra u potoku pet glatkih kamenova i metnu ih u svoju pastirsku torbu, koja mu je služila kao torba za praćku, te s praćkom u ruci pođe prema Filistejcu.
41 ၄၁ ဂေါလျတ်သည်မိမိ၏ဒိုင်းလွှားကိုင်ဆောင် သူ၏နောက်မှနေ၍ ဒါဝိဒ်ရှိရာသို့ချဉ်း ကပ်လာ၏။-
A Filistejac se sve bliže primicao Davidu, dok je njegov štitonoša stupao pred njim.
42 ၄၂ သူသည်ဒါဝိဒ်ကိုသေချာစွာကြည့်သော အခါ ဒါဝိဒ်ကားရှုချင်ဖွယ်ကောင်းသည့် သူငယ်တစ်ယောက်မျှသာဖြစ်သည်ကိုတွေ့ ရှိရသောကြောင့် သူ့အားမထီလေးစားပြု လေသည်။-
A kad Filistejac pogleda i vidje Davida, prezre ga s njegove mladosti - bijaše David mladić, rumen, lijepa lica.
43 ၄၃ သူကဒါဝိဒ်အား``တောင်ဝှေးနှင့်အဘယ်ကြောင့် လာပါသနည်း။ ငါ့အားခွေးထင်မှတ်သလော'' ဟုဆိုပြီးလျှင်မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်အားကျိန်ဆဲလေသည်။-
Zato Filistejac reče Davidu: “Zar sam ja pseto te ideš na me sa štapovima?” I uze proklinjati Davida svojim bogovima.
44 ၄၄ ထိုနောက်``လာခဲ့လော့။ ငါသည်သင့်အသား ကိုငှက်များနှင့်သားရဲတိရစ္ဆာန်များ၏ အစာဖြစ်စေအံ့'' ဟုဆို၏။
Zatim Filistejac reče Davidu: “Dođi k meni da dam tvoje meso pticama nebeskim i zvijerima zemaljskim!”
45 ၄၅ ဒါဝိဒ်က``သင်သည်ဋ္ဌား၊ ပစ်လှံ၊ ထိုးလှံတို့နှင့် သာလာ၏။ ငါမူကားသင်အံတုသည့်ဣသရေ လစစ်သည်တော်တို့၏ဘုရားဖြစ်တော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရား၏နာမတော် နှင့်လာ၏။-
A David odgovori Filistejcu: “Ti ideš na me mačem, kopljem i sulicom, a ja idem na te u ime Jahve Sebaota, Boga Izraelovih četa koje si ti izazvao.
46 ၄၆ ယနေ့ပင်လျှင်ထာဝရဘုရားသည်သင့်အား ငါ၏လက်တွင်အပ်နှင်းတော်မူလိမ့်မည်။ ငါ သည်သင့်ကိုနှိမ်နင်း၍သင်၏ဦးခေါင်းကို ဖြတ်ပစ်မည်။ ဖိလိတ္တိတပ်သားတို့၏အသေ ကောင်များကိုငှက်များ၊ သားရဲတိရစ္ဆာန်များ ၏အစာဖြစ်စေမည်။ ထိုအခါဣသရေလ အမျိုးသားတို့တွင် ဘုရားရှိတော်မူကြောင်း တစ်ကမ္ဘာလုံးသိကြလိမ့်မည်။-
Danas će te Jahve predati u moju ruku, ja ću te ubiti, skinut ću tvoju glavu i još ću danas tvoje mrtvo tijelo i mrtva tjelesa filistejske vojske dati pticama nebeskim i zvijerima zemaljskim. Sva će zemlja znati da ima Bog u Izraelu.
47 ၄၇ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အားကယ် တင်ရန်အတွက် ဋ္ဌား၊ လှံလက်နက်များကိုအသုံး ပြုတော်မူရန်မလိုကြောင်းကိုလည်း ဤအရပ် တွင်ရှိသမျှသောလူတို့တွေ့မြင်ရကြလိမ့် မည်။ ကိုယ်တော်သည်စစ်မက်ရေးရာကိုပိုင် တော်မူသဖြင့် သင်တို့အားလုံးကိုငါတို့ လက်သို့အပ်နှင်းတော်မူလိမ့်မည်'' ဟုဆို၏။
I sav će ovaj zbor znati da Jahve ne daje pobjedu mačem ni kopljem, jer je Jahve gospodar bitke i on vas predaje u naše ruke.”
48 ၄၈ ဂေါလျတ်သည် ဒါဝိဒ်ရှိရာသို့တစ်ဖန်ချဉ်းကပ် လာ၏။ ဒါဝိဒ်သည်သူနှင့်စစ်ထိုးရန်ဖိလိတ္တိ တပ်ဦးသို့အလျင်အမြန်ပြေး၍၊-
Kad se Filistejac približio i pošao prema Davidu, izađe David iz bojnih redova i krenu pred Filistejca.
49 ၄၉ မိမိလွယ်အိတ်မှကျောက်ခဲတစ်လုံးကိုနှိုက်ယူ ပြီးလျှင် လောက်လွှဲနှင့်ဂေါလျတ်အားပစ်လိုက်၏။ ကျောက်ခဲသည်ဂေါလျတ်၏နဖူးကိုထိမှန်၍ နဖူးပေါက်သဖြင့်ဂေါလျတ်သည်မြေပေါ်သို့ ငိုက်စိုက်လဲကျသွားတော့၏။-
David segnu rukom u torbu, izvadi iz nje kamen i hitnu ga iz praćke. I pogodi Filistejca u čelo; kamen mu se zabi u čelo i on pade ničice na zemlju.
50 ၅၀ ဤကဲ့သို့ဒါဝိဒ်သည်ဋ္ဌားမပါဘဲ လောက်လွှဲနှင့် ကျောက်ခဲတစ်လုံးဖြင့်ဂေါလျတ်အားသေ လောက်သည့်ဒဏ်ရာရစေလျက်နှိမ်နင်းလိုက် သတည်း။-
Tako je David praćkom i kamenom nadjačao Filistejca: udario je Filistejca i ubio ga, a nije imao mača u ruci.
51 ၅၁ သူသည်ဂေါလျတ်ရှိရာသို့ပြေးပြီးနောက် သူ့ကို ခြေနှင့်နင်းကာသူ၏ဋ္ဌားကိုဋ္ဌားအိမ်မှဆွဲထုတ် ပြီးလျှင် ခေါင်းကိုဖြတ်၍သတ်လေတော့သည်။ ဖိလိတ္တိအမျိုးသားများသည် မိမိတို့သူရဲ ကောင်းကြီးကျဆုံးသွားသည်ကိုမြင်ကြ သောအခါထွက်ပြေးကြကုန်၏။-
Zato David potrča i stade na Filistejca, zgrabi njegov mač, izvuče ga iz korica i pogubi Filistejca odsjekavši mu glavu. Kad Filistejci vidješe kako pogibe njihov junak, nagnuše u bijeg.
52 ၅၂ ဣသရေလနှင့်ယုဒတပ်သားများသည်လည်း အော်သံပေးကာဂါသမြို့နှင့် ဧကြုန်မြို့တံခါးများတိုင်အောင်သူတို့အား လိုက်လံတိုက်ခိုက်ကြ၏။ ဖိလိတ္တိအမျိုးသား တို့သည်ဒဏ်ရာရ၍ ဂါသမြို့နှင့်ဧကြုန်မြို့ တိုင်အောင်ရှာရိမ်လမ်းတစ်လျှောက်လုံး၌ ကျဆုံးကြကုန်၏။-
Tada ustadoše Izraelci i Judejci, digoše bojnu viku i potjeraše Filistejce do opkopa oko Gata i do gradskih vrata Ekrona; filistejski mrtvaci pokriše put od Šaarajima sve do Gata i do Ekrona.
53 ၅၃ ဣသရေလအမျိုးသားတို့သည်လိုက်လံ တိုက်ခိုက်ရာမှပြန်လာကြပြီးနောက် ဖိလိတ္တိ တပ်စခန်းကိုဝင်ရောက်လုယက်ကြလေသည်။-
Nato se Izraelci vratiše iz te žestoke potjere za Filistejcima i opljačkaše njihov tabor.
54 ၅၄ ဒါဝိဒ်သည်ဂေါလျတ်၏ဦးခေါင်းကိုယူ၍ ယေရုရှလင်မြို့သို့သယ်ဆောင်သွား၏။ ဂေါ လျတ်၏လက်နက်များကိုမူမိမိ၏တပ် စခန်းတွင်သိမ်းဆည်းထား၏။
A David uze Filistejčevu glavu i odnese je u Jeruzalem, a oružje njegovo položi u svoj šator.
55 ၅၅ ဂေါလျတ်နှင့်စစ်ထိုးရန် ဒါဝိဒ်ထွက်သွားသည် ကိုရှောလုမြင်သောအခါ ဗိုလ်ချုပ်အာဗနာ အား``အာဗနာ၊ ထိုသူငယ်ကားအဘယ်သူ နည်း'' ဟုမေးတော်မူ၏။ အာဗနာက``အရှင်မင်းကြီး၊ အကျွန်ုပ်မသိပါ'' ဟုလျှောက်၏။
Kad je Šaul vidio Davida gdje izlazi pred Filistejca, upitao je svoga vojvodu Abnera: “Čiji je sin taj mladić, Abnere?” A Abner je odgovorio: “Tako mi tvoga života, kralju, ne znam!”
56 ၅၆ ရှောလုက``မသိလျှင်သွား၍စုံစမ်းလော့'' ဟု မိန့်တော်မူ၏။
A kralj mu reče: “Raspitaj se čiji je sin taj mladić!”
57 ၅၇ ထို့ကြောင့်ဂေါလျတ်ကိုဒါဝိဒ်သတ်ပြီးနောက် တပ်စခန်းသို့ပြန်လာသောအခါအာဗနာ သည်သူ့ကိုခေါ်၍ ရှောလု၏ရှေ့တော်သို့သွင်း လေ၏။ ထိုအခါဒါဝိဒ်သည်ဂေါလျတ်၏ ဦးခေါင်းကိုကိုင်ဆောင်လျက်ပင်ရှိသေး၏။-
A kad se David vratio pošto je pogubio Filistejca, uze ga Abner i dovede ga pred Šaula, a u ruci David još držaše Filistejčevu glavu.
58 ၅၈ ရှောလုက``အချင်းလူငယ်၊ သင်ကားအဘယ် သူ၏သားနည်း'' ဟုမေးတော်မူလျှင်၊ ဒါဝိဒ်က``အကျွန်ုပ်သည်အရှင်၏အစေခံ၊ ဗက်လင်မြို့သားယေရှဲ၏သားဖြစ်ပါ၏'' ဟုပြန်လည်လျှောက်ထား၏။
Šaul ga upita: “Čiji si ti sin, momče?” A David odgovori: “Sin sam tvoga sluge Betlehemca Jišaja.”