< လုကာ 3 >
1 ၁ ဧကရာဇ်မင်းတိဗေရိနန်းစံတစ်ဆယ့်ငါးနှစ် မြောက်သောအခါ ယုဒပြည်တွင်ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင်ဟေရုဒ်၊ ဣတုရဲ ပြည်နှင့်တရာခေါနိတ်ပြည်တွင်ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင်လုသာနိတို့သည် အသီးသီးဘုရင်ခံဖြစ်ကြ၏။-
PAR eijoklimau murin nanmarki Tiperiuj a japwiledu ni muein Pontiuj Pilatuj kopina en Iudaa, o Erodej nanmarki en Kalilaa, o ri a ol Pilipuj nanmarki en Ituraa o Trakonitij, o Lijaniaj nanmarki en Apilene,
2 ၂ အန္နနှင့်ကယာဖတို့သည်ကားယဇ်ပုရောဟိတ် မင်းများဖြစ်ကြ၏။ ထိုအခါတောကန္တာရ၌ရှိ သောဇာခရိ၏သားယောဟန်သည် ဘုရားသခင် ၏ဗျာဒိတ်တော်ကိုခံရ၏။-
Ni muein Anaj o Kaipaj jamero lapalap, majan en Kot ap pwara don Ioanej nain Jakariaj nan jap tan.
3 ၃ သို့ဖြစ်၍ယောဟန်သည်ယော်ဒန်မြစ်ဝှမ်းတလျှောက် သို့သွားရောက်၍ ``နောင်တရ၍ဗတ္တိဇံကိုခံယူကြ လော့။ သို့မှသာဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟုလူတို့အား ဟောပြော၏။-
I ari kotikot jili nan jap karoj ni kail en Iordan, padapadak duen paptaij en kalula on lapwada dip akan,
4 ၄ ပရောဖက်ဟေရှာယကျမ်းတွင်ပါရှိသည်နှင့် အညီ၊ တောကန္တာရတွင်လူတစ်ယောက်သည် ကြွေး ကြော်လျက်နေသည်မှာ၊ `ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့။
Duen a intinidier nan puk en majan akan en jaukop Iejaia, me majani: Nil eu likelikwir jili nan jap tan: Komail kaonopada al en Kaun o, kaineneda al a!
5 ၅ ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကို ဖြိုရကြမည်။ လမ်းကောက်များကိုဖြောင့်စေ၍လမ်းကြမ်းများကို ချောမောပြေပြစ်စေရမည်။
Wau karoj pan audaud o nana o dol karoj pan patapatedi, o me pirok, pan inenla, o mo ululen, pan patapatela.
6 ၆ လူအပေါင်းတို့သည်ဘုရားသခင်၏ကယ်တင်ခြင်း ကျေးဇူးကိုတွေ့မြင်ရကြလတ္တံ့' ဟု တောကန္တာရတွင်လူတစ်ယောက်သည် ကြွေးကြော်လျက်နေ၏။
Uduk karoj pan udial kamaur on Kot.
7 ၇ ယောဟန်ကမိမိ၏ထံမှဗတ္တိဇံခံယူရန်လာကြ ကုန်သောလူအပေါင်းတို့အား ``အချင်းမြွေဆိုး အမျိုးတို့၊ သက်ရောက်လတ္တံ့သောအမျက်တော်၏ ဘေးမှရှောင်ပြေးရန်သင်တို့အားအဘယ်သူ သတိပေးဘိသနည်း။-
A ap majani on aramaj akan, me koieila, pwen paptaijla re a: Dakot, wan oter komail; ij me padaki on komail, eh piti jan ni kamakam, me kokodo?
8 ၈ နောင်တနှင့်လျော်ကန်သည့်အကျင့်ကိုကျင့်ကြ လော့။ အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟု မပြောကြနှင့်။ ဘုရားသခင်သည်ဤကျောက်ခဲ များကိုအာဗြဟံ၏သားသမီးများဖြစ်စေ ရန်ဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
Ari komail kapareda wan kalula mau. A komail depa lamelame, me komail pan indan pein komail: Nan Apraam jam atail. Pwe i indai on komail, me Kot kotin kak on wiaki on Apraam na jeri kai takai pukat.
9 ၉ သစ်ပင်ရင်းတွင်ပုဆိန်ကိုချထားလျက်ရှိသဖြင့် အသီးကောင်းကိုမသီးသောအပင်ဟူသမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလတ္တံ့'' ဟုလူ အပေါင်းတို့အားဆို၏။
Jile o mier ni tapin tuka kan. Ari, tuka karoj, me jo wa mau, pan palepaledi o lokidokila nan iai.
10 ၁၀ လူပရိသတ်အပေါင်းတို့က ``ထိုသို့ဖြစ်ပါမူ အကျွန်ုပ်တို့သည်အဘယ်သို့ပြုရပါမည်နည်း'' ဟု မေးလျှောက်၏။
Pokon o ap idok re a indada: A da me kit en wia?
11 ၁၁ ထိုအခါယောဟန်က ``အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူအားတစ်ထည်ဝေမျှစေ။ စားသောက် စရာရှိသူသည်လည်းထိုနည်းတူဝေမျှစေ'' ဟု ပြန်ပြော၏။
A kotin japen majani on irail: Meamen, me a jakit riau, I en ki on, me jota a. O me kan a kijin mana mia, i en wia dueta.
12 ၁၂ အခွန်ခံသူတို့သည်ဗတ္တိဇံကိုခံယူရန်ရောက်လာ ကြ၏။ သူတို့က ``အရှင်၊ အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
A jaunopwei kan pil pwara don i pwen paptaij, irail potoan on i: Jaunpadak, a da me kit en wia?
13 ၁၃ ယောဟန်က ``သင်တို့သည်တရားဥပဒေရှိ သည်ထက်ပို၍ အခွန်အကောက်မခွဲမခံကြ နှင့်'' ဟုပြန်ပြော၏။
A majani on irail: Komail der ale laude jan me kileledier.
14 ၁၄ စစ်သားများကလည်း ``အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ ယောဟန်က ``သင်တို့သည်အဘယ်သူကိုမျှ မတရားမစွပ်မစွဲကြနှင့်။ အဘယ်သူ့ထံမှ ငွေကိုအဋ္ဌမ္မမတောင်းကြနှင့်။ သင်တို့ရသော လစာဖြင့်ရောင့်ရဲကြလော့'' ဟုပြန်ပြော၏။
Jaunpei kan ap pil kalelapok re a indada: A da me kit en wia? A majani on irail: Komail der kaloke mal meamen, o der wia japun on meamen, a komail ale pwain omail o injenemau kila.
15 ၁၅ လူတို့သည်မေရှိယကြွလာတော့မည်ဟုယုံ ကြည်လျက်စောင့်မျှော်နေချိန်ဖြစ်ရာ ``ယောဟန် သည်မေရှိယပင်ဖြစ်လေသလော'' ဟုတွေးတော နေကြ၏။-
Aramaj akan lao kiki on o monemoneloleki, me Ioanej me Krijtllj,
16 ၁၆ သို့ဖြစ်၍ယောဟန်က ``ငါသည်သင်တို့အားရေ ဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ သို့ရာတွင်ငါ့ထက် ကြီးမြတ်သူသည်ငါ့နောက်မှပေါ်ထွန်းလိမ့်မည်။ ငါသည်ထိုအရှင်၏ဖိနပ်ကြိုးကိုမျှမဖြေထိုက်။ ထိုအရှင်သည်သင်တို့အားသန့်ရှင်းသောဝိညာဉ် တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်းဗတ္တိဇံ မင်္ဂလာကိုပေးတော်မူလတ္တံ့။-
Ioanej ap japen majani on irail karoj: I paptaij kin komail pil, a me laude jan ia kotido muri, me i jowar on, en lapwada jal en japwilim a jut, i me pan paptaij kin komail Nen jaraui o kijiniai.
17 ၁၇ မိမိ၏ကောက်နယ်တလင်းကိုရှင်းလင်းပစ်ရန် လက်တော်တွင်ဆန်ကောကိုကိုင်ထားတော်မူသည် ဖြစ်၍ ဂျုံစပါးများကိုကျီတွင်စုသိမ်း၍အဖျင်း များကိုမူ ငြိမ်းသတ်၍မရနိုင်သောမီးတွင်ကျွမ်း လောင်စေတော်မူလတ္တံ့'' ဟုသူတို့အားဆို၏။
Tanir mi nan lim a, a pan kotin koko melel japwilim a pera, ap nekid pena wan korn nan japwilim a im en nak, a dip a pan kotin karon kila kijiniai jokun.
18 ၁၈ ယောဟန်သည်အခြားနှိုးဆော်ချက်များဖြင့် လူတို့အားသတင်းကောင်းကိုဟောပြောကြေ ညာ၏။-
O jon toto, me a kotin panaui aramaj akan o padaki on pokon o ronamau.
19 ၁၉ သို့ရာတွင်ဟေရုဒ်ဘုရင်သည်မိမိညီဖြစ်သူ၏ ဇနီးဟေရောဒိကိုသိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မိမိကူးလွန်ခဲ့သောအပြစ်အပေါင်း နှင့်ပတ်သက်၍လည်းကောင်းယောဟန်ကသူ့အား ဆုံးမခဲ့၏။-
A nanmarki Erodej, me Ioanej kapun pweki Erodiaj en ri a ol a paud, o pweki jued karoj, me Erodej wiadar,
20 ၂၀ ထိုနောက်ယောဟန်ကိုထောင်ထဲတွင်ချုပ်နှောင်ထား စေခြင်းဖြင့် ဟေရုဒ်သည်ကူးလွန်ပြီးခဲ့သည့် အပြစ်အပေါင်းတို့ထက်ဆိုးရွားသောအပြစ် ကိုကူးလွန်လေသည်။
Kalaudela dip a ni a jaliedi Ioanej nan imaten.
21 ၂၁ လူအပေါင်းတို့သည်ဗတ္တိဇံမင်္ဂလာကိုခံယူကြပြီး သောအခါ သခင်ယေရှုသည်လည်းဗတ္တိဇံမင်္ဂလာ ကိုခံယူတော်မူ၏။ ကိုယ်တော်သည်ဆုတောင်း ပတ္ထနာပြုလျက်နေတော်မူစဉ်ကောင်းကင် ပွင့်ဟ၍၊-
A kadekadeo aramaj karoj lao paptaij elar, o Iejuj pil paptaijelar o kotin laolaoki, nanlan ap ritida,
22 ၂၂ သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်အသွင် ဖြင့် ကိုယ်ခန္ဓာပုံသဏ္ဌာန်ထင်ရှားစွာဖြင့်ကိုယ်တော် ၏အပေါ်သို့ဆင်းသက်တော်မူ၏။ မိုးကောင်းကင် မှ ``သင်ကားငါနှစ်သက်မြတ်နိုးရာငါ၏ချစ် သားပေတည်း'' ဟုအသံတော်ထွက်ပေါ်လာ၏။
O Nen jaraui kotidi don i ni mom en muroi men, o nil eu jan nanlan majani: Koe nai ol kompok, me I kin peren kida.
23 ၂၃ အမှုတော်စတင်ဆောင်ရွက်ချိန်၌သခင်ယေရှု သည်အသက်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့ထင် မြင်ယူဆချက်အရကိုယ်တော်သည်ယောသပ်၏ သားဖြစ်၏။ ယောသပ်သည်ဧလိ၏သားတည်း။-
Iejuj impan jaunpar jileijok ni a kotin tapiada jaunpadak, o re kikion me i nain Iojep, me nain Eli,
24 ၂၄ ဧလိကားမဿတ်၏သား၊ မဿတ်ကားလေဝိ၏ သား၊ လေဝိကားမေလခိ၏သား၊ မေလခိကား ယန္န၏သား၊ ယန္နကားယောသပ်၏သားဖြစ်၏။-
Me nain Matat, me nain Lewi, me nain Melki, me nain Ianej, me nain Iojep,
25 ၂၅ ယောသပ်သည်မတ္တသိ၏သား၊ မတ္တသိသည်အာမုတ် ၏သား၊ အာမုတ်သည်နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည်န္ဂဲ၏သား၊ န္ဂဲ သည်မာအတ်၏သားဖြစ်၏။-
Me nain Matatia, me nain Amoj, me nain Naum, me nain Ejli, me nain Nakai,
26 ၂၆ မာအတ်ကားမတ္တသိ၏သား၊ မတ္တသိကားရှေမိ၏ သား၊ ရှေမိကားယောသပ်၏သား၊ ယောသပ်ကား ယုဒ၏သား၊ ယုဒကားယောဟန္န၏သားဖြစ်၏။-
Me nain Maat, me nain Matatia, me nain Jimei, me nain Iojep, me nain Iuda,
27 ၂၇ ယောဟန္နသည်ရေသ၏သား၊ ရေသသည်ဇေရုဗ ဗေလ၏သား၊ ဇေရုဗဗေလသည်ရှာလသေလ ၏သား၊ ရှာလသေလသည်နေရိ၏သား၊ နေရိသည် မေလခိ၏သား၊ မေလခိသည်အဒ္ဒိ၏သားဖြစ်၏။-
Me nain Ioanan, me nain Reja, me nain Jerupapel, me nain Jalatiel, me nain Neri,
28 ၂၈ အဒ္ဒိကားကောသံ၏သား၊ ကောသံကားဧလ မောဒံ၏သား၊ ဧလမောဒံကားဧရ၏သား ဖြစ်၏။-
Me nain Melki, me nain Adi, me nain Kojam, me nain Elmodam, me nain Er,
29 ၂၉ ဧရသည်ယောရှု၏သား၊ ယောရှုသည်ဧလျေဇာ ၏သား၊ ဧလျေဇာသည်ယောရိမ်၏သား၊ ယောရိမ် သည်မဿတ်၏သား၊ မဿတ်သည်လေဝိ၏သား ဖြစ်၏။-
Me nain Iojej, me nain Eliejer, me nain lorim, me nain Matat, me nain Lewi,
30 ၃၀ လေဝိကားရှိမောင်၏သား၊ ရှိမောင်ကားယုဒ၏သား၊ ယုဒကားယောသပ်၏သား၊ ယောသပ်ကားယောနန် ၏သား၊ ယောနန်ကားဧလျာကိမ်၏သားဖြစ်၏။-
Me nain Jimeon, me nain Iuda, me nain Jojep, me nain Ionam, me nain Eliakim,
31 ၃၁ ဧလျာကိမ်သည်မေလေ၏သား၊ မေလေသည်မဲနန်၏ သား၊ မဲနန်သည်မတ္တသ၏သား၊ မတ္တသသည်နာသန်၏ သား၊ နာသန်သည်ဒါဝိဒ်၏သားဖြစ်၏။-
Me nain Melia, me nain Mena, me nain Matatan, me nain Natan, Me nain Dawid,
32 ၃၂ ဒါဝိဒ်ကားယေရှဲ၏သား၊ ယေရှဲကားသြဗက်၏သား၊ သြဗက်ကားဗောဇ၏သား၊ ဗောဇကားစာလမုန်၏ သား၊ စာလမုန်ကားနာရှုန်၏သားဖြစ်၏။-
Me nain Ieje, me nain Oped, me nain Poaj, me nain Jala, me nain Naajan,
33 ၃၃ နာရှုန်သည်အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည်အာရံနိ၏သား၊ အာရံနိသည်ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည်ယုဒ၏သားဖြစ်၏။-
Me nain Aminadap, me nain Aram, me nain Ejron, me nain Perej, me nain Iuda,
34 ၃၄ ယုဒကားယာကုပ်၏သား၊ ယာကုပ်ကားဣဇာက်၏ သား၊ ဣဇာက်ကားအာဗြဟံ၏သား၊ အာဗြဟံ ကားတေရ၏သား၊ တေရကားနာခေါ်၏သား ဖြစ်၏။-
Me nain Iakop, me nain Ijaak, me nain Apraam, me nain Tara, me nain Naor,
35 ၃၅ နာခေါ်သည်စေရောက်၏သား၊ စေရောက်သည် ရာဂေါ၏သား၊ ရာဂေါသည်ဖာလက်၏သား၊ ဖာလက်သည်ဟေဗာ၏သား၊ ဟေဗာသည် ရှာလ၏သားဖြစ်၏။-
Me nain Jeruk, me nain Reku, me nain Palek, me nain Eper, me nain Jala,
36 ၃၆ ရှာလကားကာဣနန်၏သား၊ ကာဣနန်ကား အာဖာဇဒ်၏သား၊ အာဖာဇဒ်ကားရှေမ၏ သား၊ ရှေမကားနောဧ၏သား၊ နောဧကား လာမက်၏သားဖြစ်၏။-
Me nain Kainan, me nain Arpakjad, me nain Jem, me nain Noa, me nain Lamek,
37 ၃၇ လာမက်သည်မသုရှလ၏သား၊ မသုရှလသည် ဧနောက်၏သား၊ ဧနောက်သည်ယာရက်၏သား၊ ယာရက်သည်မဟာလေလ၏သား၊ မဟာ လေလသည်ကာဣနန်၏သားဖြစ်၏။-
Me nain Metujala, me nain Enok, me nain Iared, me nain Maalaleel, me nain Kainan,
38 ၃၈ ကာဣနန်ကားဧနုတ်၏သား၊ ဧနုတ်ကားရှေသ၏ သား၊ ရှေသသည်ကားအာဒံ၏သား၊ အာဒံကား ဘုရားသခင်၏သားဖြစ်သတည်း။
Me nain Enos, me nain Jet, me nain Adam, me japwilim en Kot.