< ရောမ 4 >

1 သို့​ဖြစ်​၍​ငါ​တို့​လူ​မျိုး​၏​အ​ဖ​ဖြစ်​သူ အာ​ဗြ​ဟံ​၏​အ​ကြောင်း​ကို​စဉ်း​စား​ကြည့် ကြ​စို့။ သူ​၏​အ​တွေ့​အ​ကြုံ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။-
तो हम क्या कहें, कि हमारे शारीरिक पिता अब्राहम को क्या प्राप्त हुआ?
2 အ​ကယ်​၍​အာ​ဗြ​ဟံ​သည်​မိ​မိ​၏​အ​ကျင့် သီ​လ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​ပါ​မူ သူ့​မှာ​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​အ​ကြောင်း​ရှိ​ပေ​သည်။ သို့​ရာ​တွင် သူ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင် ထို​သို့​ဂုဏ်​ယူ​ဝါ​ကြွား​မှု​ကို​မ​ပြု​နိုင်။-
क्योंकि यदि अब्राहम कामों से धर्मी ठहराया जाता, तो उसे घमण्ड करने का कारण होता है, परन्तु परमेश्वर के निकट नहीं।
3 ကျမ်း​စာ​တော်​က``အာ​ဗြ​ဟံ​သည်​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင် သည်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​လက်​ခံ တော်​မူ​၏'' ဟု​ဆို​သည်။-
पवित्रशास्त्र क्या कहता है? यह कि “अब्राहम ने परमेश्वर पर विश्वास किया, और यह उसके लिये धार्मिकता गिना गया।”
4 လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​လုပ်​လုပ်​၍ အ​ခ​ကြေး​ငွေ​ကို​ရ​ရှိ​သော​အ​ခါ ထို​ကြေး ငွေ​သည်​လက်​ဆောင်​အ​ဖြစ်​ရ​သော​အ​ရာ မ​ဟုတ်​ဘဲ​မိ​မိ​အ​လုပ်​လုပ်​၍​ရ​သော​အ​ရာ ဖြစ်​၏။-
काम करनेवाले की मजदूरी देना दान नहीं, परन्तु हक़ समझा जाता है।
5 သို့​ရာ​တွင်​သူ​သည်​မိ​မိ​၏​အ​ကျင့်​သီ​လ ကို​အား​မ​ကိုး​ဘဲ​ယုံ​ကြည်​ခြင်း​ကို​အား​ကိုး လျှင် ဘု​ရား​သ​ခင်​သည်​သူ​၏​ယုံ​ကြည်​မှု​ကို ထောက်​ရှု​လျက် သူ့​အား​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင် ချက်​ချ​မှတ်​တော်​မူ​သည်။ သူ​၏​ယုံ​ကြည်​ခြင်း ကြောင့်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​မိ​မိ​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ​၏။-
परन्तु जो काम नहीं करता वरन् भक्तिहीन के धर्मी ठहरानेवाले पर विश्वास करता है, उसका विश्वास उसके लिये धार्मिकता गिना जाता है।
6 အ​ကျင့်​သီ​လ​ကို​မ​ထောက်​ဘဲ​ဘု​ရား​သ​ခင် သည်​ဖြောင့်​မတ်​သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ ခြင်း​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ကြောင်း ဖော်​ပြ​ရာ​၌​ဒါ​ဝိဒ်​မင်း​က၊
जिसे परमेश्वर बिना कर्मों के धर्मी ठहराता है, उसे दाऊद भी धन्य कहता है:
7 ``အ​ပြစ်​ပြေ​လွတ်​ခွင့်​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​အ​တွက် လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ရ​သော​သူ​သည် မင်္ဂလာ​ရှိ​၏။
“धन्य वे हैं, जिनके अधर्म क्षमा हुए, और जिनके पाप ढांपे गए।
8 မိမိ​၏​အ​ပြစ်​များ​ကို​ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မူ ခြင်း​ကို၊ မ​ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​၏'' ဟု​မြွက်​ဆို​လေ​သည်။
धन्य है वह मनुष्य जिसे परमेश्वर पापी न ठहराए।”
9 ဒါ​ဝိဒ်​မင်း​ဖော်​ပြ​သော​မင်္ဂလာ​ကို​အ​ရေ​ဖျား လှီး​ခြင်း​ခံ​သူ​တို့​သာ​လျှင်​ရ​ရှိ​ကြ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သူ​တို့​လည်း​ရ​ရှိ ကြ​ပေ​သည်။ ငါ​တို့​ဖော်​ပြ​ခဲ့​သော​ကျမ်း​စာ အ​ရ``အာ​ဗြ​ဟံ​သည်​ဘုရား​သခင်​ကို​ယုံ​ကြည် သ​ဖြင့်​ဘု​ရား​သ​ခင်​သည်​သူ့​အား​ဖြောင့်​မတ် သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ​၏။-''
तो यह धन्य वचन, क्या खतनावालों ही के लिये है, या खतनारहितों के लिये भी? हम यह कहते हैं, “अब्राहम के लिये उसका विश्वास धार्मिकता गिना गया।”
10 ၁၀ ဤ​သို့​အာ​ဗြ​ဟံ​အား​ဖြောင့်​မတ်​သော​သူ အ​ဖြစ်​ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ​သည့် အ​ချိန်​မှာ အာ​ဗြ​ဟံ​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ပြီး​မှ​လော။ မ​ခံ​ရ​သေး​မီ​က​လော။ ခံ​ပြီး မှ​မ​ဟုတ်။ မ​ခံ​ရ​သေး​မီ​က​ဖြစ်​၏။-
१०तो वह कैसे गिना गया? खतने की दशा में या बिना खतने की दशा में? खतने की दशा में नहीं परन्तु बिना खतने की दशा में।
11 ၁၁ သူ့​အား​ဘု​ရား​သ​ခင်​ယင်း​သို့​လက်​ခံ​တော်​မူ ပြီး​မှ​အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ရ​၏။ ထို​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကား​ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​ကို​ထောက် လျက် အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​မီ​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ သော​အ​မှတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို မ​ခံ​သော်​လည်း​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​လာ ၏။-
११और उसने खतने का चिन्ह पाया, कि उस विश्वास की धार्मिकता पर छाप हो जाए, जो उसने बिना खतने की दशा में रखा था, जिससे वह उन सब का पिता ठहरे, जो बिना खतने की दशा में विश्वास करते हैं, ताकि वे भी धर्मी ठहरें;
12 ၁၂ သူ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ခံ​သူ​တို့​၏ အ​ဖ​လည်း​ဖြစ်​ပေ​သည်။ တစ်​နည်း​ကား​သူ သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို​ခံ​ကြ​ရုံ​မ​က ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​အ​ရေ​ဖျား​လှီး​မင်္ဂလာ ကို​မ​ခံ​မီ​က ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း စံ​န​မူ​နာ​ကို​လိုက်​သူ​တို့​၏​အ​ဖ​လည်း​ဖြစ် သည်။
१२और उन खतना किए हुओं का पिता हो, जो न केवल खतना किए हुए हैं, परन्तु हमारे पिता अब्राहम के उस विश्वास के पथ पर भी चलते हैं, जो उसने बिन खतने की दशा में किया था।
13 ၁၃ ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သား​မြေး​တို့ အား​ကမ္ဘာ​လော​က​ကို ပိုင်​စေ​တော်​မူ​မည်​ဟု​က​တိ ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​က​တိ​ထား​တော်​မူ​ခြင်း မှာ​အာ​ဗြ​ဟံ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သော​ကြောင့်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် သ​ဖြင့်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-
१३क्योंकि यह प्रतिज्ञा कि वह जगत का वारिस होगा, न अब्राहम को, न उसके वंश को व्यवस्था के द्वारा दी गई थी, परन्तु विश्वास की धार्मिकता के द्वारा मिली।
14 ၁၄ အ​ကယ်​၍​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ကြ သူ​များ​သာ​လျှင် က​တိ​တော်​ကို​ခံ​စား​ရ​ကြ မည်​ဆို​လျှင်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​မှု သည်​အ​ချည်း​နှီး​ဖြစ်​၍​က​တိ​တော်​သည် လည်း​အဋ္ဌိ​ပ္ပါယ်​မ​ရှိ​တော့​ပေ။-
१४क्योंकि यदि व्यवस्थावाले वारिस हैं, तो विश्वास व्यर्थ और प्रतिज्ञा निष्फल ठहरी।
15 ၁၅ ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​ကို​ဖြစ်​ပွား​စေ​၏။ သို့​ရာ​တွင်​တ​ရား ဥ​ပ​ဒေ​မ​ရှိ​လျှင်​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး ဖောက်​ခြင်း​လည်း​မ​ရှိ​နိုင်။
१५व्यवस्था तो क्रोध उपजाती है और जहाँ व्यवस्था नहीं वहाँ उसका उल्लंघन भी नहीं।
16 ၁၆ သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သား​မြေး​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို​အ​ခ​မဲ့ ခံ​စား​ခွင့်​ရှိ​ကြောင်း အာ​မ​ခံ​ချက်​ရှိ​စေ​ရန် ကိုယ်​တော်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​အ​ပေါ် တွင်​အ​ခြေ​ခံ​၍​က​တိ​ထား​တော်​မူ​၏။ ထို က​တိ​တော်​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​များ​အ​တွက်​သာ​လျှင်​မ​ဟုတ်။ အာ​ဗြ​ဟံ ကဲ့​သို့​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့ အ​တွက်​လည်း​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် အာ​ဗြ​ဟံ​သည်​ငါ​တို့​အား​လုံး​၏​အ​ဖ​ဖြစ် သော​ကြောင့်​တည်း။-
१६इसी कारण प्रतिज्ञा विश्वास पर आधारित है कि अनुग्रह की रीति पर हो, कि वह सब वंश के लिये दृढ़ हो, न कि केवल उसके लिये जो व्यवस्थावाला है, वरन् उनके लिये भी जो अब्राहम के समान विश्वासवाले हैं वही तो हम सब का पिता है
17 ၁၇ ``ငါ​သည်​သင့်​အား​လူ​မျိုး​အ​မြောက်​အ​မြား​တို့ ၏​အ​ဖ​ဖြစ်​စေ​ပြီ'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ သည်​နှင့်​အ​ညီ​ဖြစ်​သည်။ သို့​ဖြစ်​၍​ဘု​ရား​သခင် ၏​ရှေ့​တော်​၌​ထို​က​တိ​တော်​တည်​ရ​၏။ ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​ယုံ​ကြည်​သော​ဘု​ရား၊ သူ သေ​တို့​ကို​အ​သက်​ရှင်​စေ​သော​ဘု​ရား၊ ယ​ခင် က​မ​ဖြစ်​ဘူး​သည့်​အ​ရာ​များ​ကို​ဖြစ်​ပေါ် စေ​ရန်​အ​မိန့်​ပေး​တော်​မူ​သော​ဘု​ရား​ဖြစ် တော်​မူ​၏။-
१७जैसा लिखा है, “मैंने तुझे बहुत सी जातियों का पिता ठहराया है” उस परमेश्वर के सामने जिस पर उसने विश्वास किया और जो मरे हुओं को जिलाता है, और जो बातें हैं ही नहीं, उनका नाम ऐसा लेता है, कि मानो वे हैं।
18 ၁၈ အာ​ဗြ​ဟံ​သည်​မျှော်​လင့်​စ​ရာ​မဲ့​သော​အ​ခြေ အ​နေ​၌​ပင်​လျှင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခဲ့​၏။ သို့​ဖြစ်​၍​သူ​သည်​လူ​မျိုး​အ​မြောက်​အ​မြား တို့​၏​အ​ဖ​ဖြစ်​လာ​၏။ ကျမ်း​စာ​တော်​တွင်``သင် ၏​အ​မျိုး​အ​နွယ်​တို့​သည်​ကြယ်​ကဲ့​သို့​များ ပြား​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​၏။-
१८उसने निराशा में भी आशा रखकर विश्वास किया, इसलिए कि उस वचन के अनुसार कि “तेरा वंश ऐसा होगा,” वह बहुत सी जातियों का पिता हो।
19 ၁၉ ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​တစ်​ရာ ခန့်​ပင်​ရှိ​၍ မိ​မိ​၏​ကိုယ်​ခန္ဓာ​သည်​အ​သေ​ကဲ့​သို့ ဖြစ်​လျက်​နေ​ကြောင်း​ကို​လည်း​ကောင်း၊ စာ​ရာ သည်​လည်း​က​လေး​မ​ရ​နိုင်​ကြောင်း​ကို​လည်း ကောင်း​သိ​သော်​လည်း ဘု​ရား​သ​ခင်​အ​ပေါ်​တွင် ယုံ​ကြည်​မှု​ခိုင်​မြဲ​လျက်​ရှိ​၏။-
१९वह जो सौ वर्ष का था, अपने मरे हुए से शरीर और सारा के गर्भ की मरी हुई की सी दशा जानकर भी विश्वास में निर्बल न हुआ,
20 ၂၀ သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဘု​ရား​သ​ခင် ၏​က​တိ​တော်​ကို​ယုံ​မှား​သံ​သ​ယ​မ​ဖြစ်။ ကိုယ်​တော့်​အ​ပေါ်​ယုံ​ကြည်​မှု​ကို​လည်း​မ​စွန့် လွှတ်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သည်​ဖြစ်​၍ ခွန်​အား​ပြည့်​ဝ​လာ​၏။ ထို့​ကြောင့်​သူ​သည် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပေ သည်။-
२०और न अविश्वासी होकर परमेश्वर की प्रतिज्ञा पर संदेह किया, पर विश्वास में दृढ़ होकर परमेश्वर की महिमा की,
21 ၂၁ ဘု​ရား​သ​ခင်​သည်​မိမိ​က​တိ​ထား​တော်​မူ​သည့် အ​တိုင်း​ပြု​တော်​မူ​နိုင်​ကြောင်း​အာ​ဗြ​ဟံ​သည် အ​ကြွင်း​မဲ့​ယုံ​ကြည်​၏။-
२१और निश्चय जाना कि जिस बात की उसने प्रतिज्ञा की है, वह उसे पूरा करने में भी सामर्थी है।
22 ၂၂ ထို​သို့​ယုံ​ကြည်​မှု​ကြောင့်​ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​လက်​ခံ​တော် မူ​၏။-
२२इस कारण, यह उसके लिये धार्मिकता गिना गया।
23 ၂၃ ``ဘု​ရား​သ​ခင်​သည်​သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏'' ဟူ​သော​စ​ကား​ရပ် သည်​အာ​ဗြ​ဟံ​တစ်​ဦး​တည်း​သာ​ရည်​ညွှန်း သည်​မ​ဟုတ်။-
२३और यह वचन, “विश्वास उसके लिये धार्मिकता गिना गया,” न केवल उसी के लिये लिखा गया,
24 ၂၄ ငါ​တို့​အား​လည်း​ရည်​ညွှန်း​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု အား​ရှင်​ပြန်​ထ​မြောက်​စေ​သော​ဘု​ရား​သ​ခင် ကို ငါ​တို့​ယုံ​ကြည်​သ​ဖြင့်​ငါ​တို့​အား​ဖြောင့် မတ်​သူ​များ​အ​ဖြစ်​ကိုယ်​တော်​လက်​ခံ​မည် ဖြစ်​သော​ကြောင့်​တည်း။-
२४वरन् हमारे लिये भी जिनके लिये विश्वास धार्मिकता गिना जाएगा, अर्थात् हमारे लिये जो उस पर विश्वास करते हैं, जिसने हमारे प्रभु यीशु को मरे हुओं में से जिलाया।
25 ၂၅ ထို​အ​ရှင်​သည်​ငါ​တို့​အ​ပြစ်​များ​ကြောင့်​အ​သေ ခံ​စေ​ရန်​အပ်​နှံ​ခြင်း​ကို​ခံ​တော်​မူ​၏။ ငါ​တို့​အား ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​အံ့​သော ငှာ​ကိုယ်​တော်​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၏။
२५वह हमारे अपराधों के लिये पकड़वाया गया, और हमारे धर्मी ठहरने के लिये जिलाया भी गया।

< ရောမ 4 >