< ၂ ဓမ္မရာဇဝင် 1 >

1 ရှောလု သေ သောနောက် ၊ ဒါဝိဒ် သည် အာမလက် လူတို့ကို လုပ်ကြံ ရာမှ ပြန် လာ၍ ၊ ဇိကလတ် မြို့၌ နှစ် ရက် နေ ပြီးလျှင်၊
After the death of Saul, David returned from attacking the Amalekites and remained in Ziklag for two days.
2 သုံး ရက်မြောက်သောနေ့ တွင် လူ တယောက်သည် မိမိ အဝတ် ကိုဆုတ် လျက် ၊ မိမိ ခေါင်း ပေါ် မှာ မြေမှုန့် ကို တင်လျက်၊ ရှောလု တပ် က လာ ၍ ဒါဝိဒ် ထံသို့ ရောက် သော် ၊ မြေ ပေါ် မှာ ပြပ်ဝပ် လျက် ရှိခိုး ၏။
On the third day, a man came from Saul's camp with his clothes torn and with dirt on his head. When he came to David he lay facedown on the ground and prostrated himself.
3 ဒါဝိဒ် ကလည်း ၊ အဘယ် အရပ်ကလာ သနည်းဟုမေး လျှင် ၊ ထိုသူက ကျွန်တော်သည် ဣသရေလ တပ် က ပြေး ၍လာပါသည်ဟု လျှောက် လေ၏။
David said to him, “Where did you come from?” He answered, “I escaped from the camp of Israel.”
4 ဒါဝိဒ် ကလည်း ၊ အမှု ကားအဘယ်သို့ နည်း။ ငါ့ အား ပြော ပါလော့ဟုမေး လျှင် ၊ သူက ဣသရေလလူ တို့ သည် စစ်တိုက် ရာတွင် ပြေး ၍အများ တို့သည် လဲ လျက် သေ ပါပြီ။ ရှောလု နှင့် သား တော်ယောနသန် လည်း သေ ပါပြီဟု ပြန်လျှောက် လေ၏။
David said to him, “Please tell me how things went.” He answered, “The people fled from the battle. Many have fallen and many are dead. Saul and Jonathan his son are also dead.”
5 ထိုသိတင်းကိုကြားပြော သောလုလင် အား ဒါဝိဒ် က၊ ရှောလု နှင့် သား တော်ယောနသန် သေ ကြောင်း ကို သင်သည်အဘယ်သို့ သိ သနည်းဟုမေး ပြန်လျှင်၊
David said to the young man, “How do you know that Saul and Jonathan his son are dead?”
6 ထိုလုလင် က၊ ကျွန်တော်သည် ဂိလဗော တောင် ပေါ် သို့ အလိုလိုရောက် သောအခါ၊ ရှောလု သည် လှံ တော်ကို ထောင်၍နေပါ၏။ ရထား စီးသူရဲ မြင်း စီးသူရဲတို့သည် ပြင်းထန်စွာလိုက် ကြ၏။
The young man replied, “By chance I happened to be on Mount Gilboa, and there Saul was leaning on his spear, and chariots and riders were about to catch up with him.
7 ရှောလုသည် နောက် တော်သို့ ကြည့် သဖြင့် ကျွန်တော် ကိုမြင် ၍ ခေါ် ပါ၏။
Saul turned around and saw me and called out to me. I answered, 'Here I am.'
8 ကျွန်တော် ရှိ ပါသည်ဟု လျှောက် သောအခါ ၊ သင် သည် အဘယ်သူ နည်းဟုမေး လျှင် ၊ ကျွန်တော် သည် အာမလက် လူဖြစ်ပါသည်ဟု ပြန်လျှောက် ပါ၏။
He said to me, 'Who are you?' I answered him, 'I am an Amalekite.'
9 ရှောလုကလည်း၊ ငါ့ ထံသို့ လာ၍ ငါ့ ကိုသတ် ပါတော့။ ငါ့ အသက် မသေနိုင်သောကြောင့် ပြင်းစွာ သော ဝေဒနာကို ခံရ ၏ဟုဆို သည်အတိုင်း၊
He said to me, 'Please stand over me and kill me, for great suffering has taken hold of me, but life is still in me.'
10 ၁၀ လဲ သောနောက် အသက် မ ရှင်နိုင်သည်ကို ကျွန်တော်သိ လျှင် သူ့ ထံသို့သွား၍သတ် ပါ၏။ ခေါင်း တော် ၌ ဆောင်းသောဦးရစ် နှင့် လက်ရုံး တော်၌ ဝတ်သော လက်ကောက် ကို ချွတ်ယူ ပြီးလျှင် ၊ ကျွန်တော် သခင့် ထံ တော်သို့ ဆောင် ခဲ့ပါသည်ဟု လျှောက်လေ၏။
So I stood over him and killed him, because I knew that he would not live after he had fallen. Then I took the crown that was on his head and the band that was on his arm, and brought them here to you, my master.”
11 ၁၁ ထိုအခါ ဒါဝိဒ် သည် မိမိ အဝတ် ကိုဆွဲဆုတ် ၍ ၊ သူ ၏လူ အပေါင်း တို့သည် ထိုနည်းတူပြုကြ၏။
Then David tore his clothes, and all the men with him did the same.
12 ၁၂ ရှောလု မှစ၍သား တော်ယောနသန် ၊ ထာဝရဘုရား ၏လူ များ၊ ဣသရေလ အမျိုးသားတို့သည် ထား ဖြင့် လဲ သေသောကြောင့် ၊ သူတို့အတွက် ညဦး တိုင်အောင် ငိုကြွေး မြည်တမ်း ၍ အစာ ကိုရှောင်ကြ၏။
They mourned, wept, and fasted until evening for Saul, for Jonathan his son, for the people of Yahweh, and for the house of Israel because they had fallen by the sword.
13 ၁၃ ထိုသိတင်းကိုကြား ပြောသော လုလင် အား ဒါဝိဒ် က၊ သင် သည် အဘယ် အရပ်က လာသနည်းဟုမေးလျှင် ၊ ထိုသူက ကျွန်တော် သည် တပါး အမျိုးသားအာမလက် လူ ဖြစ်ပါ၏ဟုပြန်လျှောက် သော်၊
David said to the young man, “Where are you from?” He answered, “I am the son of a foreigner in the land, an Amalekite.”
14 ၁၄ ဒါဝိဒ် က၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို သတ် ခြင်းငှါ သင့် လက် ကိုအဘယ်သို့ ဆန့် ဝံ့သနည်းဟုဆို လျက်၊
David said to him, “Why were you not afraid to kill Yahweh's anointed king with your own hand?”
15 ၁၅ လုလင် တယောက် ကိုခေါ် ၍ ၊ သူ့ ကို သွား သတ် တော့ဟုဆို သည်အတိုင်း ၊ လုလင်သည် လုပ်ကြံ ၍ သတ် လေ၏။
David called one of the young men and said, “Go and kill him.” So that man went and struck him down, and the Amalekite died.
16 ၁၆ ဒါဝိဒ် ကလည်း ၊ သင် ၏အသွေး သည် သင့် ခေါင်း ပေါ် မှာတည်စေ။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို ကျွန်တော် သတ် ပါပြီဟု သင့် နှုတ် သည် သင့် တဘက် ၌ သက်သေခံ လေပြီဟုဆို ၏။
Then David said to the dead Amalekite, “Your blood is on your head because your own mouth has testified against you and said, 'I have killed Yahweh's anointed king.'”
17 ၁၇ ဒါဝိဒ် သည် ရှောလု နှင့် သား တော် ယောနသန် ကြောင့် ငိုကြွေး မြည်တမ်း၍၊
Then David sung this funeral song about Saul and Jonathan his son.
18 ၁၈ ယုဒ အမျိုးသား တို့အား သင် စေသော လေး သီချင်းတည်းဟူသောယာရှာ စာ ၌ ပါသောသီချင်းစကား ဟူမူကား၊
He commanded the people to teach this Song of the Bow to the sons of Judah, which has been written in the Book of Jashar.
19 ၁၉ အိုဣသရေလ ဂုဏ် အသရေ၊ သင် ၏မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီ။ သူရဲ တို့သည် လဲ သေကြပြီတကား။
“Your glory, Israel, is dead, killed on your high places! How the mighty have fallen!
20 ၂၀ ထိုသိတင်းကို ဂါသ မြို့၌ မ ပြော ကြနှင့်။ အာရှကေလုန် မြို့လမ်း တို့၌ မ ကြား မပြောကြနှင့်။ ဖိလိတ္တိ အမျိုးသမီး တို့သည် ဝမ်းမြောက် ၍ အရေဖျား လှီးခြင်းကို မခံသော အမျိုးသမီး တို့သည် ရွှင်လန်း ကြလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
Do not tell it in Gath, do not proclaim it in the streets of Ashkelon, so that the daughters of the Philistines may not rejoice, so that the daughters of the uncircumcised may not celebrate.
21 ၂၁ အိုဂိလဗော တောင် တို့၊ သင် တို့အပေါ် မှာ နှင်း မ ကျစေနှင့်။ မိုဃ်း မ ရွာစေနှင့်။ ပူဇော် စရာအသီးကိုသီးသော လယ်ကွက် မရှိစေနှင့်။ အကြောင်း မူကား၊ ထို အရပ်၌ သူရဲ ဆောင်သော ဒိုင်း တည်းဟူသောရှောလု ဆောင်သောဒိုင်း လွှား၊ ဆီ နှင့် လိမ်း ပြီးသော လက်နက်တော်ကို ရှုတ်ချ လေပြီတကား။
Mountains of Gilboa, let there not be dew or rain on you, nor fields giving grain for offerings, for there the shield of the mighty was defiled. The shield of Saul is no longer anointed with oil.
22 ၂၂ သူရဲတို့၏အသွေး ၊ ခွန်အား ကြီးသောသူတို့ ၏ ဆီဥ မှ ယောနသန် ၏လေး သည် နောက် သို့မ လှန်။ ရှောလု၏ထား တော်သည် ကိုယ်ချည်း ပြန် ၍ မ လာတတ်။
From the blood of those who have been killed, from the bodies of the mighty, the bow of Jonathan did not turn back, and the sword of Saul did not return empty.
23 ၂၃ ရှောလု နှင့် ယောနသန် သည် ချစ် တတ်သောသဘောရှိ၍ အသက် ရှင်စဉ် အခါ မိတ်ဆွေဖြစ်လျက် ၊ အသက်သေ သောအခါ တယောက်နှင့် တယောက်မ ကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတ ထက် မြန် ၍ ခြင်္သေ့ ထက် ခွန်အား ကြီးကြ၏။
Saul and Jonathan were loved and gracious in life, and in their death they were not separated. They were swifter than eagles, they were stronger than lions.
24 ၂၄ အိုဣသရေလ အမျိုးသမီး တို့၊ ရှောလု ကို ငိုကြွေး ကြလော့။ သင် တို့ကို လှသော ကမ္ဗလာ နီ နှင့် ဝတ် စေ၍၊ သင် တို့အဝတ် ၌ လည်း ရွှေ တန်ဆာ နှင့် ဆင်စေတော်မူ ၏။
You daughters of Israel, weep over Saul, who clothed you in scarlet as well as jewels, and who put ornaments of gold on your clothing.
25 ၂၅ စစ်တိုက် ပွဲ၌ သူရဲ တို့သည် လဲ သေကြပြီ။ အို ယောနသန် ၊ သင် ၏ မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီတကား။
How the mighty have fallen in the midst of the battle! Jonathan is killed on your high places.
26 ၂၆ ငါ့ ညီ ယောနသန် ၊ သင့် ကြောင့် ငါ ညှိုးငယ် ခြင်းရှိ၏။ သင်သည် ငါ့ မိတ်ဆွေကြီးဖြစ်၍၊ ငါ့ ကို ချစ်သော မေတ္တာ သည် အံ့ဩဘွယ် သောမေတ္တာ၊ မိန်းမ ကို ချစ်တတ်သော မေတ္တာ ထက် သာ၍အားကြီးသောမေတ္တာဖြစ်၏။
I am distressed for you, my brother Jonathan. You were very dear to me. Your love to me was wonderful, exceeding the love of women.
27 ၂၇ သူရဲ တို့သည်လဲ သေကြပြီတကား။ စစ်တိုက် လက်နက် တို့သည် ဆုံး ကြပြီတကားဟု ပါသတည်း။
How the mighty have fallen, and the weapons of war perished!”

< ၂ ဓမ္မရာဇဝင် 1 >