< ဆာလံ 13 >

1 အိုထာဝရဘုရား ၊ အကျွန်ုပ် ကို အလျှင်းမမှတ်ဘဲ အဘယ် မျှ ကာလ ပတ်လုံးမေ့လျော့ တော်မူမည်နည်း။ အဘယ် မျှကာလ ပတ်လုံးမျက်နှာ တော်ကို ကွယ် ထား တော်မူမည်နည်း။
To the Overseer. — A Psalm of David. Till when, O Jehovah, Dost Thou forget me? — for ever? Till when dost Thou hide Thy face from me?
2 အကျွန်ုပ် သည် အစဉ် ဝမ်းနည်း လျက် ၊ အဘယ် မျှ ကာလ ပတ်လုံး တွေးတော သောစိတ် ရှိရပါမည်နည်း။ အကျွန်ုပ် ၏ ရန်သူ သည် အဘယ် မျှ ကာလ ပတ်လုံး အကျွန်ုပ် ကို အုပ်စိုး ရပါမည်နည်း။
Till when do I set counsels in my soul? Sorrow in my heart daily? Till when is mine enemy exalted over me?
3 အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် စကားကို မျက်နှာ ပြု၍ နားထောင် တော်မူပါ။ အကျွန်ုပ် မျက်စိ ကို လင်း စေတော်မူပါ။ သို့မဟုတ် လျှင် အသေ အိပ် ပျော်ခြင်းသို့ ရောက်ရပါမည်။
Look attentively; Answer me, O Jehovah, my God, Enlighten mine eyes, lest I sleep in death,
4 အကျွန်ုပ် ၏ရန်သူ က၊ ငါနိုင် ပြီဟုဆို ၍၊ အကျွန်ုပ် ကို နှောင့်ရှက် သောသူ တို့ သည် အကျွန်ုပ်လှုပ်ရှား သည် ကို ဝမ်းမြောက် ကြပါလိမ့်မည်။
Lest mine enemy say, 'I overcame him,' Mine adversaries joy when I am moved.
5 အကျွန်ုပ် သည် ကရုဏာ တော်ကို ယုံကြည် ပါ၏။ ကယ်တင် တော်မူခြင်းအရာ၌ နှလုံး ရွှင်လန်း ပါလိမ့်မည်။
And I, in Thy kindness I have trusted, Rejoice doth my heart in Thy salvation.
6 အကျွန်ုပ် ၌ ကျေးဇူး ပြုတော်မူသောကြောင့် ထာဝရဘုရား ကို ထောမနာသီချင်း ဆိုပါမည်။
I do sing to Jehovah, For He hath conferred benefits upon me!

< ဆာလံ 13 >