< ဆာလံ 39 >

1 ငါ သည်စကား ဖြင့် မျှ မပြစ်မှား မည်အကြောင်း၊ ကိုယ် ကျင့် ကို သတိ ပြုမည်။ မတရား သောသူသည် ငါ့ ရှေ့ မှာ ရှိ စဉ်၊ ငါ သည်ကိုယ်နှုတ် ကို ချည်နှောင် မည်ဟု ငါပြော ထား၏။
To the Overseer, to Jeduthun. — A Psalm of David. I have said, 'I observe my ways, Against sinning with my tongue, I keep for my mouth a curb, while the wicked [is] before me.'
2 စကား မပြောဘဲအ လျက်နေ၏။ ကောင်း သော အရာကို ပင် မ ပြော။ ထို သို့နေစဉ်၊ ငါ သည် စိတ် ညစ်ညူးခြင်းရှိ ၏။
I was dumb [with] silence, I kept silent from good, and my pain is excited.
3 ကိုယ် အထဲ မှာ နှလုံး ပူဆွေး ခြင်းရှိ၏။ ငါ ညည်းတွား စဉ် ၊ မီး လောင် လေ၏။ ထိုအခါငါ သည် နှုတ် မြွက် ၏။
Hot [is] my heart within me, In my meditating doth the fire burn, I have spoken with my tongue.
4 အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ကိုယ်ပျက် တတ်သော သဘောကိုသိ ရပါမည်အကြောင်း၊ အကျွန်ုပ် ၏လမ်း ဆုံးကို၎င်း၊ အကျွန်ုပ် ၏ အသက် အပိုင်း အခြားကို၎င်း သိ စေတော်မူပါ။
'Cause me to know, O Jehovah, mine end, And the measure of my days — what it [is],' I know how frail I [am].
5 အကျွန်ုပ် အသက် တာကို တမိုက် မျှသာ ခန့်ထား တော်မူပြီ။ အကျွန်ုပ် အရွယ် သည် ရှေ့ တော်၌ ဘာမျှ မဟုတ် သကဲ့သို့ ဖြစ်ပါ၏။ အကယ် စင်စစ်လူမည်သည် ကား၊ လူ ၏အထွဋ် သို့ ရောက် သော်လည်း၊ အနတ္တ သက် သက်ဖြစ်ပါ၏။
Lo, handbreadths Thou hast made my days, And mine age [is] as nothing before Thee, Only, all vanity [is] every man set up. (Selah)
6 အကယ် စင်စစ်လူ သည် အရိပ် ၌ သာ ကျင်လည် ပါ၏။ အကယ် စင်စစ်လူတို့သည် အကျိုး မဲ့ပင်ပန်း ကြပါ ၏။ ဥစ္စာ ကိုဆည်းဖူးသော်လည်း အဘယ် သူရ အံ့သည် ကို မ သိ ရပါ။
Only, in an image doth each walk habitually, Only, [in] vain, they are disquieted, He heapeth up and knoweth not who gathereth them.
7 ယခု မူကား ၊ အကျွန်ုပ်သည် အဘယ်သို့ မြော်လင့် ရပါမည်နည်း။ အိုထာဝရ ဘုရား၊ ကိုယ်တော် ၌ သာ မြော်လင့် စရာအကြောင်းရှိပါ၏။
And, now, what have I expected? O Lord, my hope — it [is] of Thee.
8 ပြစ်မှားမိသမျှ သောအပြစ် တို့မှ အကျွန်ုပ် ကို လွှတ် တော်မူပါ။ မိုက် သောသူတို့ ၏ ကဲ့ရဲ့ ခြင်းကို ခံ စေတော်မ မူပါနှင့်။
From all my transgressions deliver me, A reproach of the fool make me not.
9 ကိုယ်တော် စီရင် တော်မူရာ ဖြစ်သောကြောင့် ၊ အကျွန်ုပ်ပြော စရာမရ။ နှုတ် ကို မ ဖွင့် ဘဲနေရပါ၏။
I have been dumb, I open not my mouth, Because Thou — Thou hast done [it].
10 ၁၀ အကျွန်ုပ် ကို ဒဏ်ခတ် တော်မမူပါနှင့်ဦး။ လက် တော်အောက်၌ ဆုံးမ ခြင်းကိုခံ ရ၍ အား ကုန်ပါပြီ။
Turn aside from off me Thy stroke, From the striving of Thy hand I have been consumed.
11 ၁၁ ကိုယ်တော်သည် လူ တို့အပြစ် ကြောင့် ဆုံးမ ၍ ဒဏ်ခတ် တော်မူလျှင် ၊ ပိုးရွ ဖျက်တတ်သကဲ့သို့ ၊ လူ တို့၏ တင့်တယ် ခြင်းအသရေကို ပြယ် ပျောက်စေတော်မူ၏။ အကယ် စင်စစ်လူ ခပ်သိမ်း တို့သည် အနတ္တ သက်သက်ဖြစ်ကြပါ၏။
With reproofs against iniquity, Thou hast corrected man, And dost waste as a moth his desirableness, Only, vanity [is] every man. (Selah)
12 ၁၂ အိုထာဝရဘုရား ၊ အကျွန်ုပ် ဆုတောင်းခြင်း ပဌနာ ကို ကြား တော်မူပါ။ အကျွန်ုပ် အော်ဟစ် သော အသံကို နားထောင် တော်မူပါ။ အကျွန်ုပ် မျက်ရည် ကို ကြည့် ၍ နေတော်မ မူပါနှင့်။ ဘိုးဘေး အပေါင်း တို့သည် ဖြစ်ဘူးသကဲ့သို့ ၊ အကျွန်ုပ် သည် ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်၏။
Hear my prayer, O Jehovah, And [to] my cry give ear, Unto my tear be not silent, For a sojourner I [am] with Thee, A settler like all my fathers.
13 ၁၃ အကျွန်ုပ် သည် ရွေ့သွား ၍ မ ပျောက် မှီတွင် သက်သာ ရမည်အကြောင်း ၊ မျက်နှာ လွှဲတော်မူပါ။
Look from me, and I brighten up before I go and am not!

< ဆာလံ 39 >