< ၂ ကောရိန္သု 3 >

1 ငါတို့သည် တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြ သလော။ သို့မဟုတ်ချီးမွမ်းသောစာကို သင်တို့ထံသို့ သူတပါးပေးစေခြင်းငှါ၎င်း၊ သင်တို့သည်သူတပါးထံသို့ ပေးစေခြင်းငှါ၎င်း၊ ငါတို့သည်အချို့သောသူကဲ့သို့ အလိုရှိကြသလော။
Je, tumeanza kujisifia wenyewe tena? Hatuhitaji barua ya mapendekezo kwenu au kutoka kwenu, kama baadhi ya watu, je twahitaji?
2 သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဘတ်တတ်သောငါတို့ စာပင်ဖြစ်ကြသတည်း။
Ninyi wenyewe ni barua yetu ya mapendekezo, iliyoandikwa kwenye mioyo yetu, inayojulikana na kusomwa na watu wote.
3 အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မှင်နှင့် ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ရေး၍၎င်း၊ ကျောက်ပြားပေါ်၌မရေးဘဲ အသားနှင့်ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၎င်း၊ ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။
Na mnaonesha kwamba ninyi ni barua kutoka kwa Kristo, iliyotolewa na sisi. Iliandikwa siyo kwa wino bali kwa Roho wa Mungu aliye hai. Haikuandikwa juu ya vibao vya mawe, bali juu ya vibao vya mioyo ya wanadamu.
4 ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ ထိုသို့သော ယုံမှတ်စွဲလမ်းခြင်းရှိ၏။
Na huu ndiyo ujasiri tulio nao katika Mungu kupitia Kristo.
5 သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု၍၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကိုအမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊
Hatujiamini wenyewe kwa kudai chochote kama kutoka kwetu. Badala yake, kujiamini kwetu kunatoka kwa Mungu.
6 ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော် မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကိုမဆိုလို၊ ဝိညာဉ်တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။
Ni Mungu ambaye alitufanya tuweze kuwa watumishi wa agano jipya. Hili ni agano sio la barua bali ni la Roho. Kwa kuwa barua huua, lakini roho inatoa uhai.
7 ထိုမှတပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သောရောင်ခြည် ကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသောသေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊
Sasa kazi ya kifo iliyokuwa imechongwa katika herufi juu ya mawe ilikuja kwa namna ya utukufu kwamba watu wa Israeli hawakuangalia moja kwa moja kwenye uso wa Musa. Hii ni kwa sababu ya utukufu wa uso wake, utukufu ambao ulikuwa unafifia.
8 ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။
Je, kazi ya Roho haitakuwa na utukufu zaidi?
9 အပြစ်စီရင်တတ်သောတရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရား သည် ဘုန်းအာနုဘော်နှင့် သာ၍ ကြွယ်ဝပြည့်စုံလိမ့်မည်။
Kwa kuwa kama huduma ya hukumu ilikuwa na utukufu, ni mara ngapi zaidi huduma ya haki huzidi sana katika utukufu!
10 ၁၀ နောက်ဖြစ်သော ဘုန်းသည် အလွန်မြတ်သောကြောင့်၊ ဘုန်းရှိဘူးသော အရာသည် ဘုန်းကွယ်လျက် ရှိ၏။
Ni kweli kwamba, kile kilichofanywa utukufu kwanza hakina utukufu tena katika heshima hii, kwa sababu ya utukufu unaouzidi.
11 ၁၁ ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင်၊ တည်နေသောအရာသည်သာ၍ ဘုန်းရှိလိမ့်မည်။
Kwa kuwa kama kile ambacho kilikuwa kinapita kilikuwa na utukufu, ni kwa kiasi gani zaidi kile ambacho ni cha kudumu kitakuwa na utukufu!
12 ၁၂ ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် တိမ်ဝှက်ခြင်း အလျှင်းမရှိ။ အတည်အလင်း ဟောပြောကြ၏။
Kwa kuwa tunajiamini hiyo, tunaujasiri sana.
13 ၁၃ ပယ်ရှင်းသောအရာ၏အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှါ မောရှ သည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ။
Hatuko kama Musa, aliyeweka utaji juu ya uso wake, ili kwamba watu wa Israel wasiweze kuangalia moja kwa moja kwenye mwisho wa utukufu ambao ulikuwa unatoweka.
14 ၁၄ သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍၊ ယခုတိုင်အောင် စမ္မကျမ်းစာကို ဘတ်ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ၏။
Lakini fahamu zao zilikuwa zimefungwa. Hata mpaka siku hii utaji uleule bado unabaki juu ya usomaji wa agano la kale. Haijawekwa wazi, kwa sababu ni katika Kristo pekee inaondolewa mbali.
15 ၁၅ ယခုတိုင်အောင်လည်း၊ မောရှ၏ကျမ်းစာကို ဘတ်ကြသောအခါ၊ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိ သေး၏။
Lakini hata leo, wakati wowote Musa asomwapo, utaji hukaa juu ya mioyo yao.
16 ၁၆ သို့သော်လည်း သခင်ဘုရားထံတော်သို့ ပြောင်းလဲသောအခါ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်း လိမ့်မည်။
Lakini mtu anapogeuka kwa Bwana, utaji unaondolewa.
17 ၁၇ သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏။
Sasa Bwana ni Roho. Palipo na Roho wa Bwana, kuna uhuru.
18 ၁၈ ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည့်အတိုင်း၊ ငါတို့သည် ဘုန်းအသရေ တိုးပွါး၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။
Sasa sisi sote, pamoja na nyuso zisizo wekewa utaji, huona utukufu wa Bwana. Tunabadilishwa ndani ya muonekano uleule wa utukufu kutoka shahada moja ya utukufu kwenda nyingine, kama ilivyo kutoka kwa Bwana, ambaye ni Roho.

< ၂ ကောရိန္သု 3 >