< ၄ ဓမ္မရာဇဝင် 21 >

1 မနာရှေသည် အသက်တဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဟဇ္ဇိဘအမည်ရှိ၏။
בן שתים עשרה שנה מנשה במלכו וחמשים וחמש שנה מלך בירושלם ושם אמו חפצי בה׃
2 ထိုမင်းသည် ဣသရေလအမျိုးသားရှေ့မှ ထာဝရဘုရားနှင့် ထုတ်တော်မူသော တပါးအမျိုးသား ရွံရှာဘွယ်ထုံးစံအတိုင်း၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
ויעש הרע בעיני יהוה כתועבת הגוים אשר הוריש יהוה מפני בני ישראל׃
3 ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်၍၊ ဣသရေလရှင်ဘုရင် အာဟပ်ပြုသကဲ့သို့ ဗာလအဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်ကို လည်း ပြုစု၏။ မိုဃ်းကောင်းကင် တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။
וישב ויבן את הבמות אשר אבד חזקיהו אביו ויקם מזבחת לבעל ויעש אשרה כאשר עשה אחאב מלך ישראל וישתחו לכל צבא השמים ויעבד אתם׃
4 ယေရုရှလင်မြို့၌ ငါ့နာမကိုငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ် ပလ္လင်တည်းဟူသော၊
ובנה מזבחת בבית יהוה אשר אמר יהוה בירושלם אשים את שמי׃
5 ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည်၏။
ויבן מזבחות לכל צבא השמים בשתי חצרות בית יהוה׃
6 မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသော အတတ်ကို သုံးဆောင်၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌ များစွာ သော ဒုစရိုက်ကိုပြု၏။
והעביר את בנו באש ועונן ונחש ועשה אוב וידענים הרבה לעשות הרע בעיני יהוה להכעיס׃
7 ဤဗိမာန်၌၎င်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည် ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား၏။
וישם את פסל האשרה אשר עשה בבית אשר אמר יהוה אל דוד ואל שלמה בנו בבית הזה ובירושלם אשר בחרתי מכל שבטי ישראל אשים את שמי לעולם׃
8 ငါမှာထားသမျှအတိုင်း ငါ့ကျွန်မောရှေ မှာထား သမျှသော တရားအတိုင်း ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ဘိုးဘေးတို့အား ငါပေးသော ပြည်မှ သူတို့ကို နောက်တဖန် ငါမရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
ולא אסיף להניד רגל ישראל מן האדמה אשר נתתי לאבותם רק אם ישמרו לעשות ככל אשר צויתים ולכל התורה אשר צוה אתם עבדי משה׃
9 သူတို့သည် နားမထောင်၊ ဣသရေလအမျိုးသား တို့ရှေ့မှာ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက် သာ၍ ဒုစရိုက်ကိုပြုစေခြင်းငှါ မနာရှေ သည် သွေးဆောင်လေ၏။
ולא שמעו ויתעם מנשה לעשות את הרע מן הגוים אשר השמיד יהוה מפני בני ישראל׃
10 ၁၀ ထိုကြောင့် ထာဝရဘုရားသည် မိမိကျွန်ပရော ဖက်တို့ဖြင့် မိန့်တော်မူသည်ကား၊
וידבר יהוה ביד עבדיו הנביאים לאמר׃
11 ၁၁ ယုဒရှင်ဘုရင် မနာရှေသည် သူ့ရှေ့မှာ ဖြစ်ဘူး သော အာမောရိလူတို့ပြုသမျှထက် သာ၍ရွံရှာဘွယ် သော ဤဒုစရိုက်တို့ကို ပြုသောကြောင့်၎င်း၊ မိမိရုပ်တု ဆင်းတုအားဖြင့် ယုဒအမျိုးကို ပြစ်မှားစေသောကြောင့် ၎င်း၊
יען אשר עשה מנשה מלך יהודה התעבות האלה הרע מכל אשר עשו האמרי אשר לפניו ויחטא גם את יהודה בגלוליו׃
12 ၁၂ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ငါသည် ယေရုရှလင်မြို့၊ ယုဒ ပြည်၌ ဘေးရောက်စေမည်။
לכן כה אמר יהוה אלהי ישראל הנני מביא רעה על ירושלם ויהודה אשר כל שמעיו תצלנה שתי אזניו׃
13 ၁၃ ယေရုရှလင်မြို့ အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ ချိန်ကြိုးကို ငါတန်းချမည်။ ပုကန်ကို သုတ်၍ သုတ်ပြီးမှ မှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။
ונטיתי על ירושלם את קו שמרון ואת משקלת בית אחאב ומחיתי את ירושלם כאשר ימחה את הצלחת מחה והפך על פניה׃
14 ၁၄ ကျန်ကြွင်းသောငါ့အမွေ လူတို့ကိုငါစွန့်၍ရန်သူလက်သို့ အပ်သဖြင့်၊ သူတို့သည်ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက် ရာဖြစ်ကြလိမ့်မည်။
ונטשתי את שארית נחלתי ונתתים ביד איביהם והיו לבז ולמשסה לכל איביהם׃
15 ၁၅ အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တု ပြည်က ထွက်သော နေ့မှစ၍ ယနေ့တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကို ပြု၍ ငါ့အမျက်ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏။
יען אשר עשו את הרע בעיני ויהיו מכעסים אתי מן היום אשר יצאו אבותם ממצרים ועד היום הזה׃
16 ၁၆ မနာရှေသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ယုဒအမျိုးကို ပြစ်မှားစေသောအပြစ်မှ တပါးအပြစ်မရှိသော သူအများတို့ကို သတ်၍ ယေရု ရှလင်မြို့တဘက်မှ တဘက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှါပြု၏။
וגם דם נקי שפך מנשה הרבה מאד עד אשר מלא את ירושלם פה לפה לבד מחטאתו אשר החטיא את יהודה לעשות הרע בעיני יהוה׃
17 ၁၇ မနာရှေပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် ပြစ်မှားသော အပြစ်တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
ויתר דברי מנשה וכל אשר עשה וחטאתו אשר חטא הלא הם כתובים על ספר דברי הימים למלכי יהודה׃
18 ၁၈ မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာမုန် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
וישכב מנשה עם אבתיו ויקבר בגן ביתו בגן עזא וימלך אמון בנו תחתיו׃
19 ၁၉ အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက် အမည်ရှိ၏။
בן עשרים ושתים שנה אמון במלכו ושתים שנים מלך בירושלם ושם אמו משלמת בת חרוץ מן יטבה׃
20 ၂၀ ထိုမင်းသည် ခမည်းတော် မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
ויעש הרע בעיני יהוה כאשר עשה מנשה אביו׃
21 ၂၁ ခမည်းတော်လိုက်သမျှသောလမ်းသို့ လိုက်၏။ ခမည်းတော်ဝတ်ပြုသော ရုပ်တုဆင်းတုတို့ကို ဝတ်ပြု ကိုးကွယ်၏။
וילך בכל הדרך אשר הלך אביו ויעבד את הגללים אשר עבד אביו וישתחו להם׃
22 ၂၂ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍ ထာဝရဘုရား၏ လမ်းတော်ကိုလွှဲရှောင်၏။
ויעזב את יהוה אלהי אבתיו ולא הלך בדרך יהוה׃
23 ၂၃ မိမိကျွန်တို့သည် သင်းဖွဲ့၍ ရှင်ဘုရင်ကို နန်းတော်၌ လုပ်ကြံကြ၏။
ויקשרו עבדי אמון עליו וימיתו את המלך בביתו׃
24 ၂၄ အာမုန်မင်းကြီးတဘက်၌ သင်းဖွဲ့သော သူ အပေါင်းတို့ကို ပြည်သူပြည်သားတို့သည် ကွပ်မျက်၍ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။
ויך עם הארץ את כל הקשרים על המלך אמון וימליכו עם הארץ את יאשיהו בנו תחתיו׃
25 ၂၅ အာမုန်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
ויתר דברי אמון אשר עשה הלא הם כתובים על ספר דברי הימים למלכי יהודה׃
26 ၂၆ ဩဇဥယျာဉ်တွင် မိမိသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ် ခြင်းကိုခံ၍၊ သားတော်ယောရှိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ויקבר אתו בקברתו בגן עזא וימלך יאשיהו בנו תחתיו׃

< ၄ ဓမ္မရာဇဝင် 21 >