< ယေဇကျေလ 45 >

1 သင်တို့သည် မြေကို အမွေခံခြင်းငှါ စာရေးတံ ချ၍ ပိုင်းခြားသောအခါ၊ သန့်ရှင်းသောမြေတကွက်ကို ထာဝရဘုရားအား ပူဇော်ရကြမည်။ ထိုအကွက်သည် အလျားကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အနံ တသောင်းရှိရမည်။ နယ်နိမိတ်ရှိသမျှသည်လည်း သန့်ရှင်းရမည်။
Naar I udskifter Landet ved Lodkastning, skal I yde HERREN en Offerydelse, en hellig Del af Landet, 25 000 Alen lang og 20 000 Alen bred; hellig skal den være i hele sin Udstrækning.
2 ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက် သည် သန့်ရှင်းရာဌာနဘို့ ဖြစ်ရမည်။ ထိုအကွက် ပတ်လည်၌ သန့်ရှင်းသော နယ်လည်းအတောင် ငါးဆယ် ရှိရမည်။
Deraf skal til Helligdommen fratages et firkantet Stykke paa 500 Alen til alle Sider, omgivet af en aaben Plads paa 50 Alen.
3 ထိုသို့အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။
Af denne Strækning skal du afmaale et Stykke paa 25 000 Alens Længde og 10 000 Alens Bredde; der skal Helligdommen, den højhellige, ligge.
4 ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ခြင်းငှါ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏ အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။ သူတို့ အိမ်ဆောက်စရာနှင့် သန့်ရှင်း ရာဌာန်တည်စရာတို့ သန့်ရှင်းသော မြေဖြစ်ရမည်။
Det er en hellig Gave af Landet og skal tilfalde Præsterne, som gør Tjeneste i Helligdommen, dem, som træder frem for at gøre Tjeneste for HERREN; og det skal give dem Plads til Boliger og Græsgang.
5 အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်း ရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့ နေရာအခန်းနှစ်ဆယ် တည်ဆောက်စရာတို့ ဖြစ်ရမည်။
Et Stykke paa 25 000 Alens Længde og 10 000 Alens Bredde skal som Grundejendom tilfalde Leviterne, som gør Tjeneste i Templet, til Byer at bo i.
6 မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသော အရပ်တဘက်တချက်၌ အလျားတသောင်းငါးထောင်၊ အနံငါးထောင်ရှိ၍၊ ဣသရေလအမျိုးသားအပေါင်းတို့ အဘို့ ဖြစ်ရမည်။
Byens Grundejendom skal I give en Bredde af 5000 Alen og en Længde af 25 000 Alen, samme Længde som den hellige Offerydelse; den skal tilhøre hele Israels Hus.
7 သန့်ရှင်းသောမြေကွက်နှင့်မြို့တော် နယ်နိမိတ် အနောက်ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ဘက် တရှောက်လုံးတပိုင်းသည် မင်းသားအဘို့ ဖြစ်ရမည်။
Og Fyrsten skal paa begge Sider af den hellige Offerydelse og Byens Grundejendom have et Omraade langs den hellige Offerydelse og Byens Grundejendom baade paa Vestsiden og Østsiden af samme Længde som en af Stammelodderne fra Landets Vestgrænse til Østgrænsen;
8 ငါ၏မင်းသားတို့သည် နောက်တဖန် ငါ၏လူတို့ ကို မညှဉ်းဆဲမည်အကြောင်း၊ ထိုမြေသည် ဣသရေလ ပြည်၌ မင်းသားပိုင်သော မြေဖြစ်ရမည်။ ကြွင်းသော မြေကို ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား ပေးဝေရမည်။
det skal tilhøre ham som Grundejendom i Israel, for at mine Fyrster ikke fremtidig skal undertrykke mit Folk; men det øvrige Land skal gives Israels Hus, Stamme for Stamme.
9 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလမင်းသားတို့၊ ရောင့်ရဲသော စိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှု ဟုတ်မှန်သော အမှုတို့ကို ပြုကြလော့။ နောက်တဖန်ငါ၏ လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
Saa siger den Herre HERREN: Lad det nu være nok, I Israels Fyrster! Afskaf Vold og Undertrykkelse, gør Ret og Skel og hør op med eders Overgreb mod mit Folk, lyder det fra den Herre HERREN.
10 ၁၀ မှန်သောချိန်ခွင်၊ မှန်သောဧဖါ၊ မှန်သော ဗတ်တို့ကို သုံးရကြမည်။
Vægt, som vejer rigtigt, Efa og Bat, som holder Maal, skal I have.
11 ၁၁ ဧဖါနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါး သည် ဟောမဲကို အမှီပြု၍၊ ဧဖါသည် တဟောမဲတွင် ဆယ်စုတစု၊ ဗတ်သည်လည်း တဟောမဲတွင် ဆယ်စုတစု ရှိရမည်။
Efa og Bat skal have ens Maal, saa at en Bat holder en Tiendedel Homer, og en Efa ligeledes en Tiendedel Homer; efter en Homer skal Maalet fastslaas.
12 ၁၂ ဂေရာနှင့်ဆယ်ကိုတကျပ်၊ အကျပ်ခြောက်ဆယ် ကို တမာနေရှိရမည်။
En Sekel skal holde tyve Gera; fem Sekel skal være fem, ti Sekel ti, og til halvtredsindstyve Sekel skal I regne en Mine.
13 ၁၃ ချီးမြှောက်ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲ ကို ပူဇော်ရမည်။
Dette er den Offerydelse, I skal yde: En Sjettedel Efa af hver Homer Hvede og en Sjettedel Efa af hver Homer Byg.
14 ၁၄ ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တကောရ တွင် ဗတ်ဆယ်စုတစုကို ပူဇော်ရမည်။ တဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တကောရသည်ဆယ်ဗတ် ဖြစ်သတည်း။
Den fastsatte Ydelse af Olien: En Tiendedel Bat af hver Kor, ti Bat udgør jo en Kor;
15 ၁၅ သူတို့အပြစ်ကို ဖြေခြင်းငှါ ဣသရေလကျက်စား ရာ၊ ရေများသော အရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တကောင်ကို ဘော်ဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
et Lam fra Smaakvæget af hver 200 som Offerydelse fra alle Israels Slægter til Afgrødeofre, Brændofre og Takofre for at skaffe eder Soning, lyder det fra den Herre HERREN.
16 ၁၆ ထိုချီးမြှောက်ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။
Alt Folket i Landet skal give Fyrsten i Israel denne Offerydelse.
17 ၁၇ မင်းသားသည်လည်းပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက် အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှါ အပြစ်ဖြေရာ ယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော်ရမည်။
Men Fyrsten skal det paahvile at udrede Brændofrene, Afgrødeofrene og Drikofrene paa Højtiderne, Nymaanefesterne og Sabbaterne, alle Israels Hus's Fester; han skal sørge for Syndofrene, Afgrødeofrene, Brændofrene og Takofrene for at skaffe Israels Hus Soning.
18 ၁၈ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပဌမလတရက်နေ့တွင်၊အပြစ်မပါ၊ အသက်ပျိုသော နွားထီးတကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ် စေရမည်။
Saa siger den Herre HERREN: Paa den første Dag i den første Maaned skal I tage en lydefri ung Tyr og rense Helligdommen for Synd.
19 ၁၉ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကောင် အသွေးအချို့ကို ယူ၍ အိမ်တော်တိုင်၌၎င်း၊ ယဇ်ပလ္လင် အောက်ထစ်လေးထောင့်၌၎င်း၊ အတွင်းတန်တိုင်း တံခါး တိုင်၌၎င်း ထည့်ရမည်။
Præsten skal tage noget af Syndofferets Blod og stryge det paa Templets Dørstolper, Alterfremspringets fire Hjørner og Dørstolperne til den indre Forgaards Port.
20 ၂၀ ထိုမှတပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူ အတွက် ခုနှစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည်။
Det samme skal han gøre paa den første Dag i den syvende Maaned for deres Skyld, som har fejlet af Vanvare eller Uvidenhed, og saaledes skaffe Templet Soning.
21 ၂၁ ပဌမလတဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကို သာ စားရမည်။
Paa den fjortende Dag i den første Maaned skal I fejre Paaskefesten: syv Dage skal I spise usyret Brød;
22 ၂၂ ထိုနေ့၌ မင်းသားသည် ကိုယ်ဘို့၎င်း၊ ပြည်သူ ပြည်သားအပေါင်းတို့ကို၎င်း၊ နွားထီးတကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော်ရမည်။
og Fyrsten skal paa den Dag for sig selv og for alt Folket i Landet ofre en Tyr som Syndoffer;
23 ၂၃ ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ ရယဇ်ကို နွားထီးခုနစ်ကောင်၊ အပြစ်မပါသော သိုးထီး ခုနစ်ကောင်ကို၎င်း၊ အပြစ်ဖြေရာ ယဇ်တို့ဆိတ်သငယ် တကောင်ကို၎င်း နေ့တိုင်းပူဇော်ရမည်။
paa de syv Festdage skal han som Brændoffer for HERREN ofre syv Tyre og syv Vædre, lydefri Dyr, paa hver af de syv Dage, og ligeledes daglig som Syndoffer en Gedebuk;
24 ၂၄ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ၊ ဆီတဟိန်ကို ပြင်ဆင်ရမည်။
og som Afgrødeoffer skal han ofre en Efa med Tyren og ligeledes een med Væderen, desuden en Hin Olie med Efaen.
25 ၂၅ သတ္တမလတဆယ်ငါးရက်နေ့တွင်၊ ပွဲခံ၍ ယခင် အပြစ်ဖြေရာ ယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ ကာ၊ ဆီပူဇော်သက္ကာပြုသည်အတိုင်း ခုနစ်ရက်ပတ်လုံး ပြုရမည်။
Paa den femtende Dag i den syvende Maaned skal han paa Festen ofre lige saa meget som Syndoffer, Brændoffer, Afgrødeoffer og lige saa megen Olie; det skal han gøre syv Dage.

< ယေဇကျေလ 45 >