< ဂလာတိ 2 >

1 ထိုနောက်တဆယ်လေးနှစ်လွန်ပြီးမှ၊ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ယေရုရှင်မြို့သို့ တဖန် သွားလေ၏။
Pēc tam, pēc četrpadsmit gadiem, es atkal nogāju uz Jeruzālemi ar Barnabu, arī Titu paņemdams līdz.
2 ဗျာဒိတ်တော်အတိုင်းပင်သွားသည်ဖြစ်၍၊ တပါးအမျိုးတို့၌ ဟောပြောသော ဧဝံဂေလိတရားကို ထိုအခါငါကြားပြောလေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီးမဖြစ်စေခြင်းငှါ၊ အသရေ ထင်ရှားသော သူတို့အားသာ တိတ်ဆိတ်စွာကြားပြော၏။
Bet es turp nogāju caur kādu parādīšanu un tiem to evaņģēliju, ko es sludināju starp pagāniem, liku priekšā un sevišķi tiem jo cienīgiem, lai es velti neteku vai nebūtu skrējis.
3 သို့သော်လည်း ငါနှင့်အတူပါသော ဟေလသ အမျိုးတို့ကို အရေဖျားလှီးခြင်းကို မခံစေကြ။
Bet arī Titus, kas bija ar mani, Grieķis būdams, netapa spiests apgraizīties;
4 ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော လွှတ်ခြင်းအခွင့်ကိုချောင်းကြည့်၍ ငါတို့ကို ကျွန်ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့်သူတပါးသွင်း၍ ငါတို့အထဲသို့ဝင်သော ညီအစ်ကို၏အယောင်ကိုဆောင်သော သူတို့ အကြောင်းကြောင့် ထိုသို့ပြုကြ၏။
Bet to ielīdušo viltīgo brāļu dēļ, kas bija iezagušies, izlūkot mūsu brīvību, kas mums ir iekš Kristus Jēzus, ka tie mūs darītu par kalpiem, -
5 မှန်သောဧဝံဂေလိတရားသည် သင်တို့၌ တည်နေမည်အကြောင်း၊ ငါတို့သည်သူတို့စီရင်ခြင်းကို ခဏမျှ ဝန်မခံကြ။
Tiem mēs ne acumirkli neesam ceļu griezuši nedz paklausījuši, lai evaņģēlija patiesība pie jums paliktu.
6 အသရေထင်ရှားသောသူတို့သည် အထက်က အဘယ်သို့သော ဖြစ်ကြသည်ကိုငါမဆိုင်။ ဘုရားသခင် သည် လူမျက်နှာကို မှတ်တော်မမူ။ ထိုသူနှင့် ငါသည် ပေါင်းဘော်၍ ထူးခြားသောအရာကိုမခံရသည်သာမက၊
Bet no tiem, kas bija jo cienīgi (kādi tie jebkad bijuši, tas man vienalga, Dievs neuzlūko cilvēka vaigu), šie jo cienīgie man neko nav uzlikuši klāt.
7 အရေဖျားလှီးခြင်းကိုခံရသောသူတို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊
Bet turpretī, kad tie redzēja, ka evaņģēlijs man ir uzticēts pie tiem, kam ir priekšāda, tā kā Pēterim pie tiem, kas ir apgraizīti,
8 ပေတရု၌ပြုပြင်တော်မူသောသူသည်၊ တပါးအမျိုးသားတို့တွင် ငါ့ကိုတမန်တော်ဖြစ်စေခြင်းငှါ ငါ၌ လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို ပေတရု၌ အပ်တော် မူသည် နည်းတူ၊ အရေဖျားလှီးခြင်းနှင့်မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ၌ အပ်တော်မူကြောင်းကို သူတို့ သည် သိမြင်ကြ၏။
(Jo Tas, kas ar Pēteri bijis spēcīgs apustuļu amatā pie apgraizītiem, Tas arī bijis spēcīgs ar mani pie pagāniem) -
9 အမှီတကဲဖြစ်သောယာကုပ်၊ ကေဖ၊ ယောဟန် တို့သည်လည်း၊ ငါရသောကျေးဇူးတော်ကို သိကြသော အခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါတို့သည်တပါးအမျိုး သားတို့ဆီသို့သွားမည်အကြောင်း၊ လက်ျာလက်ခံခြင်းကို ဗာနဗနှင့်ငါ့အား ပေးကြ၏။
Un kad Jēkabs, Kefas un Jānis, ko turēja par pīlāriem, atzina to žēlastību, kas man bija dota; tad tie man un Barnabam roku deva uz biedrību, lai mēs mācītu pagānus un viņi (mācītu) apgraizītos;
10 ၁၀ ငါတို့သည်ဆင်းရဲသောသူများကို အောက်မေ့စေခြင်းငှါ သူတို့အလိုတခုတည်းရှိ၏။ ထိုအမှုကို ငါသည်အလိုအလျောက်ကြိုးစားအားထုတ်လေ့ရှိ၏။
Tikai lai mēs nabagus pieminētu, - un es arī esmu rūpējies to izdarīt.
11 ၁၁ ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ၊ သူ၌အပြစ်တင်စရာ အခွင့်ရှိသော ကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတားရ၏။
Un kad Pēteris bija nācis uz Antioķiju, tad es tam acīs stājos pretī, jo viņš bija apsūdzams.
12 ၁၂ အကြောင်းမူကား၊ လူအချို့သည် ယာကုပ်ထံမှ မရောက်မလာမှီ၊ ပေတရုသည် တပါးအမျိုးသားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက်၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံရသောသူတို့၏မျက်နှာကို ထောက်၍ တပါးအမျိုးသားတို့နှင့်မပေါင်းဝံ့။ တယောက်တခြားစီနေ၏။
Jo, pirms nekā no Jēkaba kādi bija atnākuši, viņš ēda kopā ar pagāniem; bet kad tie bija atnākuši, tad viņš atrāvās un nošķīrās, bīdamies tos no apgraizīšanas.
13 ၁၃ ကြွင်းသောယုဒလူတို့သည် ပေတရုနှင့်အတူ လျှို့ဝှက်၍၊ သူတို့ လျှို့ဝှက်ခြင်းအားဖြင့် ဗာနဗသည် လည်း သူတို့ဘက်သို့ပါသွား၏။
Un līdz ar viņu arī tie citi Jūdi apgrēkojās ar liekulību, tā ka arī Barnaba līdz tapa nogriezts caur viņu liekulību.
14 ၁၄ သူတို့သည်မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ ကျင့်ကြောင်းကိုငါသည်မြင်လျှင်၊ ထိုသူ အပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းအကျင့်ဘဲ၊ တပါးအမျိုး၏ထုံးစံအတိုင်းကျင့်လျှင်၊ တပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်းကျင့်စေခြင်းငှါ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။
Bet kad es redzēju, ka tie nestaigā pareizi pēc evaņģēlija patiesības, tad es Pēterim sacīju visiem dzirdot: Ja tu Jūds būdams dzīvo ka pagāns un nekā Jūds, ko tu spiedi pagānus, lai tie dzīvo kā Jūdi?
15 ၁၅ လူတို့သည် ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊
Mēs no dzimuma esam Jūdi un ne grēcinieki no pagāniem;
16 ၁၆ ယေရုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တပါး အမျိုးသားမဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ ငါတို့ပင် ယေရှုခရစ်ကိုယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။
Bet zinādami, ka cilvēks netop taisnots caur bauslības darbiem, bet caur Jēzus Kristus ticību, arī mēs esam ticējuši uz Kristu Jēzu, lai topam taisnoti caur Kristus ticību un ne caur bauslības darbiem: tāpēc ka caur bauslības darbiem neviena miesa netaps taisnota.
17 ၁၇ ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ် ထင်ရှား သောသူဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူဖြစ်သလော။
Bet ja mēs, kas meklējam tapt taisnoti iekš Kristus, arī paši topam atrasti grēcinieki, - vai tad Kristus ir grēka kalps? Nemaz ne!
18 ၁၈ ထိုသို့မဖြစ်နိုင်ရာ။ အထက်က ငါဖြိုဖျက်သော အရာကို နောက်တဖန်ငါတည်ဆောက်ပြန်လျှင်၊ ကိုယ် အပြစ်ရှိသည်ကိုထင်ရှားစွာပြ၏။
Jo ja es to, ko esmu nolauzis, atkal uztaisu, tad pats kļūstu par pārkāpēju.
19 ၁၉ ထိုမှတပါး၊ ငါသည်ဘုရားသခင်နှင့် ဆိုင်သောအရာ၌ အသက်ရှင်မည်အကြောင်း၊ ပညတ်တရားနှင့် ဆိုင်သောအရာ၌ ပညတ်တရားအားဖြင့် သေလျက်နေ၏။
Jo es caur bauslību bauslībai esmu miris, lai dzīvotu Dievam.
20 ၂၀ ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်းအသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ယခုငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည်ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။
Es ar Kristu esmu krustā sists, bet es dzīvoju, tomēr vairs ne es, bet iekš manis dzīvo Kristus, un ko es tagad dzīvoju miesā, to dzīvoju ticībā uz To Dieva Dēlu, kas mani mīlējis un Pats par mani nodevies.
21 ၂၁ ဘုရားသခင်၏ကျေးဇေူးတော်ကိုငါမပယ်။ ပညတ်တရားကိုအမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင် လျှင် ခရစ်တော်သည်အချည်းနှီး အသေခံတော်မူပြီ။
Es nenicināju Dieva žēlastību; jo ja taisnība ir caur bauslību, tad Kristus velti miris.

< ဂလာတိ 2 >