< ဟေရှာယ 62 >

1 ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့၏ ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့၎င်း၊ သူ၏ ကယ် တင်ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်ကဲ့သို့၎င်း မထင်ရှားမှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ် ဆိတ်ငြိမ်သက်စွာ မနေရ။
He whakaaro ki Hiona i kore ai ahau e noho hu, he whakaaro, ki Hiruharama te ata noho ai ahau, kia puta ra ano tona tika ano he tiahotanga, tona whakaoranga ano he rama e ka ana.
2 တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်း ကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေ ကို၎င်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော် ထွက်နာမသစ်ဖြင့် သင့်ကို ခေါ်ကြလိမ့်မည်။
A ka kite nga tauiwi i tou tika, nga kingi katoa i tou kororia; a he ingoa hou e whakahuatia ki a koe, he mea whakahua na te mangai o Ihowa.
3 သင်သည် ထာဝရဘုရား၏ လက်တော်၌ တင့် တယ်သော ဦးရစ်၊ သင်၏ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည်။
Hei karauna ataahua ano koe i te ringa o Ihowa, hei potae kingi i te ringa o tou Atua.
4 သင့်ကို၊ စွန့်ပစ်သော သူဟူ၍၎င်း၊ သင်၏မြေ ကို၊ လူဆိတ်ညံသော မြေဟူ၍၎င်း နောက်တဖန် မခေါ် ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏ မြေသည်လက်ထပ်သောမြေဟူသော အမည်ကို ရလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင့်ကို နှစ်သက် တော်မူ၏။ သင်၏မြေကိုလည်း လက်ထပ်ရလိမ့်မည်။
E kore koe e kiia a muri ake nei, He mea whakarere; heoi ano kianga o tou whenua, He ururua; engari ka huaina koe, ko Hepetipa; tou whenua, ko Peura: no te mea ka ahuareka a Ihowa ki a koe, a ka whai tahu tou whenua.
5 လူပျိုသည် အပျိုကညာနှင့် လက်ထပ်သကဲ့သို့၊ သင်၏သားတို့သည် သင်နှင့် လက်ထပ်ကြလိမ့်မည်။ မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင်သတို့သမီး၌ ဝမ်းမြောက်သကဲ့သို့၊ သင်၏ဘုရားသခင်သည် သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။
Kei te marenatanga hoki o te taitamariki ki te wahine te rite o te marenatanga o au tamariki ki a koe; kei te koa hoki o te tane marena hou ki te wahine marena hou te rite o te koa o tou Atua ki a koe.
6 အိုယေရုရှလင်မြို့၊ နေ့ညဉ့်မပြတ် တိတ်ဆိတ်စွာ မနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထား ပြီ။ ထာဝရဘုရားကို အောက်မေ့စေသော သူတို့၊ တိတ် ဆိတ်စွာ မနေကြနှင့်။
Kua oti he kaitiaki te whakarite e ahau ki ou taiepa, e Hiruharama; e kore e kopia te mangai i te ao, i te po. E nga kaiwhakahua o to Ihowa ingoa, kei ata noho,
7 ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ၊ မြေကြီး ပေါ်မှာ ချီးမွမ်းစရာအကြောင်းဖြစ်စေတော်မမူမှီတိုင် အောင်၊ ဘုရားသခင်ကို မငြိမ်စေကြနှင့်။
Kaua hoki e whakamutua ta koutou ki a ia, kia whakapumautia ra ano a Hiruharama e ia, kia meinga ra ano hei whakamoemiti i runga i te whenua.
8 ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ စပါးနှင့် နောက်တဖန် ငါမကျွေး။ သင်သည် ကြိုးစား၍ လုပ်သော စပျစ်ရည်ကို တပါးအမျိုးသားတို့သည် မသောက်ရကြ။
Kua oatitia e Ihowa tona ringa matau, tona takakau kaha, E kore e hoatu e ahau tau witi a muri hei kai ma ou hoariri; e kore ano nga tangata ke e inu i tau waina i mauiui ai koe.
9 စပါးကို ရိတ်သောသူတို့သည် ကိုယ်တိုင်စား၍၊ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ စပျစ်သီးကို သိမ်း သော သူတို့သည် ငါ၏ သန့်ရှင်းရာဌာနတန်တိုင်းအတွင်း ၌ စပျစ်ရည်ကို သောက်ကြလိမ့်မည်ဟု တန်ခိုးကြီးသော လက်ျာလက်ရုံးတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူပြီ။
Engari ko nga tangata nana i whawhaki, ma ratou e kai, whakamoemiti tonu atu ki a Ihowa; a ko nga tangata nana i kohikohi mai, ka inumia e ratou ki nga marae o toku wahi tapu.
10 ၁၀ မြို့တံခါးမှ ထွက်ကြ။ ထွက်ကြ။ လူများဘို့လမ်း ကို ပြင်ကြ။ မြေဖို့ကြ။ ဖို့ကြ။ ကျောက်များကို ပယ်ရှင်းကြ။ လူများဘို့အလံကို ထူကြ။
Tika atu, tika atu ma nga kuwaha; whakapaia te ara o te iwi; opehia ake, opehia ake te huanui; kohikohia atu nga kamaka; whakaarahia he kara ki nga iwi.
11 ၁၁ မြေကြီးစွန်းတိုင်အောင် ထာဝရဘုရားမိန့်တော် မူသည်ကား၊ သင့်ကို ကယ်တင်သော သူသည် လာ၏။ မိမိခံထိုက်သော အခသည် မိမိ၌ပါလျက်၊ ဆုလပ်တော် သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန်သတို့သမီးကို ပြောကြ လော့။
Nana, kua korero a Ihowa ki te pito o te whenua, Mea atu ki te tamahine a Hiona, Nana, ko tou whakaoranga te haere mai nei! nana, kei a ia tona utu, kei tona aroaro ano tana mahi.
12 ၁၂ သူတို့သည် သန့်ရှင်းသောသူ၊ ထာဝရဘုရား ရွေးနှုတ်တော်မူသော သူဟူ၍၎င်း၊ သင်သည် သူတပါး မစွန့်ပစ်၊ စည်ပင်သော မြို့ဟူ၍၎င်း သမုတ်ခြင်းကို ခံရလိမ့်မည်။
A ka huaina ratou, Ko te iwi tapu, Ko ta Ihowa i hoko ai; ka huaina ano hoki koe, He mea i rapua, He pa kahore i mahue.

< ဟေရှာယ 62 >