< ယေရမိ 14 >

1 မိုဃ်းပြတ်သောအမှုကို ရည်မှတ်၍၊ ယေရမိသို့ ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူ မူကား၊
Awa ndi mawu amene Yehova anamuwuza Yeremiya onena za chilala:
2 ယုဒပြည်သည် ညည်းတွား၏။ မြို့တံခါးတို့၌ မြည်တမ်းသော အသံရှိ၏။ နက်သောအဝတ်ကို မြေ တိုင်အောင်ဝတ်၍၊ ယေရုရှလင်မြို့သားတို့၏ ငိုကြွေး ခြင်း အသံသည် တက်လေ၏။
“Yuda akulira, mizinda yake ikuvutika; anthu ake adzigwetsa pansi mwachisoni, kulira kwa Yerusalemu kwakula.
3 မှူးမတ်တို့သည် မိမိသူငယ်တို့ကို ရေခပ် စေလွှတ်၍၊ သူငယ်တို့သည် ရေကျင်းသို့ရောက်သော အခါ၊ ရေကိုမတွေ့။ အိုးသက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန်လာကြ၏။ ဦးခေါင်းကို ခြုံလျက်ရှက်ကြောက်မှိုင် တွေကြ၏။
Anthu awo wolemekezeka akutuma antchito awo kuti akatunge madzi. Apita ku zitsime osapezako madzi. Choncho amabwerera ndi mitsuko yopanda madzi. Amanyazi ndi othedwa nzeru adziphimba kumaso.
4 မိုဃ်းပြတ်၍ မြေအက်ကွဲသောကြောင့်၊ လယ် လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက် ကြ၏။
Popeza pansi pawumiratu chifukwa kulibe madzi, alimi ali ndi manyazi ndipo amphimba nkhope zawo.
5 သမင်မသည် လယ်ပြင်၌ မွေးသောအခါ မြက် မရှိသောကြောင့်၊ သားငယ်ကို စွန့်ပစ်၏။
Ngakhale mbawala yayikazi ikusiya mwana wake wakhanda ku thengo chifukwa kulibe msipu.
6 မြည်းရိုင်းတို့သည် မြင့်သောအရပ်ပေါ်မှာ ရပ်လျက် မြေခွေးကဲ့သို့ လေကိုရှုကြ၏။ မြက်မရှိသော ကြောင့်၊ သူတို့ မျက်စိပျက်လေ၏။
Mbidzi zikuyima pa zitunda zopanda kanthu nʼkumapuma wefuwefu ngati nkhandwe; maso awo achita chidima chifukwa chosowa msipu.”
7 အိုထာဝရဘုရား၊ အကျွန်ုပ်တို့၏ အပြစ်သည် အကျွန်ုပ်တို့တဘက်၌ သက်သေခံသော်လည်း၊ နာမတော် ကို ထောက်၍စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ။ ကိုယ်တော်ကို ပြစ်မှား ပါပြီ။
Anthu akuti, “Ngakhale machimo athu akutitsutsa, koma Inu Yehova chitanipo kanthu chifukwa cha dzina lanu. Pakuti kusakhulupirika kwathu nʼkwakukulu; ife takuchimwirani.
8 အို ဣသရေလအမျိုး၏ မြော်လင့်စရာ အကြောင်း၊ အမှုရောက်သော ကာလ ကယ်တင်တော်မူ သော သခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ပြည်၌ ဧည့်သည်ကဲ့သို့၎င်း၊ တညဉ့်သာ အိပ်ခြင်းငှါ ဝင်သော ခရီးသွားကဲ့သို့၎င်း၊ အဘယ်ကြောင့်ဖြစ်တော်မူသနည်း။
Inu Yehova amene Aisraeli amakukhulupirirani ndi amene mumawapulumutsa pa nthawi ya masautso, chifukwa chiyani mukukhala ngati mlendo mʼdziko muno? Chifukwa chiyani muli ngati wapaulendo amene akungogona tsiku limodzi?
9 မိန်းမောတွေဝေသော သူကဲ့သို့၎င်း၊ ကယ်တင် ခြင်းငှါမတတ်နိုင်သော သူရဲကဲ့သို့၎င်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့တွင် ရှိတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ဖြင့် သမုတ်သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
Chifukwa chiyani muli ngati munthu amene wadzidzimutsidwa, kapena ngati wankhondo amene alibe mphamvu yopulumutsa? Komabe Inu Yehova, muli pakati pathu, ndipo tikudziwika ndi dzina lanu; musatitaye ife!”
10 ၁၀ ဤလူမျိုးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူတို့သည် လှည့်လည်ခြင်းငှါ အလွန်အလိုရှိကြ၏။ မိမိတို့ခြေကို မချုပ်တည်းကြ။ ထိုကြောင့်၊ ထာဝရဘုရားနှစ်သက်တော်မမူ။ သူတို့ ပြုသော ဒုစရိုက်ကို အောက်မေ့၍၊ သူတို့အပြစ်များ ကြောင့် စစ်ကြောတော်မူမည်။
Zimene Yehova akunena za anthuwa ndi izi: “Iwo amakonda kuyendayenda kwambiri; samatha kudziretsa. Nʼchifukwa chake Ine Yehova sindingawalandire, ndipo tsopano ndidzakumbukira zoyipa zawo ndi kuwalanga chifukwa cha machimo awo.”
11 ၁၁ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား၊ ဤလူမျိုးအဘို့ မေတ္တာပို့၍ ဆုမတောင်းနှင့်။
Kenaka Yehova anandiwuza kuti, “Usawapempherere anthu awa kuti zinthu ziwayendere bwino.
12 ၁၂ သူတို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့် သောအခါ၊ သူတို့ အော်ဟစ်သံကို ငါနားမထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော်သက္ကာကိုသော်၎င်း၊ ဆက်ကပ် သောအခါ ငါလက်မခံ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်၊ သူတို့ကို ငါဆုံးစေမည်ဟု မိန့်တော် မူလျှင်၊
Ngakhale asale zakudya, Ine sindidzamva kulira kwawo; ngakhale apereke nsembe zopsereza ndi chopereka cha chakudya, sindidzazilandira. Mʼmalo mwake, ndidzawapha ndi lupanga, njala ndi mliri.”
13 ၁၃ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ ပရောဖက် တို့က၊ သင်တို့သည် ထားဘေးကို မတွေ့ရကြ။ မွတ်သိပ် ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ။ ဤအရပ်၌ မြဲသော ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ဤသူတို့ အားဟောပြောကြောင်းကို ငါလျှောက်သောအခါ၊
Koma ine ndinati, “Aa, Ambuye Yehova, aneneri amawawuza anthuwo kuti, sadzaphedwa ndi lupanga kapena kuvutika ndi njala. Koma kuti Inu mudzawapatsa mtendere wokhawokha pamalo pano.”
14 ၁၄ ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏ နာမကိုအမှီပြု၍ မုသာကို ဟောတတ်ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်း နှီးကြံစည်ခြင်း၊ မိမိဥာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏။
Ndipo Yehova anandiwuza kuti, “Ndi zabodza kuti aneneriwa akunenera mʼdzina langa. Ine sindinawatume kapena kuwasankha kapenanso kuyankhula nawo. Iwo amakuwuzani zinthu zabodza zomwe amati anaziona mʼmasomphenya, kapena pogwiritsa ntchito mawula achabechabe. Zimene amayankhula ndi zongopeka mʼmutu mwawo.
15 ၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြော သော ပရောဖက်တို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည်။
Nʼchifukwa chake Ine Yehova ndikuti aneneri amenewa akulosera mʼdzina langa pamene Ine sindinawatume. Iwo amati simudzafa pa nkhondo kapena ndi njala mʼdziko muno. Koma tsono ndi iwowo, aneneriwa amene adzafe pa nkhondo kapena ndi njala.
16 ၁၆ သူတို့၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှ စ၍၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး၊ ထားဘေးကြောင့်၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကို ခံရ၍၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ။ သူတို့၏အပြစ်ကို သူတို့ အပေါ်သို့ ငါညွန်းလောင်းမည်။
Ndipo anthu amene anawaloserawo adzaponyedwa mʼmisewu ya mu Yerusalemu atafa ndi njala ndi lupanga. Sipadzapezeka wowayika mʼmanda popeza iwowo, akazi awo, ana awo aamuna, onse adzakhala atafa. Ine ndidzawagwetsera chilango chowayenera.
17 ၁၇ သင်သည်လည်း သူတို့အား ပြောရမည့်စကား ဟူမူကား၊ ငါသည် နေ့ညဉ့်မပြတ် မျက်ရည်ကျရမည်။ ငါ၏လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ် ချက်ကို ခံရ၍ အရိုးများကျိုးလေပြီ။
“Awuze mawu awa: “‘Maso anga akugwetsa misozi kosalekeza usana ndi usiku; chifukwa anthu anga okondedwa apwetekeka kwambiri, akanthidwa kwambiri.
18 ၁၈ ငါသည်မြို့ပြင်သို့သွားသောအခါ၊ သတ်သော အသေကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသော သူများကိုလည်း တွေ့ရ ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမသိဘဲ အရပ်ရပ်လှည့်လည်ကြ၏။
Ndikapita kuthengo, ndikuona amene aphedwa ndi lupanga; ndikapita mu mzinda, ndikuona amene asakazidwa ndi njala. Ngakhale aneneri pamodzi ndi ansembe onse atengedwa.’”
19 ၁၉ ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင် ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက်ခြင်းကို မြော်လင့်သော်လည်း၊ ကောင်းကျိုး ကို မရကြပါ။ ချမ်းသာကို မြော်လင့်သော်လည်း၊ ဘေးနှင့် သာ တွေ့ရကြပါ၏။
Kodi anthu a ku Yuda mwawakana kwathunthu? Kodi mtima wanu wanyansidwa nawo anthu a ku Ziyoni? Chifukwa chiyani mwatikantha chotere kuti sitingathenso kuchira? Ife tinayembekezera mtendere koma palibe chabwino chomwe chabwera, tinayembekezera kuchira koma panali kuopsezedwa kokhakokha.
20 ၂၀ အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ် ဒုစရိုက်များနှင့် ဘိုးဘေးတို့၏ အပြစ်များကို ဝန်ချပါ၏။ ကိုယ်တော်ကို ပြစ်မှားပါပြီ။
Inu Yehova, ife tikuvomereza kuyipa kwathu ndiponso kulakwa kwa makolo athu; ndithu ife tinakuchimwiranidi.
21 ၂၁ ကိုယ်တော်၏နာမကြောင့်၊ အကျွန်ုပ်တို့ကို စက်ဆုပ်ရွံရှာတော်မမူပါနှင့်။ ဘုန်းတော်ပလ္လင်၏ အသရေကို ရှုတ်ချတော်မမူပါနှင့်။ အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့နှင့်ဖွဲ့သော ပဋိညာဉ်တော်ကို ဖျက်တော် မမူပါနှင့်။
Musatikane kuopa kuti dzina lanu linganyozedwe; musanyoze mpando wanu waufumu waulemerero. Kumbukirani pangano lanu ndi ife ndipo musachiphwanye.
22 ၂၂ သာသနာပလူတို့ ကိုးကွယ်သော ရုပ်တု ဆင်းတု တို့တွင်၊ မိုဃ်းရွာစေနိုင်သော သူရှိပါသလော။ မိုဃ်းသည် အလိုလို ရွာနိုင်ပါသလော။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍၊ ကိုယ်တော်ကို မြော်လင့်လျက်နေ ပါမည်။ ကိုယ်တော်သည် အလုံးစုံတို့ကို ဖန်ဆင်းသော ဘုရားဖြစ်တော်မူ၏။
Mwa milungu yachabechabe ya anthu a mitundu ina, kodi pali mulungu amene angagwetse mvula? Ife chikhulupiriro chathu chili pa Inu, popeza Inu nokha ndinu Yehova Mulungu wathu amene mukhoza kuchita zimenezi.

< ယေရမိ 14 >