< ယောဟန် 15 >

1 ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။
NGAI wain melel pot, a Sam ai saumat.
2 ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ၏။
Ra karos, me podidi ong ia, ap sota wa, a kin lepuke sang, a karos me wa, a kin koko, pwen wa totola.
3 သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏။
Komail ari makelekel kidar padak, me I ki ong komail er.
4 ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။
Komail podidi ong ia o ngai ong komail. Ra sota kak pein wa, ma a so podidi ong wain, iduen komail, ma komail so podidi ong ia.
5 ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည် လည်းသူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ။
Ngai wain pot, a ra kan komail. Me podidi ong ia o ngai ong i, iei i, me kin wawa toto; pwe komail sota kak wia meakot ma sota ngai.
6 ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။
Meamen so podidi ong ia, pan lokidokila dueta ra, ap mongedi; aramas kin wasa ir pena, kase ir ala nani iai, ir ari pan rongala.
7 သင်တို့သည် ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင်၊ သင်တို့သည်တောင်းချင်သမျှကို တောင်း ၍ရကြလိမ့်မည်။
Ma komail podidi ong ia, o ai padak kan podidi ong komail, komail pan poeki meakot, me komail mauki, a a pan pwai ong komail.
8 သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။
Nan i me Sam ai kalingana kila, omail wawa toto, o komail pan wiala ai tounpadak kan.
9 ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေ ကြလော့။
Due Sam o pok ong ia er, iduen I pil pok ong komail; komail podidi ong ai limpok!
10 ၁၀ ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။
Ma komail pan peiki ong ai kusoned akan, komail pan podidi ong ai limpok, duen I kin peiki ong en Sam ai kusoned akan, o podidi ong a limpok.
11 ၁၁ သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ၎င်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ၎င်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။
Mepukat I padaki ong komail er, pwe ai peren en podidi ong komail, o omail peren en unsokela.
12 ၁၂ ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။
Nan iet ai kusoned: Komail en poke pena, duen i pok ong komail er.
13 ၁၃ ကိုယ်အဆွေတို့အဘို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။
Sota me a limpok laude sang met, me pan mueid kila maur i kompokepa kan.
14 ၁၄ သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။
Komail me kompokepa i, ma komail wiawia, me I indai ong komail.
15 ၁၅ ယခုမှစ၍ ငါသည်သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကိုမသိ။ သင် တို့ကို အဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့ အား ငါပြသ၏။
I solar kaadaneki komail ladu, pwe ladu sasa, me a saumas kin wia. A I kaadane kin komail kompokepa i kan, aki I kasale ong komail er karos, me I rongadar sang ren Sam ai.
16 ၁၆ သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။
Kaidin komail me pil ia dar, a ngai me piladar komail o kilele ong komail, en kokowei kapareda wa, o omail wa en mimieta, pwe karos, me komail pan poeki ren Sam ni ad ai, a pan kotiki ong komail.
17 ၁၇ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ဤပညတ်တို့ကို ငါပေး၏။
A iet me I panaui kin komail, komail en poke pena!
18 ၁၈ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။
Ma sappa kailong kin komail, komail en asa, me a kailong kin ia mo omail.
19 ၁၉ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ် ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။
Ma kisan sappa komail, sappa pan pok ong me a; a komail kaidin kisan sappa, pwe I pil komail dar sang sappa, iei me sappa kailong kin komail.
20 ၂၀ ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြ လော့။ သူတို့သည်ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏ စကားကို နားထောင်ကြလိမ့်မည်။
Tamatamanda kasoi o, me I kasoia ong komail er: Ladu me sota laude sang a saumas ma re kame ia er, re pil pan kame komail. A ma irail pan kapwaiada ai padak, re pil pan kapwaiada omail.
21 ၂၁ ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထို အမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။
A mepukat karos re pan wiai ong komail pweki ad ai, aki ar so asa me kadar ia dor.
22 ၂၂ ငါသည် လာ၍ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကို ဝှက် ၍ မထားနိုင်ကြ။
Ma I so kodo o padaki ong irail, nan sota pan dip arail, a met sota peikid pan dip arail.
23 ၂၃ ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။
Me kailong kin ia, pil kin kailongki Sam ai.
24 ၂၄ ငါသည် အခြားသူမပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့်ငါ့ခမည်းတော်ကိုမုန်းကြ၏။
Ma I so wiadar dodok kan nan pung arail, me sota amen wiadar, nan sota pan dip arail. A met irail kilanger o kailong kin ia er o pil Sam ai.
25 ၂၅ သို့ဖြစ်လျှင်၊ အကြောင်းမရှိဘဲငါ့ကိုမုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
A mepukat wiauier pwe masan o en pwaida, me intingidier nan arail kapung: Irail kailong kin ia, a sota karepa.
26 ၂၆ ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည်ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံ လိမ့်မည်။
A saunkamait lao kodoer, me I pan kadarado sang ren Sam, iei Ngen en melel, me kin kodo sang ren Sam, i me pan kadede ngai.
27 ၂၇ သင်တို့သည်လည်း ရှေးဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။
A komail pil pan kadede, pwe komail iang ia er sang ni tapi o.

< ယောဟန် 15 >