< လုကာ 24 >

1 ခုနစ်ရက်တွင် ပဌမနေ့ရက် အာရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့် တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ၏။
Haba fuma ku makalo e nviki, ci baya kwi bita ku leta mafuta a nunka a baba lukisi.
2 ရောက်သောအခါ တွင်းဝ၌ ပိတ်သောကျောက်သည် လိမ့်လန်လျက်ရှိသည်ကို တွေ့မြင်၍ အတွင်းသို့ ဝင်သော်၊
Baba wani ivwe ci lya pindumunwa kwi bita.
3 သခင်ယေရှု၏အလောင်းတော်ကို မတွေ့ကြ။
Cibe njila mukati, mi kana baba wani citunta ca Jesu.
4 ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက် ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။
Ci kwa tendahala bulyo, haba ba kusi lyangene nezo, kapilipili bakwame bobele ciba zimana ha mbali nebo muzizabalo zi benya.
5 ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင် ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။
Banakazi babe zwile ku tiya ciba kubama hansi cha zi fateho zabo, ci ba wamba ku Banakazi “chinzi hamu saka bahala ku ba fwile?
6 ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။
Ka kwina munu, Mi ca buswa, muhupule mwa ba wambili na sina mwa Galilea,
7 လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသော စကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော်၊
Chati mwana we Ireeza ka hewe mu mayanza aba tenda zibi ni ku mu kokotela, Imi ke zuba lya butatu ka buke.”
8 ထိုမိန်းမတို့သည် စကားတော်ကို သတိရ၍၊
Banakazi ciba hupula manzwi akwe,
9 သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာအလုံးစုံတို့ကို တကျိပ်တပါးသောသူမှစ၍ ကြွင်းသော တပည့်တော်အပေါင်းတို့အား ပြန်ကြားကြ၏။
ciba zwa kwi bita ni kuka wamba zintu zonse ku balutwana ni bantu bonse.
10 ၁၀ ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား၊ မာဂဒလမာရိ၊ သောဟန္န၊ ယာကုပ်၏ အမိဖြစ်သောမာရိမှစ၍ အခြားသောမိန်းမများဖြစ်သတည်း။
Linu, Maria Madgalena, Joana, ni Mary nyina wa James ni bamwi Banakazi ciba biha zintu zonse ku ba Apositola.
11 ၁၁ သူတို့၏စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ်၍ တမန်တော်တို့သည် မယုံကြ။
Imi i impiho ciya bonala kusa zuweka hande kuba Apositola, imi kana bab zumini zi baba wambi Banakazi.
12 ၁၂ သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ် ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။
Pitrosi cha zima niku tilila kwi bita, cha zima niku lola mukati, aba boni fela majila fela. Pitrosi aba boli ku Munzi na komoketwe chiba tendahali.
13 ၁၃ ထိုမှတပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသောဧမောက် အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊
Celyo izuba balutwana bobele baba kuya ku munzi uba ku sumpwa Emmaus, ubena makumi ena i yanza ni kumi lyonke lye stadia kwa Jerusalema.
14 ၁၄ ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။
ciba ambola ni bamwi cezo zi ba tendahali.
15 ၁၅ ထိုသို့ဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။
Kuba tendahali kuti haba ba ku wamba ni kuli buza Jesu cha li bonahaza ku bali.
16 ၁၆ ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ။
Imi menso abo aba ku kangwa ku mwi ziba.
17 ၁၇ ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်းဆွေးနွေးသောစကားကား၊ အဘယ်သို့ သော စကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင်၊
Jesu aba wambi ku bali, “chinzi inwe mu wamba mu bobele cimu ya buyenda?” Chiba zima ni ku lola ni ba swabite,
18 ၁၈ သူတို့တွင် ကလောဖအမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခု အခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို၏။
Zumwi kubali we zina lya Cleopas ca mwi taba, “Kana njewe u muntu wenke mwa Jerusalema ya sezi zintu zi ba tendahali mwa anu mazuba?”
19 ၁၉ ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သား ယေရှု၏အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိ နှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။
Jesu ca wamba ku bali, “zintu zihi”? Ciba mwi taba, Zintu zi amana ni Jesu wa Nazareta, yabali Mupolofita, we misebezi mu manzwi, habusu bwa mulimu ne chisi.
20 ၂၀ ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့ မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှါ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။
Lyahanu ba Prisita ba kulwana ni Bayendisi, mumu baba mubetekeli ni ku mu nyansa kuti a kokotelwe ni kwi haiwa.
21 ၂၁ ထိုသူသည် ဣသရေလအမျိုးကို ရွေးနှုတ်အံ့သောသူဖြစ်သည်ဟု ငါတို့သည် အထက်ကမြော်လင့်ကြ ပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။
Imi tuba hupwile kuti njete na lukulule Israele. yee, nihakuba bulyo izi celi izuba lyo butatu kuzwa zonse zintu ha zi tendahala.
22 ၂၂ ငါတို့၏အပေါင်းအဘော် မိန်းမအချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊
Kono banakazi bamwi be nkopano baba tukomokisi, kaku pakelela kwi bita,
23 ၂၃ အလောင်းတော်ကို မတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသောကောင်းကင် တမန်ထင်ရှားရာ ရူပါရုံကို မိမိတို့ မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။
Imi kana baba ka mu wani chitunta, baba boli chi bakati nabo ba ba boni impono ya Mangeloi baba wambi kuti u hala.
24 ၂၄ ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့ သော်လည်း၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ၏။
Bamwi ba Kwame mukati ketu baba yendi kwi bita, ciba kawana muba ba teli Banakazi, kono kana baba ka mu wani.”
25 ၂၅ ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာ သောသူတို့၊
Jesu aba wambi kubali kuti, Mawe inwe bantu musa zuwisisi bene inkulo zi lyeha ku lemuha ziwambo za ba wambi mupolofita.
26 ၂၆ ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။
Kana kena kubali kwa butokwa kuti Jesu a nyandiswe ni kwi njila mwi kanya,
27 ၂၇ ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထား သမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။
Kwi ntazi ku zwa kwa Mushe ku ya ku baprofita bonse, Jesu caba tolokela zintu ku amana naye mu mañolo.
28 ၂၈ ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ၊ ကိုယ်တော်သည် ထိုရွာကို လွန်၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊
Hachi ba ba sutelele ku munzi ku baba kuya, Jesu aba tendi ubu aba kusi zwila habusu,
29 ၂၉ ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဦးယံအချိန်ရှိပြီ။ မိုဃ်းလည်းချုပ်ပါသည်ဟူ၍ ကိုယ် တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ၏။
kono chiba mu cho kuti, “wi kale neswe, imi celi chitengu ni zuba chiliya kuku mina” linu Jesu cha bola mukati kwi kala nabo.
30 ၃၀ စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့ အား ပေးတော်မူသည်တွင်၊
Ku ba tendahali kuti haba kala naye ku lya, cha hinda chinkwa ku chi fuyola ni ku chi komauna cha baha,
31 ၃၁ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော် မူ၏။
Linu menso abo aba tondi ni chi ba mwi ziba, Imi cha zwa mu menso abo,
32 ၃၂ တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသော အခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။
Chiba wamba kuzumwi ni zumwi, “kana inkulo kazi bili mukati ketu? Ha wamba kwetu munzila, ha tu wumbwila mañolo.”
33 ၃၃ ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်းထ၍ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ၊ တကျိပ်တပါးသော သူတို့သည် အပေါင်းအဘော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကို တွေ့ကြ၏။
Chiba zima che nako iyo ni ku yenda kwa Jerusalema, chi ba wana Balutwana bena ikumi ni yenke ni bamwi ba bena nabo,
34 ၃၄ စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော် မူပြီဟု ပြောဆိုလျှင်၊
chi bati initi Jesu aba buki ni ku libonekisa kwa Simoni,
35 ၃၅ ထိုတပည့်တော်နှစ်ယောက်တို့သည် လမ်း၌ ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူကြောင်းကို၎င်း၊ ပြန်ကြားကြ၏။
chi ba wamba zintu zonse ziba tendahali mwi nzila, ni Jesu mwa ba tondelezwa ni kamo Jesu haba ku komauna chinkwa.
36 ၃၆ ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ် သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။
Haba ba ku wamba bulyo, Jesu cha zima mukati kabo, cha wamba ku bali chati “Ku sanga kube ne nwe”.
37 ၃၇ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
Kono baba bi ni sabo niku tiya ahulu, ni ku bonala kuti ba bona luhuho lu jolola.
38 ၃၈ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။
Jesu aba wambi ku bali, “Chinzi hamu bilela, ni kuba ni puzo mwi nkulo zenu?
39 ၃၉ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊
Mu bone mu mayanza angu ni matende kuti njeme. Muni wonde niku ni lola, sina luhuho lu jolola halu sena inyama ne zi fuha sina muni kalile me”.
40 ၄၀ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။
Ha wamba bulyo aba ba tondezi mayanza ni matende a kwe.
41 ၄၁ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊
Haba ba kwina mu ku sa zumina bakeñisa cha ku sanga bulyo niku komokwa Jesu cha wamba ku bali mwina chimwi chete mulye?
42 ၄၂ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။
Chiba muha chiyemba che nswi zi jichitwe,
43 ၄၃ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။
Jesu cha hinda ni kulya mubusu bwa bo.
44 ၄၄ တဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ ပရောဖက်တို့၏ ကျမ်းစာ၌၎င်း၊ ဆာလံ ကျမ်းစာ၌၎င်း၊ ငါ့ကို ရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အားဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။
Aba wambi ku bali, “kuti hani bena nenwe, ni ba mi wambile kuti zonse ziba ñolwa ka mulawo wa Mushe ni we chiprofita ni manolo a Lisamu e zuzilizwe”.
45 ၄၅ ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊
Cwale che yalula ingana zabo, kuti ba zuwisise mañolo.
46 ၄၆ ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။
Aba wambi kubali kuti, “chiba ñoletwe kuti Jesu u swanela ku nyandiswa ni ku buka ku ba fwile che zuba lyo butatu.
47 ၄၇ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။
Niku bakila zibi zetu kuti tu swalele, zi swanela kukutazwa mwi zina lyakwe ku zisi zonse, ku matango a Jerusalema.
48 ၄၈ သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။
Mumpaki wezi zintu.
49 ၄၉ ငါ့ခမည်းတော်၏ ဂတိရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမှီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။
Mubone, nimi tumina zaba sepisi Tayo. Kono mu shale mu Muleneñi konji chi mwa bwikwa ni inguzu zi zwa kwi wulu.”
50 ၅၀ ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကို ချီ၍ ကောင်းကြီးပေးတော်မူ၏။
Cwale Jesu cha ba hitila mane kuka sika ha fwihi ni Bethani. Mi cha zimika mayanza no ku ba fuyaula.
51 ၅၁ ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။
Ku ba tendahali kuti haba kuba fuyola aba siyi ni ku hindwa kwi wulu.
52 ၅၂ တပည့်တော်တို့သည် ကိုယ်တော်ကို ပြပ်ဝပ်ကိုးကွယ်ပြီးမှ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရု ရှလင်မြို့သို့ ပြန်သွားကြ၏။
Linu chiba mu lapelela kaku sanga ni ku bola kwa Jerusalema ke cha ku sanga.
53 ၅၃ ဘုရားသခင်ကို အံ့ဩချီးမွန်းလျက် ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ၏။
Chiba zwila ha busu mwi inkeleke ku temba Ireeza.

< လုကာ 24 >