< Abahluleli 20 >

1 Ngalesosikhathi bonke abako-Israyeli baphuma njengomuntu munye kusukela eDani kusiya eBherishebha kanye laselizweni leGiliyadi, babuthana phambi kukaThixo eMizipha.
ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တယောက်သောသူကဲ့သို့ မိဇပါမြို့၊ ထာဝရဘုရား ထံတော်၌ စည်းဝေးကြ၏။
2 Abakhokheli babantu bonke bezizwana zako-Israyeli bathatha izindawo zabo ebandleni labantu bakaNkulunkulu, amabutho azinkulungwane ezingamakhulu amane ehlome ngezinkemba.
ဣသရေလ အမျိုးအနွယ်အပေါင်း၊ ပြည်သားအပေါင်းတို့၏ အကြီးအကဲတို့သည် စည်းဝေးကြသော်၊ ဘုရားသခင်၏လူ၊ ထားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေးသိန်းနှင့်တကွ ချဉ်းကပ်ကြ၏။
3 (AbakoBhenjamini bezwa ukuthi abako-Israyeli babeye eMizipha.) Abako-Israyeli basebesithi, “Sitsheleni ukuthi into le embi yenzakale njani.”
ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့သည် ကြားသိကြ၏။ ဣသရေလအမျိုးသားတို့က၊ ထိုအဓမ္မအမှုကား အဘယ်သို့နည်းဟု မေးမြန်းလျှင်၊-
4 Ngakho umLevi, indoda yowesifazane lowo owayebulewe, wathi, “Mina lomkami weceleni safika eGibhiya koBhenjamini ukuba silale khona.
အသေခံရသော မိန်းမ၏လင် လေဝိလူက၊ အကျွန်ုပ်သည် မယားငယ်နှင့်အတူလာ၍ ဗင်္ယာမိန် ခရိုင်၊ ဂိဗာမြို့မှာ ညဉ့်ကို လွန်စေပါ၏။
5 Ebusuku abantu beGibhiya bangivukela bahanqa indlu, behlose ukungibulala. Badlova umkami weceleni waze wafa.
ညဉ့်အခါ ဂိဗာမြို့သားတို့သည် ထ၍ အကျွန်ုပ်တည်းခိုသောအိမ်ကို ဝိုင်းလျက်၊ အကျွန်ုပ်ကို တိုက် သတ်မည် အားထုတ်ကြပါ၏။ မယားငယ် သေသည်တိုင်အောင် ရှုတ်ချကြပါ၏။ -
6 Ngathatha umkami weceleni, ngamquma waba yiziqayiqa, ngathumela isiqa esisodwa esigabeni ngasinye selifa lako-Israyeli, ngoba amanyala lalesisenzo sokuxhwala basenzela ko-Israyeli.
အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ၍ အပိုင်းပိုင်းဖြတ်ပြီးမှ၊ ဣသရေလအမျိုး အမွေခံ ရာ ပြည်တရှောက်လုံးသို့ ပေးလိုက်ပါ၏။ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ ဆိုးညစ် သောအမှု၊ အဓမ္မအမှုကို ပြုကြပါပြီ။-
7 Khathesi lonke lina abako-Israyeli, khulumani litsho isinqumo senu.”
သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ၏။ ဤအရပ်၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆို လေ၏။-
8 Abantu bonke basukuma njengomuntu munye, besithi, “Akakho kithi ozakuya ekhaya. Hathi, akakho kithi ozabuyela endlini yakhe.
လူအပေါင်းတို့သည် တယောက်သောသူကဲ့သို့ ထ၍ ငါတို့သည် တယောက်မျှ မိမိတဲသို့မသွား၊ မိမိ အိမ်သို့မပြန်။-
9 Kodwa khathesi esizakwenza eGibhiya yilokhu: Sizakuyayihlasela ngokwenza inkatho.
ဂိဗာမြို့၌ အဘယ်သို့ ပြုမည်နည်း ဟူမူကား၊ စာရေးတံချ၍ အတိုက်သွားမည်။
10 Sizathatha abantu abalitshumi phakathi kwabalikhulu kuzozonke izizwana zako-Israyeli, labalikhulu kwabayinkulungwane, labayinkulungwane kwaba zinkulungwane ezilutshumi ukuba badingele ibutho ukudla. Ekufikeni kwalo ibutho eGibhiya koBhenjamini, lizabanika okubafaneleyo ngamanyala lokuxhwala abakwenze ko-Israyeli.”
၁၀ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှါ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတရာတွင် တဆယ်၊ တထောင်တွင်တရာ၊ တသောင်းတွင် တထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊
11 Ngakho bonke abantu bako-Israyeli bahlangana, bamanyana njengomuntu munye bamelana ledolobho.
၁၁ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တဘက်၌ စည်းဝေး၍ တယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ၏။
12 Izizwana zako-Israyeli zathumela abantu kusosonke isizwana sakoBhenjamini, zisithi, “Yibudlova bani lobu obenziwayo phakathi kwenu na?
၁၂ဣသရေလအမျိုးသားတို့သည်၊ ဗင်္ယာမိန်ခရိုင်တရှောက်လုံးသို့ စေလွှတ်၍၊ သင်တို့တွင် ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း။
13 Khathesi-ke, banikeleni labobantu baseGibhiya abagangileyo ukuze sibabulale siqede ububi ko-Israyeli.” Kodwa abakoBhenjamini kababalalelanga abafowabo bako-Israyeli.
၁၃ယခုမှာ ဂီဗာမြို့၌ရှိသော ထိုအဓမ္မလူတို့ကို ငါတို့ယူ၍ သတ်သဖြင့် ဣသရေလအမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှားမည်အကြောင်း ထိုလူတို့ကိုအပ်ကြပါဟု မှာလိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလအမျိုးသားတို့စကားကို နားမထောင်ဘဲ၊
14 Baqoqana eGibhiya bevela emadolobheni akibo ukuba balwe labako-Israyeli.
၁၄ထိုအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ၊ အမြို့မြို့အရွာရွာက ထွက်၍ ဂိဗာမြို့၌ စည်းဝေးကြ၏။-
15 Ngasikhathi sinye abakoBhenjamini babutha izinkulungwane ezingamatshumi amabili lesithupha zabahlome ngezinkemba emadolobheni akibo, phezu kwabantu abangamakhulu ayisikhombisa abakhethwa kulabo abahlala eGibhiya.
၁၅ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတပါး အမြို့မြို့အရွာရွာက လာသော ဗင်္ယာ မိန် အမျိုးသား အရေအတွက်ကား၊ ထားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။
16 Phakathi kwamabutho la kwakulabantu abakhethiweyo abangamakhulu ayisikhombisa ababengamanxele, bonke bengakhuthi abakunxwaneleyo ngesavutha.
၁၆ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနှစ်ရာပါသတည်း။
17 Abako-Israyeli, ngaphandle kwabakoBhenjamini, babutha abantu abalwa ngezinkemba abazinkulungwane ezingamakhulu amane, bonke bengabantu bempi.
၁၇ဗင်္ယာမိန်အမျိုးသားမှတပါး ထားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသား အရေ အတွက်ကား လေးသိန်းတည်း။
18 Abako-Israyeli baya eBhetheli babuza uNkulunkulu. Bathi, “Ngubani wethu ozahamba kuqala ukuyakulwa labakoBhenjamini?” UThixo wathi, “NguJuda ozahamba kuqala.”
၁၈ဣသရေလ အမျိုးသားတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန် အမျိုးကို အဦး ချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက် ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။
19 Kusisa ekuseni, abako-Israyeli bavuka bamisa izihonqo eduzane leGibhiya.
၁၉နံနက်စောစော ဣသရေလအမျိုးသားတို့သည် ထ၍ ဂိဗာမြို့အနား၌ တပ်ချပြီးမှ၊
20 Abantu bako-Israyeli baphuma ukuyakulwa labakoBhenjamini bema ezindaweni ezilungele ukubahlasela eGibhiya.
၂၀ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား၍ ဂိဗာမြို့ရှေ့မှာ စစ်ခင်းကျင်းလျက် နေကြ၏။
21 AbakoBhenjamini baphuma eGibhiya babulala abako-Israyeli abazinkulungwane ezingamatshumi amabili lambili endaweni yokulwela mhlalokho.
၂၁ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထိုနေ့တွင် ဣသရေလ လူတသောင်း နှစ်ထောင်တို့ကို မြေပေါ်မှာ လှဲ၍ သတ်ကြ၏။
22 Kodwa abantu bako-Israyeli banikana isibindi babuyela njalo ezindaweni zabo lapho ababekhona ngelanga lakuqala.
၂၂သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပဌမနေ့တွင် စစ်ခင်းကျင်းသော အရပ်၌ တဖန်ခင်းကျင်းကြ၏။
23 Abako-Israyeli bahamba bayakhala phambi kukaThixo kwaze kwaba kusihlwa, njalo babuza uThixo bathi, “Singahamba njalo yini siyekulwa labakoBhenjamini, abafowethu na?” UThixo waphendula yathi, “Hambani liyebahlasela.”
၂၃ထာဝရဘုရားထံတော်သို့ သွား၍ ညဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုး သားတို့ကို တဖန်စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
24 Abako-Israyeli basondela koBhenjamini ngosuku lwesibili.
၂၄ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးတို့အနီးသို့ ချဉ်းကြသောအခါ၊
25 Ngalesisikhathi, kwathi abakoBhenjamini sebephumile eGibhiya ukuba bamelane labo, babulala abanye njalo abazinkulungwane ezilitshumi lasificaminwembili, bonke behlome ngezinkemba.
၂၅ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထားလက်နက်စွဲကိုင်သော ဣသရေလ လူတသောင်းရှစ်ထောင်တို့ကို မြေပေါ်၌ လှဲ၍ သတ်ကြ၏။
26 Lapho-ke, abako-Israyeli bonke lebutho lonke baya eBhetheli, bahlala khona bekhala phambi kukaThixo. Ngalelolanga bazila kwaze kwaba kusihlwa, banikela leminikelo yokutshiswa kanye leminikelo yobudlelwano kuThixo.
၂၆ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား၍ ငိုကြွေးလျက်၊ ထာဝရဘုရားထံတော်၌ ဝပ်လျက်၊ တနေ့လုံး ညဦးယံတိုင်အောင် အစာကို ရှောင်၍ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ၏။
27 Abako-Israyeli basebebuza uThixo. (Ngalezonsuku umtshokotsho wesivumelwano sikaNkulunkulu wawukhonapho,
၂၇ထိုကာလ၌ ဘုရားသခင်၏ ပဋိညာဉ် သေတ္တာတော်ပါလျက်၊ အာရုန်၏သားဖြစ်သော ဧလာဇာ၏ သား ဖိနဟတ်သည်၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည် ဖြစ်၍၊-
28 uloFinehasi indodana ka-Eliyazari, indodana ka-Aroni, ekhonza phambi kwawo.) Babuza bathi, “Singahamba njalo yini siyekulwa loBhenjamini umfowethu loba hatshi na?” UThixo waphendula wathi, “Hambani, ngoba kusasa ngizabanikela ezandleni zenu.”
၂၈ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရ ဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
29 Ngakho abako-Israyeli bacathama bezungeze iGibhiya.
၂၉ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌ ကင်းစောင့်လူတို့ကို ထားပြီးမှ၊
30 Bahamba bayahlasela abakoBhenjamini ngosuku lwesithathu, balungela ukuhlasela iGibhiya njengebabekwenze kuqala.
၃၀တတိယနေ့တွင် ဗင်္ယာမိန် အမျိုးသားတို့ရှိရာသို့ ချီသွား၍၊ ယမန်ကဲ့သို့ ဂိဗာမြို့အနား၌ စစ်ခင်းကျင်း လျက် နေကြ၏။
31 AbakoBhenjamini baphuma babahlangabeza baholelwa kude ledolobho. Baqalisa ukubabulala abako-Israyeli njengakuqala, kwathi ababephosa babengamatshumi amathathu bafela egcekeni emgwaqweni oya eBhetheli lomunye oya eGibhiya.
၃၁ဗင်္ယာမိန် အမျိုးသားတို့သည် အတိုက်ထွက်၍ မြို့နှင့်ကွာသွားကြ၏။ ဗေသလမြို့သို့ သွားသောလမ်း၊ ဂိဗာတောရွာသို့ သွားသောလမ်းတွင် ယမန်ကဲ့သို့ ဣသရေအလအမျိုးသူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
32 Kwathi abakoBhenjamini besithi, “Siyabehlula njengakuqala,” abako-Israyeli bona besithi, “Kasihlehleleni emuva sibaholele kude ledolobho emigwaqweni.”
၃၂ဗင်္ယာမိန်အမျိုးသားတို့က၊ သူတို့သည် ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုသော်လည်း၊ ဣသရေလ အမျိုးသားတို့က ပြေးကြကုန်အံ့၊ သူတို့ကို မြို့နှင့်ဝေးသော လမ်းတို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆိုလျက်၊
33 Bonke abantu bako-Israyeli basuka ezindaweni zabo baya eBhali-Thamari, kwathi abako-Israyeli ababecatheme bahlasela bephuma endaweni yabo ngasentshonalanga kweGibhiya.
၃၃ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာအရပ်မှထ၍ ဗာလတာမာမြို့၌ စစ်ခင်းကြ၏။ ကင်း စောင့်လျက်နေသော ဣသရေလလူတို့သည်လည်း မိမိတို့နေရာ ဂိဗာလွင်ပြင်မှ ထကြသဖြင့်၊
34 Izinkulungwane ezilitshumi zabantu bako-Israyeli abakhethiweyo bahlasela iGibhiya mathupha. Ukulwa kwakunzima kakhulu ngakho kwenza abakoBhenjamini bangananzeleli ukuthi ingozi yayisisondele.
၃၄ဣသရေလအမျိုးသား ယောက်ျားကောင်း တသောင်းတို့သည် ဂိဗာမြို့သို့ ချီလာ၍၊ ဗင်္ယာမိန် အမျိုး သားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့်၊ ကျပ်တည်းစွာ ဆီး၍ တိုက်ကြ၏။
35 UThixo wamnqoba uBhenjamini phambi kuka-Israyeli, njalo ngalelolanga abako-Israyeli babulala abakoBhenjamini abazinkulungwane ezingamatshumi amabili lanhlanu lekhulu, bonke behlome ngezinkemba.
၃၅ထိုအခါ ထာဝရဘုရားသည် ဗင်္ယာမိန်လူတို့ကို ဣသရေလလူတို့ရှေ့မှာ ရှုံးစေတော်မူသဖြင့်၊ ထို့နေ့ တွင် ဣသရေလ လူတို့သည် ထားလက်နက်စွဲကိုင်သော ဗင်္ယာမိန်လူနှစ်သောင်းငါးထောင်တရာ တို့ကို ပယ်ရှင်းကြ၏။
36 Lapho-ke abakoBhenjamini babona ukuthi babenqotshiwe. Khonapho abako-Israyeli basebevulele abakoBhenjamini isikhala, ngoba babethembe ababecatheme eduze leGibhiya.
၃၆ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ ရှုံးသည်ကို သိမြင်ကြ၏။ ဣသရေလူတို့သည်၊ ဂိဗာမြို့အနား၌ ထားသော ကင်းတပ်ကို ကိုးစားသောကြောင့်၊ အစက ဗင်္ယာမိန်လူတို့ရှေ့မှာ ဆုတ်ကြ၏
37 Abantu ababecatheme bagijimela eGibhiya ngokuphangisa, basabalala idolobho lonke balihlasela ngenkemba.
၃၇ကင်းတပ်သားတို့သည် ဂိဗာမြို့သို့ တဟုန်တည်းပြေးဝင်၍ အနှံ့အပြား တိုက်သဖြင့် တမြို့လုံးကို ထားနှင့်လုပ်ကြံကြ၏။
38 Abantu bako-Israyeli babehlele labacathamayo ukuthi benze iyezi elikhulu lentuthu phakathi kwedolobho,
၃၈မြို့ထဲမှာ ကြီးစွာသော မီးခိုးတက်စေရမည်အကြောင်း ဣသရေလလူတို့သည် ကင်းစောင့်လူတို့အား အကြံပေးနှင့်ကြပြီဖြစ်၍၊
39 lapho-ke abantu bako-Israyeli babezaphendukela ekulweni empini. AbakoBhenjamini basebeqalisile ukubulala abako-Israyeli (babephosa babengamatshumi amathathu), njalo bathi, “Siyabehlula njengempini yakuqala.”
၃၉ဣသရေလလူတို့သည် စစ်တိုက်ရာတွင် ဆုတ်သောအခါ၊ ဗင်္ယာမိန်လူတို့က၊ အကယ်၍ သူတို့သည် ယမန်စစ်ရှုံးသကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုလျက် သူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
40 Kodwa kwathi izikhatha zentuthu seziqalise ukuphakama edolobheni, abakoBhenjamini baphenduka babona intuthu yedolobho lonke iqonga isiya phezulu emkhathini.
၄၀တဖန် မီးလောင်၍ ထူထပ်သော မီးခိုးသည် မြို့ထဲမှာ တက်စရှိသောအခါ၊ ဗင်္ယာမိန်လူတို့သည် ပြန်ကြည့်၍ မြို့ကိုလောင်သော မီးလျှံသည် မိုဃ်းကောင်းကင်သို့ တက်သည်ကို မြင်ကြ၍၊
41 Lapho-ke abako-Israyeli babaphendukela, abantu bakoBhenjamini batshaywa luvalo, ngoba babona ukuthi ingozi yayisibehlele.
၄၁ဣသရေလလူတို့သည် လှည့်၍ ပြန်သောအခါ၊ ဗင်္ယာမိန်လူတို့သည် ဘေးရောက်ကြောင်းကို သိမြင်လျှင်၊-
42 Ngakho babaleka phambi kwabako-Israyeli beqonda enkangala kodwa behluleka ukuyibalekela impi. Abako-Israyeli abaphuma emizini bababulalela khonapho.
၄၂မိန်းမောတွေဝေ၍ ဣသရေလလူတို့ရှေ့မှာ တောလမ်းသို့ ပြေးသော်လည်း၊ စစ်တိုက်လိုက်လာ သော သူတို့သည် မှီသဖြင့် ပြေးသော သူတို့ကို၎င်း၊ မြို့ရွာများထဲက ထွက်လာသောသူတို့ကို၎င်း၊ တပြိုင်နက်ဖျက်ဆီးကြ၏။
43 Babahanqa abakoBhenjamini, baxotshana labo, bababhuqela eduze leGibhiya kalula ngasempumalanga.
၄၃ဗင်္ယာမိန်လူတို့ကို ဝိုင်းလျက်လိုက်လျက်၊ နုခါရွာမှစ၍ နေထွက်ရာဘက်၊ ဂိဗာမြို့အနားတိုင်အောင် နှိပ်နင်းကြ၏။
44 Kwafa abakoBhenjamini abazinkulungwane ezilitshumi lasificaminwembili, bonke bengamaqhawe.
၄၄ထိုအခါ ဗင်္ယာမိန်သူရဲ တသောင်းရှစ်ထောင်တို့သည် လဲ၍ သေကြ၏။
45 Sebephenduke babaleka beqonda enkangala edwaleni laseRimoni, abako-Israyeli babulala abantu abazinkulungwane ezinhlanu kulandela imigwaqo. Baqhubeka bexotshana labakoBhenjamini baze bayafika eGidomu babulala abanye njalo abazinkulungwane ezimbili.
၄၅ကြွင်းသော သူတို့သည် လှည့်၍ တောအရပ် ရိမ္မုန်ကျောက်သို့ ပြေးကြစဉ်တွင်၊ လိုက်သော သူတို့သည် လူငါးထောင်တို့ကို လမ်းမှာဖမ်းမိကြ၏။ ဂိဒုံမြို့တိုင်အောင် အပြင်းလိုက်၍ လူနှစ်ထောင်တို့ကိုလည်း သတ်ကြ၏။
46 Ngalelolanga kwafa abakoBhenjamini abalwa ngenkemba abazinkulungwane ezingamatshumi amabili lanhlanu, bonke bengamaqhawe.
၄၆ထိုနေ့တွင် လဲ၍ သေသော ဗင်္ယာမိန် ထားစွဲသူရဲတို့ အရေအတွက်ကား၊ နှစ်သောင်းငါးထောင်တည်း။
47 Kodwa abantu abangamakhulu ayisithupha baphenduka babalekela enkangala edwaleni laseRimoni, lapho abahlala khona izinyanga ezine.
၄၇လူခြောက်ရာတို့သည် လှည့်၍ တောအရပ်ရိမ္မုန်ကျောက်ကို မှီအောင်ပြေးသဖြင့်၊ ထိုကျောက် အောက်မှာ လေးလနေကြ၏။
48 Abantu bako-Israyeli babuyela koBhenjamini bahlasela imizi yonke ngenkemba, kubalwa izifuyo lakho konke okunye abakutholayo. Yonke imizi abafika kuyo bayithungela ngomlilo.
၄၈ဣသရေလလူတို့သည် တဖန် လှည့်၍၊ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်လျက် မြို့ရွာ၌ ရှိသောလူ၊ တိရစ္ဆာန်တွေ့သမျှတို့ကို ထားနှင့်လုပ်ကြံ၍၊ တွေ့သမျှသော မြို့ရွာတို့ကို မီးရှို့ကြ၏။

< Abahluleli 20 >