< پیدایش 49 >

و یعقوب، پسران خود را خوانده، گفت: «جمع شوید تا شما را از آنچه درایام آخر به شما واقع خواهد شد، خبر دهم. ۱ 1
ထိုရောအခါ၊ ယာကုပ်သည် မိမိသားတို့ကို ခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလ အခါ၊ သင်တို့၌ ဖြစ်လတံ့သော အမှုအရာများကို ငါဟောပြောမည်။
‌ای پسران یعقوب جمع شوید و بشنوید! و به پدرخود، اسرائیل، گوش گیرید. ۲ 2
ယာကုပ်၏သားတို့၊ စည်းဝေး၍ ကြားကြလော့။ အဘဣသရေလ၏စကားကို နားထောင်ကြလော့။
«ای روبین! تو نخست زاده منی، توانایی من وابتدای قوتم، فضیلت رفعت و فضیلت قدرت. ۳ 3
အိုရုဗင်၊ သင်သည် ငါ့သားဦး၊ငါ့အစွမ်းသတ္တိ၊ ငါခွန်အား အစအဦး၊ ဘုန်းအထွဋ်၊ တန်ခိုး အထွဋ်ဖြစ်၏။
جوشان مثل آب، برتری نخواهی یافت، زیرا که بر بستر پدر خود برآمدی. آنگاه آن را بی‌حرمت ساختی، به بستر من برآمد. ۴ 4
သို့သော်လည်း ရေကဲ့သို့ ပွက်ထသော သဘော ရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်း မူကား၊ သင်သည် အဘ၏အိပ်ရာကို တက်၍ ညစ်ညူး စေ၏။ ငါ့ခုတင်ထက်သို့ဘက်လေပြီတကား။
«شمعون و لاوی برادرند. آلات ظلم، شمشیرهای ایشان است. ۵ 5
ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
‌ای نفس من به مشورت ایشان داخل مشو، و‌ای جلال من به محفل ایشان متحد مباش زیرا در غضب خودمردم را کشتند. و در خودرایی خویش گاوان راپی کردند. ۶ 6
ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်း အမှုထဲသို့မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ။ သူတို့သည် အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍ မြို့ကိုဖြိုဖျက်ကြပြီ။
ملعون باد خشم ایشان، که سخت بود، و غضب ایشان زیرا که تند بود! ایشان را دریعقوب متفرق سازم و در اسرائیل پراکنده کنم. ۷ 7
သူတို့ပြင်းစွာ ထွက်သောအမျက်၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပန့်လွင့်စေမည်။
«ای یهودا تو را برادرانت خواهند ستود. دستت بر گردن دشمنانت خواهد بود، و پسران پدرت، تو را تعظیم خواهند کرد. ۸ 8
အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသော သူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ် မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။
یهوداشیربچه‌ای است، ای پسرم از شکار برآمدی. مثل شیر خویشتن را جمع کرده، در کمین می‌خوابد وچون شیرماده‌ای است. کیست او را برانگیزاند؟ ۹ 9
ယုဒသည် ခြင်္သေ့ပျို ဖြစ်၏။ ငါ့သား၊ သင်သည် ဘမ်းယူကိုက်စားရာမှ တက်လာတက်၏။ ဝပ်လျက် နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း ဝပ်တွားတတ် ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။
عصا از یهودا دور نخواهد شد. و نه فرمان فرمایی از میان پایهای وی تا شیلو بیاید. ومر او را اطاعت امتها خواهد بود. ۱۰ 10
၁၀ရှိလော မရောက်မှီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုး အနွယ်ထံမှ၎င်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
کره خود رابه تاک و کره الاغ خویش را به مو بسته. جامه خودرا به شراب، و رخت خویش را به عصیر انگورمی شوید. ۱۱ 11
၁၁မိမိမြည်းကို စပျစ်နွယ်ပင်၌၎င်း၊ မြည်းကလေးကို အမြတ်ဆုံးသော စပျစ်နွှယ်ပင်၌၎င်း ချည်နှောင်၍၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေး တည်းဟူသော စပျစ်ရည်ဖြင့် လျှော်လိမ့်မည်။
چشمانش به شراب سرخ و دندانش به شیر سفید است. ۱۲ 12
၁၂သူ၏မျက်စိသည် စပျစ်ရည်နှင့် နီလိမ့်မည်။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်။
«زبولون، بر کنار دریا ساکن شود، و نزدبندر کشتیها. و حدود او تا به صیدون خواهدرسید. ۱۳ 13
၁၃ဇာဗုလန်သည် ကမ်းနားမှာ နေ၍၊ သင်္ဘောဆိပ် ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
یساکار حمار قوی است در میان آغلهاخوابیده. ۱۴ 14
၁၄ဣသခါသည် တောင်ကြားမှာ ဝပ်လျက် အားကြီးသောမြည်းဖြစ်၏။
چون محل آرمیدن را دید که پسندیده است، و زمین را دلگشا یافت، پس گردن خویش را برای بار خم کرد، و بنده خراج گردید. ۱۵ 15
၁၅ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကို မြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကို တင်ထမ်း၍၊ အခွန်ပေးသော ကျွန်ဖြစ်လေ၏။
«دان، قوم خود را داوری خواهد کرد، چون یکی از اسباط اسرائیل. ۱۶ 16
၁၆ဒန်သည် ဣသရေလအနွှယ် တစုံတပါးကဲ့သို့၊ မိမိလူတို့ကို စီရင်လိမ့်မည်။
دان، ماری خواهد بود به‌سر راه، و افعی بر کنار طریق که پاشنه اسب رابگزد تا سوارش از عقب افتد. ۱۷ 17
၁၇ဒန်သည် လမ်း၌နေသော မြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှါ လမ်းကြားမှာ နေ၍၊ မြင်းခြေကို ကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည်။
‌ای یهوه منتظرنجات تو می‌باشم. ۱۸ 18
၁၈အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့်လျက်နေပါပြီ။
«جاد، گروهی بر وی هجوم خواهند‌آورد، و او به عقب ایشان هجوم خواهد آورد. ۱۹ 19
၁၉ဂဒ်မူကား၊ စစ်သူရဲတိုသည် သူတို့တိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။
اشیر، نان او چرب خواهد بود، و لذات ملوکانه خواهدداد. ۲۰ 20
၂၀အာရှာ၌ဖြစ်သော အစာသည် အရသာနှင့် ပြည့်စုံ၍၊ မင်း၏ ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေးလိမ့် မည်။
نفتالی، غزال آزادی است، که سخنان حسنه خواهد داد. ۲۱ 21
၂၁နဿလိသည် လှသောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
«یوسف، شاخه باروری است. شاخه باروربر سر چشمه‌ای که شاخه هایش از دیوار برآید. ۲۲ 22
၂၂ယောသပ်သည် သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သော ပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။
تیراندازان او را رنجانیدند، و تیر انداختند واذیت رسانیدند. ۲۳ 23
၂၃လေးသမားတို့သည် သူ့ကို အငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။
لیکن کمان وی در قوت قایم ماند. و بازوهای دستش به‌دست قدیر یعقوب مقوی گردید که از آنجاست شبان و صخره اسرائیل. ۲۴ 24
၂၄သို့သော်လည်း သူ၏လေးသည် အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက်ဖြင့်၎င်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ကျောက်ဖြင့်၎င်း၊
از خدای پدرت که تو را اعانت می‌کند، و از قادرمطلق که تو را برکت می‌دهد، به برکات آسمانی از اعلی و برکات لجه‌ای که دراسفل واقع است، و برکات پستانها و رحم. ۲۵ 25
၂၅သင့်ကိုမစတော်မူသော သင့်အဘ၏ ဘုရား သခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုဃ်းကောင်းကင်၏ မင်္ဂလာ၊ အောက် နက်နဲသောအရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီး ပေးတော်မူပါစေသော။
برکات پدرت بر برکات جبال ازلی فایق آمد، وبر حدود کوههای ابدی و بر سر یوسف خواهدبود، و بر فرق او که از برادرانش برگزیده شد. ۲۶ 26
၂၆သင်၏အဘပေးသော ကောင်းကြီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ဖြစ်သော ကောင်းကြီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍ မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
«بنیامین، گرگی است که می‌درد. صبحگاهان شکار را خواهد خورد، و شامگاهان غارت را تقسیم خواهد کرد.» ۲۷ 27
၂၇ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည်။ ဘမ်းရသော အရာကိုနံနက်အချိန်၌ ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ ဝေဖန်လိမ့်မည်ဟုမြွက်ဆို၏။
همه اینان دوازده سبط اسرائیلند، و این است آنچه پدرایشان، بدیشان گفت و ایشان را برکت داد، و هریک را موافق برکت وی برکت داد. ۲۸ 28
၂၈ဤသူတို့ကား၊ ဣသရေလအမျိုး ဆယ်နှစ်မျိုး ဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့ အသီးသီးခံရသော မင်္ဂလာရှိသည်အတိုင်း၊ ကောင်းကြီး ပေးသော စကားပေတည်း။
پس ایشان را وصیت فرموده، گفت: «من به قوم خود ملحق می‌شوم، مرا با پدرانم در مغاره‌ای که در صحرای عفرون حتی است، دفن کنید. ۲۹ 29
၂၉တဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရှန်၏လယ်ပြင်တွင်ရှိသော မြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကို သင်္ဂြိုဟ်ကြပါ။
در مغاره‌ای که در صحرای مکفیله است، که درمقابل ممری در زمین کنعان واقع است، که ابراهیم آن را با آن صحرا از عفرون حتی برای ملکیت مقبره خرید. ۳۰ 30
၃၀ခါနာန်ပြည် မံရေမြို့ရှေ့မှာ၊ မပ္ပေလ လယ်ပြင်၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သော သင်္ချိုင်းဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန်၌ ဝယ်လေပြီ။
آنجا ابراهیم و زوجه‌اش، ساره رادفن کردند؛ آنجا اسحاق و زوجه او رفقه را دفن کردند؛ و آنجا لیه را دفن نمودم. ۳۱ 31
၃၁ထိုမြေတွင်း၌ အာဗြဟံနှင့် မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်း သင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီ။
خرید آن صحرا و مغاره‌ای که در آن است از بنی حت بود.» ۳۲ 32
၃၂ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသ အမျိုးသားရှေ့မှာ ဝယ်သတည်းဟု မှာထား၏။
و چون یعقوب وصیت را با پسران خود به پایان برد، پایهای خود را به بستر کشیده، جان بداد و به قوم خویش ملحق گردید. ۳۳ 33
၃၃ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင် မာထားပြီးလျှင်၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်း သဖြင့်၊ အသက်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။

< پیدایش 49 >