< II Koryntian 5 >

1 Wiemy przecież, że gdy runie doczesny dom, którym jest nasze ciało, otrzymamy od Boga nowe mieszkanie w niebie, które nie będzie zbudowane przez ludzi. (aiōnios g166)
ငါ​တို့​၏​နေ​အိမ်​ဖြစ်​သည့်​ကိုယ်​ခန္ဓာ​တည်း ဟူ​သော​ယာ​ယီ​တဲ​သည်​ပျက်​လျှင် ကောင်း​ကင် ဘုံ​တွင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖန်​ဆင်း တော်​မူ​သော​နိစ္စ​ထာ​ဝ​ရ​နေ​အိမ်​ကို ငါ​တို့ အား​ပေး​သ​နား​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ တို့​သိ​ကြ​၏။- (aiōnios g166)
2 Obecne ciało sprawia nam wiele trudności, dlatego tęsknimy za tym nowym ciałem w niebie.
ဤ​ယာ​ယီ​တဲ​တွင်​နေ​ထိုင်​စဉ်​ကောင်း​ကင်​ဘုံ အိမ်​ကို​အ​လွန်​တောင့်​တ​သ​ဖြင့် ငါ​တို့​သည် ညည်း​တွား​လျက်​နေ​ကြ​၏။-
3 Nie będziemy bowiem bezcielesnymi duchami, ale otrzymamy nowe ciała.
ယင်း​သို့​ကောင်း​ကင်​ဘုံ​အိမ်​ကို​ရ​ရှိ​သော​အ​ခါ ငါ​တို့​သည်​ကိုယ်​ခန္ဓာ​မဲ့​ဖြစ်​မည်​မ​ဟုတ်။-
4 Chociaż trudno nam żyć w naszych obecnych ciałach, to nie chcielibyśmy umrzeć i rozstać się z nimi. Wolelibyśmy, aby zostały one od razu zastąpione przez te nowe ciała niebiańskie.
ရုပ်​ကိုယ်​ခန္ဓာ​တွင်​နေ​ရ​သ​ဖြင့်​ငါ​တို့​ညည်း​တွား ကြ​၏။ ယင်း​သို့​ညည်း​တွား​ကြ​ခြင်း​မှာ​မိ​မိ​တို့ ၏​ရုပ်​ကိုယ်​ခန္ဓာ​ကို​ပယ်​ရှား​ပစ်​လို​၍​မ​ဟုတ်။ သေ ကြေ​ပျက်​စီး​တတ်​သော​အ​ရာ​ကို​ထာ​ဝ​စဉ် အ​သက်​ရှင်​သည့်​အ​ရာ​သို့​ပြောင်း​လဲ​စေ​ရန် ကောင်း​ကင်​ဘုံ​ကိုယ်​ခန္ဓာ​ကို​ရ​ရှိ​လို​၍​ဖြစ် ပေ​သည်။-
5 Pamiętajcie, że to Bóg jest Tym, który to wszystko dla nas przygotował, a jako gwarancję już teraz dał nam Ducha Świętego.
ဤ​သို့​ပြောင်း​လဲ​စေ​ရန်​ငါ​တို့​ကို​ပြင်​ဆင် ပေး​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ​တို့​ခံ​စား​စေ​ရန်​ကိုယ်​တော်​၏​ဆု​ကျေး​ဇူး အ​ပေါင်း​အ​တွက် အာ​မ​ခံ​ချက်​အ​ဖြစ်​ဖြင့် ဝိ​ညာဉ်​တော်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ပြီ။
6 Dlatego możemy być pewni, że da nam to, co przygotował. Teraz bowiem, żyjąc w naszych śmiertelnych ciałach, nie jesteśmy jeszcze w naszym prawdziwym domu—u Pana.
သို့​ဖြစ်​၍​ငါ​တို့​သည်​အ​စဉ်​ရဲ​ရင့်​သော​စိတ်​ရှိ ကြ​ပေ​သည်။ ဤ​ကိုယ်​ခန္ဓာ​နေ​အိမ်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး​ငါ​တို့​သည်​သ​ခင်​ဘု​ရား​၏ အိမ်​တော်​နှင့်​ဝေး​ကွာ​လျက်​ရှိ​ကြ​၏။-
7 Idziemy więc przez życie kierując się wiarą, a nie tym, co widzimy.
ငါ​တို့​၏​ဘ​ဝ​အ​တွက်​ယုံ​ကြည်​ခြင်း​သည် အ​ဋ္ဌိ​က​ဖြစ်​၏။ မျက်​စိ​ဖြင့်​မြင်​ခြင်း​သည် အ​ဋ္ဌိ​က​မ​ဟုတ်။-
8 Wiedząc o tym wszystkim, nie boimy się śmierci i wolelibyśmy już pożegnać nasze ciała i odejść do Pana.
ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​ရှိ​၍​ဤ​ကိုယ်​ခန္ဓာ နေ​အိမ်​ကို​စွန့်​ခွာ​ပြီး​လျှင် သ​ခင်​ဘု​ရား​နှင့် အ​တူ​နေ​ထိုင်​ရန်​ပို​၍​လို​လား​ကြ​၏။-
9 Zawsze pragniemy też czynić to, co Mu się podoba—niezależnie od tego, czy jeszcze żyjemy w tych ciałach, czy nie.
ငါ​တို့​သည်​ဤ​အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ၊ ထို အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ​ငါ​တို့​ကို​စိတ်​တော် နှင့်​တွေ့​ရန်​အ​ထူး​သ​ဖြင့်​လို​လား​ကြ​၏။-
10 Wszyscy bowiem staniemy przed sądem Chrystusa. I każdy otrzyma wtedy to, na co zasłużył dobrymi lub złymi czynami, dokonanymi w ziemskim ciele.
၁၀အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​အား​လုံး​သည် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရန် ခ​ရစ်​တော်​၏​တ​ရား ပလ္လင်​တော်​ရှေ့​သို့​ရောက်​ရှိ​ရ​ကြ​မည်​ဖြစ်​သော ကြောင့်​တည်း။ ကိုယ်​ခန္ဓာ​နေ​အိမ်​၌​ရှိ​နေ​စဉ်​ပြု ကျင့်​ခဲ့​သည့်​ကောင်း​မှု​မ​ကောင်း​မှု​များ​အ​တွက် ထိုက်​သင့်​ရာ​အ​ကျိုး​အ​ပြစ်​ကို​ငါ​တို့​အ​သီး သီး​ခံ​ရ​ကြ​လတ္တံ့။
11 Wiemy, że Bóg oczekuje respektu, dlatego zachęcamy ludzi do przyjęcia dobrej nowiny. Bóg wie, dlaczego to czynimy, a mamy nadzieję, że nasze intencje są jasne także dla was i że nie budzą waszych zastrzeżeń.
၁၁ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သ​ခင်​ဘု​ရား​အား ကြောက်​ရွံ့​ရ​ကြောင်း​ကို​သိ​သ​ဖြင့် လူ​တို့​အား တိုက်​တွန်း​နှိုး​ဆော်​၏။ ငါ​တို့​၏​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​အ​ကြွင်း​မဲ့​သိ​တော်​မူ​၏။ သင် တို့​သည်​လည်း​စိတ်​နှ​လုံး​ထဲ​က​ငါ့​အ​ကြောင်း ကို​လည်း ကောင်း​စွာ​သိ​ကြ​လိမ့်​မည်​ဟု​ငါ မျှော်​လင့်​၏။-
12 Nie chcemy zabiegać o waszą przychylność. Pragniemy jedynie, abyście mogli być z nas dumni i byście mieli argument przeciwko tym, którzy szczycą się sprawami powierzchownymi, a nie zwracają uwagi na stan swojego serca.
၁၂ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​တစ်​ဖန်​မိ​မိ​တို့ ကိုယ်​ကို​ဂုဏ်​ဖော်​လို​၍​မ​ဟုတ်။ ငါ​တို့​အ​ပေါ် တွင်​သင်​တို့​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ခွင့်​ရ​ရှိ​ကြ စေ​ရန်​သာ​ဖြစ်​၏။ သို့​မှ​သာ​လျှင်​လူ​၏​အ​ကျင့် စာ​ရိတ္တ​ကို​မ​ထောက်​ဘဲ ပြင်​ပ​အ​ဆင်း​သဏ္ဌာန် ကို​သာ​ထောက်​၍ ဂုဏ်​ယူ​ဝါ​ကြွား​တတ်​သူ​တို့ ၏​စ​ကား​ကို​သင်​တို့​ပြန်​လည်​ချေ​ပ​နိုင် ကြ​ပေ​မည်။-
13 Jeśli postępujemy jak szaleńcy, robimy to dla Boga. A jeśli zachowujemy rozsądek, czynimy to ze względu na was.
၁၃ငါ​တို့​သည်​ရူး​သွပ်​လေ​ပြီ​လော။ ရူး​သွပ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့​ဖြစ်​၏။ အ​ကယ်​၍​မ​ရူး မ​သွပ်​လျှင်​လည်း​သင်​တို့​အ​ဖို့​ဖြစ်​၏။-
14 Jesteśmy bowiem owładnięci miłością Chrystusa i twierdzimy, że skoro On jeden umarł za wszystkich, to znaczy, że wszyscy poumierali.
၁၄တစ်​ယောက်​သော​သူ​သည်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​သေ​ခံ​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ထို​သူ​နှင့်​အ​တူ​အ​သေ​ခံ​ကြ​ကြောင်း ကို​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ​ဖြစ်​၍ ငါ​တို့​ကို ခ​ရစ်​တော်​၏​မေတ္တာ​တော်​သည်​အုပ်​စိုး​လေ ပြီ။-
15 Taka bowiem jest prawda: Jezus umarł za wszystkich, aby ci, którzy dzięki Niemu żyją, odtąd żyli już nie dla siebie, ale dla Tego, który za nich umarł i zmartwychwstał.
၁၅ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အ​တွက် အ​သေ​ခံ​ခြင်း​မှာ​လူ​တို့​သည်​အ​သက်​ရှင်​စဉ် ကိုယ်​ကျိုး​အ​တွက်​ဆက်​လက်​၍​အ​သက်​မ​ရှင် ကြ​တော့​ဘဲ မိ​မိ​တို့​အ​တွက်​အ​သက်​ကို​စွန့် တော်​မူ​ပြီး​နောက်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သော​အ​ရှင်​၏​အ​ဖို့​အ​သက်​ရှင်​ကြ စေ​ရန်​ဖြစ်​ပေ​သည်။
16 Dlatego my nie patrzymy już na nikogo z ludzkiego punktu widzenia. A nawet jeśli poznaliśmy Chrystusa jako człowieka, to już w ten sposób na Niego nie patrzymy.
၁၆သို့​ဖြစ်​၍​ငါ​တို့​သည်​ယ​ခု​မှ​စ​၍​အ​ဘယ်​သူ ကို​မျှ​လူ​တို့​စံ​နှုန်း​အ​ရ​အ​ကဲ​မ​ဖြတ်​ကြ တော့​ပေ။ ယ​ခင်​အ​ခါ​က​ခ​ရစ်​တော်​အား​လူ တို့​စံ​နှုန်း​အ​ရ ငါ​တို့​အ​ကဲ​ဖြတ်​ခဲ့​ကြ​သော် လည်း​ယ​ခု​အ​ခါ​၌​ထို​သို့​မ​ပြု​တော့​ပြီ။-
17 Jeśli ktoś bowiem uwierzył Chrystusowi, jest zupełnie nową istotą. To, co było kiedyś, minęło. Teraz zaczęło się coś zupełnie nowego.
၁၇ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သူ​သည် သတ္တ​ဝါ​သစ်​ဖြစ်​၏။ သူ​သည်​ဘ​ဝ​ဟောင်း​ကို​စွန့် ၍​ဘ​ဝ​သစ်​သို့​ဝင်​စား​ပြီ။-
18 A wszystko to pochodzi od Boga, który dzięki Chrystusowi pojednał nas ze sobą i—co więcej—powierzył nam misję jednania z Nim innych ludzi.
၁၈ဤ​အ​မှု​ခပ်​သိမ်း​ကို​ဘု​ရား​သ​ခင်​ပြု​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ခ​ရစ်​တော်​အား​ဖြင့်​ပြောင်း​လဲ​စေ​တော်​မူ ပြီး​လျှင် အ​ခြား​သူ​တို့​သည်​လည်း​မိ​မိ​၏ မိတ်​ဆွေ​များ​ဖြစ်​လာ​စေ​ရန်​ဆောင်​ရွက်​သည့် တာ​ဝန်​ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​၏။-
19 Bóg przez Chrystusa pojednał bowiem ze sobą świat, nie wypominając ludziom ich grzechów, nam zaś polecił przekazywać innym wieść o tym pojednaniu.
၁၉ငါ​တို့​ဟော​ပြော​သော​တ​ရား​မှာ​ဘု​ရား​သ​ခင် သည်​ခ​ရစ်​တော်​အား​ဖြင့်​လူ​သား​အ​ပေါင်း​တို့ အား မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​စေ​တော်​မူ​ခြင်း ဆိုင်​ရာ​တ​ရား​ဖြစ်​၏။ ကိုယ်​တော်​သည်​လူ​သား တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​မှတ်​ထား​တော် မ​မူ။ လူ​သား​တို့​အား​မိ​မိ​၏​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​ပေ​သည်။
20 Mając więc za sobą autorytet Chrystusa, jesteśmy wysłannikami samego Boga, który przez nas przemawia do ludzi. Dlatego w imieniu Chrystusa błagamy: Pojednajcie się z Bogiem!
၂၀သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​၏​သံ​တ​မန် အ​ဖြစ်​နှင့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​၏။ ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​မှ​တစ်​ဆင့် သင်​တို့​ကို​မေတ္တာ​ရပ်​သ​ကဲ့​သို့​သင်​တို့​အား မေတ္တာ​ရပ်​ခံ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ပြောင်း​လဲ​ကြ​ပါ​ဟူ​၍​ခ​ရစ်​တော်​၏ ကိုယ်​စား​ငါ​တို့​တောင်း​ပန်​၏။-
21 Chrystus nigdy nie zgrzeszył, ale Bóg obciążył Go karą za nasze grzechy, abyśmy dzięki Niemu mogli zostać uniewinnieni przez Boga.
၂၁ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။

< II Koryntian 5 >