< Isaías 42 >

1 Eis aqui meu servo, a quem sustento; meu escolhido, [em quem] minha alma se agrada. Sobre ele eu pus o meu Espírito; ele trará justiça às nações.
ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​သည်​ခွန်​အား​နှင့်​ငါ​ပြည့်​ဝ​စေ​သော​သူ၊ ငါ​၏​အ​စေ​ခံ၊ငါ​နှစ်​သက်​မြတ်​နိုး​၍ ရွေး​ချယ်​ထား​သူ​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တန်​ခိုး​တော်​ကို​သူ့​အား အပ်​နှင်း​တော်​မူ​ပြီ။ သူ​သည်​လည်း​လူ​မျိုး​တ​ကာ​တို့​ကို တ​ရား​မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။
2 Ele não gritará, nem levantará [seu clamor]; ele não fará ouvir sua voz nas ruas.
သူ​သည်​အော်​ဟစ်​၍​အ​သံ​ကို​လွှင့်​၍ စ​ကား​ပြော​ဆို​လိမ့်​မည်​မ​ဟုတ်။ လမ်း​များ​ပေါ်​တွင်​လည်း​ကျယ်​လောင်​စွာ​မိန့် ခွန်း စ​ကား​များ​ကို​ပြော​ကြား​လိမ့်​မည်​မ​ဟုတ်။
3 A cana rachada ele não quebrará, nem apagará o pavio que fumega; com a verdade ele trará justiça.
သူ​သည်​ကောက်​နေ​သော​ကူ​ရိုး​ကို​မ​ချိုး၊ မှိတ် တုတ် မှိတ်​တုတ်၊ သေ​ခါ​နီး​မီး​ကို​မ​ငြိမ်း​သတ်​ဘဲ​ရှိ လိမ့်​မည်။ သူ​သည်​လူ​အ​ပေါင်း​တို့​အား​တ​ရား​မျှ​တ​စွာ စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။
4 Ele não fraquejará, nem será esmagado, até que ponha a justiça na terra; e os litorais esperarão a sua doutrina.
သူ​သည်​စိတ်​ပျက်​အား​လျော့​လိမ့်​မည်​မ​ဟုတ်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​စွာ​စီ​ရင် အုပ်​ချုပ်​မှု​ကို​တည်​တံ့​ခိုင်​မြဲ​စေ​လိမ့်​မည်။ ရပ်​ဝေး​နိုင်​ငံ​များ​သည်​လည်း​သူ​၏​သြ​ဝါ​ဒ ကို စိတ်​ဝင်​စား​စွာ​စောင့်​မျှော်​ကြ​လိမ့်​မည်။''
5 Assim diz Deus, o SENHOR, que criou os céus, e os esticou; estendeu a terra, e a tudo quanto ela produz; que dá respiração ao povo que nela [habita], e espírito aos que nela andam.
ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၍​ဖြန့်​ကျက်​ထား​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား​လည်း၊ အ​သက်​နှင့်​ထွက်​သက်​ဝင်​သက်​ကို​ပေး​တော် မူ​၏။ ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ အ​စေ​ခံ​အား​ပြော​သည်​မှာ၊
6 Eu, o SENHOR, te chamei em justiça, e te tomarei pela mão. E eu te guardarei, e te darei como pacto para o povo e luz para as nações;
``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ခေါ်​ယူ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​စေ​ရန် တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။ သင့်​အား​ဖြင့်​ငါ​သည်​လူ​များ​နှင့်​ပ​ဋိ​ညာဉ် ပြု​လျက် နိုင်​ငံ​များ​အ​ပေါ်​သို့​အ​လင်း​ကို​ဆောင်​စေ မည်။
7 Para abrir os olhos cegos, para tirar da prisão os presos, [tirar] do cárcere os que habitam em trevas.
သင်​သည်​မျက်​မ​မြင်​တို့​အား​မျက်​စိ​ပွင့်​လင်း လာ​စေ​၍ အ​ချုပ်​ထောင်​အ​မှောင်​ခန်း​များ​ရှိ​လူ​တို့​အား အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​လိမ့်​မည်။
8 Eu, EU-SOU; este é o meu nome! Não darei a minha glória a outro, nem o meu louvor às imagens de escultura.
``ငါ​တစ်​ပါး​တည်း​သာ​လျှင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘုန်း​အ​သ​ရေ​ကို​အ​ခြား​အ​ဘယ် ဘု​ရား​မျှ ခံ​ယူ​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မိ​မိ​အား​ရုပ်​တု​များ​နှင့်​အ​တူ​ထော​မ​နာ ပြု​ခွင့်​ကို​လည်း​ပေး​လိမ့်​မည်​မ​ဟုတ်။
9 Eis que as coisas anteriores já aconteceram; e as novas eu [vos] anuncio; e antes que surjam, [delas] eu vos informo.
ငါ​ကြို​တင်​ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​များ သည် ယ​ခု​ဖြစ်​ပျက်​လာ​လေ​ပြီ။ ယ​ခု​တစ်​ဖန်​ငါ​သည်​သင့်​အား​ဆန်း​သစ်​သည့် အ​မှု​အ​ရာ​များ​ကို ယင်း​တို့​အ​စ​ပြု​၍​မ​ပေါ်​ပေါက်​မီ​ပင်​ဖော်​ပြ ပါ​အံ့။''
10 Cantai ao SENHOR um cântico novo, um louvor a ele desde o limite da terra; vós que navegais pelo mar, e tudo quanto nele há; vós terras do litoral e seus moradores.
၁၀သီ​ချင်း​သစ်​ကို​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လော့။ ပင်​လယ်​တွင်​ကူး​သန်း​သွား​လာ​သူ​တို့​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပင်​လယ်​သတ္တ​ဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ရပ်​ဝေး​နိုင်​ငံ​များ​နှင့်​ယင်း​တို့​တွင် နေ​ထိုင်​သူ​အ​ပေါင်း​တို့​သီ​ချင်း​ဆို​ကြ​လော့။
11 Levantem [a voz] o deserto e suas cidades, com as aldeias que Quedar habita; cantem os que habitam nas rochas, [e] gritem de alegria do cume dos montes.
၁၁တော​ကန္တာ​ရ​နှင့်​ထို​အ​ရပ်​ရှိ​မြို့​များ​သည် ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​စေ။ ကေ​ဒါ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​စေ။ သေ​လ​မြို့​သူ​မြို့​သား​တို့​သည်​တောင်​ထိပ်​များ​မှ​နေ​၍ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​စေ။
12 Deem glória ao SENHOR, e anunciem louvor a ele nas terras do litoral.
၁၂ရပ်​ဝေး​နိုင်​ငံ​သား​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​ပြု​၍၊ ဘုန်း​အ​သ​ရေ​တော်​ကို​ဖော်​ပြ ကြ​စေ။
13 O SENHOR sairá como guerreiro, como homem de guerra despertará o [seu] zelo; ele gritará, e fará grade ruído; e dominará a seus inimigos.
၁၃ထာ​ဝ​ရ​ဘု​ရား​သည်​သူ​ရဲ​ကောင်း​ကဲ့​သို့​စစ်​တိုက်​ရန် ထွက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​၍ စိတ်​စော​လျက်​နေ​တော်​မူ​၏။ ကိုယ်​တော်​သည်​စစ်​တိုက်​သံ​ကြွေး​ကြော်​လျက် မိ​မိ​၏ ရန်​သူ​တို့​အား​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​၏။
14 Por muito tempo fiquei calado, quieto estive, [e] me retive; [mas agora] darei gritos como a que está de parto, suspirando e juntamente ofegando.
၁၄ဘု​ရား​သ​ခင်​က ``ငါ​သည်​ကာ​လ​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ ငါ​၏​လူ​မျိုး​တော်​အား​အ​ဖြေ​မ​ပေး​ခဲ့။ သို့​ရာ​တွင်​ယ​ခု​အ​ရေး​ယူ​ဆောင်​ရွက်​ရန် အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။ ငါ​သည်​သား​ဖွား​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​သူ အ​မျိုး​သ​မီး​ကဲ့​သို့​အော်​ဟစ်​ပါ​၏။
15 Aos montes e morros tornarei em deserto, e toda sua erva farei secar; e tornarei aos rios em ilhas, e as lagoas secarei.
၁၅ငါ​သည်​တောင်​ကြီး​တောင်​ငယ်​တို့​ကို​ဖြို​ဖျက်​၍ မြက်​နှင့်​သစ်​ပင်​များ​ကို​ခြောက်​သွေ့​စေ​မည်။ ငါ​သည်​မြစ်​ဝှမ်း​တို့​ကို​သဲ​က​န္တာ​ရ​များ အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​၍​ရေ​ကန်​များ​ကို​ခန်း​ခြောက်​စေ​မည်။
16 E guiarei aos cegos por um caminho que nunca conheceram; eu os farei caminhar pelas veredas que não conheciam; tornarei as trevas em luz perante eles, e as coisas tortas [farei] direitas; estas coisas lhes farei, e nunca os desampararei.
၁၆``ငါ​သည်​မိ​မိ​၏​မျက်​မ​မြင်​လူ​စု​အား သူ​တို့​မ​သွား​ဘူး​သော​လမ်း​ခ​ရီး​ဖြင့် ခေါ်​ဆောင်​သွား​မည်။ ငါ​သည်​သူ​တို့​၏​ရှေ့​တွင်​အ​မှောင်​ကို​အ​လင်း ဖြစ်​စေ​၍၊ ကြမ်း​တမ်း​သော​ခ​ရီး​ကို​ချော​မော​သွား​စေ​မည်။ ဤ​အ​မှု​အ​ရာ​ကို​ငါ​ပြု​မည်။ မ​ပြု​ဘဲ နေ​လိမ့်​မည်​မ​ဟုတ်။
17 [Mas] serão conduzidos para trás e se envergonharão os que confiam em imagens de escultura, [e] dizem às imagens de fundição: Vós sois nossos deuses.
၁၇ရုပ်​တု​များ​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့​သည် လည်း​ကောင်း၊ ရုပ်​တု​များ​ကို​မိ​မိ​တို့​၏​ဘု​ရား​ဟု​ခေါ်​ဝေါ်​ကြ သူ​တို့​သည်​လည်း​ကောင်း ရှုတ်​ချခြင်း​ကို​ခံ​ရ​၍​အ​သ​ရေ​ပျက်​ကြ​လိမ့် မည်။''
18 Surdos, ouvi; e vós cegos, olhai para que possais ver.
၁၈ထာ​ဝ​ရ​ဘု​ရား​က ``အ​ချင်း​နား​ဆွံ့​သူ​တို့​နား​ထောင်​ကြ​လော့။ အ​ချင်း​မျက်​မ​မြင်​တို့​သေ​ချာ​စွာ​ကြည့်​ကြ​လော့။
19 Quem é cego, senão o meu servo? Ou surdo, como o meu mensageiro, a quem envio? Quem é cego como o aliançado, e cego como o servo do SENHOR?
၁၉ငါ​၏​အ​စေ​ခံ​ထက်​ပို​၍​မျက်​စိ​ကန်း​သူ၊ ငါ​စေ​လွှတ်​လိုက်​သည့်​တ​မန်​တော်​ထက်​ပို​၍ နား​ဆွံ့​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော။
20 Tu vês muitas coisas, porém não as guardas; mesmo abrindo os ouvidos, contudo nada ouve.
၂၀အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​သင်​တို့​သည် တွေ့​မြင်​ရ​မှု​များ​သော်​လည်း၊ ထို​အ​မှု​တို့​သည်​သင်​တို့​အ​တွက်​အ​ဘယ်​သို့ အ​ဋ္ဌိ​ပ္ပါယ်​ရှိ​သ​နည်း။ သင်​တို့​တွင်​ကြား​တတ်​သော​နား​များ​ရှိ​သော်​လည်း အ​ဘယ်​အ​ရာ​ကို​သင်​တို့​အ​မှန်​တ​ကယ် ကြား​ကြ​လေ​ပြီ​နည်း'' ဟု​မိန့်​တော်​မူ​၏။
21 O SENHOR se agradou, por causa de sua justiça, em engrandecer [sua] lei, e em fazê [-la] gloriosa.
၂၁ထာ​ဝ​ရ​ဘု​ရား​သည်​ကယ်​တင်​ရန်​စိတ်​စော လျက်​နေ​သည့် ဘု​ရား​သ​ခင်​ဖြစ်​၍၊ ကိုယ်​တော်​သည်​မိ​မိ​၏​တ​ရား​တော်​ကို ရို​သေ​လေး​စား​ကြ​ရန်​အ​လို​ရှိ​တော်​မူ​၏။
22 Mas [este] é um povo roubado e saqueado; todos estão enlaçados em covas, e escondidos em cárceres; são postos como despojos, e ninguém há que os resgate; estão como [objetos] de roubo, e ninguém diz “Restitui [-os]”.
၂၂သို့​ရာ​တွင်​ယ​ခု​အ​ခါ​ကိုယ်​တော်​၏​လူ​စု​သည် တိုက်​ခိုက်​လု​ယက်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​အ​ကျဉ်း​ထောင်​အ​မှောင်​ခန်း​များ​တွင် သော့​ခတ်​၍​ဝှက်​ထား​ကြ​၏။ ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ဘဲ သူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​လေ​သည်။
23 Quem dentre vós dá ouvidos a isto? [Quem] presta atenção e ouve o que há de ser no futuro?
၂၃သင်​တို့​အ​ထဲ​မှ​အ​ဘယ်​သူ​သည်​ဤ​စ​ကား​ကို နား​ထောင်​ပါ​မည်​နည်း။ သင်​တို့​သည်​ယ​ခု​အ​ချိန်​မှ​စ​၍​သေ​ချာ​စွာ နား​ထောင်​ကြ​မည်​လော။
24 Quem entregou a Jacó como roubo, e a Israel a ladrões? Por acaso não foi o SENHOR, aquele contra quem pecamos? Pois não queriam andar em seus caminhos, e não deram ouvidos à sua lei.
၂၄အ​ဘယ်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊ တိုက်​ခိုက်​လု​ယက်​သူ​တို့​လက်​သို့​အပ်​နှံ​ပါ သ​နည်း။ ထို​သူ​ကား​ငါ​တို့​ပြစ်​မှား​ကြ​သည့်​ထာ​ဝ​ရ ဘု​ရား​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​သ​ကဲ့​သို့ မ​နေ​မ​ထိုင်​ကြ။ ကိုယ်​တော်​ပေး​တော်​မူ​သည့်​သြ​ဝါ​ဒ​တော်​တို့​ကို​လည်း မ​လိုက်​လျှောက်​ကြ။
25 Por isso ele derramou sobre eles o furor de sua ira, e a força da guerra; e os pôs em labaredas ao redor; porém [ainda assim] não entenderam; e ele os pôs para queimar, porém [ainda assim] não puseram [nisso] o coração.
၂၅သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ​တို့​အား​မိ​မိ​၏ အ​မျက်​တော်​အ​ရှိန်​ကို​လည်း​ကောင်း၊ ပြင်း​ထန်​သော​စစ်​မက်​အန္တ​ရာယ်​ကို​လည်း​ကောင်း ခံ​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့ ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​တွင် တောက်​လောင်​လျက်​ရှိ​၏။ သို့​ရာ​တွင်​အ​ဘယ်​အ​မှု​အ​ရာ​ဖြစ်​ပျက်​နေ သည်​ကို ငါ​တို့​မ​သိ​ကြ။ ငါ​တို့​သည်​ထို​အ​မှု​အ​ရာ​မှ​အ​ဘယ် သင်​ခန်း​စာ​ကို​မျှ​မ​ရ​ကြ။

< Isaías 42 >