< Иеремия 42 >

1 И приступили все военные начальники, и Иоанан, сын Карея, и Иезания, сын Гошаии, и весь народ от малого до большого,
ထိုအခါ ကာရာ သား ယောဟနန် ၊ ဟောရှဲ သား ယေဇနိ အစရှိသော တပ်မှူး ရှိသမျှ တို့နှင့် လူ အကြီး အငယ် အပေါင်း တို့သည် ပရောဖက် ယေရမိ ထံသို့ ချဉ်းကပ် ၍ ၊
2 и сказали Иеремии пророку: да падет пред лице твое прошение наше, помолись о нас Господу Богу твоему обо всем этом остатке, ибо из многого осталось нас мало, как глаза твои видят нас,
အကျွန်ုပ် တို့သည်အထက်ကများ သော်လည်း၊ ယခုကိုယ်တော် မြင် သည်အတိုင်း အနည်းငယ် သာကျန်ကြွင်း ပါသည်ဖြစ်၍ ၊ အကျွန်ုပ်တို့အသနား တော်ခံသောစကားကိုမ ပယ်ပါနှင့်။
3 чтобы Господь, Бог твой, указал нам путь, по которому нам идти, и то, что нам делать.
အကျွန်ုပ်တို့သွား ရသော လမ်း နှင့် ပြု ရသော အမှု ကို ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား သည် အကျွန်ုပ် တို့အား ပြ တော်မူမည်အကြောင်း ၊ ကျန်ကြွင်း သမျှ သောသူ၊ အကျွန်ုပ် တို့အဘို့ ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်၌ ဆုတောင်း ပါလော့ဟု တောင်းပန်ကြ၏။
4 И сказал им Иеремия пророк: слышу, помолюсь Господу Богу вашему по словам вашим, и все, что ответит вам Господь, объявлю вам, не скрою от вас ни слова.
ပရောဖက် ယေရမိ ကလည်း ၊ ငါကြား ၏။ သင် တို့ပြော သည်အတိုင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း မည်။ ထာဝရဘုရား သည် သင် တို့အား မိန့် တော်မူသမျှ တို့ကို ပြန်ပြော မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်ဟု ပြောဆို ၏။
5 Они сказали Иеремии: Господь да будет между нами свидетелем верным и истинным в том, что мы точно выполним все то, с чем пришлет тебя к нам Господь Бог Твой:
သူ တို့ကလည်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်အားဖြင့်အကျွန်ုပ် တို့ကို မှာ ထားတော်မူသမျှ အတိုင်း ၊ အကျွန်ုပ်တို့သည် ပြု ပါမည်ဟု၊ ထာဝရဘုရား သည်အကျွန်ုပ် တို့၌ မှန်ကန် ၍ သစ္စာစောင့် သော သက်သေ ဖြစ် တော်မူစေသတည်း။
6 хорошо ли, худо ли то будет, но гласа Господа Бога нашего, к Которому посылаем тебя, послушаемся, чтобы нам было хорошо, когда будем послушны гласу Господа Бога нашего.
အကျွန်ုပ် တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် သောအခါ ချမ်းသာ ရပါမည်အကြောင်း ၊ အကျွန်ုပ်တို့သည်။ ကိုယ်တော် ကိုစေလွှတ် ရာ အကျွန်ုပ်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်သည်ကောင်း သည်ဖြစ်စေ ၊ မကောင်း သည်ဖြစ်စေ ၊ နားထောင် ပါမည်ဟု ယေရမိ အား ပြောဆို ကြ၏။
7 По прошествии десяти дней было слово Господне к Иеремии.
ထိုနောက် ဆယ် ရက် ကြာ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လျှင် ၊
8 Он позвал к себе Иоанана, сына Карея, и всех бывших с ним военных начальников и весь народ, от малого и до большого,
ယေရမိသည် ကာရာ သား ယောဟနန် မှစ၍ ၊ သူ ၌ ပါသမျှ သော တပ်မှူး တို့နှင့် လူ အကြီး ၊ အငယ် အပေါင်း တို့ကို ခေါ် ၍ ၊
9 и сказал им: так говорит Господь, Бог Израилев, к Которому вы посылали меня, чтобы повергнуть пред Ним моление ваше:
သင်တို့သည် ငါ့ ကို စေလွှတ် ၍ အသနား တော် ခံသော ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
10 если останетесь на земле сей, то Я устрою вас и не разорю, насажду вас и не искореню, ибо Я сожалею о том бедствии, какое сделал вам.
၁၀အကယ်စင်စစ်သင်တို့သည် ဤ ပြည် ၌ နေ လျှင် ၊ ငါသည်သင် တို့ကို မ ဖြို မဖျက်၊ တည်ဆောက် မည်။ သင် တို့ ကိုမ နှုတ် ၊ စိုက်ပျိုး မည်။ ငါသည် သင် တို့၌ ရောက် စေ သော ဘေးဒဏ် ကြောင့် နောင်တ ရ၏။
11 Не бойтесь царя Вавилонского, которого вы боитесь; не бойтесь его, говорит Господь, ибо Я с вами, чтобы спасать вас и избавлять вас от руки его.
၁၁သင် တို့ကြောက် တတ်သော ဗာဗုလုန် ရှင်ဘုရင် ကို မ ကြောက် ကြနှင့်။ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထိုရှင် ဘုရင်ကို မ ကြောက် ကြနှင့်။ ငါ သည် သင် တို့ကို ကယ်တင် ၍၊ ထိုမင်း လက် မှ နှုတ်ယူ ခြင်းငှါ သင် တို့ဘက် ၌ ရှိ၏။
12 И явлю к вам милость, и он умилостивится к вам и возвратит вас в землю вашу.
၁၂သင် တို့ကို ငါကယ်မ သနားသောအားဖြင့် ၊ ထိုရှင်ဘုရင်သည် သင် တို့ကို သနား ၍ ၊ နေရင်းပြည် သို့ ပြန် စေရလိမ့်မည်။
13 Если же вы скажете: “не хотим жить в этой земле”, и не послушаетесь гласа Господа Бога вашего, говоря:
၁၃သို့မဟုတ် ၊ သင် တို့က၊ ငါတို့သည်ဤ ပြည် ၌ မ နေ ၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်ဘဲ၊
14 “нет, мы пойдем в землю Египетскую, где войны не увидим и трубного голоса не услышим, и голодать не будем, и там будем жить”;
၁၄စစ်မှု ကိုမ တွေ့ မမြင်၊ တံပိုး မှုတ်သံ ကို မ ကြား ၊ မ ငတ် မမွတ်ရာ အရပ်၊ အဲဂုတ္တု ပြည် သို့သွား ၍ နေ မည်ဟု ဆို လျှင်၊
15 то выслушайте ныне слово Господне, вы, остаток Иуды: так говорит Господь Саваоф, Бог Израилев: если вы решительно обратите лица ваши, чтобы идти в Египет, и пойдете, чтобы жить там,
၁၅ကျန် ကြွင်းသော ယုဒ အမျိုးသားတို့၊ ထာဝရဘုရား ၏အမိန့် တော်ကို ကြား ကြလော့။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အဲဂုတ္တု ပြည်သို့ သွား ခြင်းငှါ ကျပ်ကျပ်မျက်နှာ ပြု လျက် ၊ ထို ပြည်သို့ အမှန်သွား ၍ တည်းခို လျှင် ၊
16 то меч, которого вы боитесь, настигнет вас там, в земле Египетской, и голод, которого вы страшитесь, будет всегда следовать за вами там, в Египте, и там умрете.
၁၆သင် တို့ကြောက် သော ထား ဘေးသည် အဲဂုတ္တု ပြည် ၌ သင် တို့ကို မှီ လိမ့်မည်။ သင် တို့ကြောက် သော မွတ်သိပ် ခြင်းဘေးသည်လည်း ၊ အဲဂုတ္တု ပြည်၌ သင် တို့ကို ကျပ်ကျပ်လိုက် ၍ ၊ ထို ပြည်၌သင်တို့သည် သေ ကြလိမ့်မည်။
17 И все, которые обратят лице свое, чтобы идти в Египет и там жить, умрут от меча, голода и моровой язвы, и ни один из них не останется и не избежит того бедствия, которое Я наведу на них.
၁၇အဲဂုတ္တု ပြည်သို့ သွား ၍ တည်းခို ခြင်းငှါ မျက်နှာ ပြု သော သူ အပေါင်း တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်။ သူ တို့ အပေါ် သို့ငါ ရောက် စေသော ဘေးဒဏ် နှင့် တယောက်မျှ မလွတ် ရ။ ကျန်ကြွင်း သောသူ တယောက်မျှမ ရှိ ရ။
18 Ибо так говорит Господь Саваоф, Бог Израилев: как излился гнев Мой и ярость Моя на жителей Иерусалима, так изольется ярость Моя на вас, когда войдете в Египет, и вы будете проклятием и ужасом, и поруганием и поношением, и не увидите более места сего.
၁၈ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့သား တို့အပေါ် သို့ ငါ့ အမျက် အရှိန်ကို ငါ သွန်းလောင်း သည်နည်းတူ ၊ သင်တို့သည် အဲဂုတ္တု ပြည်သို့ ဝင် သောအခါ ၊ သင် တို့အပေါ် သို့ သွန်းလောင်း သဖြင့် ၊ သင်တို့သည် ဆဲရေး ခြင်း၊ အံ့ဩ ခြင်း၊ ကျိန် ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာဖြစ် ကြလိမ့်မည်။ ဤ အရပ် ကို နောက် တဖန်မ မြင် ရ။
19 К вам, остаток Иуды, изрек Господь: “не ходите в Египет”; твердо знайте, что я ныне предостерегал вас,
၁၉ကျန်ကြွင်း သောယုဒ အမျိုးသားတို့၊ အဲဂုတ္တု ပြည်သို့ မ သွား ကြနှင့်ဟု သင် တို့အား ထာဝရဘုရား အမိန့် တော်ရှိ၏။ ငါသည်သင် တို့ကို ယနေ့ သက်သေခံ ကြောင်း ကို သိမှတ် ကြလော့။
20 ибо вы погрешили против себя самих: вы послали меня к Господу Богу нашему сказав: “помолись о нас Господу Богу нашему и все, что скажет Господь Бог наш, объяви нам, и мы сделаем”.
၂၀အကယ်စင်စစ်သင်တို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား အား အကျွန်ုပ် တို့အဘို့ ဆုတောင်း ပါလော့။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို ကြား ပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင် ပါမည် ဟုဆို ၍၊ ငါ့ ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံတော်သို့ စေလွှတ် သောအခါ ၊ ကိုယ် စိတ် ကို ကိုယ် လှည့်စား ကြပြီ။
21 Я объявил вам ныне; но вы не послушали гласа Господа Бога нашего и всего того, с чем Он послал меня к вам.
၂၁ငါသည်သင် တို့အား ယနေ့ ကြား ပြော၏။ သင်တို့မူကား ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော် ကို ၎င်း ၊ ငါ့ အားဖြင့်မှာ လိုက်တော်မူသမျှ တို့ကို ၎င်း နား မထောင်ဘဲနေကြ၏။
22 Итак знайте, что вы умрете от меча, голода и моровой язвы в том месте, куда хотите идти, чтобы жить там.
၂၂ထိုကြောင့် သင်တို့သည် သွား ၍ တည်းခို ချင် သော အရပ် ၌ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်အကြောင်း ကို အမှန်သိ မှတ် ကြလော့ဟု ယေရမိသည် ပြန်ပြော လေ၏။

< Иеремия 42 >