< Књига пророка Јеремије 20 >

1 А Пасхор син Имиров, свештеник, који беше старешина у дому Господњем, чу Јеремију где пророкује те речи.
ဣ​မေ​ရ​၏​သား​ယဇ်​ပု​ရော​ဟိတ်​ပါ​ရှု​ရ​သည် ဗိ​မာန်​တော်​အုပ်​ချုပ်​ရေး​မှူး​ဖြစ်​၏။ သူ​သည် ပ​ရော​ဖက်​ငါ​ဟော​ပြော​သော​စ​ကား​များ ကို​ကြား​သ​ဖြင့်၊-
2 И удари Пасхор пророка Јеремију, и метну га у тамницу на горњим вратима Венијаминовим уз дом Господњи.
ငါ့​အား​ရိုက်​နှက်​ပြီး​လျှင်​ဗိ​မာန်​တော်​အ​တွင်း ဗင်္ယာ​မိန်​အ​ထက်​တံ​ခါး​အ​နီး​တွင် သံ​ကြိုး များ​ဖြင့်​ချည်​နှောင်​၍​ထား​၏။-
3 А сутрадан кад Пасхор изведе Јеремију из тамнице, рече му Јеремија: Господ ти наде име не Пасхор него Магор-Мисавив.
နောက်​တစ်​နေ့​နံ​နက်​၌​ပါ​ရှု​ရ​သည်​ငါ့​အား အ​နှောင်​အ​ဖွဲ့​မှ​လွှတ်​လိုက်​သော​အ​ခါ ငါ က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ပါ​ရှု​ရ ဟု​အ​မည်​ပေး​တော်​မ​မူ။ နေ​ရာ​တ​ကာ အ​ကြမ်း​ဖက်​သ​မား​ဟု​မှည့်​ခေါ်​တော်​မူ လေ​ပြီ။-
4 Јер овако вели Господ: Ево, ја ћу пустити на те страх, на тебе и на све пријатеље твоје, који ће пасти од мача непријатеља својих, и очи ће твоје видети, и свега ћу Јуду дати у руке цару вавилонском, који ће их одвести у Вавилон, и побиће их мачем.
အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​ကိုယ် တော်​တိုင်​က`ငါ​သည်​သင့်​အား​ကိုယ်​အ​ဖို့​လည်း ကောင်း၊ မိတ်​ဆွေ​များ​အ​ဖို့​လည်း​ကောင်း၊ ထိတ် လန့်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သူ​ဖြစ်​စေ​မည်။ ထို သူ​အ​ပေါင်း​တို့​သည်​လည်း​ရန်​သူ​များ​၏​ဋ္ဌား ဖြင့်​ကျ​ဆုံး​ကြ​သည်​ကို​သင်​မြင်​ရ​လိမ့်​မည်။ ငါ​သည်​ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​အား ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​အပ်​တော်​မူ​မည်။ သူ​သည်​ထို​သူ​အ​ချို့​ကို​မိ​မိ​၏​ပြည်​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​လျက်​အ​ချို့​တို့ ကို​မူ​ကွပ်​မျက်​လိမ့်​မည်။-
5 И даћу све богатство тог града и сав труд његов и све што има драгоцено, и све благо царева Јудиних даћу непријатељима њиховим у руке, и разграбиће и узети и однети у Вавилон.
ငါ​သည်​ရန်​သူ​တို့​အား​ဤ​မြို့​၏​စည်း​စိမ်​ချမ်း သာ​မှန်​သ​မျှ​ကို​တိုက်​ခိုက်​လု​ယူ​စေ​မည်။ ဤ မြို့​၏​လက်​ရှိ​ဥစ္စာ​များ​နှင့်​ပစ္စည်း​ပစ္စ​ယ​မှန် သ​မျှ​နှင့် ယု​ဒ​ဘု​ရင်​များ​၏​ဘဏ္ဍာ​တော်​တို့ ကို​ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​စေ​မည်။-
6 И ти, Пасхоре, и сви који живе у твом дому отићи ћете у ропство; и доћи ћеш у Вавилон и онде ћеш умрети и онде ћеш бити погребен ти и сви пријатељи твоји, којима си пророковао лажно.
ပါ​ရှု​ရ၊ သင်​၏​အ​ဖို့​မှာ​မူ​အိမ်​သူ​အိမ်​သား​များ နှင့်​အ​တူ အ​ဖမ်း​ခံ​ရ​လျက်​ဗာ​ဗု​လုန်​မြို့​သို့ ရောက်​ရှိ​ရ​လိမ့်​မည်။ သင်​သည်​ထို​မြို့​တွင်​သေ​ရ လိမ့်​မည်။ ထို​နောက်​သင်​ဟော​ပြော​ခဲ့​သော​မု​သား စ​ကား​များ​ကို​ကြား​နာ​ခဲ့​သူ​သင်​၏​မိတ်​ဆွေ အ​ပေါင်း​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့် မည်' '' ဟု​မိန့်​တော်​မူ​ကြောင်း​ပါ​ရှု​ရ​အား​ဆို​၏။
7 Наговарао си ме, Господе, и дадох се наговорити; био си јачи од мене и надвладао си ме; на подсмех сам сваки дан, свак ми се подсмева.
အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​လှည့်​စား​တော်​မူ​သ​ဖြင့်၊ ကျွန်​တော်​မျိုး​သည်​အ​လှည့်​စား​ခံ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ထက် ခွန်​အား​ကြီး​တော်​မူ​သည်​ဖြစ်​၍၊ ကျွန်​တော်​မျိုး​ကို​အ​နိုင်​ရ​တော်​မူ​ပါ​၏။ လူ​တိုင်း​ပင်​ကျွန်​တော်​မျိုး​ကို​ပြောင်​လှောင်​ကြ ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တစ်​နေ​ကုန်​တစ်​နေ​ခန်း​ပြက်​ရယ်​ပြု​ကြ​ပါ​၏။
8 Јер од кад говорим, вапим, ради насиља и пустошења вичем, јер ми је реч Господња на поругу и на подсмех сваки дан.
ကျွန်​တော်​မျိုး​သည်​ဟော​ပြော​သည့်​အ​ခါ​တိုင်း အော်​ဟစ်​၍``အ​ကြမ်း​ဖက်​မှု၊ပျက်​စီး​မှု'' ဟူ​၍ ကြွေး​ကြော်​ရ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို၊ပြန်​ကြား​သ​ဖြင့် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း၊ သ​ရော်​စော်​ကား​ပြု​ခြင်း​ကို​လည်း​ကောင်း အ​စဉ်​မ​ပြတ်​ခံ​ရ​ပါ​၏။
9 И рекох: Нећу Га више помињати, нити ћу више говорити у име Његово; али би у срцу мом као огањ разгорео, затворен у костима мојим, и уморих се задржавајући га, и не могох више.
သို့​ရာ​တွင်``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လိုက်​ပါ​တော့​အံ့။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ မ​ဟော​မ​ပြော​လို​တော့​ပြီ'' ဟု ကျွန်​တော်​မျိုး​ဆို​သော​အ​ခါ၊ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​သည် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​အ​တွင်း​၌​မီး​ကဲ့​သို့ တောက်​လောင်​ကာ ကျွန်​တော်​မျိုး​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​ကိုယ် အ​တွင်း​၌ ပိတ်​လှောင်​ရန်​ကြိုး​စား​ပါ​သော်​လည်း​ချုပ်​ကိုင်​၍ မ​ထား​နိုင်​တော့​ပါ။
10 Јер чујем поруге од многих, страх од свуда: Прокажите да прокажемо; сви који беху у миру са мном, вребају да посрнем: Да ако се превари, те ћемо га надвладати и осветићемо му се.
၁၀ကျွန်​တော်​မျိုး​သည်​လူ​တို့​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကြား​ရ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား``နေ​ရာ​တိုင်း​တွင် ထိတ်​လန့်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သူ'' ဟု နာ​မည်​ပေး​ပြီး​လျှင်``သူ့​အ​ကြောင်း​ကို အာ​ဏာ​ပိုင်​တို့​အား​သ​တင်း​ပေး​ကြ​ကုန်​အံ့၊'' ဟု​ဆို​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ရင်း​နှီး​သော​မိတ်​ဆွေ​များ​ပင်​လျှင် ကျွန်​တော်​မျိုး​ပြို​လဲ​သည်​ကို​စောင့်​မျှော်​နေ​ကြ ပါ​၏။ သူ​တို့​က``သူ့​အား​ငါ​တို့​လှည့်​စား​၍ ရ​ကောင်း​ရ​ပေ​လိမ့်​မည်။ အ​ငိုက်​ဖမ်း​၍​လက်​စား​ချေ​နိုင်​လိမ့်​မည်'' ဟု ဆို​ကြ​ပါ​၏။
11 Али је Господ са мном као страшан јунак; зато они који ме гоне спотакнуће се и неће надвладати; посрамиће се врло; јер неће бити срећни, срамота вечна неће се заборавити.
၁၁သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည် စွမ်း​ရည်​တန်​ခိုး​ကြီး​မား​သော​စစ်​သည်​တော် ကဲ့​သို့ ကျွန်​တော်​မျိုး​ဘက်​၌​ရှိ​တော်​မူ​သည်​ဖြစ်​၍၊ ကျွန်​တော်​မျိုး​ကို​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့ သည် ခြေ​ချော်​၍​လဲ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​မျှ​အ​နိုင် ရ​လိမ့်​မည်​မဟုတ်​ပါ။ သူ​တို့​သည်​အောင်​မြင်​မှု​မရ​နိုင်​သ​ဖြင့် အ​စဉ်​ပင် အ​သ​ရေ​ပျက်​ကြ​ပါ​လိမ့်​မည်။ သူ​တို့​၏​အ​သ​ရေ​ပျက်​မှု​သည်​အ​ဘယ်​အခါ ၌​မျှ မေ့​ပျောက်​သွား​လိမ့်​မည်​မ​ဟုတ်​ပါ။
12 Зато, Господе над војскама, који кушаш праведника, који видиш бубреге и срце, дај да видим Твоју освету на њима, јер Теби казах парбу своју.
၁၂သို့​ရာ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​လူ​တို့​ကို​တ​ရား​သ​ဖြင့် စစ်​ဆေး​တော်​မူ​တတ်​ပါ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို သိ​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ရန်​သူ​များ​အား​ကိုယ်​တော်​ရှင် လက်​စား​ချေ​သည်​ကို​ကျွန်​တော်​မျိုး​မြင်​ပါ ရ​စေ။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​မှု​ကို​လက် တော်​သို့ ပေး​အပ်​၍​ထား​ပါ​ပြီ။
13 Певајте Господу, хвалите Господа, јер избави душу сиромаху из руке зликовачке.
၁၃ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး သီ​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ဆင်း​ရဲ​သော​သူ​တို့​အား ဆိုး​ညစ်​သူ​များ​၏​လက်​မှ​ကယ်​ဆယ်​တော် မူ​ပါ​၏။
14 Проклет да је дан у који се родих! Дан, у који ме роди мати моја, да није благословен!
၁၄ငါ​မွေး​ဖွား​သည့်​နေ့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ငါ့​ကို​ငါ​၏​မိ​ခင်​မျက်​နှာ​မြင်​သည့်​နေ့​သည် မေ့​ပျောက်​၍​သွား​ပါ​စေ​သော။
15 Проклет да је човек који јави оцу мом и врло га обрадова говорећи: Роди ти се син.
၁၅``သား​ယောကျာ်း​ဖြစ်​သည်။ သင်​သည်​သား​ယောကျာ်း​ကို​ရ​ရှိ​ပါ​ပြီ'' ဟူ​သော သ​တင်း​ကို​ယူ​ဆောင်​လာ​ကာ ငါ​၏​ဖ​ခင်​အား​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​စေ သူ​သည် ကျိန်​ခြင်း​ခံ​ရ​ပါ​စေ​သော။
16 И тај човек да би био као градови које Господ затре и не би Му жао! Нека слуша вику ујутру и вриску у подне,
၁၆ထို​သူ​သည်​က​ရု​ဏာ​ကင်း​မဲ့​စွာ​ထာ​ဝ​ရ ဘု​ရား ဖျက်​ဆီး​တော်​မူ​သော​မြို့​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။ မ​မွေး​မ​ဖွား​မီ​ကာ​လ​က​ပင်​ငါ့​ကို​မ​သတ်​ခဲ့ သ​ဖြင့် သူ​သည်​နံ​နက်​ချိန်​၌​ဝေ​ဒ​နာ​နှင့်​ဟစ်​အော် သံ​များ ကို​လည်း​ကောင်း၊ မွန်း​တည့်​ချိန်​၌​တိုက်​ပွဲ​ဝင်​ရန်​အ​ချက် ပေး​သံ​များ ကို​လည်း​ကောင်း​ကြား​ရ​ပါ​စေ​သော။ အ​ကယ်​၍​သူ​သည်​ငါ့​ကို​သတ်​ခဲ့​ပါ​မူ ငါ့​မိ​ခင်​၏​ဝမ်း​သည်​ငါ​၏​သင်္ချိုင်း​ဖြစ်​ပါ လိမ့်​မည်။
17 Што ме не усмрти у утроби материној да би ми мати моја била гроб, и утроба њена да би остала до века трудна.
၁၇
18 Зашто изиђох из утробе да видим муку и жалост и да се сврше у срамоти дани моји?
၁၈ငါ​သည်​အ​ဘယ်​ကြောင့်​ဖွား​မြင်​၍​လာ​ရ​ပါ သ​နည်း။ ဝမ်း​နည်း​ပူ​ပန်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရန် သာ​လျှင် ဖြစ်​ပါ​သ​လော။ ငါ​၏​ဘဝ​ကို​အ​သ​ရေ​ပျက်​မှု​နှင့်​နိ​ဂုံး​ချုပ် ရန်​ပင် ဖြစ်​ပါ​သ​လော။

< Књига пророка Јеремије 20 >