< Књига Исуса Навина 21 >

1 Тада дођоше главари отачких породица левитских к Елеазару свештенику и к Исусу сину Навином и главарима породица отачких и племенима синова Израиљевих.
လေဝိသား အဆွေအမျိုးသူကြီးတို့သည်၊ ယဇ်ပု ရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုး တို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ ချဉ်းကပ်၍၊
2 И рекоше им у Силому у земљи хананској говорећи: Господ је заповедио преко Мојсија да нам се дају градови где ћемо живети и подграђа њихова за стоку нашу.
အကျွန်ုပ်တို့ နေစရာဘို့ မြို့တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ်တို့ကို၎င်း ပေးစေခြင်းငှါ ထာဝရဘုရား သည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊
3 И дадоше синови Израиљеви Левитима од наследства свог по заповести Господњој ове градове и подграђа њихова:
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မိမိတို့အမွေခံရသော မြေထဲ က၊ မြို့နှင့် မြို့နယ်တို့ကို ပေးကြ၏။
4 Изађе жреб за породице Катове; и допаде синовима Арона свештеника између Левита жребом тринаест градова од племена Јудиног и од племена Симеуновог и од племена Венијаминовог.
စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။
5 А осталим синовима Катовим допаде жребом десет градова од породица племена Јефремовог и од племена Дановог и од половине племена Манасијиног.
ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ် ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ၏။
6 А синовима Гирсоновим допаде жребом од породица племена Исахаровог и од племена Асировог и од племена Нефталимовог и од половине племена Манасијиног у Васану тринаест градова;
ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကို ရကြ၏။
7 Синовима Мераријевим по породицама њиховим од племена Рувимовог и од племена Гадовог и од племена Завулоновог дванаест градова.
မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကို ရကြ၏။
8 Даше дакле синови Израиљеви Левитима те градове и подграђа њихова жребом, као што беше заповедио Господ преко Мојсија.
ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် စာရေးတံပြု၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ၏။
9 И даше од племена синова Јудиних и од племена синова Симеунових ове градове који се казују по именима:
ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲ က ပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊
10 И допаде синовима Ароновим од породица Катових између синова Левијевих, за које паде први жреб,
၁၀အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံ အားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊
11 Њима допаде: Киријат-Арва, а Арва је отац Енаков, а тај је град Хеврон у гори Јудиној, с подграђем својим унаоколо.
၁၁ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူ သော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
12 А поље око тог града и села његова даше Халеву сину Јефонијином у наследство.
၁၂သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများ တို့ကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။
13 Даше дакле синовима Арона свештеника град за уточиште крвнику Хеврон с подграђем и Ливну с подграђем.
၁၃လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေ ခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန်၏သားမြေးတို့အား ပေးကြ၏။
14 И Јатир с подграђем и Естемоју с подграђем,
၁၄ထိုမှတပါး၊ လိဗနမြို့နှင့်မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊
15 И Олон с подграђем и Давир с подграђем,
၁၅ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊
16 И Ајин с подграђем, и Јуту с подграђем, и Вет-Семес с подграђем: девет градова од та два племена.
၁၆အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင် ထဲက ကိုးမြို့တို့ကို၎င်း၊
17 А од племена Венијаминовог Гаваон с подграђем, и Гавају с подграђем,
၁၇ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊
18 Анатот с подграђем, и Алмон с подграђем: четири града.
၁၈အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
19 Свега градова синова Арона свештеника тринаест градова с подграђима.
၁၉အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသော မြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။
20 А породицама синова Катових, Левитима, што их још беше од синова Катових, допадоше на њихов жреб градови од племена Јефремовог;
၂၀ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ် သော လေဝိသားတို့သည် စာရေးတံပြု၍ ဧဖရိမ်ခရိုင်ထဲ က ရသည်အတိုင်း၊
21 Допаде им град за уточиште крвнику Сихем с подграђем у гори Јефремовој, и Гезер с подграђем,
၂၁လူအသက်ကို သတ်မိသောသူမှီခိုရာမြို့ ဖြစ်စေ ခြင်းငှါ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
22 И Кивсајим с подграђем, и Вет-Орон с подграђем: четири града;
၂၂ထိုမှတပါး ဂေဇာမြို့နှင့်မြို့နယ်၊ ကိဗဇိမ်မြို့နှင့် မြို့နယ်၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေး မြို့တို့ကို၎င်း၊
23 А од племена Дановог: Елтекон с подграђем, Гиветон с подграђем,
၂၃ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗိ သုန်မြို့နှင့် မြို့နယ်၊
24 Ајалон с подграђем, Гат-Римон с подграђем: четири града.
၂၄အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
25 А од половине племена Манасијиног: Танах с подграђем и Гат-Римон с подграђем: два града.
၂၅မနာရှေခရိုင်ဝက်ထဲက တာနက်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း ပေးကြ၏။
26 Свега десет градова с подграђима дадоше породицама синова Катових осталима.
၂၆ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် ရသောမြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်မြို့ တည်း။
27 А синовима Гирсоновим између породица левитских дадоше од половине племена Манасијиног град за уточиште крвнику Голан у Васану с подграђем, и Вестер с подграђем: два града;
၂၇လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေ ရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း၊
28 А од племена Исахаровог: Кисон с подграђем, Даврот с подграђем.
၂၈ဣသခါခရိုင်ထဲက ကိရှုန်မြို့နှင့် မြို့နယ်၊ ဒါဗရေ မြို့နှင့် မြို့နယ်၊
29 Јармут с подграђем, Ен-Ганим с подграђем: четири града;
၂၉ယာမုတ်မြို့နှင့် မြို့နယ်၊ အင်္ဂန္နမ်မြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
30 А од племена Асировог: Мисал с подграђем, Авдон с подграђем,
၃၀အာရှာခရိုင်ထဲက မိရှလမြို့နှင့်မြို့နယ်၊ အာဗ ဒုန်မြို့နှင့် မြို့နယ်၊
31 Хелкат с подграђем, и Реов с подграђем: четири града;
၃၁ဟေလကတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
32 А од племена Нефталимовог град за уточиште крвнику Кедес у Галилеји с подграђем, и Амот-Дор с подграђем, и Картан с подграђем: три града.
၃၂နဿလိခရိုင်ထဲက၊ လူအသက်ကို သတ်မိသော သူမှီခိုရာမြို့၊ ဂါလိလဲပြည်၌ ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုဒ္ဒေါမြို့နှင့် မြို့နယ်၊ ကာတံမြို့နှင့် မြို့နယ်တည်းဟူ သော သုံးမြို့တို့ကို၎င်း ပေးကြ၏။
33 Свега градова синова Гирсонових по породицама њиховим тринаест градова с подграђима.
၃၃ဂေရရှုံသားတို့သည်၊ အဆွေအမျိုးအလိုက်ရ သော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်သုံးမြို့တည်း။
34 А породицама синова Мераријевих, осталим Левитима, даше од племена Завулоновог Јокнеам с подграђем, Карту с подграђем,
၃၄ကြွင်းသော လေဝိသား၊ မေရာရိအဆွေအမျိုးတို့ အား ဇာဗုလုန်ခရိုင်ထဲက ယောကနံမြို့နှင့် မြို့နယ်၊ ကာတမြို့နှင့်မြို့နယ်၊
35 Димну с подграђем, Налол с подграђем: четири града;
၃၅ဒိမနမြို့နှင့် မြို့နယ်၊ နဟာလာလမြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
36 А од племена Рувимовог: Восор с подграђем, и Јазу с подграђем,
၃၆ရုဗင်ခရိုင်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာမြို့နှင့် မြို့နယ်၊ ယဟာဇမြို့နှင့် မြို့နယ်၊
37 Кедимот с подграђем, и Мифат с подграђем: четири града;
၃၇ကေဒမုတ်မြို့နှင့်မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
38 А од племена Гадовог: град за уточиште крвнику Рамот у Галаду с подграђем, и Маханајим с подграђем.
၃၈ဂဒ်ခရိုင်ထဲက၊ လူအသက်ကို သတ်မိသောသူမှီ ခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့ နှင့် မြို့နယ်၊
39 Есевон с подграђем, Јазир с подграђем; свега четири града.
၃၉ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
40 Све ове градове даше синовима Мераријевим по породицама њиховим, што још беху између породица левитских; и дође на жреб њихов дванаест градова.
၄၀ကြွင်းသောလေဝိအဆွေအမျိုး မေရာရိသားတို့ သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ရသော မြို့ နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်နှစ်မြို့တည်း။
41 Свега градова левитских у наследству синова Израиљевих беше четрдесет осам градова с подграђима.
၄၁ဣသရေလအမျိုးသားနေရာ နိုင်ငံအဝင်၊ လေဝိသားနေသော မြို့ပေါင်းကား၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း။
42 А сви градови имају своја подграђа унаоколо; тако је у сваком граду.
၄၂ထိုမြို့ရှိသမျှတို့သည် ပတ်ဝန်းကျင်နယ်နှင့် ပြည့် စုံလျက်ရှိသတည်း။
43 Тако даде Господ Израиљу сву земљу, за коју се закле оцима њиховим да ће им је дати, и наследише је и населише се у њој.
၄၃ထာဝရဘုရားကလည်း၊ ငါပေးမည်ဟု ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလ အမျိုးသားတို့အား ပေးတော်မူသဖြင့်၊ သူတို့သည် သိမ်းယူ ၍ နေရာကျကြ၏။
44 И умири их Господ од свуда унаоколо, као што се заклео оцима њиховим; и нико се не одржа пред њима од свих непријатеља њихових; све непријатеље њихове предаде им Господ у руке.
၄၄ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှအတိုင်း၊ ပတ်ဝန်းကျင်အရပ်တို့၌ ငြိမ်ဝပ်ရာအခွင့်ကို ပေးတော်မူ သဖြင့်၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှမရပ်နိုင်။ ရန်သူ အပေါင်းတို့ကို သူတို့လက်သို့ အပ်တော်မူ၏။
45 Ништа не изоста од свег добра што беше обећао Господ дому Израиљевом; све се зби.
၄၅ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ မိန့်တော်မူသော ကောင်းကျိုးတစုံတပါးမျှမလျော့၊ ရှိသမျှ တို့သည် ပြည့်စုံကြ၏။

< Књига Исуса Навина 21 >