< Књига Исуса Навина 5 >
1 А кад чуше сви цареви аморејски, који беху с ове стране Јордана к западу, и сви цареви ханански, који беху покрај мора, да је Господ осушио Јордан пред синовима Израиљевим докле пређоше, растопи се срце у њима и неста у њима јунаштва од страха од синова Израиљевих.
၁ယော်ဒန်မြစ်အနောက်ဘက်တွင်စိုးစံသောအာ မောရိဘုရင်များနှင့် မြေထဲပင်လယ်ကမ်းခြေ တစ်လျှောက်စိုးစံသောခါနာန်ဘုရင်အပေါင်း တို့သည် ဣသရေလအမျိုးသားတို့ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးသည်အထိ မြစ်ရေကို ထာဝရဘုရားခန်းခြောက်စေတော်မူကြောင်း ကြားသိရကြ၏။ ထိုကြောင့်သူတို့သည် ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့ ၍စိတ်ပျက်အားလျော့ကြကုန်၏။
2 У то време рече Господ Исусу: Начини оштре ножеве, и обрежи опет синове Израиљеве.
၂ထာဝရဘုရားသည်ယောရှုအား``ကျောက် စောင်းဋ္ဌားများကိုပြုလုပ်၍ဣသရေလ အမျိုးသားတို့အား အရေဖျားလှီးခြင်း မင်္ဂလာကိုစီရင်ပေးလော့''ဟုမိန့်တော်မူ၏။-
3 И начини Исус оштре ножеве, и обреза синове Израиљеве на брдашцу Аралоту.
၃သို့ဖြစ်၍ယောရှုသည်``အရေဖျားလှီးခြင်း တောင်ကုန်း'' ဟုနာမည်တွင်သည့်အရပ်တွင် ဣသရေလအမျိုးသားတို့အား အရေဖျား လှီးခြင်းမင်္ဂလာကိုစီရင်ပေးလေ၏။-
4 А ово је узрок зашто их Исус обреза: сав народ што изађе из Мисира, све мушкиње, сви људи војници помреше у пустињи на путу, пошто изађоше из Мисира;
၄အီဂျစ်ပြည်မှထွက်လာသောယောကျာ်းအား လုံးတို့သည် အရေဖျားလှီးခြင်းမင်္ဂလာကို ခံပြီးဖြစ်သည်။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် နှစ်ပေါင်းလေးဆယ်ကြာ သောတောကန္တာရခရီးတွင်မည်သည့်ယောကျာ်း ကလေးမျှအရေဖျားလှီးခြင်းမင်္ဂလာကို မခံခဲ့ရချေ။ ထိုအနှစ်လေးဆယ်ကာလ ကုန်ဆုံးသောအခါ၌အီဂျစ်ပြည်မှထွက် လာသောစစ်မှုထမ်းအရွယ်ရောက်သူယောကျာ်း အပေါင်းတို့သည် ထာဝရဘုရား၏ပညတ် တော်ကိုမလိုက်နာသဖြင့်သေဆုံးကြကုန်၏။ ထာဝရဘုရားသည်ဘိုးဘေးတို့အားပေး မည်ဟုကတိထားတော်မူသောမြေသြဇာ ထက်သန်၍ အစာရေစာပေါကြွယ်ဝသည့် ပြည်ကို ထိုသူတို့မမြင်ရဟုကျိန်ဆိုတော် မူသည်နှင့်အညီမြင်ခွင့်ကိုမရကြချေ။-
5 Јер беше обрезан сав народ који изађе, али не обрезаше никога у народу који се роди у пустињи на путу, пошто изађоше из Мисира.
၅
6 Јер четрдесет година иђаху синови Израиљеви по пустињи докле не помре сав народ, људи војници, што изађоше из Мисира, јер не слушаше глас Господњи, те им се закле Господ да им неће дати да виде земљу, за коју се заклео Господ оцима њиховим да ће им је дати, земљу, где тече млеко и мед;
၆
7 И на место њихово подиже синове њихове; њих обреза Исус пошто беху необрезани, јер их не обрезаше на путу.
၇သူတို့၏သားများသည်အရေဖျားလှီး ခြင်းမင်္ဂလာကိုမခံခဲ့ရသဖြင့် ယောရှု သည်ထိုသားများအတွက်အရေဖျားလှီး ခြင်းမင်္ဂလာကိုစီရင်ပေးခြင်းဖြစ်သည်။
8 А кад се сав народ обреза, осташе на свом месту у логору докле не оздравише.
၈အရေဖျားလှီးခြင်းမင်္ဂလာကိုစီရင်ပြီးနောက် ဣသရေလအမျိုးသားအပေါင်းတို့သည်အနာ ကျက်သည့်တိုင်အောင်စခန်းထဲတွင်နေထိုင် ကြလေသည်။-
9 Тада рече Господ Исусу: Данас скидох с вас срамоту мисирску. И прозва се оно место Галгал до данашњег дана.
၉ထိုနောက်ထာဝရဘုရားသည်ယောရှုအား``အီဂျစ် ပြည်တွင်သင်တို့ကျွန်ခံရသောအရှက်ကိုငါ သည်ယနေ့ဖယ်ရှားပြီ'' ဟုမိန့်တော်မူ၏။ ထို့ ကြောင့်ထိုအရပ်သည်ယနေ့တိုင်အောင်ဂိလ ဂါလ ဟုနာမည်တွင်လေသည်။
10 И синови Израиљеви стојећи у логору у Галгалу, славише пасху четрнаестог дана оног месеца увече у пољу јерихонском.
၁၀ဣသရေလအမျိုးသားတို့သည်ယေရိခေါ မြို့အနီးလွင်ပြင်၌ရှိသောဂိလဂါလ အရပ်တွင် စခန်းချနေစဉ်ပထမလတစ် ဆယ့်လေးရက်နေ့ည၌ပသခါပွဲတော်ကို ကျင်းပကြသည်။-
11 И сутрадан после пасхе једоше од жита оне земље хлебове пресне и зрна пржена, исти дан.
၁၁နောက်တစ်နေ့၌သူတို့သည်ပထမဦးဆုံးအကြိမ် အနေဖြင့် ခါနာန်ပြည်ထွက်စပါးနှင့်ပြုလုပ် သောပေါက်ပေါက်နှင့်တဆေးမပါသောမုန့်ကို စားရကြသည်။-
12 И преста мана сутрадан, пошто једоше жито оне земље, и већ више нису имали мане синови Израиљеви, него једоше од рода земље хананске оне године.
၁၂ထိုနေ့မှစ၍မန္နမုန့်ကောင်းကင်မှမကျသဖြင့် ဣသရေလအမျိုးသားတို့သည်မန္နမုန့်ကို မစားရတော့ချေ။ ထိုအချိန်မှစ၍သူတို့ သည်ခါနာန်ပြည်ထွက်အသီးအနှံများကို စားရကြသည်။
13 И кад Исус беше код Јерихона, подиже очи своје и погледа, а то човек стоји према њему с голим мачем у руци. И приступи к Њему Исус и рече Му: Јеси ли наш или наших непријатеља?
၁၃ယောရှုသည်ယေရိခေါမြို့အနီးသို့ရောက်ရှိ လာစဉ် မိမိရှေ့တွင်ဋ္ဌားလွတ်ကိုင်သူတစ်ဦး ရပ်နေသည်ကိုရုတ်တရက်မြင်ရသည်။ ယောရှု သည်ထိုသူထံသို့ချဉ်းကပ်၍``သင်သည်ငါတို့ ဘက်တော်သားလော၊ ရန်သူလော'' ဟုမေး၏။
14 А Он рече: Нисам; него сам војвода војске Господње, сада дођох. А Исус паде ничице на земљу, и поклони се, и рече Му: Шта заповеда господар мој слузи свом?
၁၄ထိုသူက``ဘက်တော်သားလည်းမဟုတ်၊ ရန်သူ လည်းမဟုတ်၊ ထာဝရဘုရား၏တပ်မှူးအ ဖြစ်ငါလာ၏'' ဟုဖြေကြား၏။ ထိုအခါယောရှုသည်မြေပေါ်တွင်ပျပ်ဝပ်ရှိခိုး လျက်``အရှင်၊ ကိုယ်တော့်ကျွန်အားအမိန့်ရှိတော် မူပါ'' ဟုလျှောက်လေ၏။
15 А војвода војске Господње рече Исусу: Изуј обућу с ногу својих, јер је место где стојиш свето. И учини Исус тако.
၁၅ထာဝရဘုရား၏တပ်မှူးက``သင်၏ဖိနပ်ကို ချွတ်လော့။ သင်နင်းသောမြေသည်သန့်ရှင်းမြင့် မြတ်သောမြေဖြစ်၏'' ဟုဆိုလေ၏။ ထိုသူ အမိန့်ပေးသည်အတိုင်းယောရှုလိုက်နာ၏။