< 1 Reyes 2 >

1 Cuando se acercaban los días de la muerte de David, dio órdenes a su hijo Salomón:
ဒါဝိဒ် သည်အနိစ္စ ရောက်ရသောအချိန် နီး သောအခါ ၊ သား တော်ရှောလမုန် ကို ပညတ် ထားတော်မူသည် ကား၊
2 Yo sigo el camino de todos en la tierra. Por tanto, ¡esfuérzate y sé valiente!
မြေကြီး သားအပေါင်း တို့၏ သွားရာလမ်း သို့ ငါ သွား ရမည်။ သို့ဖြစ်၍ အား ယူလော့။ ယောက်ျား ၏ ဂုဏ်သတ္တိရှိ လော့။
3 Guarda la encomienda de Yavé tu ʼElohim para andar en sus caminos, y guardar sus Estatutos, Mandamientos, Ordenanzas y Testimonios, como están escritos en la Ley de Moisés, para que tengas éxito en todo lo que hagas y dondequiera que vayas,
ထာဝရဘုရား သည် ငါ့အားဗျာဒိတ် ပေးတော်မူ သည်ကား၊
4 para que Yavé cumpla su Palabra que habló acerca de mí, cuando dijo: Si tus hijos guardan sus caminos, si andan delante de Mí con fidelidad, con todo su corazón y con toda su alma, jamás te faltará varón en el trono de Israel.
သင် ၏သား မြေးတို့သည် စိတ် နှလုံး အကြွင်းမဲ့ ငါ့ ရှေ့ မှာ သမ္မာတရား၌ ကျင်လည် ခြင်းငှါ မိမိ တို့သွားရာ လမ်း ကို သတိပြု လျှင် ၊ ဣသရေလ နိုင်ငံရာဇ ပလ္လင်ပေါ် မှာ ထိုင်ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု မိန့် တော်မူ သော စကား တော်တည် ၍ ၊ သင်သည်ပြု လေရာရာ ၊ သွား လေရာရာ ၌ အောင်မြင် မည်အကြောင်း သင် ၏ ဘုရား သခင်ထာဝရဘုရား၏ လမ်း တော်သို့ လိုက် ၍၊ မောရှေ ၏ပညတ္တိ ကျမ်း၌ ပါသောစီရင် ထုံးဖွဲ့ချက်၊ သက်သေခံ ချက်၊ ပညတ် တရား တော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသောစကားကို နားထောင် လော့။
5 Ahora, tú sabes lo que me hizo Joab, hijo de Sarvia, lo que hizo a dos generales de los ejércitos de Israel: a Abner, hijo de Ner, y a Amasa, hijo de Jeter, a quienes mató. Derramó sangre de guerra en tiempo de paz, y puso sangre de guerra en el cinturón que llevaba en su cintura y en el calzado que tenía en sus pies.
ဇေရုယာ သား ယွာဘ သည် ငါ ၌ ပြု သောအမှု ၊ ဣသရေလ ဗိုလ်ချုပ် နှစ် ပါးနေရ ၏သား အာဗနာ ၊ ယေသာ ၏ သား အာမသ ၌ ပြု သောအမှု တည်းဟူသောသူ တို့ ကိုသတ် ၍ စစ် မတိုက်ဘဲ စစ် အသွေး ကို သွန်းလောင်း သဖြင့် ၊ မိမိ ဝတ်သောခါးစည်း ၊ မိမိ နင်း သော ခြေနင်း တို့ကို စစ် အသွေး နှင့် လူး သောအမှုကို သင် သိ သည်ဖြစ်၍၊
6 Haz conforme a tu sabiduría, pero no permitas que sus canas desciendan en paz al Seol. (Sheol h7585)
သင် ၌ပညာ ရှိသည်အတိုင်း စီရင် လျက်၊ ဆံပင် ဖြူသော ထိုသူ ၏ဦးခေါင်းကို မရဏာ နိုင်ငံသို့ ငြိမ်ဝပ် စွာ မ ဆင်း စေနှင့်။ (Sheol h7585)
7 Pero muestra benevolencia a los hijos de Barzilai galadita. Que ellos estén entre los que comen a tu mesa, porque se colocaron a mi lado cuando yo huía de tu hermano Absalón.
ဂိလဒ် ပြည်သားဗာဇိလဲ ၏သား တို့ကို ကား ကျေးဇူး ပြု၍ စားပွဲ တော်၌ စား သောလူစုထဲသို့ ဝင် စေလော့။ သင့် အစ်ကို အဗရှလုံ ကြောင့် ငါ ပြေး ရသောအခါ ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ ထံသို့ လာ ကြ၏။
8 Mira, tienes contigo a Simei, hijo de Gera, benjamita, hijo de Bahurim, quien me maldijo con una cruel maldición el día cuando yo iba a Mahanaim. Pero él bajó a recibirme al Jordán, por lo que le juré por Yavé: No te mataré con la espada.
ငါ သည်မဟာနိမ် မြို့သို့သွား သောနေ့ ၌ ငါ့ ကို ကြမ်းတမ်း စွာ ကျိန်ဆဲ သောသူ ၊ ဗင်္ယာမိန် အမျိုးဗာဟုရိမ် ရွာသား၊ ဂေရ ၏သား ရှိမိ သည် သင့် လက်၌ရှိ၏။ သူ သည်ငါ့ ကိုခရီးဦးကြို ပြုအံ့သောငှါ ယော်ဒန် မြစ်နားသို့ လာ သောအခါ ၊ သင့် ကို ငါမ ကွပ်မျက် ဟု ထာဝရဘုရား ကို တိုင်တည် ၍ ငါကျိန်ဆိုသော်လည်း၊
9 Pero ahora, no lo absolverás, pues eres hombre sabio, sabes cómo debes hablar con él y harás bajar sus canas con sangre al Seol. (Sheol h7585)
ထိုသူ ကို အပြစ် မရှိသော သူကဲ့သို့မ မှတ်ရဘဲ၊ သင် သည် လိမ္မာ သောသူ ဖြစ်၍ သူ ၌ အဘယ်သို့ စီရင် သင့်သည်ကို သိ သည်နှင့်အညီ၊ ဆံပင် ဖြူသော ထိုသူ ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့်မရဏာ နိုင်ငံသို့ ဆင်း စေလော့ဟု မှာထားတော်မူပြီးမှ၊ (Sheol h7585)
10 David durmió con sus antepasados y fue sepultado en la ciudad de David.
၁၀ဒါဝိဒ် သည်ဘိုးတော် ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ တော်မူ၏။
11 Los días que David reinó sobre Israel fueron 40 años: siete años reinó en Hebrón, y 33 años reinó en Jerusalén.
၁၁ဟေဗြုန် မြို့၌ ခုနစ် နှစ် ၊ ယေရုရှလင် မြို့၌ သုံးဆယ် သုံး နှစ် မင်းပြု ၍ ဣသရေလ နိုင်ငံကို အနှစ် လေးဆယ် စိုးစံ တော်မူ၏။
12 Salomón se sentó en el trono de su padre David, y su reino fue firmemente establecido.
၁၂ရှောလမုန် သည် ခမည်းတော် ဒါဝိဒ် ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၍ ၊ အာဏာ တော်သည် အမြဲ တည် ၏။
13 Pero Adonías, hijo de Haguit, fue a Betsabé, madre de Salomón, y ella le preguntó: ¿Es pacífica tu visita? Y él respondió: Es pacífica.
၁၃ထိုနောက်ဟဂ္ဂိတ် ၏သား အဒေါနိယ သည် ရှောလမုန် ၏ မယ်တော် ဗာသရှေဘ ထံသို့ သွား ၍ ၊ ဗာသရှေဘက သင် သည်မိတ်ဆွေ ဖွဲ့လျက် လာ သလော ဟုမေး လျှင် ၊ မိတ်ဆွေ ဖွဲ့လျက် လာပါ၏။
14 Y agregó: Tengo algo que decirte. Ella respondió: Habla.
၁၄ပြော စရာတစုံတခုရှိပါသည်ဟု ဆို သော် ၊ မယ်တော်က ပြော ပါဟု ပြန်ဆို ၏။
15 Y él dijo: Tú sabes que el reino era mío y que todo Israel fijó la mirada en mí para que yo reinara. Pero el reino cambió de manos y fue de mi hermano, porque por determinación de Yavé era suyo.
၁၅အဒေါနိယကလည်း၊ နိုင်ငံ တော်သည် ကျွန်ုပ် လက်သို့ ရောက် သည်ကို၎င်း ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျွန်ုပ် ကို ရှင် ဘုရင်အဖြစ်၌ ချီးမြှောက်ချင်သည်အကြောင်း ကို၎င်းမယ်တော် သိ ပါ၏။ သို့သော်လည်း နိုင်ငံ တော်သည် ကျွန်ုပ်လက်မှလွဲ ၍ ညီ တော်လက် သို့ ရောက် ပါပြီ။ ထိုသို့ ထာဝရဘုရား အလိုတော်ရှိ၏။
16 Y ahora te hago una petición y te ruego que no me la niegues. Ella le dijo: Habla.
၁၆ယခု မှာ တစုံတခု သောဆု ကို မယ်တော် ၌ တောင်း ချင်ပါ၏။ မ ငြင်း ပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြော ပါဟုဆို ၏။
17 Entonces él dijo: Te ruego que hables al rey Salomón, pues él no te lo negará, para que me dé como esposa a Abisag sunamita.
၁၇သူကလည်းရှောလမုန် မင်းကြီး သည် ရှုနင် မြို့သူအဘိရှက် ကို ကျွန်ုပ် အား ပေးစား တော်မူမည်အကြောင်း လျှောက် ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်း တော် မ မူနိုင်ဟု ဆို လေသော်၊
18 Betsabé respondió: Bien, yo hablaré al rey por ti.
၁၈ဗာသရှေဘ ကကောင်း ပြီ။ သင့် အဘို့ နားတော် လျှောက် မည်ဟု ဆို ပြီးမှ ၊ အဒေါနိယ အဘို့ နားတော် လျှောက် အံ့သောငှါ ရှောလမုန် မင်းကြီး ထံ တော်သို့သွား ၏။
19 Betsabé fue al rey Salomón para hablarle por Adonías. El rey se levantó para recibirla y le hizo reverencia. Luego se sentó en su trono y ordenó colocar una silla para la madre del rey, quien se sentó a su derecha.
၁၉ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြို ပြုအံ့သောငှါ ထ ၍ ဦးချ ပြီးမှ ၊ ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ ၏။ မယ်တော် ထိုင်စရာဘို့ စီရင် ၍ သူသည် လက်ျာ တော်ဘက် မှာ ထိုင်လေ၏။
20 Entonces ella dijo: Te haré una pequeña petición. No me la niegues. Y el rey le dijo: Pide, madre mía, pues no te la negaré.
၂၀ထိုအခါ မယ်တော်က၊ ငယ် သောဆု တစုံတခု ကို တောင်း ချင်သည်ဖြစ်၍မ ငြင်း ပါနှင့်ဟု လျှောက် လျှင်၊ ရှင်ဘုရင် ကမိခင် ၊ တောင်း ပါ၊ ကျွန်ုပ်မ ငြင်း ပါဟု မိန့် တော်မူ ၏။
21 Ella dijo: Que Abisag la sunamita sea dada como esposa a tu hermano Adonías.
၂၁မယ်တော်ကလည်း ၊ ရှုနင် မြို့သူအဘိရှက် ကို နောင်တော် အဒေါနိယ အား ပေးစား တော်မူပါဟု တောင်း လေသော်၊
22 Pero el rey Salomón respondió a su madre: ¿Por qué pides a Abisag la sunamita para Adonías? ¡Pide también el reino para él, porque es mi hermano mayor, y con él están el sacerdote Abiatar y Joab, hijo de Sarvia!
၂၂ရှောလမုန် မင်းကြီး က၊ အဒေါနိယ အဘို့ ရှုနင် မြို့သူအဘိရှက် ကိုသာ အဘယ်ကြောင့် တောင်း ရ သနည်း။ နိုင်ငံ တော်ကိုလည်း သူ အဘို့ တောင်း ပါလော့။ သူ သည်ကျွန်ုပ် နောင်တော် ဖြစ်၏။ သူ နှင့် ယဇ်ပုရောဟိတ် အဗျာသာ ၊ ဇေရုယာ ၏ သား ယွာဘ အဘို့ တောင်းပါလော့ ဟု မယ်တော် အား ပြန် ပြောပြီးမှ၊
23 Y el rey Salomón juró por Yavé: ¡Así me haga ʼElohim y aun me añada, si Adonías no habló este asunto contra su propia vida!
၂၃တဖန် အဒေါနိယ သည် ထိုသို့ တောင်း သော်၊ မိမိ အသက် သေစေခြင်းငှါမတောင်းမိလျှင်၊ ဘုရား သခင်သည် ငါ့ အား ထိုမျှမက ပြု တော်မူစေသတည်း။
24 Y vive Yavé, Quien me confirmó y me puso en el trono de David mi padre, y me hizo casa como prometió, que Adonías morirá hoy.
၂၄ငါ့ ကိုမြဲမြံ စေသဖြင့် ၊ ငါ့ ခမည်းတော် ဒါဝိဒ် ၏ ရာဇ ပလ္လင်တော်ပေါ် မှာ တင်၍ဂတိတော်နှင့်အညီငါ့ နေရာနန်းတော် ကိုပေး တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ အဒေါနိယ သည် ယနေ့ အသေခံ ရမည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ပြီးမှ၊
25 El rey Salomón envió a Benaías, hijo de Joiada, quien arremetió contra él y lo mató.
၂၅ယောယဒ သား ဗေနာယ ကိုစေလွှတ် ၍ ၊ အဒေါနိယ ကို သေ အောင်လုပ်ကြံ လေ၏။
26 Pero el rey dijo al sacerdote Abiatar: Aunque eres digno de muerte, retírate a tus campos en Anatot. No te mataré hoy, porque cargaste el Arca de ʼAdonay Yavé delante de mi padre David, y participaste en todo aquello que sufrió mi padre.
၂၆ယဇ်ပုရောဟိတ် အဗျာသာ ကို လည်း ရှင်ဘုရင် ခေါ်၍၊ သင်သည် အာနသုတ် မြို့၊ သင် ပိုင်သော မြေ သို့ သွား လော့။ သင်သည် အသေခံ ထိုက်သော်လည်း ယခု ငါမ စီရင်။ အကြောင်း မူကား၊ ထာဝရ အရှင် ဘုရား သခင်၏သေတ္တာ တော်ကို ငါ့ ခမည်းတော် ဒါဝိဒ် ရှေ့ မှာ ထမ်း လေပြီ။ ငါ့ ခမည်းတော် ဆင်းရဲ ခံလေရာရာ ၌ သင်သည် ဆင်းရဲ ခံလေပြီဟု မိန့် တော်မူ၏။
27 Así Salomón excluyó a Abiatar del sacerdocio de Yavé para que se cumpliera la Palabra de Yavé, la cual Él dijo con respecto a la casa de Elí en Silo.
၂၇ထာဝရဘုရား သည် ဧလိ အမျိုး ကို အကြောင်းပြု ၍၊ ရှိလော မြို့၌ မိန့်တော်မူသောစကား ပြည့်စုံ မည် အကြောင်း ၊ ရှောလမုန် သည် အဗျာသာ ကို ထာဝရဘုရား ထံ တော်၌ ယဇ်ပုရောဟိတ် မ ဖြစ် စေခြင်းငှါနှင်ထုတ် တော်မူ ၏။
28 Esta noticia llegó hasta Joab, y como Joab también se adhirió a Adonías, aunque no siguió a Absalón, Joab huyó al Tabernáculo de Yavé y se agarró de los cuernos del altar.
၂၈ယွာဘ မူကား ၊ အဗရှလုံ နောက် သို့မ လိုက်သော်လည်း ၊ အဒေါနိယ နောက် သို့ လိုက်သောသူဖြစ်၍၊ ထို သိတင်း ကို ကြား သောအခါ ၊ ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်နေ၏။
29 Se informó al rey Salomón: Joab huyó al Tabernáculo de Yavé y ciertamente está junto al altar. Entonces Salomón envió a Benaías, hijo de Joiada, y le dijo: ¡Vé, arremete contra él!
၂၉ယွာဘ သည် ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ပါပြီ။ ယဇ် ပလ္လင်အနား မှာရှိပါသည်ဟု ရှောလမုန် မင်းကြီး အား လျှောက် သောအခါ ၊ ယွာဘ ကို လုပ်ကြံ လော့ဟု ယောယဒ သား ဗေနာယ ကို စေလွှတ် တော်မူ၏။
30 Benaías entró en el Tabernáculo de Yavé y le dijo: El rey dice que salgas. Él respondió: ¡No, aquí moriré! Benaías llevó la respuesta al rey: Así hablé a Joab, y así me respondió.
၃၀ဗေနာယ သည် ထာဝရဘုရား ၏ တဲ တော်သို့ သွား ၍ ၊ ရှင်ဘုရင် ခေါ်တော်မူသည်ဟုဆို လျှင် ၊ ယွာဘက ငါမ သွား၊ ဤ အရပ်မှာ အသေခံ မည်ဟုဆို ၏။ ဗေနာယ ကလည်း၊ ယွာဘ သည်ဤသို့ ပြန် ပြောပါ၏ဟု နားတော် လျှောက် လေသော်၊
31 Y el rey le dijo: Haz como él dice. ¡Arremete contra él y sepúltalo! Así quitarás de mí y de la casa de mi padre la sangre que Joab ha derramado injustamente.
၃၁ရှင်ဘုရင် က၊ အပြစ် မရှိသောသူ ၏အသက်ကို ယွာဘ သတ် သော အပြစ် နှင့် ငါ မှစ၍ ငါ့ အဆွေ အမျိုးကင်းစင် မည်အကြောင်းသူ့စကား အတိုင်း ပြု လော့။ သူ့ ကို လုပ်ကြံ ၍ သင်္ဂြိုဟ် လော့။
32 Yavé hará recaer su sangre sobre su propia cabeza, porque sin que lo supiera mi padre David, arremetió y mató a espada a dos hombres más justos y mejores que él: a Abner, hijo de Ner, general del ejército de Israel, y a Amasa, hijo de Jeter, general del ejército de Judá.
၃၂သူသည် မိမိ ထက် သာ၍ဖြောင့်မတ် ကောင်းမြတ် သောသူ၊ ဣသရေလ ဗိုလ်ချုပ် နေရ ၏သား အာဗနာ နှင့် ယုဒ ဗိုလ်ချုပ် ယေသာ ၏သား အာမသ ကို ငါ့ ခမည်းတော် ဒါဝိဒ် မ သိ ဘဲ တိုက် ၍ ထား နှင့် သတ် သော အပြစ် ကို ထာဝရဘုရား သည် သူ ၏ခေါင်း ပေါ် သို့ သက်ရောက် စေတော်မူမည်။
33 La sangre de ellos recaerá sobre la cabeza de Joab y sobre la cabeza de su descendencia para siempre, pero para David, su descendencia, su casa y su trono, habrá paz perpetuamente de parte de Yavé.
၃၃ထိုသူ တို့၏ အသွေး သည် ယွာဘ ခေါင်း ၊ သား မြေးတို့၏ ခေါင်း ပေါ် မှာ အစဉ် သက်ရောက် ပါစေ။ ဒါဝိဒ် နှင့် သူ ၏ဆွေ တော်မျိုးတော်၊ နန်း တော်၊ ရာဇ ပလ္လင်တော်၌ ထာဝရဘုရား ပေးတော်မူသောငြိမ်ဝပ် ခြင်း အမြဲ သက်ရောက် ပါစေဟု မိန့် တော်မူသည်အတိုင်း၊
34 Benaías, hijo de Joiada, fue, arremetió contra [Joab] y lo mató. Fue sepultado en su propia casa, en la región despoblada.
၃၄ယောယဒ သား ဗေနာယ သည် သွား ပြီးလျှင် ၊ ယွာဘ ကို တိုက် သတ် ၍ တော အရပ်၊ ယွာဘ နေရာအိမ် ၌ သင်္ဂြိုဟ် လေ၏။
35 En su lugar el rey designó como general del ejército a Benaías, hijo de Joiada, y el sacerdote Sadoc fue designado por el rey en reemplazo de Abiatar.
၃၅ဗိုလ်ချုပ်ယွာဘအရာ ၌ ယောယဒ သား ဗေနာယ ကို၎င်း ၊ အဗျာသာ အရာ ၌ ယဇ်ပုရောဟိတ် ဇာဒုတ် ကို၎င်းရှင်ဘုရင် ခန့်ထား တော်မူ၏။
36 Luego el rey llamó a Simei y le dijo: Edifícate una casa en Jerusalén y vive allí, y no salgas de allí a ninguna parte.
၃၆တဖန် ရှင် ဘုရင်သည် ရှိမိ ကို ခေါ် ပြီးလျှင် ၊ သင်သည် ယေရုရှလင် မြို့ထဲမှာ အိမ် ကို ဆောက် ၍ နေ ရ မည်။ မြို့ပြင်သို့ထွက်၍ အဘယ် အရပ်ကို မျှမ သွား နှင့်။
37 Porque el día cuando salgas y cruces el arroyo de Cedrón, sabe que sin duda morirás y tu sangre recaerá sobre tu cabeza.
၃၇မြို့ပြင်သို့ထွက်၍ ကေဒြုန် ချောင်း ကို ကူး လျှင် ၊ ကူး သောနေ့ ၌ အသေ သတ်ခြင်းကို အမှန် ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့် အသွေး သည် သင့် ခေါင်း ပေါ် မှာ သက်ရောက် စေဟု မိန့် တော်မူသော်၊
38 Simei respondió al rey: Buena es la palabra. Como mi ʼadón el rey dijo, así hará tu esclavo. Y Simei vivió en Jerusalén muchos días.
၃၈ရှိမိ က၊ အမိန့် တော်ကောင်း ပါ၏။ အရှင် မင်းကြီး မိန့် တော်မူသည်အတိုင်း ကိုယ်တော် ကျွန် ပြု ပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင် မြို့၌ ကြာမြင့် စွာနေ လေ၏။
39 Pero después de tres años, aconteció que dos esclavos de Simei escaparon y se fueron a Aquís, hijo de Maaca, rey de Gat. E informaron a Simei: Mira, tus esclavos están en Gat.
၃၉သို့ရာတွင် သုံး နှစ် လွန် သောအခါ ၊ ရှိမိ ၏ ကျွန် နှစ် ယောက်တို့သည် ဂါသ မင်းကြီး မာခါ သား အာခိတ် ထံသို့ ပြေး ၍ ဂါသ မြို့၌ ရှိကြောင်းကို ရှိမိ သည်ကြား လေသော်
40 Simei se levantó, aparejó su asno y fue a Gat, ante Aquís, para buscar a sus esclavos. Simei fue y trajo a sus esclavos de Gat.
၄၀ထ ၍ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ ကျွန် တို့ကို ရှာ အံ့သောငှါ ဂါသ မြို့၊ အာခိတ် ထံသို့ သွား ၍ ကျွန် တို့ကို ခေါ် လေ၏။
41 Se le informó a Salomón que Simei salió de Jerusalén a Gat y regresó.
၄၁ထိုသို့ ရှိမိ သည် ယေရုရှလင် မြို့မှ ဂါသ မြို့သို့ သွား ၍ ပြန်လာ ကြောင်း ကို ရှောလမုန် မင်းကြီးကြား လေသော်၊
42 El rey mandó llamar a Simei y le dijo: ¿No me juraste por Yavé, y testifiqué contra ti: El día cuando salgas y vayas a cualquier parte, ten por cierto que morirás sin perdón? Y me respondiste: La palabra que oigo es buena.
၄၂ရှိမိ ကို ခေါ် ပြီးလျှင် ၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြား တပါးသော အရပ်သို့သွားလျှင် ၊ သွား သောနေ့ ၌ အသေ သတ်ခြင်းအမှန် ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရား ကို တိုင်တည်လျက် သင့် ကို ငါကျိန်ဆို စေ၍ သတိ ပေးသည်မ ဟုတ်လော။ သင်ကလည်း ကျွန်တော်ကြား ရသောအမိန့် တော်ကောင်း ပါသည်ဟု ဝန်ခံသည် မဟုတ်လော။
43 ¿Por qué no guardaste el juramento de Yavé, y el mandato que te impuse?
၄၃သို့ဖြစ်၍ ထာဝရဘုရား ၏သစ္စာ တော်ကို၎င်း ၊ ငါမှာ ထားသော ပညတ် ကို၎င်း၊ အဘယ်ကြောင့် မ စောင့် သနည်းဟု မိန့်တော်မူပြီးမှ၊
44 Además el rey dijo a Simei: Tú sabes toda la maldad que cometiste contra mi padre David. Yavé hace recaer tu maldad sobre tu cabeza.
၄၄တဖန် သင် သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ ခမည်းတော် ဒါဝိဒ် ၌ ပြု ဘူးသော ဒုစရိုက် ရှိသမျှ ကို သင် သိ ၏။ သင် ၏ဒုစရိုက် အပြစ်ကို ထာဝရဘုရား သည် သင့် ခေါင်း ပေါ် သို့ ရောက် စေတော်မူ၏။
45 El rey Salomón será bendecido, y el trono de David será firme delante de Yavé para siempre.
၄၅ရှောလမုန် မင်းကြီး သည် မင်္ဂလာ ရှိ၍ ဒါဝိဒ် ၏ ရာဇ ပလ္လင်တော်သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ တည် ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊
46 El rey ordenó a Benaías, hijo de Joiada, quien salió y arremetió contra Simei y lo mató. Así fue consolidado el reino en manos de Salomón.
၄၆ယောယဒ သား ဗေနာယ သည် အမိန့် တော်ကိုခံ ၍ ပြင်သို့ထွက် ပြီးလျှင် ရှိမိ ကို သေ အောင်လုပ်ကြံ လေ၏။ ထိုသို့ နိုင်ငံ တော်သည် ရှောလမုန် လက် ၌ တည် ၏။

< 1 Reyes 2 >