< San Lucas 15 >
1 Entonces muchos publicanos y pecadores se acercaban para oírlo.
၁အခွန်ခံသူများနှင့်အပယ်ခံသူအပေါင်း တို့သည် ကိုယ်တော်၏တရားတော်ကိုကြားနာ ရန်အထံတော်သို့ချဉ်းကပ်ကြ၏။-
2 Los fariseos y los escribas refunfuñaban: Éste recibe a pecadores y come con ellos.
၂ဖာရိရှဲများနှင့်ကျမ်းတတ်ဆရာများက ``ဤ သူသည်အပြစ်ကူးသူများအားလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား'' ဟုညည်းတွားပြောဆိုကြ၏။-
3 Entonces les presentó esta parábola:
၃ထိုအခါကိုယ်တော်သည်ပုံဥပမာဆောင်၍၊
4 ¿Cuál hombre de ustedes que tenga 100 ovejas, y pierda una, no deja las 99 en un lugar solitario y va tras la perdida, hasta que la halle?
၄``သင်တို့တွင်တစ်စုံတစ်ယောက်သောသူသည် သိုးအကောင်တစ်ရာရှိ၍တစ်ကောင်ပျောက် လျှင်မည်သို့ပြုမည်နည်း။ သူသည်ကျန်ကိုးဆယ့် ကိုးကောင်ကိုစားကျက်တွင်ထားခဲ့၍ ပျောက် သောသိုးကိုမတွေ့မချင်းရှာမည်မဟုတ် လော။-
5 Y después de hallarla, se regocija y [la] pone sobre sus hombros.
၅ထိုသိုးကိုတွေ့သောအခါ ရွှင်လန်းဝမ်းမြောက် စွာဖြင့်ပခုံးထက်တွင်တင်၍ထမ်းလာလိမ့် မည်။-
6 Al regresar a casa, reúne a los amigos y vecinos, y les dice: ¡Regocíjense conmigo, porque hallé mi oveja perdida!
၆အိမ်သို့ပြန်ရောက်သောအခါမိတ်ဆွေနှင့်အိမ်နီး ချင်းတို့ကိုခေါ်ကာ`ပျောက်သောသိုးကိုငါပြန် တွေ့ပြီ။ ငါနှင့်အတူရွှင်လန်းဝမ်းမြောက်ကြလော့' ဟုဆိုလိမ့်မည်။-
7 Les digo que así habrá [más] gozo en el cielo por un pecador que cambia de mente que por 99 justos que no tienen necesidad de cambio de mente.
၇ထိုနည်းတူစွာနောင်တရရန်မလိုသောဂုဏ် အသရေရှိသူကိုးဆယ့်ကိုးယောက်အတွက် ထက် အပြစ်ကူးသူတစ်ယောက်နောင်တရသည့် အတွက်ကောင်းကင်ဘုံတွင်ပို၍ရွှင်လန်းဝမ်း မြောက်ခြင်းရှိလိမ့်မည်ဟုငါဆိုသည်။
8 ¿O cuál mujer que tiene diez dracmas, cuando pierda una, no enciende una lámpara, barre la casa y busca cuidadosamente hasta que [la] halla?
၈``တစ်နည်းကား၊ အမျိုးသမီးတစ်ဦးသည်မိမိ မှာရှိသည့်ဒင်္ဂါးဆယ်ပြားအနက်တစ်ပြားပျောက် သွား၏။ ထိုအခါသူသည်မီးထွန်း၍ အိမ်ကို လှည်းကျင်းကာမတွေ့မချင်းသေချာစွာရှာ မည်မဟုတ်လော။-
9 Cuando la halla, reúne a las amigas y vecinas y les dice: ¡Regocíjense conmigo! ¡Hallé la dracma que había perdido!
၉သူသည်ထိုဒင်္ဂါးကိုတွေ့သောအခါမိတ်ဆွေနှင့် အိမ်နီးချင်းတို့ကိုခေါ်၍`ပျောက်သွားသောဒင်္ဂါး ကိုငါပြန်တွေ့ပြီ။ ငါနှင့်အတူရွှင်လန်းဝမ်း မြောက်ကြလော့' ဟုဆိုလိမ့်မည်။-
10 Así les digo, habrá gozo delante de los ángeles de Dios por un pecador que cambia de mente.
၁၀ထိုနည်းတူစွာဘုရားသခင်၏ကောင်းကင်တမန် များသည် အပြစ်ကူးသူတစ်ယောက်နောင်တရ ခြင်းအတွက်ရွှင်လန်းဝမ်းမြောက်ကြသည်ဟု ငါဆို၏'' ဟုမိန့်တော်မူ၏။
11 También dijo: Un hombre tenía dos hijos.
၁၁ကိုယ်တော်က ``လူတစ်ယောက်မှာသားနှစ်ယောက်ရှိ၏။-
12 El menor dijo al padre: Padre, dame la parte de la hacienda que me corresponde. Y él les repartió la propiedad.
၁၂သားငယ်သည်အဖအား `အဖ၊ ကျွန်တော်ရထိုက် သောအမွေကိုခွဲဝေပေးပါ' ဟုဆို၏။ ထိုအခါ ဖခင်သည် မိမိ၏ဥစ္စာပစ္စည်းများကိုသားနှစ် ယောက်အားခွဲဝေပေး၏။-
13 Unos pocos días más tarde, el hijo menor recogió sus cosas, salió hacia una región lejana y allí malgastó sus bienes en una vida perdida.
၁၃ထိုနောက်ရက်အနည်းငယ်ကြာသောအခါ သား ငယ်သည်မိမိ၏ဥစ္စာပစ္စည်းအားလုံးရောင်းချ ၍ရသောငွေကိုယူပြီးလျှင် ဝေးလံရပ်ခြား တိုင်းတစ်ပါးသို့ထွက်သွား၏။ သူသည်ထိုပြည် တွင်အပျော်အပါးလိုက်စားကာ မိမိ၏ငွေကို ဖြုန်းတီးပစ်၏။-
14 Después de malgastar todo, llegó una hambruna severa en aquella región, y él comenzó a tener necesidad.
၁၄ရှိသမျှငွေကုန်ချိန်၌ထိုပြည်တွင်အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် သဖြင့်သူသည်ငတ်ပြတ်လေ၏။-
15 Fue y se arrimó a uno de los ciudadanos de aquella región, quien [lo] envió a sus campos a apacentar cerdos.
၁၅သို့ဖြစ်၍ထိုပြည်သားတစ်ယောက်ထံတွင်ခိုကိုး ရ၏။ ထိုသူကသူ့အားလယ်တောသို့စေလွှတ် ၍ဝက်များကိုကျောင်းစေ၏။-
16 Ansiaba saciarse con las algarrobas que comían los cerdos, pero nadie se las daba.
၁၆သူသည်ဝက်များစားနေသည့်ပဲတောင့်ကိုပင် စားချင်စိတ်ပေါက်လာ၏။ သို့သော်သူ့အားစား စရာတစ်စုံတစ်ခုကိုမျှပေးမည့်သူမရှိ။-
17 Entonces reflexionaba y decía: ¡Cuántos jornaleros de mi padre tienen superabundancia de pan, y yo aquí me muero de hambre!
၁၇ထိုအခါသူသည်အမြင်မှန်ရရှိလာသဖြင့်`ငါ့ အဖ၏လုပ်သားအားလုံးပင်ဝစွာစားရကြ၏။ ငါမူကားဤအရပ်တွင်ငတ်ပြတ်လျက်နေပါ ပြီတကား။-
18 Me levantaré, iré a mi padre y le diré: Padre, pequé contra el cielo y contra ti.
၁၈ငါထ၍အဖထံသို့သွားပြီးလျှင်`အဖ၊ ကျွန်တော် သည်ဘုရားသခင်ကိုလည်းကောင်း၊ အဖကိုလည်း ကောင်းပြစ်မှားမိပါပြီ။-
19 No soy digno de que me llames tu hijo. Recíbeme como uno de tus jornaleros.
၁၉အဖ၏သားဟူ၍ပင်အခေါ်မခံထိုက်တော့ပါ ဟုငါပြောမည်' ဟူ၍ဆို၏။-
20 Se levantó y regresó a su padre. Cuando él estaba aún muy distante, su padre lo vio y tuvo compasión de él. Corrió, lo abrazó y lo besó.
၂၀ထိုနောက်သူသည်ထ၍ဖခင်ထံသို့ပြန်သွားလေ၏။ ``အဝေး၌ပင်ရှိနေစဉ်ဖခင်သည်သူ့ကိုမြင် သော်သနားသဖြင့် ပြေး၍ဖက်ပြီးလျှင်နမ်းရှုပ် လေ၏။-
21 El hijo le habló: Padre, pequé contra el cielo y contra ti. No soy digno de que me llames tu hijo.
၂၁သားဖြစ်သူက `အဖ၊ ကျွန်တော်သည်ဘုရားသခင် ကိုလည်းကောင်း၊ အဖကိုလည်းကောင်းပြစ်မှားမိ ပါပြီ။ သို့ဖြစ်၍အဖ၏သားဟူ၍ပင်အခေါ် မခံထိုက်တော့ပါ' ဟုဆို၏။-
22 Pero el padre ordenó a sus esclavos: ¡Saquen pronto la mejor ropa y vístanlo, y pongan un anillo en su mano y sandalias en sus pies!
၂၂ဖခင်က `အကောင်းဆုံးသောဝတ်လုံကိုအမြန် ယူခဲ့၍သူ့အားဝတ်ပေးကြ။ သူ၏လက်၌လက် စွပ်ကိုဆင်ပေးကြ။ ဖိနပ်ကိုစီးပေးကြ။-
23 ¡Traigan el becerro gordo y mátenlo! ¡Comamos y regocijémonos!
၂၃ဆူဖြိုးအောင်ကျွေးထားသည့်နွားကလေးကို သတ်ကြ။ ငါတို့ပျော်ရွှင်စွာစားကြကုန်အံ့။-
24 Porque este hijo mío estaba muerto y revivió. Estaba perdido y fue hallado. Y comenzaron a regocijarse.
၂၄ငါ့သားသည်ယခင်ကသေသော်လည်းယခု ပြန်၍အသက်ရှင်လာပြီ။ ယခင်ကပျောက်ဆုံး သော်လည်းယခုပြန်၍တွေ့ပြီ' ဟုမိမိ၏လုပ် သားတို့အားဆို၏။ ထိုနောက်သူတို့သည်ပျော် ရွှင်ပွဲကိုဆင်နွှဲကြကုန်၏။
25 Cuando el hijo mayor regresaba del campo, se acercó a la casa y oyó música y danza.
၂၅``သို့ရာတွင်ထိုအချိန်၌သားကြီးဖြစ်သူသည် လယ်တောတွင်ရောက်ရှိနေ၏။ သူပြန်လာ၍အိမ် အနီးသို့ရောက်သောအခါတီးမှုတ်သံနှင့်က ခုန်သံကိုကြားရ၏။-
26 Llamó a uno de los esclavos y le preguntó qué ocurría.
၂၆ထိုအခါလုပ်သားတစ်ယောက်ကိုခေါ်၍ `ဤ အခြင်းအရာကအဘယ်နည်း' ဟုမေး၏။-
27 Él le contestó: Tu hermano regresó, y tu padre sacrificó el becerro gordo, porque lo recibió sano.
၂၇လုပ်သားက `အရှင်၏ညီသည်ဘေးမဲ့လုံခြုံစွာ ပြန်ရောက်လာသဖြင့် အရှင့်ဖခင်သည်ဆူဖြိုး အောင်ကျွေးထားသောနွားကလေးတစ်ကောင် ကိုသတ်ပါ၏' ဟုဆို၏။-
28 Entonces se enojó y no quería entrar. Así que su padre salió y le rogaba.
၂၈သားကြီးသည်စိတ်ဆိုးလျက်အိမ်ထဲသို့မဝင် ဘဲနေ၏။ ဖခင်သည်အပြင်သို့ထွက်လာ၍ သားကြီးအားအိမ်ထဲသို့ဝင်ရန်ဖျောင်းဖျ၏။-
29 Él respondió: Mira, padre, te he servido muchos años como esclavo y jamás te desobedecí, y nunca me diste un cabrito para disfrutarlo con mis amigos,
၂၉သားကြီးက `ကျွန်တော်သည်နှစ်ပေါင်းများစွာ အဖ၏အစေကိုခံခဲ့ပါ၏။ အဖ၏အမိန့်ကို အဘယ်အခါကမျှမလွန်ဆန်ခဲ့ဘူးပါ။ သို့ ရာတွင်သူငယ်ချင်းများနှင့်အတူကျွန်တော် ပျော်ပွဲစားရန် အဖသည်အဘယ်အခါကမျှ ဆိတ်ကလေးတစ်ကောင်ကိုမျှမပေးခဲ့ပါ။-
30 pero cuando vino este hijo tuyo quien consumió tu hacienda con prostitutas, le mataste el becerro gordo.
၃၀အဖ၏ဥစ္စာပစ္စည်းများကိုပြည့်တန်ဆာများ နှင့်ပျော်ပါးဖြုန်းတီးပစ်သည့်သားပြန်လာ သောအခါ၌မူ သူ့အတွက်ဆူဖြိုးအောင် ကျွေးထားသောနွားကလေးကိုသတ်ပါ သည်တကား' ဟုဆို၏။-
31 Entonces él le contestó: Hijo, tú siempre estás conmigo, y todas mis cosas son tuyas.
၃၁အဖဖြစ်သူက `ငါ့သား၊ သင်သည်ငါနှင့်အတူ အမြဲနေ၏။ ငါ့ဥစ္စာပစ္စည်းရှိသမျှကိုသင်ပိုင်၏။-
32 Pero era necesario regocijarnos, porque este hermano tuyo estaba muerto y revivió, estaba perdido y se halló.
၃၂သင့်ညီသည်ယခင်ကသေသော်လည်း ယခုပြန်၍ အသက်ရှင်လာ၏။ ယခင်ကသူ့ကိုပျောက်ဆုံးခဲ့ သော်လည်း ယခုပြန်၍တွေ့ရ၏။ သို့ဖြစ်၍ငါတို့ သည်ဝမ်းမြောက်လျက်ပျော်ပွဲကိုဆင်နွှဲရကြ ၏' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။