< 1 Reyes 19 >

1 Y ACHAB dió la nueva á Jezabel de todo lo que Elías había hecho, de como había muerto á cuchillo á todos los profetas.
အာ​ဟပ်​မင်း​သည်​ဧ​လိ​ယ​ပြု​သည့်​အ​မှု​အ​လုံး စုံ​ကို​လည်း​ကောင်း၊ ဗာ​လ​ပ​ရော​ဖက်​တို့​အ​သတ် ခံ​ရ​ကြ​ပုံ​ကို​လည်း​ကောင်း​မိ​ဖု​ရား​ယေ​ဇ ဗေ​လ​အား​ပြော​ပြ​လေ​သည်။-
2 Entonces envió Jezabel á Elías un mensajero, diciendo: Así me hagan los dioses, y así me añadan, si mañana á estas horas yo no haya puesto tu persona como la de uno de ellos.
ယေ​ဇ​ဗေ​လ​သည်​ဧ​လိ​ယ​အား``အ​ကယ်​၍ ငါ​သည်​နက်​ဖြန်​ဤ​အ​ချိန်​ရောက်​မှ ပ​ရော​ဖက် တို့​အား​သင်​ပြု​ခဲ့​သည့်​အ​တိုင်း​သင့်​အား​မ​ပြု ပါ​မူ ဘု​ရား​တို့​သည်​ငါ့​ကို​အ​ဆုံး​စီ​ရင်​ကြ ပါ​စေ​သော'' ဟု​လူ​လွှတ်​၍​ပြော​ကြား​စေ​၏။-
3 Viendo pues [el peligro], levantóse y fuése por salvar su vida, y vino á Beer-seba, que es en Judá, y dejó allí su criado.
ဧ​လိ​ယ​သည်​ကြောက်​သ​ဖြင့် အ​သက်​ဘေး​မှ လွတ်​ရန်​ထွက်​ပြေး​လေ​၏။ သူ​သည်​မိ​မိ​၏ အ​စေ​ခံ​ကို​ခေါ်​၍​ယု​ဒ​ပြည်၊ ဗေ​ရ​ရှေ​ဘ မြို့​သို့​သွား​၏။ ထို​မြို့​တွင်​အ​စေ​ခံ​ကို​ထား​ခဲ့​ပြီး​လျှင်၊-
4 Y él se fué por el desierto un día de camino, y vino y sentóse debajo de un enebro; y deseando morirse, dijo: Baste ya, oh Jehová, quita mi alma; que no soy yo mejor que mis padres.
တစ်​နေ့​လုံး​တော​ကန္တာ​ရ​တွင်​ခ​ရီး​ပြု​လေ​သည်။ သူ​သည်​သစ်​ပင်​အ​ရိပ်​တစ်​ခု​သို့​ရောက်​သော အ​ခါ​ထိုင်​လျက်​သေ​လျှင်​သာ​၍​ကောင်း​၏​ဟု ဆို​၍``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​ဖြစ်​ဆိုး​လွန်း ပါ​၏။ အ​ကျွန်ုပ်​၏​အ​သက်​ကို​ရုပ်​သိမ်း​တော် မူ​ပါ။ အ​ကျွန်ုပ်​သည်​သေ​ရ​သော်​သာ​၍​ကောင်း ပါ​သေး​၏'' ဟူ​သော​ဆု​ကို​တောင်း​လေ​၏။
5 Y echándose debajo del enebro, quedóse dormido: y he aquí luego un ángel que le tocó, y le dijo: Levántate, come.
သူ​သည်​သစ်​ပင်​အောက်​တွင်​လှဲ​လျက်​အိပ်​ပျော် လေ​၏။ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​သူ့ အား​တို့​ပြီး​လျှင်``ထ​၍​စား​လော့'' ဟု​ဆို​၏။-
6 Entonces él miró, y he aquí á su cabecera una torta cocida sobre las ascuas, y un vaso de agua: y comió y bebió, y volvióse á dormir.
ဧလိ​ယ​သည်​လှည့်​၍​ကြည့်​လိုက်​ရာ​ခေါင်း​ရင်း​၌ မုန့်​တစ်​လုံး​နှင့်​ရေ​တစ်​ဘူး​ကို​တွေ့​သ​ဖြင့်​စား သောက်​ပြီး​နောက်​အိပ်​ပြန်​၏။-
7 Y volviendo el ángel de Jehová la segunda vez, tocóle, diciendo: Levántate, come: porque gran camino te resta.
ကောင်း​ကင်​တ​မန်​သည်​ဒုတိယ​အ​ကြိမ်​လာ​ပြီး လျှင်``သင်​သွား​ရ​မည့်​ခ​ရီး​ဝေး​သော​ကြောင့် ထ​၍​စား​ဦး​လော့'' ဟု​ဆို​၏။-
8 Levantóse pues, y comió y bebió; y caminó con la fortaleza de aquella comida cuarenta días y cuarenta noches, hasta el monte de Dios, Horeb.
ထို့​ကြောင့်​ဧ​လိ​ယ​သည်​ထ​၍​စား​ပြီး​နောက် သန့်​ရှင်း​မြင့်​မြတ်​သော​သိ​နာ​တောင်​သို့ ရက်​ပေါင်း လေး​ဆယ်​တိုင်​တိုင်​ခြေ​လျင်​ခ​ရီး​ပြု​နိုင်​သော ခွန်​အား​ကို​ရ​ရှိ​လေ​သည်။-
9 Y allí se metió en una cueva, donde tuvo la noche. Y fué á él palabra de Jehová, el cual le dijo: ¿Qué haces aquí, Elías?
သူ​သည်​ထို​တောင်​သို့​ရောက်​သော​အ​ခါ​ဂူ​ထဲ သို့​ဝင်​၍​အိပ်​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​လာ သ​နည်း'' ဟု​မေး​တော်​မူ​၏။
10 Y él respondió: Sentido he un vivo celo por Jehová Dios de los ejércitos; porque los hijos de Israel han dejado tu alianza, han derribado tus altares, y han muerto á cuchillo tus profetas: y yo solo he quedado, y me buscan para quitarme la vida.
၁၀ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့်​ပြု​ထား သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ​ကိုယ်​တော်​၏ ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း သာ​မ​သေ​ဘဲ​ကျန်​ရှိ​သော​အ​ကျွန်ုပ်​၏​အ​သက် အန္တ​ရာယ်​ကို​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​ပါ​၏'' ဟု လျှောက်​၏။
11 Y él le dijo: Sal fuera, y ponte en el monte delante de Jehová. Y he aquí Jehová que pasaba, y un grande y poderoso viento que rompía los montes, y quebraba las peñas delante de Jehová: mas Jehová no estaba en el viento. Y tras el viento un terremoto: mas Jehová no estaba en el terremoto.
၁၁ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဂူ​ပြင် သို့​ထွက်​၍​တောင်​ထိပ်​ပေါ်​၌​ငါ​၏​အ​ရှေ့​မျက် မှောက်​တွင်​ရပ်​နေ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​နီး​မှ ဖြတ်​ကြွ​တော်​မူ​၍ လေ​ပြင်း​မုန်​တိုင်း​ကို​တိုက် ခတ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​တောင်​များ​သည် ပြို​ကွဲ​ကြ​လျက်​ကျောက်​တို့​သည်​လည်း​ကြေ မွ​သွား​လေ​သည်။ သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား သည်​ထို​လေ​မုန်​တိုင်း​ထဲ​၌​ရှိ​တော်​မ​မူ။ လေ အ​တိုက်​ရပ်​သော​အ​ခါ​မြေ​င​လျင်​လှုပ်​လေ ၏။ သို့​ရာ​တွင်​ထို​မြေ​င​လျင်​ထဲ​၌​လည်း ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မ​မူ။-
12 Y tras el terremoto un fuego: mas Jehová no estaba en el fuego. Y tras el fuego un silbo apacible y delicado.
၁၂မြေ​င​လျင်​လှုပ်​ပြီး​နောက်​မီး​လျှံ​တောက် လောင်​လေ​သည်။ သို့​ရာ​တွင်​ထို​မီး​လျှံ​ထဲ​၌ လည်း​ထာ​ဝရ​ဘု​ရား​ရှိ​တော်​မ​မူ။ မီး​လျှံ တောက်​လောင်​ပြီး​နောက်​ဖြည်း​ညှင်း​သော​အ​သံ ပေါ်​ထွက်​လာ​၏။
13 Y cuando lo oyó Elías, cubrió su rostro con su manto, y salió, y paróse á la puerta de la cueva. Y he aquí llegó una voz á él, diciendo: ¿Qué haces aquí, Elías?
၁၃ထို​အ​သံ​ကို​ကြား​သော​အ​ခါ ဧ​လိ​ယ​သည် မိ​မိ​၏​မျက်​နှာ​ကို​ဝတ်​လုံ​ဖြင့်​အုပ်​၍​ထွက်​သွား ပြီး​လျှင်​ဂူ​ဝ​တွင်​ရပ်​နေ​၏။ ထို​အ​ခါ``ဧ​လိ​ယ၊ သင်​သည်​အဘယ်​ကြောင့်​ဤ​အ​ရပ်​သို့​ရောက်​ရှိ လာ​သ​နည်း'' ဟု​မေး​သံ​ကို​ကြား​ရ​၏။
14 Y él respondió: Sentido he un vivo celo por Jehová Dios de los ejércitos; porque los hijos de Israel han dejado tu alianza, han derribado tus altares, y han muerto á cuchillo tus profetas: y yo solo he quedado, y me buscan para quitarme la vida.
၁၄ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့် ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော်​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ကိုယ်​တော်​၏​ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း​သာ​လျှင်​မ​သေ​ဘဲ ကျန်​ရှိ​သော အ​ကျွန်ုပ်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​နေ ကြ​ပါ​၏'' ဟု​လျှောက်​၏။
15 Y díjole Jehová: Ve, vuélvete por tu camino, por el desierto de Damasco: y llegarás, y ungirás á Hazael por rey de Siria;
၁၅ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​ဒ​မာ​သက်​မြို့​အ​နီး တော​ကန္တာ​ရ​သို့​ပြန်​သွား​ပြီး​နောက် ထို​မြို့​သို့​ဝင် ၍​ဟာ​ဇေ​လ​အား​ရှု​ရိ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​လော့။-
16 Y á Jehú hijo de Nimsi, ungirás por rey sobre Israel; y á Eliseo hijo de Saphat, de Abelmehula, ungirás para que sea profeta en lugar de ti.
၁၆နိမ်​ရှိ​၏​သား​ယေ​ဟု​ကို​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ မြို့​သား​ရှာ​ဖတ်​၏​သား​ဧ​လိ​ရှဲ​ကို​သင်​၏ အ​ရိုက်​အ​ရာ​ဆက်​ခံ​ရန်​ပ​ရော​ဖက်​အ​ဖြစ် ဘိ​သိက်​ပေး​လော့။-
17 Y será, que el que escapare del cuchillo de Hazael, Jehú lo matará; y el que escapare del cuchillo de Jehú, Eliseo lo matará.
၁၇ဟာ​ဇေ​လ​၏​ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​သူ​ကို ယေ​ဟု​သတ်​လိမ့်​မည်။ ယေ​ဟု​လက်​မှ​လွတ် မြောက်​သူ​ကို​ဧ​လိ​ရှဲ​သတ်​လိမ့်​မည်။-
18 Y yo haré que queden en Israel siete mil; todas rodillas que no se encorvaron á Baal, y bocas todas que no lo besaron.
၁၈သို့​ရာ​တွင်​ငါ့​အား​သစ္စာ​စောင့်​၍​ဗာ​လ​အား​ဦး မ​ညွှတ်​သူ၊ သူ​၏​ရုပ်​တု​ကို​မ​နမ်း​ရှုပ်​သူ​လူ ပေါင်း​ခု​နစ်​ထောင်​တို့​ကို ဣ​သ​ရေ​လ​ပြည်​တွင် ကျန်​ကြွင်း​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
19 Y partiéndose él de allí, halló á Eliseo hijo de Saphat, que araba con doce yuntas delante de sí; y él era uno de los doce [gañanes]. Y pasando Elías por delante de él, echó sobre él su manto.
၁၉ဧ​လိ​ယ​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​သွား​သော အ​ခါ နွား​တစ်​ရှဉ်း​နှင့်​လယ်​ထွန်​နေ​သော ဧ​လိ​ရှဲ ကို​တွေ့​လေ​သည်။ သူ​၏​ရှေ့​တွင်​နွား​တစ်​ဆယ့် တစ်​ရှဉ်း​ရှိ​၍​သူ​သည်​နောက်​ဆုံး​နွား​တစ်​ရှဉ်း ဖြင့်​လယ်​ထွန်​၍​နေ​သ​တည်း။ ဧ​လိ​ယ​သည် မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ်​၍​ဧ​လိ​ရှဲ​၏​အ​ပေါ် တွင်​တင်​လေ​သည်။-
20 Entonces dejando él los bueyes, vino corriendo en pos de Elías, y dijo: Ruégote que me dejes besar mi padre y mi madre, y luego te seguiré. Y él le dijo: Ve, vuelve: ¿qué te he hecho yo?
၂၀ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​မိ​မိ​၏​နွား​များ​ကို ထား​ခဲ့​၍ ဧ​လိ​ယ​၏​နောက်​သို့​လိုက်​ပြီး လျှင်``အ​ကျွန်ုပ်​၏​မိ​ဘ​ထံ​သို့​သွား​၍​နှုတ် ဆက်​ခွင့်​ပြု​ပါ။ ထို့​နောက်​အ​ရှင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြော​၏။ ဧ​လိ​ယ​က``ကောင်း​ပြီ၊ သွား​လော့။ သင့်​အား ငါ​မ​ဆီး​တား​ပါ'' ဟု​ဆို​၏။
21 Y volvióse de en pos de él, y tomó un par de bueyes, y matólos, y con el arado de los bueyes coció la carne de ellos, y dióla al pueblo que comiesen. Después se levantó, y fué tras Elías, y servíale.
၂၁ထို​အ​ခါ​ဧ​လိ​ရှဲ​သည် မိ​မိ​၏​နွား​နှစ်​ကောင်​ကို သတ်​ပြီး​လျှင် နွား​ထမ်း​ပိုး​ကို​ထင်း​လုပ်​၍​ချက်​၏။ ထို​နောက်​အ​မဲ​သား​ဟင်း​ကို​လူ​တို့​အား​ကျွေး မွေး​ပြီး​လျှင် ဧ​လိ​ယ​၏​နောက်​သို့​တ​ပည့် အ​ဖြစ်​လိုက်​သွား​လေ​သည်။

< 1 Reyes 19 >