< 5 Mosebok 31 >

1 Och Mose gick bort, och talade dessa orden med hela Israel;
တဖန် မောရှေသည် သွား၍ ဣသရေလအမျိုး သား အပေါင်းတို့အား ဟောပြောသည်ကား၊
2 Och sade till dem: Jag är i dag hundrade och tjugu åra gammal; jag kan icke mer ut och in gå; dertill hafver Herren sagt till mig: Du skall icke gå öfver denna Jordan.
ငါသည် ယနေ့ အသက်တရာနှစ်ဆယ်စေ့ပြီ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တဖန် မတတ် နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ။
3 Herren din Gud skall sjelfver gå för dig; han skall sjelf förgöra dessa folk för dig, så att du skall taga dem in; Josua skall gå för dig deröfver, såsom Herren sagt hafver.
သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့ရှေ့မှာကူး၍၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့်၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့် မည်။ ထာဝရဘုရားအမိန့်တော်အတိုင်း၊ ယောရှုသည် လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည်။
4 Och Herren skall göra dem, såsom han gjort hafver Sihon och Og, de Amoreers Konungar, och deras lande, hvilka han förgjort hafver.
ထာဝရဘုရားသည်လည်း၊ အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌၎င်း၊ ဖျက်ဆီးတော်မူသော သူတို့ပြည် ၌၎င်း ပြုသကဲ့သို့၊ ထိုပြည်သား အမျိုးမျိုးတို့၌ ပြုတော်မူ လိမ့်မည်။
5 När nu Herren gifver dem för eder, så skolen I göra dem efter all de bud, som jag eder budit hafver.
ထာဝရဘုရားသည် သူတို့ကို သင်တို့၌ အပ် တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ ပြုရကြလိမ့်မည်။
6 Varer tröste, och vid godt mod; frukter eder intet, och grufver eder intet för dem; ty Herren din Gud skall sjelfver vandra med dig, och skall icke draga handena ifrå, ej heller förlåta dig.
အားယူ၍ ရဲရင့်ခြင်း ရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟော ပြော၏။
7 Och Mose kallade Josua, och sade till honom för hela Israels ögon: Var tröst, och vid godt mod; ty du skall föra detta folket i landet, som Herren deras fäder svorit hafver dem att gifva; och skall utskifta det emellan dem.
တဖန် ယေရှုကို ခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အား ပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သင်သည် သူတို့နှင့်အတူ သွား၍ အမွေခံ စေရမည်။
8 Men Herren, som sjelfver går för eder, han skall vara med dig, och icke draga handena ifrå, icke heller förlåta dig; frukta dig intet, och förskräck dig intet.
သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကိုစွန့်တော်မမူ၊ ပစ်ထား တော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို၏။
9 Och Mose skref denna lagen, och fick Presterna, Levi söner, som båro Herrans förbunds ark, och allom Israels äldstom;
ဤပညတ်တရားကို မောရှေသည် ရေးထား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော လေဝိသားယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုး အ သက်ကြီးသူများ အပေါင်းတို့၌ အပ်၍၊
10 Och böd dem, och sade: Ju efter sju år, då friåret är, på löfhyddohögtiden,
၁၀မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန် ရောက်မှ၊
11 Då hela Israel kommer till att bete sig för Herranom dinom Gud, på det rum, som han utväljandes varder, skall du denna lagen låta utropa för hela Israel, för deras öron;
၁၁သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော် မူလတံ့သော အရပ်တွင် ဣသရေလအမျိုး သား အပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။
12 Nämliga för folkens församling, både för män och qvinnor, barn, och dinom främling som i dina portar är; på det att de skola höra och lära, huru de skola frukta Herran sin Gud, och akta uppå, att de göra all denna lagsens ord;
၁၂ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။
13 Och att deras barn, som icke vetat, måga ock höra och lära, huru de skola frukta Herran edar Gud i alla edra lifsdagar, som I på landena lefven, dit I öfver Jordan ingån, till att intaga det.
၁၃ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့ သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။
14 Och Herren sade till Mose: Si, din dödstid är kommen; kalla Josua, och går in i vittnesbördsens tabernakel, att jag må gifva honom befallning. Mose gick åstad med Josua, och trädde in i vittnesbördsens tabernakel.
၁၄ထာဝရဘုရားကလည်း၊ သင်သည် သေရသော အချိန်နီးပြီ။ ယောရှုကို ခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှု သည် သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ် ကြ၏။
15 Och Herren syntes i tabernaklet uti en molnstod, och samma molnstod stod i dörrene på tabernaklet.
၁၅ထာဝရဘုရားသည် တဲတော်တွင် မိုဃ်းတိမ် တိုင်၌ ထင်ရှားတော်မူ၍၊ မိုဃ်းတိမ်တိုင်သည် တဲတော် တံခါးဝအပေါ်မှာ တည်နေ၏။
16 Och Herren sade till Mose: Si, du skall afsomna med dina fäder, och detta folket skall uppkomma, och skall löpa i horeri efter landsens främmande gudar, der de inkomma, och skola öfvergifva mig, och omintetgöra det förbund, som jag med dem gjort hafver.
၁၆တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည် ထ၍ ယခုသွားသောပြည်၌နေသော တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။
17 Så skall min vrede förgrymma sig öfver dem på samma tiden, och jag skall öfvergifva dem, och fördölja mitt ansigte för dem, att de skola upptärde varda. Och när dem då mycken olycka och ångest öfverkommer, skola de säga: Hafver icke allt detta onda råkat på mig, efter Gud icke är med mig?
၁၇ထိုအခါ ငါသည် အမျက်တော်ထွက်၍ သူတို့ကို စွန့်မည်။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့်၊ သူတို့သည် ပျက်စီး၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါတို့ဘုရားသခင်သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤဘေးဒဏ်တို့သည် ငါတို့ အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည်။
18 Men jag skall på den tiden förskyla mitt ansigte, för allt det ondas skull, som de gjort hafva, att de hafva vändt sig till andra gudar.
၁၈သူတို့သည် အခြားတပါးသော ဘုရားတို့နောက် သို့ လွှဲသွား၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့်၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန် လွှဲမည်။
19 Så skrifver eder nu denna visona, och lärer henne Israels barn; och sätter henne i deras mun, att den visan blifver mig ett vittne ibland Israels barn;
၁၉ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထို သီချင်းကို ဣသရေလအမျိုးတဘက်၌ ငါ့အဘို့ သက်သေ ဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေ ကြလော့။
20 Ty jag vill föra dem i landet, som jag deras fäder svorit hafver, der mjölk och hannog uti flyter; och när de äta och varda mätte och fete, så varda de sig vändande till andra gudar, och tjena dem och förhäda mig, och låta mitt förbund fara.
၂၀အကြောင်းမူကား၊ သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသော ပြည်သို့ သူတို့ကို ငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ၍ ဆူဖြိုး သောအခါ၊ အခြားတပါးသော ဘုရားတို့ထံသို့ လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကို ပုန်ကန်၍ ငါ့ပဋိညာဉ်တရား ကို ဖျက်ကြလိမ့်မည်။
21 Och när dem då mycken olycka och ångest påkommer, så skall denna visan vara dem för ett vittnesbörd, den de icke skola förgäta utu deras säds mun; ty jag vet deras tankar, som de nu allaredo med omgå, förra än jag förer dem i landet, som jag svorit hafver.
၂၁ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသော အခါ၊ ထိုသီချင်းသည် သူတို့တဘက်၌ သက်သေခံလိမ့် မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍ မသွင်းမှီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကို ငါသိ၏ဟု မိန့်တော်မူ၏။
22 Så skref Mose denna visona på samma tiden, och lärde henne Israels barn;
၂၂မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကို ရေး ထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။
23 Och befallde Josua, Nuns sone, och sade: Var tröst och frimodig; förty du skall föra Israels barn i landet, som jag dem svorit hafver, och jag skall vara med dig.
၂၃တဖန် နုန်၏သား ယောရှုအား ထာဝရဘုရား က၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ ငါကျိန်ဆို သောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရ မည်။ ငါသည် သင်နှင့်အတူ ရှိမည်ဟု မှာထားတော်မူ၏။
24 Då Mose hade all denna lagsens ord utskrifvit i en bok,
၂၄မောရှေသည် ဤပညတ်တရားစကားတော် အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ၊
25 Böd han Leviterna, som Herrans vittnesbörds ark båro, och sade:
၂၅ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသောလေဝိသားတို့ကို ခေါ်၍၊
26 Tager denna lagsens bok, och lägger henne vid sidon på förbundsens ark, Herrans edars Guds; på det att han skall vara der till ett vittne emot dig.
၂၆ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာ တင်ထားကြလော့။
27 Förty jag känner dina olydighet och halsstyfhet; si, medan jag ännu i dag lefver med eder, hafven I olydige varit emot Herranom; huru mycket mer efter min död?
၂၇သင်တို့အမျိုးသည် ပုန်ကန်တတ်သော သဘော၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ၏။ ငါအသက် ရှင်၍၊ သင်တို့တွင် နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည်။
28 Så låter nu tillhopakomma för mig alla de äldsta i edra slägter, och edra ämbetsmän, att jag må tala dessa orden för deras öron, och taga himmel och jord till vittne öfver dem.
၂၈သင်တို့အမျိုးအနွယ် အသက်ကြီးသူ၊ အရာရှိသူ အပေါင်းတို့ကို ငါ့ထံမှာ စုဝေးစေကြလော့။ ဤစကားတို့ ကို သူတို့အား ဟောပြော၍ သူတို့တဘက်၌ ကောင်းကင် မြေကြီးကို ငါတိုင်တည်မည်။
29 Ty jag vet, att I efter min död skolen förderfvat, och gå utaf vägenom, den jag eder budit hafver; så skall eder vederfaras olycka derefter, derföre, att I hafven illa gjort för Herrans ögon, och förtörnat honom genom edra händers gerningar.
၂၉အကြောင်းမူကား၊ ငါသေသောနောက်၊ သင်တို့ သည် လုံးလုံးဖောက်ပြန်၍ ငါမှာထားသောလမ်းမှ လွှဲသွား ကြလိမ့်မည်ကို ငါသိ၏။ နောင်ကာလတွင်၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ကိုယ်လက်နှင့် လုပ်ဆောင် သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိ ပေးလေ၏။
30 Alltså talade Mose denna visones ord all ut, för hela Israels församlings öron.
၃၀မောရှေသည် ဣသရေလ ပရိသတ်အပေါင်းတို့ အား အကုန်အစင်မြွက်ဆိုသော သီချင်းစကားဟူမူကား၊

< 5 Mosebok 31 >