< Hesekiel 31 >

1 I elfte året, på första dagen i tredje månaden, kom HERRENS ord till mig; han sade:
ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော တစ်​ဆယ့်​တစ်​နှစ် မြောက်၊ တ​တိ​ယ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
2 Du människobarn, säg till Farao, konungen i Egypten, och till hans larmande hop: Vem kan förliknas med dig i din storhet?
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ဘု​ရင် နှင့်​သူ​၏​ပြည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ သင်​တို့​သည်​လွန်​စွာ​တန်​ခိုး​ကြီး​ကြ​ပါ ပေ​သည်။ သင်​တို့​အား​အ​ဘယ်​သို့​နှိုင်း​ယှဉ်​၍​ပြ​ရ မည်​နည်း။
3 Se, du är ett ädelt träd, en ceder på Libanon, med sköna grenar och skuggrik krona och hög stam, en som med sin topp räcker upp bland molnen.
အာ​ရှု​ရိ​လူ​မျိုး​တို့​ကို​ကြည့်​လော့။ သူ​တို့ သည် လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​နှင့်​တူ​ကြ​၏။ ထို​အ​ပင်​သည်​မိုး​တိမ်​ထိ​အောင်​မြင့်​မား​၍ ဝေ​ဆာ​သော​အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​၏။
4 Vatten gåvo den växt, djupets källor gjorde den hög. Ty med sina strömmar omflöto de platsen där den var planterad; först sedan sände de sina flöden till alla andra träd på marken.
ရေ​ကို​ကောင်း​စွာ​ရ​ရှိ​သ​ဖြင့်​အ​ပင်​ကြီး ထွား​လာ​နိုင်​၏။ မြေ​အောက်​စမ်း​များ​မှ​လည်း​ရေ​ကို​ရ​ရှိ​၏။ ထို​မြစ်​တို့​သည်​အာ​ရစ်​ပင်​ပေါက်​ရာ​အ​ရပ်​သို့ စီး​ပြီး​လျှင် သစ်​တော​ထဲ​ရှိ​အ​ခြား​သော​အ​ပင်​များ​သို့ ချောင်း​များ​ဖြင့်​ရေ​ကို​ပို့​ဆောင်​ပေး​၏။
5 Så fick den högre stam än alla träd på marken, den fick talrika kvistar och långa grenar, genom det myckna vatten den hade, när den sköt skott.
အာ​ရစ်​ပင်​သည်​ရေ​အ​လုံ​အ​လောက်​ရ​ရှိ သ​ဖြင့် အ​ခြား​သစ်​ပင်​များ​ထက်​ပို​မို​မြင့်​မား​၏။ အ​ကိုင်း​အ​ခက်​များ​သည်​လည်း​ရှည်​လျား​၏။
6 Alla himmelens fåglar byggde sig nästen bland dess kvistar, under dess grenar födde alla markens djur sina ungar, och i dess skugga bodde allahanda stora folk.
ထို​အ​ကိုင်း​အ​ခက်​များ​တွင်​ငှက်​အ​မျိုး​မျိုး တို့ အ​သိုက်​လုပ်​ကြ​၏။ တော​တိ​ရစ္ဆာန်​များ​က​သစ်​ပင်​အောက်​တွင် သား​ဖွား​ကြ​၏။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့​သည်​လည်း ထို​အ​ပင်​၏​အ​ရိပ်​တွင်​နား​နေ​ကြ​၏။
7 Och den blev skön genom sin storhet och genom sina grenars längd, där den stod med sin rot invid stora vatten.
ထို​အာ​ရစ်​ပင်​သည်​လွန်​စွာ​လှ​ပ​တင့်​တယ်​၏။ ရှည်​လျား​သော​အ​ကိုင်း​အ​ခက်​များ​ရှိ​၍ အ​လွန်​မြင့်​မား​၏။ ယင်း​၏​အ​မြစ်​တို့​သည်​လည်း​မြေ​အောက် စမ်း​ချောင်း​များ​တိုင်​အောင်​ထိုး​ဆင်း​သွား​ကြ​၏။
8 Ingen ceder i Guds lustgård gick upp emot denna, ingen cypress hade kvistar som kunde förliknas med dennas, ingen lönn bar grenar, jämförliga med dennas; nej, intet träd i Guds lustgård liknade den i skönhet
ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​မှ​အာ​ရစ်​ပင်​တို့ ပင်​လျှင် ထို​အ​ပင်​ကို​မ​ယှဉ်​ပြိုင်​နိုင်။ အ​ဘယ်​ထင်း​ရှူး​ပင်​၌​မျှ​ဤ​သို့​သော အ​ကိုင်း​အ​ခက်​များ​မ​ရှိ။ အ​ဘယ်​သ​ဖန်း​ပိုး​စာ​ပင်​၌​မျှ​ဤ​သို့​သော အ​ခက်​အ​လက်​ကြီး​များ​မ​ရှိ။ ဥ​ယျာဉ်​တော်​၌​ပင်​ဤ​သို့​လှ​ပ​တင့်​တယ်​သော သစ်​ပင်​မ​ရှိ။
9 Så skön hade jag låtit den bliva, i dess rikedom på grenar, att alla Edens träd i Guds lustgård måste avundas den.
ငါ​သည်​ထို​အ​ပင်​ကို​ဝေ​ဆာ​သော အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​အောင်​ပြု​လုပ်​ထား​သ​ဖြင့် ဧ​ဒင်​အ​ရပ်၊ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော် မှ သစ်​ပင်​တ​ကာ​တို့​က​ပင်​မ​နာ​လို​ဖြစ် ကြ​၏။''
10 Därför säger Herren, HERREN så Eftersom du växte så hög, ja, eftersom ditt träd sträckte sin topp upp bland molnen och förhävde sig i sitt hjärta över att det var så högt,
၁၀``သို့​ဖြစ်​၍​ထို​အ​ပင်​အ​ဘယ်​သို့​ဖြစ်​မည် ကို​သင့်​အား ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖော်​ပြ အံ့။ အာ​ရစ်​ပင်​သည်​သစ်​ကိုင်း​သစ်​ခက်​များ အ​ထက် မိုး​တိမ်​တိုင်​အောင်​မြင့်​မား​လာ​၏။ ယင်း​သည်​ဤ​သို့​မြင့်​မား​လာ​လေ​လေ​ပို​၍ မာန်​မာန​ထောင်​လွှား​လေ​လေ​ဖြစ်​၏။-
11 därför skall jag prisgiva det åt en som är väldig bland folken. Han skall förvisso utföra sitt verk därpå, ty för dess ogudaktighets skull har jag förkastat det.
၁၁ထို့​ကြောင့်​ငါ​သည်​ထို​အ​ပင်​ကို​ပစ်​ပယ်​ကာ လူ​မျိုး​ခြား​ဘု​ရင်​တစ်​ပါး​၏​လက်​သို့​ပေး အပ်​မည်။ သူ​သည်​ထို​အ​ပင်​အား​ယင်း​၏​ဆိုး ယုတ်​မှု​နှင့်​ထိုက်​လျောက်​ရာ​အ​ပြစ်​ကို​ပေး လိမ့်​မည်။-
12 Ja, främlingar hava fått hugga ned det, de grymmaste folk, och hava låtit det ligga. Dess kvistar hava nu fallit på bergen och i alla dalar; dess grenar hava blivit avbrutna och kastade i alla landets bäckar, och alla folk på jorden hava måst draga bort därifrån och försaka dess skugga och låta det ligga.
၁၂ရက်​စက်​ကြမ်း​ကြုတ်​သော​လူ​မျိုး​ခြား​တို့ သည် ထို​အ​ပင်​ကို​ခုတ်​လှဲ​၍​ပစ်​ထား​ခဲ့​ကြ လိမ့်​မည်။ ယင်း​၏​အ​ကိုင်း​အ​ခက်​များ​နှင့် ကျိုး​ပဲ့​ကုန်​သော​အ​ခက်​အ​လက်​ကြီး​များ သည်​တစ်​ပြည်​လုံး​ရှိ​တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း​များ​အ​ပေါ်​သို့​လဲ​ကျ​ကြ​လိမ့် မည်။ ထို​အ​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ​နေ ကြ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည်​လည်း ထွက်​ခွာ​သွား​ကြ​လိမ့်​မည်။-
13 På dess kullfallna stam bo alla himmelens fåglar, och på dess grenar lägra sig alla markens djur.
၁၃ငှက်​တို့​သည်​လာ​၍​လဲ​နေ​သော​အ​ပင်​တွင် နား​ကြ​လိမ့်​မည်။ တော​ရဲ​တိ​ရစ္ဆာန်​တို့​သည် ယင်း​၏​အ​ကိုင်း​အ​ခက်​များ​ကို​ကျော်​နင်း ကြ​လိမ့်​မည်။-
14 Så sker, för att ett träd som växer vid vatten aldrig skall yvas över sin höjd och sträcka sin topp upp bland molnen; ja, för att icke ens de väldigaste av dem skola stå och yvas, intet träd som har haft vatten att dricka. Ty de äro allasammans hemfallna åt döden och måste ned i jordens djup, till att vara där bland människors barn, hos dem som hava farit ned i graven.
၁၄သို့​ဖြစ်​၍​မည်​မျှ​ပင်​ရေ​ရ​ရှိ​စေ​ကာ​မူ​ယ​ခု မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ပင်​မျှ​ထို​အာ​ရစ် ပင်​ကဲ့​သို့​သစ်​ကိုင်း​သစ်​ခက်​များ​အ​ထက်​တွင် မြင့်​မား​ရ​တော့​မည်​မ​ဟုတ်။ ယင်း​တို့​၏​ထိပ်​ဖျား များ​သည်​မိုး​တိမ်​သို့​ရောက်​သည့်​တိုင်​အောင်​မြင့် တက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထို​သစ်​ပင်​အား လုံး​ပင်​လူ​သား​များ​နှင့်​အ​တူ မြေ​ကြီး​ပေါ် တွင်​သေ​ကြေ​ပျက်​စီး​ကာ​မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ရ​ကြ​ပေ​တော့​အံ့'' ဟု​မိန့်​တော် မူ​၏။
15 Så säger Herren, HERREN: På den dag då det for ned till dödsriket lät jag djupet för dess skull hölja sig i sorgdräkt; jag hämmade strömmarna där, och de stora vattnen höllos tillbaka. Jag lät Libanon för dess skull kläda sig i svart, och alla träd på marken förtvinade i sorg över det. (Sheol h7585)
၁၅အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``မ​ရ ဏာ​နိုင်​ငံ​သို့​အာ​ရစ်​ပင်​သက်​ဆင်း​သော​နေ့​၌ ငါ​သည်​မြေ​အောက်​ရှိ​မြစ်​များ​ကို​ငို​ကြွေး မြည်​တမ်း​သည့်​လက္ခ​ဏာ​ဖြင့်​ဖုံး​လွှမ်း​စေ​မည်။ ငါ​သည်​မြစ်​များ​ကို​ရပ်​တန့်​စေ​၍​ချောင်း များ​ကို​ရေ​မ​စီး​စေ​ဘဲ​ထား​မည်။ ထို​အာ​ရစ် ပင်​သေ​ပြီ​ဖြစ်​သော​ကြောင့် ငါ​သည်​လေ​ဗ​နုန် တောင်​တွင်​မှောင်​မိုက်​ကျ​စေ​၍ တော​အ​တွင်း ရှိ​သစ်​ပင်​အ​ပေါင်း​ကို​ညှိုး​နွမ်း​ခြောက်​သွေ့ သွား​စေ​မည်။- (Sheol h7585)
16 Genom dånet av dess fall kom jag folken att bäva, när jag störtade det ned i dödsriket, till dem som hade farit ned i graven. Men då tröstade sig i jordens djup alla Edens träd, de yppersta och bästa på Libanon, alla de som hade haft vatten att dricka. (Sheol h7585)
၁၆ထို​အာ​ရစ်​ပင်​ကို​မရ​ဏာ​နိုင်​ငံ​သို့​ငါ​ဆင်း သက်​စေ​သော​အ​ခါ ယင်း​ပြို​လဲ​သည့်​အ​သံ ကြောင့်​လူ​မျိုး​တ​ကာ​တို့​သည်​တုန်​လှုပ်​သွား ကြ​လိမ့်​မည်။ ထို​အ​ခါ​မြေ​အောက်​ကမ္ဘာ​သို့ ရောက်​ရှိ​နေ​ကြ​သော​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင် ရှိ​သ​မျှ​နှင့်​လေ​ဗ​နုန်​တော​မှ​ရေ​အ​ဝ​သောက် ရ​သော​အ​ကောင်း​ဆုံး​လက်​ရွေး​စင်​သစ်​ပင် များ​သည်​နှစ်​ထောင်း​အား​ရ​ကြ​လိမ့်​မည်။- (Sheol h7585)
17 Också de hade, såsom det trädet, måst fara ned till dödsriket, till dem som voro slagna med svärd; dit foro ock de som hade varit dess stöd och hade bott i dess skugga bland folken. (Sheol h7585)
၁၇ယင်း​တို့​သည်​ယ​ခင်​က​ပြို​လဲ​သွား​ကြ​သည့် အ​ပင်​များ​နှင့်​ပေါင်း​ဆုံ​မိ​ကြ​ရန် အာ​ရစ်​ပင် နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​သို့​သက်​ဆင်း​ကြ လိမ့်​မည်။ ထို​အာ​ရစ်​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ ခဲ့​ကြ​သူ​အ​ပေါင်း​တို့​နှင့် လူ​မျိုး​တ​ကာ မိတ်​ဆွေ​တို့​သည်​လည်း​အ​တူ​သက်​ဆင်း ကြ​လိမ့်​မည်'' ဟူ​၍​တည်း။ (Sheol h7585)
18 Kan nu något bland Edens träd förliknas med dig i härlighet och storhet? Och dock skall du, såsom Edens träd, störtas ned i jordens djup och ligga där bland oomskurna, hos dem som äro slagna med svärd. Så skall det gå Farao och hela hans larmande hop, säger Herren, HERREN.
၁၈အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အာ​ရစ်​ပင်​ကား အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​ပြည်​သူ​တို့​ဖြစ်​၏။ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​သစ်​ပင်​များ​ပင်​လျှင် ထို အ​ပင်​လောက်​မ​မြင့်​မား​မ​ခန့်​ညား​ကြ။ သို့ ရာ​တွင်​ထို​အ​ပင်​သည်​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင်​များ​ကဲ့​သို့​ပင် မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ကာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​ရ​သူ​များ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ များ​နှင့်​ပေါင်း​ဆုံ​ရ​ပေ​တော့​အံ့။ ဤ​ကား ငါ​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။

< Hesekiel 31 >