< Samuil 1 28 >

1 U künlerde Filistiyler Israilgha qarshi jeng qilish üchün öz qoshunlirini yighdi. Aqish Dawutqa: — Bilishing kérekki, ademliringni élip méning bilen jezmen jengge chiqishing lazim, dédi.
ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက်အံ့သောငှါ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့် လိုက်၍စစ်တိုက်သွားရမည်ကို ဆက်ဆက် သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင်၊
2 Dawut Aqishqa: — Undaqta sili qullirining néme qilalaydighanliqini bilip qalila — dédi. Aqish Dawutqa: — Mana, séni özümge menggülük pasiban qilay, dédi.
ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ် အရာ၌ ငါခန့်မည်ဟုပြန်ပြော၏။
3 (Samuil ölgenidi we pütkül Israil uning üchün matem tutup uni öz shehiri bolghan Ramahda depne qilghanidi. Saul bolsa jinkeshler bilen palchilarni zémindin qoghlap chiqardi).
ထိုကာလ၌ ရှမွေလမရှိသေလွန်ပြီ။ ဣသရေလအမျိုးသားပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကိုသူနေရင်း ရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်ပေါင်းတို့ကို တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။
4 Filistiyler topliship chiqip Shunemde chédir tikti. Saulmu hem pütkül Israilni yighip, Gilboahda chédir tikti.
ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။
5 Saul emdi Filistiylerning qoshun bargahini körgende qorqup, yüriki su bolup ketti.
ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကို မြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံး ရှိ၏။
6 Saul Perwerdigardin yol soridi; lékin Perwerdigar ya chüsh bilen ya «urim» bilen ya peyghemberler arqiliq uninggha jawab bermidi.
ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မူ။
7 Shuning bilen Saul xizmetkarlirigha: — Manga palchi jinkesh bir xotunni tépip béringlar, men bérip uningdin yol soray, dédi. Xizmetkarliri uninggha: — En-Dorda jinkesh bir xotun bar iken, dédi.
ထိုအခါရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍ မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတယောက်ရှိပါ၏ဟု လျှောက်သော်၊
8 Saul niqablinip, bashqa kiyimlerni kiyip ikki ademni hemrah qilip bardi. Ular kéchisi bérip xotunning qéshigha keldi. U xotun’gha: — Manga jin chaqirip pal échip, men dégen birsini qéshimgha keltürgin, dédi.
ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကို ဆောင်လျက်၊ ညဉ့်အခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသော နတ်ကို အမှီပြု၍ သင့်အားငါပြောမည့်သူကို ဘော်ပါလော့ဟု တောင်းပန်လေ၏။
9 Xotun uninggha: — Mana, Saulning qilghanlirini, yeni zémindin jinkeshlerni we palchilarni yoqatqanliqini özüng bilisen; némishqa méni öltürüshke jénimgha tuzaq qoyisen, dédi.
မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့် နတ်ဝင်တို့ကို တပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည် သိလျက်နှင့် ငါ့ကို သေစေခြင်းငှါ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊
10 Saul uninggha Perwerdigar bilen qesem qilip: — Perwerdigarning hayati bilen qesem qilimenki, bu ish üchün sanga jaza bolmaydu, dédi.
၁၀ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုလေ၏။
11 Xotun: — Sanga kimni chiqirimen? — dep soridi. U: — Manga Samuilni chiqarghin, dédi.
၁၁မိန်းမကလည်း၊ အဘယ်သူကို ငါဘော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကို ဘော်ပါဟု ဆို၏။
12 Xotun Samuilni körgende qattiq awaz bilen chirqiridi, andin Saulgha: — Némishqa méni gollaysen? Sen özüng Saulghu! — dédi.
၁၂မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊
13 Padishah uninggha: — Qorqmighin! Némini kördüng? — dédi. U Saulgha: — Men bir ilahning yerdin chiqqinini kördüm, dédi.
၁၃ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။
14 U: — Uning qiyapiti qandaq iken? dédi. Xotun: — Qéri bir boway chiqiwatidu; u yépincha kiygeniken, dédi. Saul: — U Samuil iken, dep bilip, yüzini yerge yéqip tezim qildi.
၁၄အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက် ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည် ရိပ်မိလျှင် မြေပေါ်၌ ဦးညွှတ်ပြပ်ဝပ် လျက်နေ၏။
15 Samuil Saulgha: — Némishqa méni aware qilip chiqarding? — dédi. Saul: — Men tolimu perishan boldum; chünki Filistiyler manga qarshi jeng qiliwatidu, we Xuda mendin yiraqlap, manga yaki peyghemberler arqiliq yaki chüshler arqiliq héch jawab bermeywatidu. Shunga méning néme qilishim kéreklikini manga bildürgeysen dep, séni chaqirdim, dédi.
၁၅ရှမွေလကလည်း၊ သင်သည် ငါ့ကို နှောက်ရှက်လျက် အဘယ်ကြောင့် ဘော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက် ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။
16 Samuil: — Perwerdigar sendin yiraqlap, düshmining bolghandin kéyin némishqa mendin meslihet soraysen? — dédi.
၁၆ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကို စွန့်၍ သင့်ရန်ဘက် ဖြစ်တော်မူသည် မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။
17 —Perwerdigar Özi üchün men arqiliq éytqinini qildi; Perwerdigar padishahliqni qolungdin yirtip élip, qoshnanggha, yeni Dawutqa berdi.
၁၇ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနှုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။
18 Sen Perwerdigarning sözige qulaq salmay, uning Amaleklerge qaratqan qattiq ghezipini yürgüzmigining üchün Perwerdigar bügün sanga shu ishni qildi.
၁၈အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်။ ပြင်းစွာသော အမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ ရောက်စေတော် မူပြီ။
19 Perwerdigar özüng bilen Israilnimu Filistiylerning qoligha tapshuridu; ete sen we oghulliring méning bilen bille bolisiler; we Perwerdigar Israilning qoshuninimu Filistiylerning qoligha tapshuridu, dédi.
၁၉ထိုမှတပါးသင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့ လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။
20 Saul shuan yerge düm yiqildi, Samuilning sözliridin qattiq qorqup ketti; bir kéche-kündüz tamaqmu yémigechke, maghdurimu qalmidi.
၂၀ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပြပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန် ကြောက်ရွံ့၏။ တနေ့နှင့် တညဉ့်လုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။
21 Ayal emdi Saulning qéshigha bérip uning tolimu perishan bolghinini körüp, uninggha: — Mana, dédekliri jénini alqinigha élip qoyup tapilighanlirigha binaen qildim.
၂၁ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ။
22 Emdi silidin ötünimen, dédiklirining sözige kirgeyla; méni silining aldilirigha bir chishlem nan keltürüshke unighayla; shuning bilen sili yep quwwet tépip andin öz yollirigha kételeyla, dédi.
၂၂သို့ဖြစ်၍ ယခုကိုယ်တော် ကျွန်မ၏ စကားကို နားထောင်တော်မူပါ။ စားစရာအနည်းငယ်ကို ရှေ့တော်၌ တင်ပါရစေ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှါ စားတော်ခေါ်ပါဟု လျှောက် သော်လည်း၊
23 Lékin u ret qilip: — Yémeymen, dep unimidi. Uning xizmetkarliri hem ayalmu yéyishni uninggha dewet qilishti; u yerdin qopup kariwatta olturdi.
၂၃ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့် ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။
24 Ayalning öyide bir bordaq mozay bar idi. U derhal uni soydi; hem xémir yughurup pétir nan pishürüp berdi.
၂၄ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်း ယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊
25 U uni Saul bilen xizmetkarlirining aldigha qoydi. Ular yep bolup, shu kéchisi ketti.
၂၅ရှောလုနှင့် ကျွန်များတို့ ရှေ့၌ တင်လေ၏။ သူတို့သည် စား၍ ထိုညဉ့်တွင် ထသွားကြ၏။

< Samuil 1 28 >